Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, December 25, 2015

မေဘရဏီသော်နှင့်တွေ့ဆုံခြင်း

 
ဓာတ်ပုံ-စိုင်းဇော်
 

‘‘စင်ပေါ်မှာ ချော်လဲခဲ့ပေမယ့် ပြန်ထနိုင်ခဲ့တာ သူ့(ဖိလစ်ပိုင်မယ်)ဆီက သင်ယူရတာတွေ အများကြီးရခဲ့လို့ပါ’’

အမေရိကန်နိုင်ငံတွင် ကျင်းပခဲ့သော (၆၄)ကြိမ်မြောက် Miss Universe ပြိုင်ပွဲ၌ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ်အဖြစ် သွား ရောက်ယှဉ်ပြိုင်ခဲ့သော မေဘရဏီသော်သည် ဒီဇင်ဘာ ၂၃ ရက် ညနေက မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။
ယခုနှစ်မယ်စကြဝဠာပြိုင်ပွဲသည် ပရိသတ်များ ထင်မှတ်မထားသော အဖြစ်အပျက်များ ကြုံခဲ့ရသည့် ပြိုင်ပွဲတစ်ခုလည်း ဖြစ်ခဲ့ပြီး မေဘရဏီသော်ကို အဆိုပါကိစ္စများ အပါအဝင် ၎င်း၏ အခန်းဖော် မယ်စကြဝဠာ ၂၀၁၅ သရဖူဆုရှင် ဖိလစ်ပိုင်မယ်နှင့်ပတ်သက်သည့် အကြောင်းများ တွေ့ဆုံမေးမြန်းခဲ့ပါသည်။
နောက်ဆုံးဖိုင်နယ်မှာ ကြုံခဲ့ရတဲ့ သရဖူအလွဲအမှားဖြစ်စဉ်နဲ့ပတ် သက်ပြီး ပြောပြပေးပါဦး။
ဖိုင်နယ်နေ့တုန်းက ညီမတို့ အကုန်လုံး စင်နောက်မှာ မတ် တတ်ရပ်နေကြတယ်။ ဆုပေးတဲ့ လူကိုကြည့်တဲ့အချိန်မှာပေါ့။ အ စီအစဉ်တင်ဆက်သူက ဆုရတဲ့ လူက ကိုလံဘီယာလို့ ကြေညာ လိုက်တယ်။ ဒါပေမဲ့ အစီအစဉ် တင်ဆက်သူ ဖတ်နေကျဘုတ် ပေါ်မှာက ဖိလစ်ပိုင်လို့ ရေးလိုက် တယ်။ ညီမတို့ကတော့ ဘုတ်ကပဲ မှားသွားတာလို့ ထင်ခဲ့တယ်။ ဒါ ပေမဲ့ အဲဒီအချိန်မှာ အစီအစဉ် တင်ဆက်တဲ့သူဘက်မှာ ပြဿနာ တွေဖြစ်နေတာကို တွေ့လိုက် တယ်။ ကိုလံဘီယာမယ်ကိုကြည့် တဲ့အချိန်မှာ သူအရမ်းပျော်နေ တယ်။ ပရိသတ်တွေကို လက်ပြ ပြီး လမ်းလျှောက်မလို့လုပ်တဲ့အ ချိန်မှာ ဒီလိုဖြစ်သွားတယ်ဆိုတော့ အံ့လည်းအံ့ဩတယ်။ စိတ်လည်း မကောင်းဘူး။ တစ်ဖက်က ဖိလစ် ပိုင်မယ်ကလည်း သူရတယ်ဆို တာ မှန်ကန်ခဲ့ပေမယ့် သူပြန်ပြီး သရဖူပြန်ယူလိုက်ရတဲ့အချိန်မှာ ပရိသတ်တွေရဲ့ မုန်းတီးတာကို ခံရတယ်။ သရဖူရရချင်းမှာ လမ်း လျှောက်ခဲ့ဖို့ကိုတောင် မလုပ်နိုင် ခဲ့ဘူး။ သူ့ကိုကြည့်တဲ့အချိန်မှာ လည်း အရမ်းသနားဖို့ကောင်း တယ်။ နှစ်ဖက်စလုံးအတွက်က တော့ နာကျင်စရာညတစ်ညဖြစ် သွားခဲ့တယ်။
သရဖူရသွားတဲ့ ဖိလစ်ပိုင်အလှ မယ်နဲ့ တစ်ခန်းတည်းအတူတူနေ ခဲ့တာဆိုတော့ သူ့အကြောင်းကို မေဘရဏီသော်      လေ့လာမိ သလောက် ပြောပြပေးပါဦး။
သူ့မျက်နှာကမာတယ်။ မာနကြီးတယ်လို့ ထင်ရပေမယ့် တကယ်ပေါင်းကြည့်တဲ့အချိန်မှာ ခင်ဖို့ကောင်းတဲ့သူငယ်ချင်းတစ် ယောက်ပါ။ သူက ဖိအားတွေ လည်းများတယ်။ သူဒီလိုမျိုး မယ် စကြဝဠာ စင်ပေါ်မှာ တက်ရပ်နိုင် ဖို့ သူတို့နိုင်ငံက ပြိုင်ပွဲတွေမှာ သုံး နှစ်လောက်ယှဉ်ပြိုင်ခဲ့ရတယ်။ နောက်ပြီး အခန်းထဲမှာဆိုရင် လည်း ညီမကို အမြဲတမ်းရင်ဖွင့် တယ်။ သူ့ပရိသတ်တွေက သူ့ကို အများကြီးမျှော်လင့်နေတယ်။ သူလုပ်နိုင်ပါ့မလားအထိတောင် စိတ်မကောင်းဖြစ်တဲ့အချိန်တွေရှိ ခဲ့ပါတယ်။ ဒါပေမဲ့ သူက စိတ်ဓာတ်မာတယ်လို့ ပြောလို့ရတယ်။ အကောင်းဆုံးကြိုးစားပြီးလုပ်ခဲ့တယ်။
Miss Universe ဆုရခဲ့တဲ့သူတစ် ယောက်နဲ့ အတူနေတဲ့သူတစ် ယောက်အနေနဲ့ သူ့ဆီကကော ဘယ်လိုအမူအကျင့်ကောင်းတွေ ယူခဲ့ရတာရှိသလဲ။
သူ့ဆီက အများကြီးရခဲ့ တယ်။ သူအမြဲတမ်းကျရှုံးခဲ့တယ်။ ပြန်ထခဲ့တယ်။ ညီမစင်ပေါ်မှာ ချော်လဲခဲ့ပေမယ့် ပြန်ထနိုင်ခဲ့တာ သူ့ဆီက ယူရတာတွေ အများကြီး ရခဲ့တာကြောင့်ပါ။ နေ့တိုင်းနေ့ တိုင်း သူ့ကိုကြည့်ခဲ့ရတယ်။ သူ့ ဆီကနေ အတွေ့အကြုံတွေ လေ့ လာခဲ့ရတယ်။ သူဖြတ်သန်းခဲ့တဲ့ အကြောင်းအရာတွေ အများကြီး ကိုလည်း မျှဝေခဲ့တယ်။ ညီမတို့ အဖွဲ့ထဲမှာဆိုရင် မြန်မာရယ်၊ တရုတ်ရယ်၊ မလေးရှားရယ်၊ ဖိလစ်ပိုင်ရယ်။ အားလုံးကို Sup-ervisor တစ်ယောက်တည်းက အုပ်ချုပ်တာဆိုတော့ အရမ်းရင်း နှီးမှုရခဲ့ကြတယ်။ သူ့ရဲ့အတွေ့အ ကြုံတွေ အများကြီးလည်း ရရှိခဲ့ ပါတယ်။
ဒီပြိုင်ပွဲကြီးရဲ့ ပြိုင်ပွဲဝင် ၈၀ မှာ သူ က ဘယ်လိုအချက်တွေကြောင့် မယ်စကြဝဠာဆုရသွားတာလို့ ထင်သလဲ။ သူဆုရသွားတဲ့အပေါ် မေဘရဏီသော်ရဲ့ အမြင်လေး ပြောပြပေးပါလား။
အဓိကကတော့ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုပေါ့။ သူက Confidence (ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု)ရှိတယ်။ ဘယ်သူတွေ သူ့ကို ဘာပြောပြော ဘယ်အရာ ကိုမှ ဂရုမစိုက်ဘူး။ သူ့ကိုယ့်သူ ယုံကြည်မှုအပြည့်နဲ့ လျှောက် လှမ်းတယ်။ အကုန်လုံးလည်း သိ ကြမှာပါ။ မယ်စကြဝဠာပြိုင်ပွဲကို အကုန်လုံးကြည့်ကြမယ်လို့ ညီမ ထင်တယ်။ ဖိုင်နယ်ပွဲရဲ့ Question& Answer အစီအစဉ်မှာ သူ့ရဲ့ အဖြေက အားလုံးထက်လည်း ပိုပြည့်စုံသလို လမ်းလျှောက်တာ လည်း အများကြီးအဆင်ပြေတယ်။ ယုံကြည်မှုအပြည့်နဲ့ လျှောက် သွားတာကို အားလုံးမြင်ကြမှာပါ။ အဲဒီအတွက် ညီမထွေထွေထူးထူး တော့ ရှင်းပြစရာမလိုဘူးလို့ ထင် ပါတယ်။
ဖိလစ်ပိုင်မယ် သရဖူရပြီးတဲ့အချိန် မှာ သွားပြီးဂုဏ်ပြုတာလည်း တွေ့ရတယ်။ သရဖူရပြီးမှ ပြန်လွှဲ ပေးရတဲ့ ကိုလံဘီယာအလှမယ် ကိုသွားပြီး နှစ်သိမ့်ခဲ့သေးသလား။
ညီမ ဖိလစ်ပိုင်မယ်ကိုကြည့် လိုက်တဲ့အချိန်မှာ မနှစ်က ညီမ ဖြစ်ခဲ့တာလေးနဲ့ ခပ်ဆင်ဆင်တူ တယ်။ Miss International ပွဲ တုန်းက ခင်ဝေဖြိုးဟန်ဆုရခဲ့ပေ မယ့် မသွားခဲ့ရဘူး။ ညီမသွားခဲ့ရ တယ်။ ဒါပေမဲ့ ပရိသတ်တွေက ညီမကို အားပေးမှုတွေမရှိခဲ့ဘူး။ ဖိလစ်ပိုင်မယ်ကိုကြည့်လိုက်တဲ့ အချိန်မှာလည်း သူသရဖူရခဲ့ပေ မယ့် အမုန်းတွေလည်း ရခဲ့တယ်။ ကိုလံဘီယာမယ်ကတော့ သရဖူ မရတော့ပေမယ့် ပရိသတ်တွေ အများကြီးဆီက ချစ်ခြင်းနဲ့ သနား ခြင်းတွေရခဲ့တယ်။ ဖိလစ်ပိုင်မယ် ကို သွားပြီးနှုတ်ဆက်တာလည်း အဲဒါကြောင့်ပါ။ ကိုလံဘီယာမယ် ကိုလည်း နောက်ပိုင်းမှာ အားပေး ခဲ့ပါတယ်။
ဖိလစ်ပိုင်မယ်က မေဘရဏီသော် ကို လက်ဆောင်ပုလဲနားကပ်ပေး ခဲ့တယ်လို့ မယ်စကြဝဠာရဲ့ ဖေ့စ် ဘွတ်ခ်မှာ ရေးထားတာ တွေ့ရ တယ်။ အဲဒီအကြောင်းလေး လည်း ပြောပြပေးပါဦး။
ညီမက သူ့ကိုပြန်ခါနီးမှ သွားနှုတ်ဆက်တယ်။ သရဖူရပြီးတဲ့အ ချိန်က Congratulation ပဲလုပ် လိုက်ရတယ်။ ကျန်တဲ့အချိန်တွေ က လုံခြုံရေးအရ တွေ့ခွင့်မရှိဘူး။ ပြန်ခါနီးကျတော့ ငါပြန်တော့မယ် ဆိုပြီး သွားနှုတ်ဆက်တော့ ပုလဲ နားကပ်လေးလက်ဆောင်ပေး လိုက်တာပါ။
အကြိုပြိုင်ပွဲမှာ အတိမ်းအစောင်း တစ်ခုဖြစ်ခဲ့ပေမယ့် ဆက်ပြီးအား ပေးခဲ့သလို ပြိုင်ပွဲပြီးတဲ့အချိန်အ ထိ ဆုမရပေမယ့် အားပေးနှစ်သိမ့် ပေးခဲ့တဲ့ ပရိသတ်တွေအတွက် စကားလက်ဆောင်လေးပြော ပေးပါဦး။
ညီမ အများကြီးအမှားလုပ် ခဲ့မိတယ်။ စင်ပေါ်မှာ ချော်လဲခဲ့မိ တယ်။ အဲဒီအတွက် စိတ်မကောင်း ဖြစ်မိတယ်။ ကိုယ့်နိုင်ငံအတွက် ဂုဏ်ယူအောင်လုပ်နိုင်တဲ့ Miss တစ်ယောက်မဟုတ်တော့ဘူးလို့ ဝမ်းနည်းပြီး တွေးခဲ့မိတယ်။ ဒါပေ မဲ့ ပရိသတ်တွေဆီက အချစ်တွေ အများကြီးကို ရရှိခဲ့တယ်။ အ ကောင်းဆုံးကြိုးစားခဲ့တယ်ဆိုတဲ့ အားပေးစကားတွေ အများကြီးကို ရခဲ့တယ်။ အဲဒီအတွက် ညီမရဲ့ စိတ်ထဲမှာ အရမ်းပျော်ရွှင်မိပါ တယ်။ ထပ်ပြီးတော့လည်း ကြိုး စားသွားမှာပါလို့ ပြောချင်ပါ တယ်။
ကျေးဇူးတင်ပါတယ်။

 http://www.7daydaily.com/story/54034

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။