Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, December 14, 2015

ပျူဒင်္ဂါးတွေ ဘယ်မှာ လုပ်သလဲ

ပျူဒင်္ဂါးတွေ ဘယ်မှာ လုပ်သလဲ
******************
တကယ်တော့ ဒီမေးခွန်းဟာ မေးစရာကို မလိုတဲ့ မေးခွန်းဖြစ်ပါတယ်။
ပျူ ဒင်္ဂါး ဆိုမှတော့ ပျူဒေသမှာ သွန်းလုပ်ခဲ့တာပါ။
သို့သော်
ပျူဒင်္ဂါးများကို အောက်အဲအိုမှာပဲ သွန်းသလို၊ ယူနန်မှာပဲ သွန်းသလို၊ ဘယ်မှာသွန်းမှန်း မသိသလို ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

အချို့က တကယ်မသိလို့ လေ့လာမှု မပြည့်စုံလို့ ဖြစ်ပြီး အချို့ကတော့ သိလျက်နဲ့ ရှိတဲ့အထောက်အထား များကို ထိန်ချန်ဖျောက်ပြီး ပျူအခန်းကဏ္ဍ မှေးမှိန်အောင် သို့လော သို့လော ရောထွေးအောင် တမင်ပြောဆို ရေးသားတာမျိုး ရှိနေပါတယ်။

အရင်က ပျူဒင်္ဂါး အချို့မှာ လည်ပင်းမှာ ကြိုးသီဆွဲဖို့ အပေါက်ငယ်ပါတာမို့ ငွေကြေးအဖြစ် သုံးစွဲတာ မဟုတ်ပဲ အလှဆင်ဖို့ ဆွဲတဲ့အပြား ဆို အတော်လေး မှားမှားယွင်းယွင်း ကောက်ချက်တွေ ရှိခဲ့ပါတယ်။
(ကျွန်တော်တို့ ငယ်ငယ်ကအထိ ငွေကြေးအဖြစ် သုံးစွဲတဲ့ အကြွေစေ့ကို လည်မှာဆွဲဖို့ အပေါက်ဖောက်ကာ ခမဲပေးတယ် ဆိုတာ ရှိခဲ့ပါတယ်။)

သို့သော် ပျူဒင်္ဂါးတွေကို မူးစေ့ မတ်စေ့ကစလို့ ကျပ်စေ့ အထိတွေ့လို့ ငွေကြေးအဖြစ်သုံးစွဲကြောင်း ထင်ရှားပါတယ်။

ပျူဒင်္ဂါးတွေကို ဘယ်ဒေသအထိ တွေ့သလဲ
************************
ပျူဒင်္ဂါး တွေကို မြန်မာနိုင်ငံ အထက်အောက် အနှံ့အပြားအပြင် တောင်ဘက် ယနေ့ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယား နိုင်ငံနယ်စပ်၊ မြောက်ဘက်မှာ ယနေ့ တရုတ်နိုင်ငံ ယူနယ်နယ်ထဲအထိ တွေ့ရပါတယ်။

အောက်အဲအိုမှာ ပျူဒင်္ဂါး အများအပြား တွေ့တုန်းက ပျူဒင်္ဂါး တွေဟာ ဒွါယာဝတီ (ယနေ့ထိုင်းနိုင်ငံ) မှာ လုပ်တာ ဖြစ်မယ်လို့ ပြောဆိုခဲ့ကြပါတယ်။

ယူနန်မှာ ပျူဒင်္ဂါး အိုးလိုက်သာမက ရွှေပြား၊ ငွေပြားတွေကို ပုံသွင်းညှပ်တဲ့ ညှပ်ပုံပါတွေ့လို့ ပျူဒင်္ဂါး တွေကို ယူနန်ထဲမှာ လုပ်တာဖြစ်မယ်လို့ ပြောင်းလဲ ပြောဆိုသူများလည်း ရှိပါတယ်။

သို့သော်
ဆရာကြီးတော်စိန်ခိုက သရေခေတ္တရာ ဘောဘောကြီး စေတီအနီး အုတ်ကုန်းပျက် တစ်ခု တူးဖေါ်မှုမှ တစ်ဖက်မှာ သီရိဝစ္ဆ နှင့် ဘဒ္ဒပီဒ ပုံပါ ဒင်္ဂါး၊ ညှပ်ပုံများ သွန်းရန် အသုံးပြုတဲ့ ရွှံ့စေး မီးဖုတ်မို (mold) ကို ၁၉၁၀-၁၁ ခုနှစ် တူးဖေါ်မှုမှ ရရှိခဲ့ပါတယ်။

၁၉၇၅ ငလျင်နောက်ပိုင်း ပုဂံမြို့ ဆန်းစက်စားတော်ရှေ့မှာမြေတူးရင်း အိုးတစ်လုံးအတွင်းမှာ ဘာတံဆိပ် အမဇတ်အသားမှ မပါတဲ့ တစ်ကျပ်သားခန့် ပြောင်ဒင်္ဂါး အပြားသုံးဆယ်ခန့်နှင့်အတူ ညှပ်ပုံတစ်ခုကို မြေတူးရင်း တွေ့ရှိခဲ့ကြောင်း ဆရာကြီးမင်းဘူးဦးအောင်ကြိုင် ပြောပြမှုဖြင့် သိရပါတယ်။

နောက်ထပ် ပျူဒင်္ဂါး သွန်းလုပ်ရန် ဘဒ္ဒပီဒ ပုံပါ ရွှံ့စေး မြေမီးဖုတ် မို (mold) တစ်ခုကို သရေခေတ္တရာ မှော်ဇာမှ ရရှိကြောင်း သိရပါတယ်။


ယနေ့ခေတ် ထိုင်းနိုင်ငံ နှင့် ကမ္ဘောဒီးယား နိုင်ငံ နယ်စပ် အောက်အဲအိုဒေသတွင် ပျူဒင်္ဂါးများ၊ ယူနန်တွင် ပျူဒင်္ဂါး များနှင့် ညှပ်ပုံ တွေ့ရှိမှု ကတော့ ယင်းဒေသများဟာ ပျူဩဇာခံ ဖြစ်ခဲ့၍ ပျူဒင်္ဂါး များကိုလည်း သုံးစွဲခဲ့ကြသည် ဆိုတဲ့ သမိုင်းအဓိပ္ပါယ် ပဲ ရှိပါတယ်။

ဒါကြောင့် ဒင်္ဂါး/ညှပ်ပုံတွေ ပြုလုပ်တဲ့ မို (mold) ကို သရေခေတ္တရာ မှာတွေ့ရှိတာကြောင့် ပျူဒင်္ဂါးတွေ သွန်းလုပ်တဲ့ ဒေသဟာ မြန်မာနိုင်ငံတွင်း သရေခေတ္တရာ သာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

ကျမ်းကိုး။ ။ နှစ်ပေါင်းနှစ်ထောင် ကျော်ပြီဖြစ်သော မြန်မာ့သမိုင်း ၂ - ဘုန်းတင့်ကျော်

Credit to ကိုသာဝ
K.K(ကနောင်)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။