" ကျော်သူ တောခိုပြီ ဒါပဲ "
==================
ဦး ကျော် သူ တစ် ယောက် တော့ ပေါက် ကွဲ နေ ပြီ ၊ ရယ် ချင် စ ရာ လည်း ကောင်း တယ် ၊ တွေး ပြီး ရင် နာ စ ရာ လည်း ကောင်း တယ် ၊ ဖတ် ကြည့်  ကြ ပါ ဦး ၊
-------------------------- ------
ကျော်သူ တောခိုပြီ . . . ။
တစ်ခုတော့ပြောမယ် ။
အနာဂါတ်ကိုရိုက်ချိုးတာလား။
လူငယ်တွေကိုရိုက်ချိုးချင်လို့လားဗျာ။
နိုင်ငံတော်ဟာလူငယ်မျိုးဆက် သစ်တွေရဲ့လက်ထဲမှာရှိတယ်။
အနာဂါတ်ဟာခင်ဗျားတို့သားသမီးတွေ တူ တူမတွေ မြေးတွေရဲ့လက်ထဲမှာရှိတယ်နော်။
နိုင်ငံတော်ဖရိုဖရဲဖြစ်တာဟာ အတိတ်ကာလရဲ့
ဖန်တည်းခဲ့မှုကြောင့်ဖြစ်တယ်။
ပြည်သူတွေဆင်းရဲဒုက္ခကြုံတွေ့ ခဲ့ရတာဟာအတိတ်ကာလကလုပ်ရပ်ေ တွကြောင့်ဖြစ်တယ်။
ဒါကိုကျွန်တော်တို့လက်တွေ့ခံစားနေရတယ်။
ခံစားမှု အမာရွတ်က ကျွန်တော်တို့တစ်သက်ပါ။
ဒီအမာရွတ်ကိုလည်းရေမနှုးချင်ဘူး။
ဒုတ်နဲ့တော့လာမရိုက်နဲ့ပေါ့ ။
ဆေးလိပ်မီးနဲ့ လာမတို့နဲ့ပေါ့ဗျာ။
ဒါ့ကြောင့် ဒီလိုဗရမ်းဗတာ စည်းမဲ့ကမ်းမဲ့ ဖရိုဖရဲ
ခါးသီ်းတဲ့လမ်းကြောင်းပေါ်ကိုကျွန်တော်တို့ရဲ့
အနာဂတ်ခေါင်းဆောင်လူငယ်တွေကိုမလျှောက် လှမ်းစေချင်တော့တဲ့ကိုယ်ချင်းစာနာစိတ် ကျွန်တော်တို့မှာရှိတယ်။
ဒါကြောင့် ပညာရေးအားနည်းတဲ့လူငယ်တွေ/ လူကြီးတွေ / ဘွဲ့ရပြီးဦးတည်ချက်ပျောက်နေ တဲ့
လူငယ်တွေအတွက်ပရဟိတကိုအခြေခံတဲ့ဘ၀ ရပ်တည်မှုသင်တန်းတွေပေးဖို့ ဒီနေ့ပရဟိတတောင်တော်ပေါ်မြှာ ဗဟ္မစိုရ် ခြေလှမ်းကိုစခဲ့ပါတယ်။
ဘဘဦးသုခကပြောခဲ့ဘူးတယ်။
" လောကကြီးမှာတရားခံလည်းမဖြစ် လို။
တရားလိုလည်းမဖြစ်လို။
ဘုရားသော်မှ မနေရ။
မင်းက ဘာမို့လဲ " တဲ့။
ဟုတ်ပါတယ်။
မြတ်စွာဘုရားတောင်အများအတွက်ပရဟိတလုပ်တဲ့နေရာမှာ အတိုက်အခံ အနှောက်အယှက်တွေကြုံတွေ့ခဲ့ ရတာဘဲ။
ကျွန်တော်လိုဘာမဟုတ်တဲ့သူတစ်ယောက်ကို
နှောက်ယှက်ပိတ်ပင်တာကိုမပြောလိုတော့ပါဘူး။
မာန်နတ်ဆိုတာဘယ်လောကမှာမဆို ရှိနေတာဘဲလေ။
ဒါပေမယ့် ကျွန်တော်မရှင်းတာက . . .
မသာချနေတဲ့ ကျွန်တော့်လိုလူ ။
လူတွေအသက်ကိုကယ်ပေးနေတဲ့ ကျွန်တော် ။
လူငယ်တွေရဲ့အနာဂါတ်ကိုလှပအောင်နိုင်သ လောက်လုပ်နေတဲ့ ကျွန်တော့်လိုကောင် ။
ပရဟိတသာသနာပြုနေတဲ့ ကျွန်တော်ဆိုတဲ့ အကောင်လေးက တိုင်းပြည်အတွက်ပြည်သူအတွက်အစိုးရအတွက်မည်မျှလောက်အန္တ ရာယ်ရှိနေ ပါသနည်း? ။
မည်မျှလောက်စိုးရိမ်စရာသတ္တ၀ါတစ်ကောင်ဖြစ်နေပါသလဲ ? ။
မည်မျှလောက်ဆိုးသွမ်းလှသောလူဆိုး လူမိုက်ကြီးဖြစ်နေပါသလဲ ? ။
ဘာကြောင့်ကျွန်တော့်နောက်လိုက်နေလဲ။
ဘာကြောင့်ဘာသင်တန်းနေပေးနေတာလဲလို့
ဘေးလူတွေကိုမေးမြန်းနေတာလဲ။
ဘာကြောင့်ဘုန်းကြီးငါးပါးနဲ့ လာတာလဲလို့ထင်ယောင်ထင်ဝါးလိုက်မေးနေတာလဲ။
ကျွန်တော်တပည့်နှစ်ယောက်နဲ့ မှောင်ရိပ်မခိုဘဲမနက်လင်းလင်းကြီးမှာလာပါတယ်။
ဘာသင်တန်းပေးနေတာလည်းသိရအော င်လာရောက်ကိုယ်တိုင်သင်တန်း ထဲဝင်ပြီးနားထောင်ရင်ရပါတယ် ။ သင်တန်းတက်ချင်လည်းရပါတယ်။
( ရန်ကုန်တုန်းကတော့အသင်းဝင်ြ ပီးသင်တန်းတက်သွားတဲ့သူတွေရှိတယ်။နောက်သူတို့မသာချတဲ့ အလုပ်ကို ဘိန်းစွဲသလိုဖြစ်သွားတယ်။
သုဿန်မသွားရင်မနေနိုင်မထိုင်နိုင်ဖြစ်ကုန်တယ်။အဲလိုဖြစ်ကုန်ရင်တော့ကိုယ့်ကိစ္စကိုယ်ရှင်း။တာဝန်မယူဘူး။)
ပဉ္ဇင်းခံသာသနာ့ဘောင်ဝင်တော့ လည်းအလှူရှင်လိုလို ဆွမ်းကပ်သလိုလိုနဲ့လာပြီးကျောင်း အပေါက်တံခါးမှာ
"ကျော်သူထမင်းစားနေပြီ ဒါဘဲ"
လို့စကားပြောစက်နဲ့ဂရုစိုက် လွန်လွန်းပြီးသတင်းတွေပို့ေ နရတာလဲ။
ခင်ဗျားတို့ရဲ့ခွန်အားတွေ အချိန်တွေ ဖြတ်ထိုးဥာဏ်တွေ တွေးခေါ်မှုတွေ တိုင်းပြည်ရဲ့
ပြည်သူ့ငွေတွေကိုနှမျောတယ်ဗျာ။
ကိုယ်တိုင်ထိပ်တိုက်တိုးလို့ မေးပြီဆိုရင်
"အထက်ကခိုင်းလို့ပါ။
ကျွန်တော်တို့ကကျော်သူပရိသတ်ပါ"
လို့တော့ဓါတ်ပြားဟောင်းကြီး မဖွင့်နဲ့တော့ဗျာ။ အထက်ကလူကြီးတွေရဲ့ဂုဏ်သိက္ခာ တွေကိုလည်းသေးသိမ်အောင်မလုပ်ကြနဲ့ပေါ့ဗျာ။
ကျော်သူတောခိုပြီဆိုရင်တရား ၀င်ပြောသွားမယ်။
တောဆိုလို့လည်းထင်ယောင်ထင်ဝါးမလုပ်နဲ့ဦး။
ရိပ်ကြီးခိုဖို့တောထဲဝင်ပြီးတရားစခန်းကြွမြန်းတော့ရင်ေ ပြာတာပါ။
အဲဒီအခါကြရင်လည်းခင်ဗျားတို့ လိုက်ခဲ့ပေါ့ဗျာ။
တောရိုင်းတိရိစ္ဆာန်အန္တရာယ်ေ တာ့ရှိတယ်။
လက်နက်အပြည့်အစုံတော့ယူခဲ့ေ ပါ့။
ခင်ဗျားတို့ကိစ္စ ခင်ဗျားတို့ရှင်းကြပေါ့နော် ။
ကျွန်တော်ကတော့ ကံငါးပါးကိုစောင့်ထိမ်းတယ်။
သတ္တ၀ါအားလုံးကို မေတ္တာထားတယ်။
ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမယ်။
ဒါပါဘဲ ခင်ဗျ ။
ကျန်းမာချမ်းသာစေ ။
-------------------------- --
ကျော်သူ -
ဥ က္က ဌ ၊ နာ ရေး ကူညီ မှု့  အသင်း ၊ရန်ကုန်
==================
ဦး ကျော် သူ တစ် ယောက် တော့ ပေါက် ကွဲ နေ ပြီ ၊ ရယ် ချင် စ ရာ လည်း ကောင်း တယ် ၊ တွေး ပြီး ရင် နာ စ ရာ လည်း ကောင်း တယ် ၊ ဖတ် ကြည့်  ကြ ပါ ဦး ၊
--------------------------
ကျော်သူ တောခိုပြီ . . . ။
တစ်ခုတော့ပြောမယ် ။
အနာဂါတ်ကိုရိုက်ချိုးတာလား။
လူငယ်တွေကိုရိုက်ချိုးချင်လ
နိုင်ငံတော်ဟာလူငယ်မျိုးဆက်
အနာဂါတ်ဟာခင်ဗျားတို့သားသမီ
နိုင်ငံတော်ဖရိုဖရဲဖြစ်တာဟာ
ဖန်တည်းခဲ့မှုကြောင့်ဖြစ်တယ
ပြည်သူတွေဆင်းရဲဒုက္ခကြုံတွေ
ဒါကိုကျွန်တော်တို့လက်တွေ့ခ
ခံစားမှု အမာရွတ်က ကျွန်တော်တို့တစ်သက်ပါ။
ဒီအမာရွတ်ကိုလည်းရေမနှုးချင
ဒုတ်နဲ့တော့လာမရိုက်နဲ့ပေါ့
ဆေးလိပ်မီးနဲ့ လာမတို့နဲ့ပေါ့ဗျာ။
ဒါ့ကြောင့် ဒီလိုဗရမ်းဗတာ စည်းမဲ့ကမ်းမဲ့ ဖရိုဖရဲ
ခါးသီ်းတဲ့လမ်းကြောင်းပေါ်ကိ
အနာဂတ်ခေါင်းဆောင်လူငယ်တွေက
ဒါကြောင့် ပညာရေးအားနည်းတဲ့လူငယ်တွေ/ လူကြီးတွေ /
လူငယ်တွေအတွက်ပရဟိတကိုအခြေခ
ဘဘဦးသုခကပြောခဲ့ဘူးတယ်။
" လောကကြီးမှာတရားခံလည်းမဖြစ်
တရားလိုလည်းမဖြစ်လို။
ဘုရားသော်မှ မနေရ။
မင်းက ဘာမို့လဲ " တဲ့။
ဟုတ်ပါတယ်။
မြတ်စွာဘုရားတောင်အများအတွက
ကျွန်တော်လိုဘာမဟုတ်တဲ့သူတစ
နှောက်ယှက်ပိတ်ပင်တာကိုမပြေ
မာန်နတ်ဆိုတာဘယ်လောကမှာမဆို
ဒါပေမယ့် ကျွန်တော်မရှင်းတာက . . .
မသာချနေတဲ့ ကျွန်တော့်လိုလူ ။
လူတွေအသက်ကိုကယ်ပေးနေတဲ့ ကျွန်တော် ။
လူငယ်တွေရဲ့အနာဂါတ်ကိုလှပအေ
ပရဟိတသာသနာပြုနေတဲ့ ကျွန်တော်ဆိုတဲ့ အကောင်လေးက တိုင်းပြည်အတွက်ပြည်သူအတွက်
မည်မျှလောက်စိုးရိမ်စရာသတ္တဝ
မည်မျှလောက်ဆိုးသွမ်းလှသောလ
ဘာကြောင့်ကျွန်တော့်နောက်လိ
ဘာကြောင့်ဘာသင်တန်းနေပေးနေတ
ဘေးလူတွေကိုမေးမြန်းနေတာလဲ။
ဘာကြောင့်ဘုန်းကြီးငါးပါးနဲ
ကျွန်တော်တပည့်နှစ်ယောက်နဲ့
ဘာသင်တန်းပေးနေတာလည်းသိရအော
( ရန်ကုန်တုန်းကတော့အသင်းဝင်ြ
သုဿန်မသွားရင်မနေနိုင်မထိုင
ပဉ္ဇင်းခံသာသနာ့ဘောင်ဝင်တော့
"ကျော်သူထမင်းစားနေပြီ ဒါဘဲ"
လို့စကားပြောစက်နဲ့ဂရုစိုက်
ခင်ဗျားတို့ရဲ့ခွန်အားတွေ အချိန်တွေ ဖြတ်ထိုးဥာဏ်တွေ တွေးခေါ်မှုတွေ တိုင်းပြည်ရဲ့
ပြည်သူ့ငွေတွေကိုနှမျောတယ်ဗ
ကိုယ်တိုင်ထိပ်တိုက်တိုးလို
"အထက်ကခိုင်းလို့ပါ။
ကျွန်တော်တို့ကကျော်သူပရိသတ
လို့တော့ဓါတ်ပြားဟောင်းကြီး
ကျော်သူတောခိုပြီဆိုရင်တရား
တောဆိုလို့လည်းထင်ယောင်ထင်ဝ
ရိပ်ကြီးခိုဖို့တောထဲဝင်ပြီ
အဲဒီအခါကြရင်လည်းခင်ဗျားတို
တောရိုင်းတိရိစ္ဆာန်အန္တရာယ်ေ
လက်နက်အပြည့်အစုံတော့ယူခဲ့ေ
ခင်ဗျားတို့ကိစ္စ ခင်ဗျားတို့ရှင်းကြပေါ့နော်
ကျွန်တော်ကတော့ ကံငါးပါးကိုစောင့်ထိမ်းတယ်။
သတ္တ၀ါအားလုံးကို မေတ္တာထားတယ်။
ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမယ်။
ဒါပါဘဲ ခင်ဗျ ။
ကျန်းမာချမ်းသာစေ ။
--------------------------
ကျော်သူ -
ဥ က္က ဌ ၊ နာ ရေး ကူညီ မှု့  အသင်း ၊ရန်ကုန်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။