Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, December 26, 2015

" ခရစ်စမတ်ပုံပြင် .."

" ခရစ်စမတ်ပုံပြင် .."
..heart emoticon
.
ရှေးတုန်းက တင်ရှားခဲ့တဲ့ ဒဏ္ဍာရီတစ်ခုမှာ ဆိုထားတာကတော့ တစ်ခါက လက်ဘနွန်နိုင်ငံရဲ့ လှပသာယာတဲ့ တောအုပ်လေးတစ်ခုမှာ ထင်းရှူးပင်လေးသုံးပင် ပေါက်လာခဲ့တယ်တဲ့။
အားလုံးသိကြတဲ့အတိုင်းပဲ ထင်းရှူးပင်တွေဟာ ကြီးထွားနှုန်းနှေးလွန်းတာကြောင့် အဲဒီထင်းရှူးပင်လေးသုံးပင်ဟာ ရာစုနှစ်နဲ့ချီပြီး `ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း´၊ `သဘာဝနဲ့ လူသား´ အကြောင်းတွေကို တွေးတော ဖြတ်ကျော်လာခဲ့ကြတယ်။
သူတို့ဟာ ဆော်လမွန် ဘုရင်ကြီးရဲ့ စစ်သည်ရဲမက်တွေ လက်ဘနွန်နိုင်ငံကို ရောက်လာတာ၊ Assyrian လူမျိုးတွေနဲ့ သွေးမြေလွှမ်းခဲ့တဲ့ တိုက်ပွဲတွေကို မြင်တွေ့ခဲ့ကြတယ်။
.
ပြီးတော့ ကမ္ဘာ့ရန်တွေဖြစ်တဲ့ ယေဇာဗလ် (Jezebel) နဲ့ ပရောဖတ် အီလိယာ (Elijah) တို့ကိုလည်း တွေ့ဖူးခဲ့တယ်။ သူတို့ရှေ့မှောက်မှာပဲ အက္ခရာကို တီထွင်လာကြတယ်။ ကုန်သည်တွေကလည်း ရောင်စုံအထည်အလိပ်တွေတင်ပြီး သူတို့နားက ဖြတ်သန်းသွားကြတယ်။
ဒီလိုနဲ့ သာတောင့်သာယာရှိတဲ့နေ့တစ်နေ့မှာ ထင်ရှူးပင်လေးသုံးပင်ဟာ သူတို့ရဲ့အနာဂတ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြဖို့ ဆုံးဖြတ်လိုက်တယ်။
.
ပထမတစ်ပင်က ပြောတယ် ` သက်တမ်းတစ်လျှောက်လုံး ကြုံတွေ့ခဲ့ရတာတွေ အားလုံးနောက်မှာတော့ ငါ့မှာ ဖြစ်ချင်တာ တစ်ခုပဲရှိတယ်။
အဲဒါကတော့ ရန်ခပ်သိမ်းကို အောင်နိုင်တဲ့ ဘုရင်တစ်ပါးရဲ့ ပလ္လင် ဖြစ်ဖို့ပဲ´
.
`ငါ့အနေနဲ့ကတော့ မေတ္တာနဲ့ စွန့်လွတ်အနစ်နာ ခံမှုအကြောင်း ခေတ်အဆက်ဆက် ဥပမာပြု ပြောဆိုသွားကြရမယ့် အရာတစ်ခုခုရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ချင်တယ်´ လို့ ဒုတိယတစ်ပင်က ပြောတယ်။
.
တတိယတစ်ယောက်ကတော့ ` လူတွေငါ့ကို ကြည့်တဲ့အခါတိုင်း ဘုရားသခင်ကို အောက်မေ့ကြတာမျိုး ဖြစ်ချင်တယ်´လို့ ပြောလိုက်တယ်။
.
နှစ်တွေ၊ နှစ်တွေ ကုန်လွန်သွားလိုက်တာ နောက်ဆုံးမှာတော့ တောအုပ်လေးထဲကို သစ်ခုတ်သမားတွေ ရောက်လာကြတယ်။
သစ်ခုတ်သမားတွေဟာ ထင်ရှူးပင်သုံးပင်လုံးကိုခုတ်ပြီး ခွဲစိတ် ပစ်လိုက်ကြတယ်။
.
ထင်ရှူးပင်သုံးပင်လုံးမှာတော့ ကိုယ်စီကိုယ်စီ စိတ်ကူးအိပ်မက်လေးတွေနဲ့ပေါ့။
ဒါပေမယ့် လက်တွေ့ဘ၀ကြီးဆိုတာက ငါတို့ ဘာတွေ ဖြစ်ချင်လဲဆိုတာ ဘယ်တုန်းကမှ မမေးဘူးလေ။
.
ပထမ ထင်ရှူးပင်လေးကိုတော့ တင်းကုတ်လုပ်ပစ်လိုက်ကြတယ်။ နောက်ပြီး သူ့ဆီကပိုနေသေးတဲ့ အသားတွေနဲ့ စားခွက်ကလေးလုပ်လိုက်ကြတယ်။
ဒုတိယအပင်ကိုတော့ ခပ်ကြမ်းကြမ်းစားပွဲတစ်လုံးလုပ်လိုက်တယ်။ နောက်ပိုင်းမှာ ပရိဘောဂ ဆိုင်ကို ပို့ပစ်ဖို့ပေါ့။
တတိယအပင်က ရတဲ့သစ်ကိုတော့ ရောင်းမရတဲ့အတွက် ပျဉ်အဖြစ်စိပ်ပြီး မြို့ကြီးတစ်မြို့က ဂိုထောင်ထဲမှာ သိမ်းထားလိုက်ကြတယ်။
.
ထင်းရှူးပင်သုံးပင်ဟာ ခါးသီးစွာနဲ့ပဲ စိတ်ပျက်လက်ပျက် ညည်းညူမိကြတယ် ` ငါတို့ဟာ သစ်မျိုးကောင်းတွေ ဖြစ်ပေမယ့် ငါတို့ကို ကောင်းကောင်းမွန်မွန်အသုံးပြုဖို့တော့ ဘယ်သူမှ နေရာရှာမတွေ့ကြပါလား´ လို့ပေါ့။
.
ဒီလိုနဲ့ အချိန်တွေကုန်လာလိုက်တာ တစ်နေ့၊ ကြယ်တာရာတွေ စုံတဲ့ ညတစ်ညမှာ နားခိုစရာမရတတ်တဲ့ ဇနီးမောင်နှံတစ်စုံဟာ ပထမ ထင်းရှူးပင်လေးက ရတဲ့သစ်ကနေ ဆောက်ထားတဲ့ တင်းကုပ်လေးမှာ ညအိပ်နားဖို့ ရောက်လာကြတယ်။
မိန်းမဖြစ်သူက ကိုယ်ဝန် နေ့စေ့လစေ့ကြီးနဲ့ပေါ့။ အဲဒီညမှာပဲ အဲဒီအမျိုးသမီးဟာ သားတစ်ယောက် ဖွားမြင်တယ်။ အဲဒီကလေးငယ်လေးကို စားခွက်လေးထဲက မြက်ခြောက်လေးတွေပေါ် သိပ်လိုက်တယ်။
အဲဒီအခိုက်အတန့်မှာပဲ ပထမ ထင်းရှူးပင်လေးဟာ သဘောပေါက်သွားတယ်။ သူ့ရဲ့ စိတ်ကူးအိပ်မက်တွေဟာ တကယ်ဖြစ်လာခဲ့ပြီဆိုတာကိုပေါ့။
ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံးသော အောင်နိုင်သူ လူသားရဲ့ အထောက်အပံ အဖြစ်ကို သူရလိုက်ပြီလို့ပေါ့။
.
နောက် နှစ်အနည်းငယ်အကြာမှာ အိမ် ခပ်သေးသေးတစ်လုံးထဲမှာ လူအချို့ စားကြသောက်ကြတယ်။
ဒုတိယ ထင်းရှူးပင်ကနေ လုပ်ထားတဲ့ စားပွဲမှာပေါ့။
အဲဒီလူတွေထဲက တစ်ယောက်က မစားသောက်ကြခင်မှာ စားပွဲပေါ်မှာတင်ထားတဲ့ ပေါင်မုန့်နဲ့ ၀ိုင် အချို့ကို နမူနာထားပြီး စကားတစ်ချို့ပြောတယ်။
အဲဒီမှာ ဒုတိယထင်းရှူးပင်ဟာလည်း သဘောပေါက်သွားတယ်။
သူဟာ ပေါင်မုန့်နဲ့ ၀ိုင်တင်တဲ့ စားပွဲသက်သက်မဟုတ်တော့ပဲ ၊ ဘုရားသခင်နဲ့ လူသားကြား ဆက်သွယ်မှုရဲ့ အထောက်အပံ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပြီဆိုတာကိုပေါ့။
.
နောက်တစ်နေ့မှာတော့ တတိယထင်းရှူးပင်လေးက ရတဲ့ ပျဉ်တွေနဲ့ လက်ဝါးကပ်တိုင်လုပ်လိုက်ကြတယ်။
နောက်နာရီအနည်းငယ်အကြာမှာတော့ ဒဏ်ရာတွေနဲ့ လူတစ်ယောက်ကို ခေါ်လာကြပြီး အဲဒီလက်ဝါးကပ်တိုင်မှာ သံတွေနဲ့ ရိုက်လိုက်ကြတယ်။
တတိယမြောက် ထင်းရှူးပင်လေးဟာ စိတ်ပျက်ဝမ်းနည်းစွာနဲ့ သူ့ရဲ့ အသုံးပြုခံနေရာအတွက် ကံကြမ္မာကို ကျိန်ဆိုမိတယ်။
.
ဒါပေမယ့် သုံးရက်တောင် မလွန်ခင်မှာပဲ သူလည်းသဘောပေါက်သွားတယ်။
သူ့လက်ဝါးကပ်တိုင်မှာ အချိတ်ခံရတဲ့ လူသားဟာ လောကရဲ့ အလင်းတန်ဆောင်ဖြစ်နေတာ။
သူ့ရဲ့ လက်ဝါးကပ်တိုင်ဟာ နှိပ်စက်ညှဉ်းပန်းရာ လက်နက်အဖြစ်ကနေပြီး လွတ်မြောက်ရာ၊ အောင်မြင်ရာ သင်္ကေတတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တာ၊ စတာတွေအားလုံးကိုပေါ့။
.
ထင်ရှူးပင်လေးသုံးပင်ရဲ့ ကံကြမ္မာကတော့ အဲလိုအဆုံးသတ်သွားခဲ့တယ်။
စိတ်ကူးအိပ်မက်တွေနဲ့ပတ်သက်လာရင် အမြဲဖြစ်နေကြအတိုင်းပဲ- သူတို့ရဲ့ အိပ်မက်တွေဟာ အကောင်အထည်ပေါ်လာ
ခဲ့ကြတယ်၊
ဒါပေမယ့် သူတို့မျှော်မှန်းထားခဲ့တဲ့ ပုံစံတွေနဲ့တော့ တခြားစီပေါ့….

လရိပ် ၊ မြရိပ်
(မိုမိုလေး)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။