Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, December 22, 2015

လိမ္မာရေးခြားရှိတဲ့ သားသမီးလေးကို ပိုင်ဆိုင်လိုပါသလား။

လိမ္မာရေးခြားရှိတဲ့ သားသမီးလေးကို
ပိုင်ဆိုင်လိုပါသလား။
***************************

တစ်ချို့မိဘတွေဟာ သားသမီးတွေကို ပစ္စည်း
ဥစ္စာအမွေတွေ၊ ဂုဏ်ဒြပ်တွေ အမွေပေးမယ့်အစား သူတို့ဘဝတစ်လျှောက်လုံး အသုံးချလို့ရမယ့် အသိတရားတွေ၊ လိမ္မာယဉ်ကျေးတဲ့အပြုအမူတွေကို အမွေပေးချင်ကြပါတယ်။

ဒါဆိုရင်တော့ အောက်ဖက်မှာ ဖော်ပြထားတဲ့ နည်းလမ်းလေးတွေနဲ့ ဆုံးမကြည့်လိုက်ပါ။ အဖိုးဖြတ်လို့မရတဲ့ သားသမီးရတနာလေးတွေကို ပိုင်ဆိုင်နိုင်မှာ မလွဲပါပဲ။ နိုင်ငံတကာက မိဘ
အတော်များများ လိုက်နာကျင့်သုံးနေတဲ့ နည်းဥပဒေသလေးတွေလည်း ဖြစ်ပါတယ်။


၁။ သူတို့ ပူဆာသမျှကို မလိုအပ်ဘဲ အလွယ်တကူ မဖြည့်ဆည်းပါနဲ့။
~~~~~~~~~~~~~~~~~~~~~~~~~~
ကိုယ်အတွက် ဘာမှ အပန်းမကြီးလို့ဆို ကလေးတွေ ပူဆာတိုင်း အလိုလိုက် ဖြည့်ဆည်းပေးနေမယ်ဆို သူတို့အရွယ်ရောက်လာတဲ့ အချိန်မှာ ဘာကိုမှ အလေးအနက်ထားတတ်တော့မှာ မဟုတ်တော့ပါဘူး။ အရာအားလုံး လွယ်လွယ် ရတယ်ပဲ ထင်ပြီး ဘဝကိုပေါ့ပေါ့လေးပဲ ဖြတ်သန်းသွားကြပါလိမ့်မယ်။ ဘယ်မိဘမှတော့ ကိုယ့်သားသမီး မျက်နှာညိုမသွား စေချင်ပါဘူး။ သို့ပေမယ့်လည်း (၃) ခါပူဆာရင်
(၁) ခါလောက်ပဲ ဖြည့်ဆည်းပေးဖို့
အကြံပြုပါရစေ။

၂။ ကိုယ့်အပေးကျေးဇူးပြုဖူးသူတွေရဲ့ ကျေးဇူး
တရားကို အမြဲအောက်မေ့သတိရနေအောင်
လေ့ကျင့်ပေးပါ။
~~~~~~~~~~~~~~~~~~~~~~~~~
ကိုယ့်အပေါ်ကျေးဇူးပြုခဲ့ဖူးသူတွေရဲ့ ကျေးဇူးတရားကို သိတတ်အောင် ကိုယ်တိုင်လည်း ကျေးဇူးရှင်တွေကို တလေးတစားဆက်ဆံဖို့လိုအပ်ပါတယ်။ ဒါ့အပြင် ယဉ်ကျေးတဲ့ အပြုအမူလေးတွေ၊ လက်ဆွဲနှုတ်ဆက်တာမျိုးလေးတွေ၊ တစ်ယောက်ကိုတစ်ယောက် မျက်လုံးအမူအရာလေး
တွေနဲ့ အသိအမှတ်ပြုတာမျိုးလေးတွေ ပြုလုပ်
်တတ်အောင် လေ့ကျင့်ပေးပါ။ သူတို့အတုယူနိုင်အောင် ကိုယ်တိုင်လည်း လူတိုင်းအပေါ် ရင်းနီးနွေးထွေးစွာ ဆက်ဆံပါ။ ကျေးဇူးတရားရဲ့ တန်ဖိုးကို အမြဲ အောက်မေ့နေပါ။

၃။ ပေးကမ်းစွန့်ကြဲတတ်တဲ့ အကျင့်လေးတွေ ကိန်းအောင်းနေအောင် လေ့ကျင့် သင်ကြားပေးပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~
ကိုယ့်မှာရှိတဲ့ အရာလေးတွေ မျှဝေလှူဒါန်းတဲ့အခါ ကလေးတွေကို ပါဝင် လှူဒါန်းစေခြင်းဖြင့်
သူတို့ကိုလည်း ပေးကမ်းခြင်းမှာ မွေ့လျော်အောင် လေ့ကျင့်ပေးပါ။ ဒီလို မကြာခဏလှူဒါန်းခြင်းက ကိုယ့်ဘဝကို ပိုပြီး ရောင့်ရဲကျေနပ်စေသလို ၊ အခြားမပြည့်စုံတဲ့သူတွေအတွက် ကိုယ်ချင်း
စာတတ်တဲ့ စိတ်လေးတွေ ကိန်းအောင်း
လာစေနိုင်ပါတယ်။

၎။ သားသမီးတွေကို မလိုအပ်ဘဲ အလိုလိုက်တဲ့
မိဘမျိုးတွေ အနားမှာ မနေပါနဲ့။
~~~~~~~~~~~~~~~~~~~~~~~~~
မိမိပေါင်းသင်းတဲ့ အပေါင်းအသင်းတွေကလည်း သားသမီးတွေ ကိုင်တွယ်တဲ့ နေရာမှာ အလေးအနက်ထားတတ်သူတွေ ဖြစ်ဖို့လိုအပ်ပါတယ်။ အကယ်၍မိမိ ပတ်ဝန်းကျင်က မိဘတွေဟာ သားသမီးကိုင်တွယ်တဲ့ နေရာမှာ လျော့တိလျော့ရဲနဲ့
ဘာကိုမှ အလေးအနက် မထားဘူးဆိုရင်တော့
ကလေးတွေ အတုယူမှားသွားနိုင်ပါတယ်။

၅။ ကျေးဇူးတင်ကြောင်းကို စာရွက်လေးပေါ်မှာ
ရေးပြီး အသိအမှတ်ပြုတတ်အောင် သင်ကြားပေးပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~
တိုးတက်လာတဲ့ ခေတ်နဲ့အညီ အခုခေတ်ကလေး
တွေဟာ အာရုံတွေက များနေတတ်တာကြောင့် တစ်စုံတစ်ယောက်ကို ကျေးဇူးတင်တဲ့အခါ စာရွက်လေးပေါ်ရေးမှတ်ပြီး အသိအမှတ်ပြုတတ်တဲ့ အကျင့်လေးတွေ ပြုလုပ်ပေးပါ။ ဒီနည်းလမ်းဟာ
သိပ်ကို ရိုးရှင်းလှပေမယ့် ရေရှည် သူတို့စိတ်ထဲမှာ ကျေးဇူးတရားဆိုတာ ဒီလိုအမြဲ အသိအမှတ်ပြု နေရမယ်ဆိုတဲ့ စိတ်လေးတော့ စွဲသွားမှာ
မလွဲပါဘူး။

၆။ သူတို့နဲ့ ပတ်သက်သမျှ ကိစ္စတွေကို
ကိုယ့်ကချည်းပဲ အမြဲ ဆောင်ရွက် မပေးပါနဲ့။
~~~~~~~~~~~~~~~~~~~~~~~~
ကိုယ်ငယ်စဉ်က ကြုံတွေ့ခဲ့ရတဲ့ ဘဝအတွေ့
အကြုံတွေနဲ့ ဘဝအကြောင်းကို နားလည်အောင် သင်ကြားပေးပါ။ တစ်ခုခုဆိုသူတို့ဘာသာ ရင်ဆိုင် ဖြေရှင်းခွင့်ပေးလိုက်ပါ။ ကိုယ်ကချည်းပဲ နေရာတကာ လိုက်ကာကွယ်ပေးမယ် ဆိုရင်တော့ သူတို့ဘဝ
သူတို့ လျှောက်လှမ်းရမယ့် အရွယ်မှာ ဘာကိုမှ ဦးဆောင်နိုင်မှာ မဟုတ်တော့ပါဘူး။ ကျရှုံးမှုဆိုတာ အောင်မြင်မှုအတွက် အားတစ်ခုပဲ ဆိုတာကို
သိအောင် သင်ကြားပေးဖို့ပဲ လိုအပ်တာပါ။

၇။ မလိုအပ်ဘဲ အပိုကိစ္စတွေကို အလိုမလိုက်ပါနဲ့။
~~~~~~~~~~~~~~~~~~~~~~~~~~
ကလေးဆိုတာတော့ ပူဆာလို့ရရင် ပူဆာတတ်တာ သဘာဝပါ။ ကိုယ်ကလူကြီးဆိုတော့ စဉ်းစားဆင်ခြင်ဥာဏ်ရှိတယ်။ တကယ်လိုအပ်
နေတယ်ဆိုမှ ဖြည့်ဆည်းပေးပါ။ မဟုတ်ရင်တော့
ကြီးလာတဲ့ အခါ အရေးမကြီးတဲ့ အရာတွေအတွက် အသုံးအဖြုန်းကြီးတတ်တဲ့ လူတစ်ယောက် ဖြစ်သွားနိုင်ပါတယ်။

၈။ အဖိုးအဖွားတွေကို လေးစားချစ်ခင်တတ်စေဖို့ ရှေ့ဆောင်လမ်းပြပေးပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~
ကိုယ်တိုင်ကလည်း မိဘတွေကို လေးစား တန်ဖိုး
ထားတတ်မှ ကိုယ့်သားသမီးတွေ အလှည့်ကျရင်
လည်း ကိုယ့်ကို ရိုသေလေးစားတတ်မှာ ဖြစ်ပါတယ်။ အားလပ်ရက်တွေမှာ ကလေးတွေနဲ့ အဖိုးအဖွား
တွေဆီ သွားလည်ပြီး ခြေဆုပ်လက်နယ် ပြုစုတာမျိုးလေးတွေ ပြုလုပ်ပေးပါ။ အရုပ်တွေနဲ့ ကစားနေမယ့်အစား မေတ္တာငတ်နေတဲ့ အဖိုးအဖွား
တွေနဲ့ ရင်းနှီး နွေးထွေးစွာ နေထိုင်ဖို့
အချိန်ပေးလိုက်ပါ။

၉။ ငွေကို တန်ဖိုးထားတတ်အောင် သင်ကြားပေးပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~
ငွေကြေးနဲ့ ပတ်သက်ပြီး ငွေကို ဘယ်လို စီမံ
သုံးစွဲရတယ်၊ ပိုတဲ့ငွေကို ဘယ်လိုစုဆောင်းရမယ်။ တစ်ချို့တစ်ဝက်ကိုတော့ မရှိဆင်းရဲသားတွေအတွက် လိုအပ်သလို လှူဒါန်းပေးရတယ်ဆိုတာမျိုးလေး
တွေ အသက်အရွယ်ကြီးသွားတဲ့ အထိ အလေ့အကျင့်ရသွားအောင် သင်ကြားပေးပါ။

၁၀။ ကိုယ်ဖြတ်သန်းလာတဲ့ ဘဝအတွေ့အကြုံတွေနဲ့ ဗဟုသုတတွေ မျှဝေပေးပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~
သင်ဟာ ကြွယ်ဝချမ်းသာတဲ့ မိသားစုက ပေါက်ဖွားလာတဲ့သူဆိုလည်း သင့်မိဘတွေ
ွလက်ထပ်က စီးပွားရေးတွေ ဘယ်လိုလုပ်
ဆောင်ခဲ့တယ်၊ အကယ်၍ ချို့တဲ့ တဲ့ ဘဝက ဆင်းသက်လာတဲ့သူဆိုလည်း လောကဓံရဲ့ အထိုးအနှက်တွေကို ဘယ်လိုရုန်းကန်ခဲ့ရတယ်
ဆိုတာတွေကို မျှဝေပေးလိုက်ပါ။ ဒါဆိုရင်တော့ သူတို့လေးတွေ ဘဝအပေါ်ထားတဲ့ ခံယူချက်တွေ တဖြည်းဖြည်း ရင့်ကျတ် တည်ငြိမ်လာပါလိမ့်မယ်။

၁၁။ ကိုယ့်ဘဝအတွေ့အကြုံတွေနဲ့ နှိုင်းယှဉ်ပြီး ဘဝအကြောင်း ကောင်းကောင်းနားလည် သဘောပေါက်အောင် သင်ကြားပေးပါ။
~~~~~~~~~~~~~~~~~~~~~~~~~
အကယ်၍သင့်မှာ လိုချင်တာမရတိုင်း
ဂျစ်တိုက်တတ်တဲ့ ကလေးတစ်ယောက်ရှိနေပြီ
ဆိုရင်တော့ ပထမဆုံး အပြစ်တင်ရမယ့်သူက သင်ကိုယ်တိုင်ပဲ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့်လည်း စိတ်မပျက်ပါနဲ့ ။ အကယ်၍ အရမ်းကြီး ဆိုးရွားတာမျိုးမဟုတ်ခဲ့ဘူး ဆိုရင်တော့
အထက်ဖော်ပြပါ နည်းလမ်းလေးတွေသုံးပြီး
ပြုပြင်ဆုံးမလို့ ရနိုင်ပါသေးတယ်။ ဒီလိုဆိုရင်တော့ သားသမီးတွေလည်း လိမ္မာရေးခြားရှိလာပြီး ဘာနဲ့မှ တန်ဖိုးဖြတ်လို့မရနိုင်တဲ့ အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်မှာပါ။
_________________

Ref. ; Gandawin Magazine
မြန်မာ့သတင်းထူးသတင်းဦးများ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။