ကြက်ဆင်နှင့်နွားထီး
============
တစ်ခါတုန်းက ကြက်ဆင်တစ်ကောင်က နွားထီးတစ်ကောင်ကို စကားပြောတယ် ။ “ ငါ ဒီသစ်ပင်ရဲ့ ထိပ်ဆုံးကို ရောက် ဖူး ချင်လိုက်တာ ” ကြက်ဆင်က သက်ပျင်းချပြီးဆက်ပြောတယ် “ ဒါပေမယ့် ငါ့မှာ လုံလောက် တဲ့ အားအင်မရှိဘူးဖြစ်နေတယ် ” နွားထီးကပြန်ပြောတယ် ။
“ ကောင်းပြီ ဘာလို့ မင်းငါ့ရဲ့ မစင်တွေကို မစားတာလဲ ငါ့မစင်တွေက အာဟာရပြည့်တဲ့ အရာတွေနဲ့ပြုလုပ် ထားတာလေ မင်းအတွက်သစ်ပင်ထိပ်ဆုံးကို ရောက်နိုင်ဖို့ လုံလောက်တဲ့အားအင်တွေပေးစေမှာပါ ”
ကြက်ဆင်က နွားချေးပုံကို နှုတ်သီးနဲ့တတောက်တောက် စူးစမ်းကြည့်လိုက်တဲ့အခါမှာ အဲဒါတွေဟာ သူ့ကို အားအင်ဖြစ်စေတဲ့အရာတွေမှန်း သိသွားတယ် ။ အဲဒီလိုနဲ့ နွားထီးရဲ့မစင်တွေကိုသူစားလိုက်တဲ့အခါ
အနိမ့်ဆုံး သစ် ကိုင်းအထိ တက်နိုင်တဲ့ အားအင်ကိုသူရသွားတယ် ။
နောက်ရက်မှာလည်း နွားချေးတွေ များမျာပိုစား လိုက်တဲ့အခါ သူဟာ ဒုတိယ
သစ်ကိုင်းကိုရောက်သွားပြန်တ ယ် ။ နောက်ဆုံး မှာ လေးရက်မြောက်တဲ့အခါ ကြက်ဆင်ဟာ သစ်ပင်ရဲ့ထိပ်ဆုံးဖျားကိုရောက်ရှိသွားပါတယ် ။
ဒါပေမယ့် သစ်ပင်ထိပ်ဖျားမှာ ရောက်နေတဲ့ ကြက်ဆင်ကို လယ်သမားက သတိထားမိသွားပြီး သစ်ပင်အောက် ကို လေးဂွနဲ့ပစ်ချလိုက်ပါတော့တယ် ။
-------------------------- -----------
မိုက်မဲမှုနဲ့အသုံးမကျတဲ့အရာ တွေက သင့်ကို ထိပ်ဆုံးကိုတော့ ရောက်စေလိမ့်မယ် ဒါပေမယ့်အဲဒီနေရာမှာ တော့ သင့်ကိုရေရှည်ရှိမနေစေဘူး ။
ထိပ်ဆုံးကို ရောက်ချင်တယ်ဆိုတာ ကောင်းပါတယ် ဒါပေမယ့် အန္တရာယ်များသလို အချိန်မရွေး အောက် ကို ပြုတ်ကျသွားနိုင်တယ် ။
ကိုယ်ဟာ ထိပ်ဆုံးရောက်လိုဇော တစ်ခုတည်းကိုပဲ မတွက်ထားရဘူး ။ အဲဒီအမြင့်နေရာ မှာရှိတဲ့အန္တရာယ် ကိုလည်းထည့်တွက်ထားသင့်တယ်မ ဟုတ်လား ။
သက်တန့်ချို
A Turkey and a bull အားခံစားဘာသာပြန်သည် ။
#သုတဇုန်
www.thutazone.com
============
တစ်ခါတုန်းက ကြက်ဆင်တစ်ကောင်က နွားထီးတစ်ကောင်ကို စကားပြောတယ် ။ “ ငါ ဒီသစ်ပင်ရဲ့ ထိပ်ဆုံးကို ရောက် ဖူး ချင်လိုက်တာ ” ကြက်ဆင်က သက်ပျင်းချပြီးဆက်ပြောတယ် “ ဒါပေမယ့် ငါ့မှာ လုံလောက် တဲ့ အားအင်မရှိဘူးဖြစ်နေတယ် ” နွားထီးကပြန်ပြောတယ် ။
“ ကောင်းပြီ ဘာလို့ မင်းငါ့ရဲ့ မစင်တွေကို မစားတာလဲ ငါ့မစင်တွေက အာဟာရပြည့်တဲ့ အရာတွေနဲ့ပြုလုပ် ထားတာလေ မင်းအတွက်သစ်ပင်ထိပ်ဆုံးကို
ကြက်ဆင်က နွားချေးပုံကို နှုတ်သီးနဲ့တတောက်တောက် စူးစမ်းကြည့်လိုက်တဲ့အခါမှာ
ဒါပေမယ့် သစ်ပင်ထိပ်ဖျားမှာ ရောက်နေတဲ့ ကြက်ဆင်ကို လယ်သမားက သတိထားမိသွားပြီး သစ်ပင်အောက် ကို လေးဂွနဲ့ပစ်ချလိုက်ပါတော့တယ
--------------------------
မိုက်မဲမှုနဲ့အသုံးမကျတဲ့အရာ
ထိပ်ဆုံးကို ရောက်ချင်တယ်ဆိုတာ ကောင်းပါတယ် ဒါပေမယ့် အန္တရာယ်များသလို အချိန်မရွေး အောက် ကို ပြုတ်ကျသွားနိုင်တယ် ။
ကိုယ်ဟာ ထိပ်ဆုံးရောက်လိုဇော တစ်ခုတည်းကိုပဲ မတွက်ထားရဘူး ။ အဲဒီအမြင့်နေရာ မှာရှိတဲ့အန္တရာယ် ကိုလည်းထည့်တွက်ထားသင့်တယ်မ
သက်တန့်ချို
A Turkey and a bull အားခံစားဘာသာပြန်သည် ။
#သုတဇုန်
www.thutazone.com

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။