မြင်းကောင်ရေ(၁၀၀)အားရှိတဲ့မော်တော်ကား။
လွန်ခဲ့တဲ့အနှစ်၇၀လောက်က.အမေရိကန်နိုင်ငံ.အိုကလာဟိုးမားပြည်နယ်ရဲ့မြို့သေးလေးတခုမှာနေတဲ့အင်ဒီးယန်း(Red Indian)လူမျိုး.အဖိုးကြီးတယောက်ရဲ့ခြံဝင်းထဲမှာ.ရေနံတွေ.အများကြီးတွေ့ရတယ်။.ရေနံတူးတဲ့ကုမ္ပဏီတခုက.သူ့ခြံဝင်းကို.ငွေအမြောက်အများပေးပြီး.ဝယ်လိုက်လို့.အရင်ကဆင်းရဲတဲ့အဖိုးကြီးဟာ.ရုတ်တရက်.အရမ်းချမ်းသာသွားတယ်။
သိတ်မကြာခင်မှာ.မြို့တနေရာမှာ.အိမ်သေးသေးတလုံးဝယ်လိုက်တယ်။.နောက်ပြီး.အဲဒီခေတ်က.ဈေးအကြီးဆုံးနဲ့အကောင်းဆုံးကားဖြစ်တဲ့ကာဒီလက်ဇိမ်ခံကားရှည်ကြီးတစီးကိုလဲ.ဈေးကြီးပေးပြီး.ဝယ်လိုက်တယ်။.မနက်စောစော.အဲဒီကာသစ်ကြီးမောင်းပြီး.မြို့ကိုတပတ်ပါတ်တယ်။.ခေါင်းမှာ.မက်စီကင်ဦးထုပ်ကားကားကြီးကိုဆောင်း.ကုတ်အင်္ကျီအနက်ကြီးကိုဝတ်.အဝါရောင်လည်စီးနက္ကတိုင်ကိုစီး.ပါးစပ်မှာလဲ.ဆေးပြင်းလိပ်ကြီးကိုက်ရင်းနဲ့.လမ်းဘေးဘယ်ညာ၂ဖက်က.လမ်းသွားလမ်းလာတွေကို.လက်ပြပြရင်း.ပါးစပ်ကလဲ."Good Morning"ဆိုပြီး.ပါးစပ်က.အော်နူတ်ဆက်တယ်။.အဲဒါ.မနက်တိုင်းလုပ်တယ်။.မနက်ဈေးဝယ်ချိန်ဖြစ်လို့လမ်းပေါ်မှာ.လူတွေအများကြီးပေမဲ့.တခါမှကားတိုက်မှုမဖြစ်ခဲ့ဘူး။
ကားတိုက်မှု.ဘယ်ဖြစ်ပါ့မလဲ။.အဲဒီကားကြီးကို.မြင်းကြီး၂ကောင်က.ရှေ့ကနေ.ကြိုးနဲ့ဆွဲသွားတာကိုး။.မြို့ထဲက.ကားပြင်တဲ့မက္ကနစ်တွေက.ပြောကြတယ်။.ကားက.အကောင်းကြီးပါ။.အဖိုးကြီးဟာ.ကားမမောင်းတတ်သလို.ကားစက်တောင်.သော့နဲ့လှည့်မနိုးတတ်ဖူးတဲ့။.အဲဒီကားရဲ့အင်ဂျင်ပါဝါဘယ်လောက်ရှိတယ်ထင်သလဲ။..မြင်းကောင်ရေ(၁၀၀)အားရှိပါတယ်။
ဒီပုံပြင်လေးကို.ဖတ်ရင်းရီချင်ရီမိမယ်။.ပြုံးချင်လဲပြုံးမိမယ်ထင်ပါတယ်။.အဲဒီပုံပြင်ဟာ.ခင်ဗျားတို့.ကျနော်တို့ကို.ရည်ညွန်းထားတာပါ။."ဟာ.ဘာဆိုင်လို့လဲ"လို့မေးချင်ပါလိမ့်မယ်။.ဒီလိုပါ။.အဖိုးကြီးဟာ.သူကားရဲ့အင်ဂျင်ပါဝါဖြစ်တဲ့မြင်းကောင်ရေ(၁၀၀)ကိုမသုံးပဲ.မြင်း၂ကောင်ကိုပဲ.သုံးတယ်မဟုတ်လား။.ဒီလိုပါပဲ.ကျနော်တို့ရဲ့ဦးနှောက်ဟာ.တီထွင်ဉာဏ်တွေရှိတယ်။.စိတ်ကူးစိတ်သန်းကောင်းတွေရှိတယ်။.လကမ္ဘာကိုသွားနိင်တယ်။.ကမ္ဘာကြီးကိုအုပ်စိုးနိင်တဲ့အရည်အချင်းရှိတယ်။.ဒါပေမဲ့.ကျနော်တို့.လူအများစုဟာ.ဦးနှောက်ရဲ့စွမ်းရည်ကို.နဲနဲလေးပဲသုံးကြတယ်။.ဒါကြောင့်လဲ.မထင်မရှား.ချို့ချို့ငဲ့ငဲ့နဲ့လူ့ဘဝကိုကုန်ဆုံးသွားကြတယ်။.သာမန်လူတွေဟာ.ဦးနှောက်စွမ်းရည်ရဲ့၂ရာခိုင်နူံးကနေ၅ရာခိုင်နူံးကြားပဲ.သုံးကြတယ်လို.သိပ္ပံပညာရှင်တွေက.သုတေသနစမ်းသပ်တွေ့ရှိချက်အရ.ပြောကြတယ်။
သင်ကော.အဲဒီလူတွေထဲမှာ.ပါနေသလား။
ဗန်းမော်သိန်းဖေ
၂၀၁၅ခုနှစ်၊ဒီဇင်ဘာ(၂၂)ရက်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။