အသုံးပြုသူ user တွေအနေနဲ့ ပရိုဖိုင်ဓာတ်ပုံနေရာမှာ စိတ်ကြိုက် ဗီဒီယိုဖိုင်အတိုတစ်ခုကို ပြောင်းတင်နိုင်ဖို့ အတွက် Facebook က ပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
ယခု စွမ်းဆောင်ချက်အသစ်ဟာ အသုံးပြုသူတွေအနေနဲ့ သူတို့ ရဲ့ပရိုဖိုင်ကို စိတ်ကြိုက်ပြင်ဆင်မှုတွေ လုပ်နိုင်ဖို့ အတွက် Facebook က မကြာမီ မိတ်ဆက်ပေးတော့မယ့် tool အသစ်တွေ တစ်ပုံကြီးထဲက တစ်ခုဖြစ်ပါတယ်။“ ၂၀၀၄ ခုနှစ်မှာ ပရိုဖိုင်ဆိုတာတွေကို ကျွန်တော်တို့ စတင်မိတ်ဆက်ပေးပြီးနောက်ပိုင်းမှာ ကမ္ဘာကြီးက ပြောင်းလဲသွားခဲ့ပါပြီ။ News Feed နဲ့ Profile တွေမှာ ၊ လူတွေဟာ အရင်တုန်းကထက် ဗီဒီယိုတွေကို တင်ကြ၊ ကြည့်ကြတာတွေကို ကျွန်တော်တို့ တွေ့ နေရပါတယ်” လို့ Facebook ရဲ့ ထုတ်ကုန်မန်နေဂျာ တွေ ဖြစ်တဲ့ Aigerim Shorman နဲ့ Tony Hsieh တို့ က ရေးသားခဲ့ပါတယ်။
“ ဒီနေ့ မှာတော့ ကျွန်တော်တို့ ဟာ ပရိုဖိုင်ပြောင်းလဲတိုးတက်မှုရဲ့ ခြေလှမ်းသစ်ဖြစ်တဲ့ ပရိုဖိုင်ဗီဒီယိုတွေကို စတင် စမ်းသပ်နေပါပြီ။ မကြာခင်မှာ ခင်ဗျားတို့ ပရိုဖိုင်ကို ၀င်ကြည့်တဲ့သူတိုင်း မြင်တွေ့ နိုင်မယ့် ဗီဒီယိုအပိုင်း အတိုတစ်ခုကို တင်နိုင်တော့မှာပါ”
ဆိုရှယ်နက်ဝပ်ခ် Facebook ဟာ တခြားပြောင်းလဲမှု တစ်ခုအနေနဲ့ မကြာခင်မှာ မိုဘိုင်းဖုန်းကနေ သုံးသူတွေအနေနဲ့ ပရိုဖိုင်ဓာတ်ပုံကို မူလ နေရာကနေ စခရင်ရဲ့ အလယ်တည့်တည့်မှာ ပြောင်းလဲမြင်ရ မှာဖြစ်ပြီး ဓာတ်ပုံရဲ့ အရွယ်အစားလည်း ပိုကြီးလာမှာဖြစ်တယ်လို့ ဆိုပါတယ်။
Ref: Mirror
Credit-Tren Myanmar
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။