ချင်းအမျိုးသား တေးရေးတေးဆို တစ်ယောက်ပါ။ လူတော်တော်များများကတော့ သူ့ကိုမေ့ကုန်
ကြပါပြီ။ သူ့ရဲ့ ပင်ကိုယ်အသံဟာ အကောင်းကြီးထဲကတော့မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ ချင်းသံ
ဝဲ၀ဲနဲ့ သီချင်းသီဆိုသံဟာ နားတောင်နေတဲ့သူအပေါ် စွဲလမ်းစေပါတယ်။
``နှစ်တိုင်းကြုံကာနေမယ် ဟေမာန်ဆောင်းရယ် ဒီအလွမ်းရယ်
ချစ်တဲ့သူ မျှော်နေခဲ့တယ်။ ကိုယ့်အတွေးများလည်း................
နောက်တခေါက်လာချင်သော်လည်း မလာနိုင်တော့
ရင်နာမိတယ်.............´´ဒီသီချင်းလေးက စိုင်းထီးဆိုင်ရဲ့ ``ချယ်ရီကိုသာပန်ပါ´´ ဆိုတဲ့ စီးရီးထဲကပါ။
``မကြင်နာနိုင်ရင်လည်း အရင်လိုမစိမ်းနဲ့လို့ ပြောပါရစေလား မိငယ်
မမက်ဖူးတဲ့ အိပ်မက်အခါတစ်ရာမက မက်စဉ် မပြေလည်နိုင်သေးတဲ့ဘ၀မှာ.............´´ဒါလေးက ဆုတောင်းခဲ့ဖူးတယ် မိငယ် ဆိုတဲ့ သီချင်းလေးပါ။ဒီသီချင်းလေးဟာ သူ့ရဲ့ ဖြစ်ရပ်မှန်
အချစ်ဇာတ်လမ်းလေးလို့လည်း ပြောကြပါတယ်။
``ဒီလူဟာ အတိတ်ရဲ့ ခရီးကိုသွားတဲ့အခိုက်မှာ လူတွေဟာ အိပ်မက်ကောင်းနေဆဲ
ပေါ့ကွယ် .............´´
ဒါလေးကလည်း အင်မတန်မှ ကောင်းတဲ့သီချင်းလေးပါ။ နောက်ပိုင်းမှာ ရင်ဂိုလည်းပြန်ဆိုထားပါ
တယ်။
``အဆောင်အယောင် ..အရံလူတွေနဲ့ မင်းရဲ့ ဘ၀ဆိုပေမယ့်လည်း ...ထင်းခုတ်သမား
ငတ်လို့ပြတ်လို့နေ အစဉ်သာမှောင်နေဆဲ သူ့ရဲ့ဘ၀က မထူးသေးဘူး .............´´ဒီသီချင်းလေးက ထင်းခုတ်သမားဆိုတဲ့ သီချင်းလေးပါ။ အင်မတန်မှ ကြွေကွဲစရာလည်း
ကောင်းပါတယ်။ သူ့ရဲ့ သနားစဖွယ်ကောင်းတဲ့ အသံလေးနဲ့ ဆိုထားတာပါ။
နောက်ပိုင်းမှာ ဘယ်သူမှ ပြန်ဆိုတာ မတွေ့ရသေးပါဘူး။
အခုချိန်မှာတော့ သူလည်းမရှိရှာတော့ပါဘူး။ 2005 ခုနှစ် ဧပြီလ 7 ရက်နေ့မှာ ကွယ်လွန်
သွားခဲ့ပါတယ်။
ဆလိုင်းဆွန်ကျဲအိုရဲ့ သီချင်းတွေ ရှာဖွေရင်းနဲ့ http://aklatt2008.multiply.com/ မှာ ဒီစာလေးတွေ့တာနဲ့ ဖတ်ချင်သူရှိရင် ဖတ်နိုင်အောင် ကူးယူမျှဝေပါတယ်။
Thank.
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။