Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, December 16, 2015

ဂီတကိုချစ်လို့ ကိုယ့်ကိုယ်ကိုယ် ကောင်းအောင်နေတဲ့သူ မာရဇ္ဇ♬ ♬

ဂီတကိုချစ်လို့ ကိုယ့်ကိုယ်ကိုယ် ကောင်းအောင်နေတဲ့သူ မာရဇ္ဇ♬ ♬

မြန်မာပြည်မှာတော့ ရန်ကုန်က ဂီတမြို့တော်။ ဂီတကcontent://media/external/images/media/68828ို ရူးသွပ်သူမှန်သမျှ မြို့တော်ရန်ကုန်ဆီ ချဉ်းကပ်တိုးဝင်ကာ ဂီတအလုပ်တွေ ဇောက်ချ လုပ်ကိုင်ရသည်။ မြန်မာပြည်ရဲ့ နယ်မြို့လေးတစ်မြို့ မကွေးတိုင်းက အထက်မင်းလှဆိုတဲ့မြို့လေးက လူငယ်တစ်ယောက် ဂီတကို ရူးသွပ်မိတဲ့အခါ ဇာတိနယ်မြို့လေးကို ကြေကွဲစွာ ချန်ရစ်ခဲ့ပြီး မျှော်လင့်ခြင်းတွေ သယ်ဆောင်ကာ မြို့တော်ရန်ကုန် ရင်ငွေ့ဆီ ကွန်းခိုခဲ့ရသည်။ ၁၉၈၅ ခုနှစ်မှာ သူ ရန်ကုန်ကို စရောက်သည်။ ရန်ကုန်က အေးစက်စက်။
ရန်ကုန်ကို အကျွမ်းတဝင်ရှိဖို့ သူလေ့ကျင့်သင်ယူရသလို တစ်ဖက်ကလည်း ဂီတ အနုပညာအလုပ်တွေကို မြေစမ်းခရမ်းပျိုးရာက ထဲထဲဝင်ဝင်ရှိဖို့ အပတ်တကုပ် အားထုတ်ခဲ့ရသည်။ နှလုံးသားတွေဆူပွက်၊ ဦးနှောက်တွေ ရှုပ်ထွေးပွယောင်း၊ ရှူးဖိနပ်တွေ ပွန်းပဲ့တိုက်စားနဲ့ ဂီတလမ်းက ကြမ်းတမ်းခက်ထန်လှသည်။ ဒါပေမယ့် သူအားမလျော့။ အဆုံးသတ်မှာတော့ အောင်မြင်မှုက ဖက်ယမ်းနမ်းရှုပ်လာရတော့သည်။ Stage Show တွေမှာ သူဖျော်ဖြေလေတိုင်း ဂီတချစ်သူလူငယ်တွေက သူ့အမည်နာမကို လှုပ်လှုပ်ခတ်ခတ် အော်ဟစ်တောင်းဆိုကြသည်။ သူ့ဂီတ၊ သူ့သီချင်း lyrics တွေကို သူ့အသံနဲ့ ထပ်တူထပ်မျှကျတဲ့အထိ စိတ်ရောကိုယ်ပါ လိုက်ဆိုကြသည်။ လောလောဆယ် လူငယ်တွေ ပါးစပ်ဖျားမှာ ရေပန်းစားနေသည့် Hit Song နှစ်ပုဒ်ရှိသည်။ "ဆယ့်နှစ်လက်မ တစ်ပေ"၊ "အိပ်ရေးပျက်ည"။ ၁၉၉၂ ခုနှစ်က စတင်ထွက်ရှိခဲ့သည့် Solo Album ကစကာ ရေတွက်လျှင် ဂီတနယ်ပယ်မှာ Solo Album စုစုပေါင်း ၁၆ ခု ထွက်ရှိခဲ့ပြီြး့ပီ။ ဂီတအနုပညာ အင်အားတွေက သူ့သွေးကြောမှာအပြည့်။ အေင်မြင်ခဲ့ပြီးသည့် ဂီတလူတစ်ယောက်အတွက် သူ့သီချင်းတွေနဲ့ပတ်သက်ပြီး အထွေအထူး ချီးမွမ်းခန်းဖွင့်ရန် မလိုတော့ပြီ။ သူ့သွေးကြောထဲမှာ ရှင်သန်ရုန်းကြွနေသည့် ဂီတအနုပညာဆီကိုသာ တိုးဝင်မိတော့သည်။

- အနုပညာဆိုသည့်အရာက လူသားတွေရဲ့ စိတ်နှလုံးကို ဘယ်လောက်ထိ ဆွဲဆောင်ဖမ်းစားနိုင်ပါလိမ့်...အရင်ဆုံးသိချင်သည်။
- ကျွန်တော့်အတွက်ပြောရရင် ဂီတပေါ့။ ဂီတအနုပညာက မျက်စိနဲ့မမြင်နိုင်တဲ့ အရာတွေကို ဖန်တီးရတာ။ မရှိတဲ့အရာတွေကိုရှိအောင် ဖန်တီးရတာဆိုတော့ အင်မတန်နက်နဲပြီး ခက်ခဲတယ်။ ပြီးတော့ သူ့ကို မှော်လို့လည်း ပြောလို့ရတယ်။ အတတ်ပညာရှိဖို့လိုသလို ဖမ်းစားသူအတွက်မှော် ဒါတွေပြည့်စုံမှသာ ပြည့်ဝတဲ့ အနုပညာတစ်ခုဖြစ်မှာ။ ဂီတမှာ ဘာသာစကား မရှိဘူးဆိုတဲ့ စကားအတိုင်းပဲ အင်္ဂလိပ် သီချင်းပဲဖြစ်ဖြစ်၊ အခြားဘာသာစကားနဲ့ သီချင်းပဲဖြစ်ဖြစ်၊ အဓိပ္ပါယ် နားမလည်လည်းပဲ ခံစားလို့ရ ကြိုက်လို့ရတာပဲ။ ဒီလို ဘာသာစကား မလိုတဲ့အတွက် လူတစ်ဦးနဲ့တစ်ဦး ဆက်ဆံတဲ့နေရာမှာ အလွန်အမင်း ထွင်းဖောက်ပြီး ထိရောက်မှုရှိတဲ့ အနုပညာတစ်ခုဖြစ်တယ်။ ဘယ်လောက်ထိ စွမ်းဆောင်မှု ရှိလဲဆိုတာ ခံစားမှုအားကောင်းရင် ကောင်းသလိုပဲ နားထောင်သူအပေါ် မူတည်တယ်။

- ခံစားမှုအားကောင်းရင် ကောင်းသလို ဖမ်းစားနိုင်စွမ်းရှိသည့် ဂီတ၊ ဒါက စိတ်ပိုင်းခံစားချက်ဖြစ်သလို နူးညံ့သိမ်မွေ့သည့် သဘောကိုဆောင်သည်။ ဘယ်အတိုင်းအတာထိ နူးညံ့စွာ ဖမ်းစားဦးမလဲ။ သူ့ခံစားချက်က မျှတသည်။
အနုပညာဆိုတာနဲ့ လူတော်တော်များများက သိမ်မွေ့တယ်၊ နူးညံ့တယ်လို့ တွေးထင်နေကြတယ်ဗျ။ တကယ်တော့ သူက နုလို့လည်းရတယ်။ ကြမ်းလို့လည်း ရတယ်။ ရမ်းလို့လည်း ရတယ်။ အသံနဲ့ သရုပ်ဆောင်ရတဲ့ သဘောပဲ။ တစ်ခါတလေ အသည်းကွဲတာကို သရုပ်ဆောင်လို့ ရသလို၊ တစ်ခါတလေ ဒေါသထွက်တာကိုလည်း ဖောက်ခွဲသရုပ်ဆောင်လို့ရတာပဲ။
ဥပမာ နိုင်ငံရေးအကြောင်း သီချင်း lyrics ရေးမယ်၊ ဖိနှိပ်ခံရတာတွေကို ရေးမယ်ဆိုရင် ဒေါသနဲ့ပေါက်ကွဲမှုတွေတော့ ပါမှာပါ။ ဒါကြောင့် ကျွန်တော့်အမြင်တော့ အနုပညာဆိုတာ နူးညံ့မှု တစ်ခုတည်း မဟုတ်ဘူး။ ကြမ်းတမ်းမှုလည်း ဖြစ်နိုင်တယ်။ လူတစ်ယောက်ကို သွေးဆူလာအောင် ဂီတနဲ့ ဖမ်းစားလို့ရတယ်။ စစ်ကားတွေကို ကြည့်တဲ့အခါ နောက်ခံဂီတ စစ်သွေးကြွသီချင်းတွေပါမယ်။ စိတ်ဓါတ်တက်ကြွ ရဲရင့်စေမယ့် lyrics တွေ မာမာထန်ထန် ရေးဖွဲ့မှရမယ်။ အသည်းကွဲသီချင်းစာသား နူးညံ့တဲ့သဘောသဘာဝ သွားဆောင်လို့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ lyrics နဲ့အတူ Background Music ကပါ ကြမ်းတမ်းဖောက်ခွဲပစ်မှရမယ့် နေရာမျိုးမှာတော့ လာပြီး နူးညံ့သိမ်မွေ့တဲ့ဂီတထည့်လို့ ဘယ်လိုမှ မရဘူးဗျ။ ဒီသဘောပါပဲ။ အဓိကကတော့ စိတ်ခံစားမှုပေါ်လိုက်ပြီး ပုံဖေါ်ဖန်တီးကြတာ။ ကျွန်တော်တို့ မြန်မာပြည်ပရိသတ်ကတော့ တေးသီချင်းဆို အေးမှ၊ ချိုမှ၊ နုမှ အများစုက ကြိုက်ကြသလိုပဲ။ ကျွန်တော်ကိုယ်တိုင် Soft ဖြစ်တဲ့ သီချင်းတွေ ရေးဖြစ် ဆိုဖြစ်သလို၊ hard ဖြစ်တဲ့သီချင်းမျိုးလည်း ရေးချင်ရေးတယ်။ ဆိုချင်ဆိုလိုက်တယ်။ တကယ်ခံစားရတဲ့အတိုင်း ဖန်တီးချလိုက်တာပဲ။ စိတ်ရဲ့ထွက်ပေါက်တစ်ခုအဖြစ် ဖန်တီးလိုက်တာ။ ဝမ်းနည်းစရာနဲ့ ကြုံကြိုက်ခံစားနေရချိန်မှာ ဝမ်းနည်းထိခိုက်တဲ့ lyrics နဲ့ ပုံဖေါ်မှာပေါ့။ တေးသံသာလို့ ခေါ်ဆိုနေကြသလို အသံသာမှ တေးသီချင်းဖြစ်တယ်လို့ ကျွန်တော် လက်မခံဘူး။ ဂီတမှာ ပုံစံအမျိုးမျိုးရှိတယ်။

ဟုတ်ပြီ။ ဂီတကိုပုံဖေါ်ရာမှာ ပုံစံအမျိုးမျိုး ရှိသလို ဖန်တီးနေချိန်မှာ လွယ်ကူခြင်း၊ ခက်ခဲခြင်း ကွဲထွက်နိုင်သေးသည်။ အတိမ်အနက်နဲ့ လျှို့ဝှက်ချက်တွေအကြောင်း ခွဲခြားသုံးသပ်ကြည့်ရမည်။
ဂီတအလုပ်မှ မဟုတ်ဘူး၊ ဘယ်အလုပ်မှ မလွယ်ပါဘူးဗျာ။ အားလုံးအခက်အခဲတွေကြားမှာ လုပ်ကြရတာ။ အဆင်ပြေချောမွေ့ဖို့ကတော့ ကိုယ်လုပ်တဲ့အလုပ်တစ်ခုမှာ ကျွမ်းကျင်တဲ့ အတတ်ပညာတော့ ရှိနေရမယ်။ ဂီတအခြေခံ သဘောတရားလည်း နားလည်ရမယ်။ ဂီတနဲ့ ပတ်သက်တဲ့ ဝမ်းစာတွေပြည့်နေရမယ်။ ဒါတွေကို အခြေံပြီး ခံစားချက်နဲ့ ပေါင်းစပ်တာ။ ဒါပေမဲ့ ဂီတက ထူးဆန်းတယ်ဗျ။ ကျွန်တော် သီချင်းတစ်ပုဒ် ဖန်တီးရင်တောင် တစ်ခါတစ်ခါ လွယ်လွယ်ကူကူနဲ့ ပြီးသွားတာရှိသလို ခက်ခက်ခဲခဲနဲ့ ကြန့်ကြာသွားတဲ့ သီချင်းတွေလည်း ရှိတယ်။ ပုံသေတွက်လို့တော့ မရဘူး။ အလွယ်ကလေးနဲ့ ပရိသတ်အားပေးတာ ခံစားရသလို၊ ခက်ခက်ခဲခဲနဲ့ အားပေးရတာမျိုးလည်း ကြုံဖူးတာပါပဲဗျာ။

သူ့ကြည့်ရတာ ဒီလို ခက်ခဲတစ်ခါ လွယ်ကူတစ်လှည့် ပုံဖေါ်ရရှိလာတဲ့ သီချင်းဂီတတွေကြားမှာ ကျင်လည်ကျက်စားနေရတာကိုပဲ ရတနာပီတိ ဂွမ်းဆီထိသလို ခမ်းခမ်းနားနားကြီး ပီတိဖြစ်နေပုံ။ ဒီလို ဂီတနဲ့နေထိုင် ရှင်သန်နေသူတစ်ယောက် သူ့ဘဝမှာ ဂီတအနုပညာ (မဆိုစကောင်း ဆိုစကောင်း) ကင်းမဲ့များ ကင်းမဲ့သွားခဲ့ရင် သူဘယ်လို ခံစားရမှာပါလိမ့်။
ကျွန်တော်သာ ဒီဂီတလောကထဲ မရောက်ခဲ့ရင် ခုလောက်ဆို အရိုးဆွေးနေလောက်ပြီ။ ဘာလို့လဲဆို ကျွန်တော်တို့က ဆိုးခဲ့တယ်၊ ပေခဲ့တယ်၊ တေခဲ့တယ်။ ဂီတကိုချစ်တဲ့စိတ်ကြောင့်သာ ဘဝက ရှင်သန်နေတာ။ ကျွန်တော်နဲ့ရွယ်တူ သူငယ်ချင်းတွေ တချို့ဆို မရှိကြတော့တာ များတယ်။ စိတ်မကောင်းစရာပဲ။ အနာဂတ်တွေ မျှော်လင့်ချက်တွေ ဘာမှမရှိကြဘူး။ ပျော်ကြတယ် ဒီလိုပဲ။ အဓိကကတော့ လူတစ်ယောက်ဘဝ ရှင်သန်ဖို့ ဝါသနာနဲ့ ဂီတကို ချစ်တဲ့စိတ်၊ အနာဂတ်၊ မျှော်လင့်ချက်တွေ ခိုင်မာနေရမယ်။ ကိုယ့်မှာ တကယ်ချစ်တဲ့အရာ တစ်ခုရှိနေရင် အနာဂတ်၊ မျှော်လင့်ချက်တွေ ဘယ်တော့မှ ကင်းမဲ့မသွားဘူး။ ကျွန်တော်ဆို ဂီတကိုချစ်တဲ့စိတ်နဲ့ ငါ ဒီနေရာကို ရောက်ကိုရောက်ရမယ်လို့ မျှော်လင့်ချက်ထားပြီး ရုန်းကန်ကြိုးစားခဲ့လို့ပေါ့။ ကိုယ်ကြိုးစားခဲ့ရတဲ့ အချိန်တွေရဲ့ တန်ဖိုးသိလို့ သူ့ကို (ဂီတဆိုတဲ့အရာကို) ထိခိုက်ပျက်ပျားသွားစေမယ့်အရာ ဘာတစ်ခုမှ ကျွန်တော်မလုပ်ဘူး။ ဂီတအနုပညာကို မျှော်လင့်ခြင်းတွေနဲ့အတူ ဆက်ပြီးဖန်တီးချင်တဲ့စိတ် အပြည့်
ရှိနေလို့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ်ကောင်းအောင် နေတယ်။

သူ့ရင်ထဲက ထွက်ကျလာတဲ့ စကားလုံးတွေရဲ့ အနက်အဓိပ္ပါယ်ကို ကောက်ယူစားသုံးလိုက်တဲ့အခါ ဂီတဆိုတာ သူ့အတွက်၊ သူ့ဘဝမှာ ဘယ်တော့မှ ကင်းမဲ့မသွားနိုင်တဲ့အရာဆိုတာ သိပ်ကို သေချာသွားခဲ့ပေါ့။

#Zigzag
#2013_SEPT_YATI

စာစီကျေးဇူးရှင် Ka lee

★ ★ ★ မာရဇ္ဇ၏သီချင်းများ တောင်းဆိုနိုင်ပါတယ်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။

!
t
s
e
B
e
h
T
e
B