Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, December 3, 2015

ကိုယ်လက်ထပ်မယ့်သူဆီမှာ ရှာဖွေသင့်တဲ့ အရည်အချင်းတွေ



ယောကျာ်းလေးတွေအတွက် အိမ်ထောင်ဖက်မိန်းကလေးက အိမ်ထောင်မှုနိုင်နင်းရမယ်၊ မိန်းကလေးတွေ ယူမယ့်ယောကျာ်းက ပိုက်ဆံရှာတတ်ရမယ်။ ဒါတွေက အခြေခံအသိတွေပါ၊ ဒါပေမယ့် အခုဖော်ပြထားတဲ့အချက်တွေပါ သူ့ဆီမှာရှိရင် ကိုယ့်ကိုစိတ်ချမ်းသာအောင် ထားနိုင်မယ့်လူလို့ သတ်မှတ်လို့ရပါပြီ။


၁. ကိုယ်နဲ့ယုံကြည်မှုချင်း မျှဝေနိုင်တဲ့သူ

ကိုယ်က ဘိုးတော်ကိုပဲ ယုံယုံ၊ နတ်ကိုပဲ ကိုးကွယ်ကိုးကွယ် ကိုယ်ယူမယ့်သူဟာ ကိုယ့်အမြင်တွေကို လေးစားသူဖြစ်သင့်ပါတယ်။ ဘဝတလျှောက် လက်တွဲသွားတဲ့အခါ သည်လိုကိစ္စတွေက အဓိကပြဿနာဖြစ်စေတာပါ။

၂. ကိုယ့်ကို အသစ်အဆန်း သင်ပေးနိုင်တဲ့သူ

တစ်ယောက်နဲ့တစ်ယောက် ကိုယ်သိတာကို အပြန်အလှန် သင်ကြားပေးနိုင်မှ ဘဝက ပျော်စရာကောင်းမှာပါ။ ထမင်းစားတူကိုင်တာ၊ သံရိုက်တာ စတဲ့အသေးအဖွဲလေးတွေကို အပြန်အလှန်သင်ကြားပေးပါ။

၃. ကိုယ့်ကို ယုံကြည်တဲ့သူ (သူကိုယ်တိုင်ကလည်း ယုံကြည်ရတဲ့လူ)

သူ့ဖုန်းကို ရှောင်တခင်စစ်ဆေးကြည့်သင့်တယ်လို့ ခံစားနေရရင် ကိုယ်ဟာ သူ့အပေါ် မယုံကြည်ရာရောက်ပါတယ်။ အဲသည်လိုဆက်ဆံေ၇းမျိုးဟာ ဘယ်လိုလုပ်ပျော်စရာကောင်းပါ့မလဲ။ တစ်ယောက်ရဲ့အလစ်ကို တစ်ယောက်ချောင်းနေရင်း ဖုန်းတွေကိုခိုးကြည့်နေရတယ်ဆိုရင် ယုံကြည်မှုအားလုံးဟာ ပြတင်းပေါက်ကနေ ခုန်ထွက်သွားတော့မှာပါ။

၎. အတူနေရတာကို ကျေနပ်တဲ့သူ

နှစ်ယောက်အတူ သူငယ်ချင်းတွေနဲ့ အပြင်သွားရတာ ပျော်စရာကောင်းပါတယ်။ ဒါပေမယ့် တခါတလေ နှစ်ယောက်တည်း စိတ်ဝင်စားစရာကောင်းတဲ့စကားတွေ ပြောရတာဟာလည်း တစ်ယောက်ကိုတစ်ယောက် ပိုမိုနားလည်မှုရစေပါတယ်။ ကိုယ်အရင်က မသိခဲ့တဲ့သူ့အကြောင်းတွေကို နားထောင်ရင်း ရင်ဘတ်ချင်းပိုနီးကပ်တဲ့သူ ဖြစ်လာမှာပါ။

၅. ကိုယ့်ကို ပိုကောင်းမွန်အောင် လုပ်ပေးနိုင်တဲ့သူ

ကိုယ့်အရည်အသွေးတွေကို အကောင်းဆုံးပေါ်ထွက်နိုင်အောင် သူက လုပ်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။

၆. အထာပေါက်ပြီး နှစ်ဦးအတူ ရယ်မောနိုင်တဲ့သူ

ဟာသကားတွေကြည့်ပြီး နှစ်ယောက်အတူ ရယ်ကြတာကို ဆိုလိုတာမဟုတ်ပါဘူး။ အဖြစ်အပျက်တစ်ခုရဲ့ ဟာသဆန်တဲ့အကြောင်းအရာကို နှစ်ယောက်လုံး တွေ့လိုက်ပြီး နှစ်ယောက်လုံး ရယ်မောမိကြတာပါ။ ဘာစကားတစ်ခွန်းမှ ရှင်းပြစရာမလိုဘဲနဲ့ပေါ့။

၇. ကိုယ့်အပေါ် ၊ နှစ်ဦးဆက်ဆံရေးအပေါ် မချုပ်ခြယ်တဲ့သူ

ကိုယ်လက်ထပ်မယ့်သူဟာ “မင်း အဲသည်လူတွေနဲ့ အပြင်ထွက်ရင် သည်တစ်ခါ အပြတ်ပဲ” လို့ ပြောတဲ့သူမျိုး မဖြစ်သင့်ပါဘူး။ ကိုယ်ရဲ့ အပြစ်မရှိတဲ့လုပ်ရပ်တွေကို သဝန်တိုပိတ်ပင်နေတဲ့သူမျိုး မဖြစ်သင့်ပါဘူး။

၈. အလျှော့အတင်းထားနိုင်သူ

အောင်မြင်တဲ့ဆက်ဆံရေးတိုင်းမှာ အဓိကသော့ချက်က အလျှော့အတင်းရှိမှုပါပဲ။ ကိစ္စတစ်ခုကို ရှုမြင်ရာမှာ ကိုယ့်ဘက်ကိုရော၊ သူ့ဘက်ကိုပါ ကြည့်နိုင်တဲ့သူနဲ့မှ ဘဝခရီးဟာ သာယာမှာပါ။

၉. ကိုယ့်မိသားစုကို လေးစားတဲ့သူ

သဘောကျတယ်လို့ သည်နေရာမှာ မပြောပါဘူး။ ကိုယ့်မိသားစုကို သဘောမကျရင်တောင် လေးစားမှုတော့ ရှိတဲ့သူ ဖြစ်သင့်ပါတယ်။

၁၀. အိပ်ရာထဲမှာ ကျေနပ်စေသူ

၁၁. အရက်နဲ့ အပေါင်းအသင်းကို အတိုင်းအတာနဲ့ ထိန်းနိုင်သူ

အရက်နဲ့ မျက်နှာသစ်တဲ့သူ၊ အပေါင်းအသင်းမက်လွန်းတဲ့သူဟာ ကိုယ့်ကို သာယာပျော်ရွှင်မှု ပေးနိုင်မှာ မဟုတ်ပါဘူး။

၁၂. ကိုယ့်ချို့ယွင်းချက်တွေကို နားလည်သည်းခံပေးနိုင်သူ

ကိုယ်လက်ထပ်မယ့်သူဟာ ကိုယ့်အားသာချက်တွေကို မြေတောင်မြှောက်ပေးနိုင်ရုံတင်မက အားနည်းချက်တွေကိုလည်း ခွင့်လွှတ်ချစ်ခင်တတ်ရပါမယ်။

၁၃. သင့်တင့်လျောက်ပတ်စွာ ချီးမွမ်းတတ်တဲ့သူ

မိန်းကလေးတွေအဖို့ ကိုယ့်ကို တစ်ချိန်လုံး လှလိုက်တာ၊ ချောလိုက်တာ၊ တော်လိုက်တာ လို့ မြှောက်ပင့်နေတာမျိုးထက် ကိုယ်တစ်နေကုန် ဈေးပတ်ပြီး ရှာထားရတဲ့ ဝတ်စုံလေးကို ဝတ်လိုက်ချိန်မှာ ဟာ..လှလိုက်တာကွာလို့ ပြောတာမျိုးကတော့ အမောပြေပါပဲ။ ယောကျာ်းလေးတွေအနေနဲ့လည်း ချစ်သူရဲ့ ရိုးသားတဲ့ချီးကျူးစကားဟာ အင်အားဖြစ်စေတယ်ဆိုတာ နားလည်ကြမှာပါ။

၁၄. တန်ဖိုးထားတာချင်း တူညီတဲ့သူ

ပစ္စည်းဆို အကောင်းစားမှ သုံးချင်တဲ့သူတစ်ယောက်ဟာ တော်ရိလျော်ရိဝတ်စားဆင်ယင်ပြီး နေထိုင်တတ်သူတစ်ယောက်နဲ့ ကြာကြာအစေးမကပ်ပါဘူး။ သည်လိုပဲ ပညာကို တန်ဖိုးထားတဲ့အသိုင်းအဝိုင်းက မွေးလာသူတစ်ယောက်အတွက် ပိုက်ဆံသာ အဓိကဆိုတဲ့အသိုင်းအဝိုင်းထဲကလူနဲ့ ညှိလို့မရတာ သဘာဝပါပဲ။

၁၅. သစ္စာရှိတဲ့သူ

၁၆. အသိဥာဏ်မြင့်မားတဲ့သူ

အသိဥာဏ်မြင့်မားတဲ့သူကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ခြင်းဖြင့် လိုအပ်တဲ့အချိန်မှာ အကြံကောင်းဥာဏ်ကောင်းတွေကို ပေးနိုင်ပါလိမ့်မယ်။ သူဟာ ဘွဲ့ရပညာတတ်ဖြစ်စရာမလိုပါဘူး။ အကောင်းအဆိုး အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားပြီး ပြောပြနိုင်တဲ့သူဟာ အသိဥာဏ်မြင့်မားတဲ့သူပါပဲ။

၁၇. အကြောင်းပြချက်မဲ့ ကိုယ့်ကိုချစ်တဲ့သူ

ကဲ..သူငယ်ချင်းတို့ အိမ်ထောင်ဖက်ကရော အထက်ပါအရည်အချင်းတွေနဲ့ ပြည့်စုံသလား။ တခြား ဘယ်လိုအရည်အချင်းတွေ သူ့မှာ ရှိသလဲ။ ကွန်မန့်မှာ ပြောပြခဲ့ပါဦး

စုပြည့်စုံ

Search Myanmar

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။