မိုးလင်းတာနဲ့ တက်ရမယ်တောင်တောင်တွေ
တစ်တောင်ပြီးတစ်တောင် တစ်လုံးပြီးတစ်လုံး အသင့်ကြိုနေတဲ့ လူ့ဘဝမှာ ဘာမှအားငယ်စိတ်ပျက်မနေဖို့အ တွက် ဒီကဗျာလေး တင်ဆက်ပေးလိုက်ပါတယ်။
နီးစပ်ရာသင့်မိတ်ဆွေတွေကိုလ ည်း လက်ဆောင်အဖြစ်မျှပေးလိုက်ပါ ဦးနော်။Fighting……
ထိပ်ဆုံးသို့
========
တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့
တစ်လုံး ကျန်ပြန်သေးသမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်။
ခါတလေ တကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန်းက ရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်မလား။
စခဲ့မိဟာပေါ့
တနေ့မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်းရယ် အသာဖြေဦး
မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့
မူတသွင် အားအင်သစ်လိုက်ပါ့
ချစ်ဖွယ့်လူသား။
(ငွေတာရီ)
တစ်တောင်ပြီးတစ်တောင် တစ်လုံးပြီးတစ်လုံး အသင့်ကြိုနေတဲ့ လူ့ဘဝမှာ ဘာမှအားငယ်စိတ်ပျက်မနေဖို့အ
နီးစပ်ရာသင့်မိတ်ဆွေတွေကိုလ
ထိပ်ဆုံးသို့
========
တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့
တစ်လုံး ကျန်ပြန်သေးသမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်။
ခါတလေ တကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန်းက ရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်မလား။
စခဲ့မိဟာပေါ့
တနေ့မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်းရယ် အသာဖြေဦး
မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့
မူတသွင် အားအင်သစ်လိုက်ပါ့
ချစ်ဖွယ့်လူသား။
(ငွေတာရီ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။