Moe Nat Minn added 6 new photos.
============================================
ဘရာဇီးနိုင်ငံ ဆောင်ပါလိုမြို့က ပြည်သူ့ဝန်ထမ်းတယောက်ဟာ ရေ ၁ လီတာထည့်ပြီး
ကီလိုမီတာ ၅၀၀ ထိ သွားနိုင်တဲ့ မော်တော်ဆိုင်ကယ်ကို တီထွင်လိုက်ပါတယ်။
တီထွင်သူ ရီကာဒို အဇေဗေဒိုဟာ ဓာတ်ငွေ့ဈေးနှုန်း မြင့်တက်လာတာကို စိတ်ပျက်ခဲ့လို့
သူ့ရဲ့ စက်ပြင်ဆရာ စွမ်းရည်ကို သုံးခဲ့တာပါ။
သူ့သားရဲ့ ဓာတုဗေဒ စာအုပ် ကနေ
တချို့ အချက်အလက်တွေကို ယူပြီး ရေစွမ်းအင်သုံး မော်တော်ဆိုင်ကယ်ကို
တည်ဆောက်ခဲ့ပါတယ်။
“လုပ်နိုင်စွမ်းရှိသမျှ အားလုံးကိုတော့ တိုးတက်အောင် မလုပ်ရသေးပါဘူး။ ဒါပေမယ့်
စမ်းသပ်မှုတချို့ လုပ်ကြည့်ခဲ့ပြီး ခုတော့ ရေ ၁ လီတာက ကီလိုမီတာ ၅၀၀ ထိ သွားနိုင်ပြီ
လို့ သူက ပြောပါတယ်။ ရေဘူးထဲကို လျှပ်စစ် ဖြတ်စီးမှုကြောင့် ရေက ဟိုက်ဒြိုဂျင်နဲ့
အောက်စီဂျင်အဖြစ် ကွဲထွက်သွားခဲ့တာပါ အင်ဂျင်အတွက် စွမ်းအင်အဖြစ် ဟိုက်ဒြိုဂျင်
ဓာတ်ငွေ့ကို သုံးခဲ့တာ ဖြစ်ပါတယ်။
ဟိုက်ဒြိုဂျင် လောင်ကျွမ်းတဲ့ စွမ်းအင်အပေါ် သုတေသနပြုမှုတွေ ကျန်ခဲ့တဲ့ ဆယ်စုနှစ်
အတွင်း တဖြည်းဖြည်း တိုးလာခဲ့တာပါ။ ရေကနေ စွမ်းအင်ထုတ်ရာမှာ သုံးတဲ့ ဓာတုဗေဒ
ဖြစ်စဉ်ကိုလည်း ကောင်းကောင်း နားလည်ခဲ့ပြီးသားပါ။ ဘေးကင်းရေး အခြေအနေ
လမ်းကြောင်းရှိရင် ဈေးကွက် အလားအလာက ပုံပေါ်နေပါပြီ။ လောင်ကျွမ်းနိုင်တဲ့
ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ သုံးစွဲမှုလည်း တိုးတက်ခဲ့ပါတယ်။
အာဇေဗေဒိုကတော့ သူရဲ့ ရေစွမ်းအင်သုံး မော်တော်ဆိုင်ကယ်ကို သုံးပြီး သဘာဝ
ပတ်ဝန်းကျင်ကို ဘယ်လို ထိခိုက်မှုကိုမှ မဖြစ်စေကြောင်း၊ တွင်းထွက်လောင်စာတွေကို
အစားထိုးနိုင်မှာဖြစ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျော့ချနိုင်မယ်
လို့ ပြောပါတယ်။
သူကတော့ သူဆိုင်ကယ်ရဲ့ စွမ်းဆောင်နိုင်မှု တိုးတက်အောင် ဆက်လုပ်နေတာပါ။
သူကတော့ မြစ်တစင်းကနေ လောင်စာရနေလို့ ဓာတ်ငွေ့ဆိုင်မှာ ရပ်ရတဲ့ ဒုက္ခကို
ကျော်လွှားနိုင်တော့မယ်၊ အဲဒီရက်က ဘယ်တော့မဆို ဖြစ်လာတော့မယ်လို့ ပြောခဲ့
ပါတယ်။
DVB http://www.dailymail.co.uk/…/Motorcycle-runs-water-polluted…
VIDEO 1:25 www.youtube.com/watch?v=jV8rpumumxo

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။