အလွန်ဝမ်းမြောက်ဖွယ် သတင်းကောင်း
____
(အခမဲ့ အထူးကုဆေးခန်းအကြောင်းကို Like & Share ပေးကြပါ)
လူရည်ချွန်အဖွဲ့ (၁၉၆၄-၈၈) မှ လှိုင်သာယာ၊ ကျန်စစ်သားလမ်းမကြီးပေါ်၊ မြို့ဦးစေတီမျက်နှာချင်းဆိုင်မှာ ကုသိုလ်ဖြစ် ဆေးခန်းဖွင့်ထားပါတယ်။
အခမဲ့ဆေးခန်းပါ။
ဆေးခန်းက သပ်သပ်ရပ်ရပ်လေးဖြစ်နေတာရယ် ၊
အထူးကု ဆရာဝန်ကြီးတွေ ထိုင်တာရယ်ကြောင့် နွမ်းပါးသူအချို့က ဟန့်နေပြီး
မ၀င်ရဲကြပါဘူး။ ကျနော်တို့မြန်မာတွေဟာ ဆိုင်ကို မှန်လေးကာလိုက်တာနဲ့
တော်ရုံဆို မ၀င်ရဲတော့ဘူး ဖြစ်နေကြပါတယ်။
ဆေးခန်းမှာ ဆေးပညာ၊ ခွဲစိတ်၊ အရေပြား၊ သားဖွားမီးယပ်၊ ကလေးအထူးကု.. သမားတော်ကြီးများလည်း ထိုင်ပါတယ်။ စမ်းသပ်ခ အခမဲ့ပါ။ ဆေးဖိုးဝါးခ အခမဲ့ပါ။ KBZ ဘဏ်က သိန်းတစ်ထောင် မတည်အလှူ ထည့်ဝင်ထားပါတယ်။ အခြားလစဉ်အလှူ ရှင် များလည်း ရှိပါတယ်။ ဆေး အလှူ ရှင်များလည်း ရှိပါတယ်။
လိုအပ်လာရင် အင်းစိန်ဆေးရုံကြီး၊ ရန်ကုန်အနောက်ပိုင်းဆေးရုံ၊ ရန်ကုန်အထူး ကုဆေးရုံကြီးများမှာရှိတဲ့ ဆရာဝန်ကြီးများနဲ့လည်း ဆက်သွယ်ပြီး ဆက်လက် ကုသနိုင် ဘို့ ကူညီပေးနေပါတယ်။
Minor Surgery Case များကို လှိုင်သာယာ ထွန်းဖောင်ဒေးရှင်းက ဆေးရုံမှ ခွဲစိတ်ခန်းမှာ.. ညှိနှိုင်ပြီး ခွဲပေးပါတယ်။ ခွဲစိတ်ခန်းခကိုလည်း အသင်းက တာဝန်ယူတာပါ။
နွမ်းပါးသူတွေ၊ အခက်အခဲရှိသူတွေကို ကူညီဘို့ ဖွင့်ထားတဲ့ ဆေးခန်းပါ။ ဘာရည်ရွယ် ချက် ညာရည်ရွယ်ချက်ဆိုတာမျိုးတွေ မရှိပါဘူး။ နိုင်ငံရေးအရောင်တွေ မပါ ပါဘူး။ ဘာမှပြန်ပေးဘို့ မလိုပါဘူး။
(ဆေးခန်းတည်နေရာ)
လူရည်ချွန် ကုသိုလ်ဖြစ် ဆေးခန်း
မြို့ဦးစေတီ(မျက်နှာချင်းဆိုင်)
ကျန်စစ်သားလမ်းမကြီးပေါ်၊လှိုင်သာယာမြို့နယ်၊ ရန်ကုန်
(မှတ်ချက်) = .ဆေးခန်းဖွင့်ချိန်၊ စေတနာနဲ့ ကူညီနေတဲ့ သမားတော်ကြီးများရဲ့ အမည် သူတို့ထိုင်မည့်နေ့တွေကို ဓါတ်ပုံမှာ ဖော်ပြထားပါတယ်။
ဒီ Post လေးကို Share ပေးခြင်းဖြင့် ကုသိုလ်ဒါန ပြုပေးနိုင်ကြပါတယ်။
ရေးသူ - ကိုဝင်းအောင်
(ရေကြောင်းကျောင်းဆရာ) တွဲဘက်အတွင်းရေးမှူး(၁)
လူရည်ချွန်အဖွဲ့(၁၉၆၄-၈၈)
စောနွဲ့ နေဆိုင် - ပူတာအို
____
(အခမဲ့ အထူးကုဆေးခန်းအကြောင်းကို Like & Share ပေးကြပါ)
လူရည်ချွန်အဖွဲ့ (၁၉၆၄-၈၈) မှ လှိုင်သာယာ၊ ကျန်စစ်သားလမ်းမကြီးပေါ်၊ မြို့ဦးစေတီမျက်နှာချင်းဆိ
အခမဲ့ဆေးခန်းပါ။
ဆေးခန်းက သပ်သပ်ရပ်ရပ်လေးဖြစ်နေတာရယ်
ဆေးခန်းမှာ ဆေးပညာ၊ ခွဲစိတ်၊ အရေပြား၊ သားဖွားမီးယပ်၊ ကလေးအထူးကု.. သမားတော်ကြီးများလည်း ထိုင်ပါတယ်။ စမ်းသပ်ခ အခမဲ့ပါ။ ဆေးဖိုးဝါးခ အခမဲ့ပါ။ KBZ ဘဏ်က သိန်းတစ်ထောင် မတည်အလှူ ထည့်ဝင်ထားပါတယ်။ အခြားလစဉ်အလှူ ရှင် များလည်း ရှိပါတယ်။ ဆေး အလှူ ရှင်များလည်း ရှိပါတယ်။
လိုအပ်လာရင် အင်းစိန်ဆေးရုံကြီး၊ ရန်ကုန်အနောက်ပိုင်းဆေးရုံ၊
Minor Surgery Case များကို လှိုင်သာယာ ထွန်းဖောင်ဒေးရှင်းက ဆေးရုံမှ ခွဲစိတ်ခန်းမှာ.. ညှိနှိုင်ပြီး ခွဲပေးပါတယ်။ ခွဲစိတ်ခန်းခကိုလည်း အသင်းက တာဝန်ယူတာပါ။
နွမ်းပါးသူတွေ၊ အခက်အခဲရှိသူတွေကို ကူညီဘို့ ဖွင့်ထားတဲ့ ဆေးခန်းပါ။ ဘာရည်ရွယ် ချက် ညာရည်ရွယ်ချက်ဆိုတာမျိုးတွေ
(ဆေးခန်းတည်နေရာ)
လူရည်ချွန် ကုသိုလ်ဖြစ် ဆေးခန်း
မြို့ဦးစေတီ(မျက်နှာချင်းဆ
ကျန်စစ်သားလမ်းမကြီးပေါ်၊လှိ
(မှတ်ချက်) = .ဆေးခန်းဖွင့်ချိန်၊ စေတနာနဲ့ ကူညီနေတဲ့ သမားတော်ကြီးများရဲ့ အမည် သူတို့ထိုင်မည့်နေ့တွေကို ဓါတ်ပုံမှာ ဖော်ပြထားပါတယ်။
ဒီ Post လေးကို Share ပေးခြင်းဖြင့် ကုသိုလ်ဒါန ပြုပေးနိုင်ကြပါတယ်။
ရေးသူ - ကိုဝင်းအောင်
(ရေကြောင်းကျောင်းဆရာ) တွဲဘက်အတွင်းရေးမှူး(၁)
လူရည်ချွန်အဖွဲ့(၁၉၆၄-၈၈)
စောနွဲ့ နေဆိုင် - ပူတာအို

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။