Than Nyunt Swe added 3 new photos.
အစက ကောလဟလ လို့ ထင်ခဲ့တာ။ မနေ့က အမှန်တကယ် ဖျာပုံမြို့မှာ ဖြစ်ပျက်ခဲ့ပါတယ်။
ကလေးတစ်ယောက် အဝေးပြေးကားဂိတ်မှာ ငိုနေပါတယ်။သူ့ဘေးမှာ အမေလို မိန်းမတစ်ယောက်လည်းပါပါတယ်။ ကားထွက်ဘို့စောင့်နေတာပါ။ ကံကောင်းခြင်တော့ အဲဒီကလေးရဲ့ အမေက အဝေးပြေးကွင်းမှာ ဈေးရောင်းပါတယ်။ ကလေးနဲ့ကလေးအမေကို သိတဲ့ တစ်ယောက်က သူ့အမေကို သွားသတင်းပို့ရာက အဲဒီကလေးခိုးတဲ့ မိန်းမကို မိသွားတာပါ။ သူက လူတွေသိသွားတော့ ရုပ်ဖျက်ပြီး ထွက်ပြေးဘို့ ကြိုးစားပေမဲ့ မအောင်မြင်ဘဲ မိသွားပါတယ်။
သူ့ ခြင်းတောင်းထဲမှာ ဆေးထိုးအပ်၊ အသိဥဏ် ထုံထိုင်းစေတဲ့ တားမြစ်ဆေးတွေပါ တွေ့ပါတယ်။ အတည်မပြုရတဲ့ သတင်းအရတော့ ခိုးထားတဲ့ တခြားကလေး (၆)ယောက်ပါမိကြောင်း အုပ်စုဖွဲ့ ကျူးလွန်တာဖြစ်ကြောင်း သိရပါတယ်။
ခိုးရတဲ့အကြောင်းကတော့ တရုတ်ပြည်ကို ပို့ဘို့ဖြစ်ကြောင်း၊ ကျောက်ကပ်၊ နှလုံး ထုတ်ယူ ရောင်းချဘို့ ဖြစ်ကြောင်း၊ ကျောက်ကပ်တစ်လုံး တရုတ်ပြည်မှာ ဒေါ်လာ ၃၀၀၀ လောက်ပေါက်ကြောင်းသိရပါတယ်။
ကျွန်တော်က သတင်းသမားမဟုတ်ပါ။ အခုလိုရေးရတာကတော့ အနယ်နယ်အရပ်ရပ်က ကလေးမိဘများကို သတိပေးချင်လို့ (၇-၁၂-၂၀၁၅) နေ့က ဖျာပုံ အဝေးပြေးဂိတ်မှာ အမှန် ဖြစ်ခဲ့တာကို ရေးခြင်းဖြစ်ပါတယ်။
မေတ္တာဖြင့်
သန်းညွန့်ဆွေ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။