ရေးသူ-ဟိန်းဇော်
၂၀၁၅ ခုနှစ်၌ ဆင်းရဲနွမ်းပါးမှုကို ထက်ဝက်လျှော့ချရေးသည် အစိုးရသစ်၏ အဓိက ပစ်မှတ်တစ်ခုဖြစ်သည်။ ယင်းရည်မှန်းချက်ကနားထောင်ရအလွန်ကောင်းသော်လည်း ပကတိအခြေအနေများအရတော့ ယင်းသည် ပဟေဠိဆန်ဆန် အိပ်မက်တစ်ခုလို ဖြစ်နေသည်။
အောက်ခြေကလူ ၁၅ သန်း
ပြီးခဲ့သည့်လေးနှစ်အတွင်း မြန်မာပြည်၌ ‘ဆင်းရဲနွမ်းပါးမှု လျှော့ချရေး’ ဆိုသောစကားလုံးက ပေါ်ပြူလာဖြစ်လောက်အောင် ကြားရသည်။ ယင်းစကားလုံးသည် အထူးသဖြင့် နိုင်ငံတော်သမ္မတ အမှူးပြုသည့်နိုင်ငံ့ ထိပ်ပိုင်းခေါင်းဆောင်များနှင့်ဖွံ့ဖြိုးမှုအကြောင်း ဆွေးနွေးကြသူတိုင်း၏နှုတ်ဖျားက မကြာခဏလျှံကျလာတတ်သည်။ စင်စစ် ဤစကားလုံးက မြန်မာပြည်သူတို့အတွက်အသစ် အဆန်းလိုဖြစ်နေသည်။ လွန်ခဲ့သည့်လေးငါးနှစ်အလွန်ကတော့ မြန်မာပြည်၌ ဆင်းရဲသည့်သူမရှိသယောင်ဖြစ်ခဲ့သည်။ အကြောင်း မှာ တိုင်းပြည်ကို အာဏာရှင်စနစ်ဖြင့်အုပ်ချုပ်ခဲ့သောစစ်အစိုးရ သည် ပြည်သူပြည်သားတို့အား အခြေအနေမှန်ကိုဖုံးကွယ်ထား ခဲ့သလို ကုလသမဂ္ဂ (UN) ၏ထောင်စုနှစ်ရည်မှန်းချက်များ(MDGs) ကိုလည်း ဥပေက္ခာပြုခဲ့သည်။ မြန်မာဖွံ့ဖြိုးမှုသုတေသန ပညာရှင်တစ်ဦးကဆိုလျှင် “အရင်အစိုးရလက်ထက်က ကျွန်တော် တို့တိုင်းပြည်မှာ ဆင်းရဲတဲ့သူမရှိဘူး” ဟုပင်ခနဲ့တဲ့တဲ့ပြောဖူးသည်။ မည်သို့ဆိုစေ ကုလသမဂ္ဂ၏ထိပ်ဆုံးအဆင်းရဲဆုံးနိုင်ငံ များစာရင်းတွင် မြန်မာပါဝင်ခဲ့သည်မှာတော့ ဆယ်စုနှစ်ချီကြာခဲ့ပြီ ဖြစ်သည်။ UN ၏ ၂၀၀၅ ခုနှစ်ထုတ်ပြန်ချက်များအရ မြန်မာပြည် ၏ဆင်းရဲမှုအခြေအနေက စုစုပေါင်းလူဦးရေ၏ ၃၂ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ ၂၀၁၃ ခုနှစ်ထုတ်ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများစာရင်း တွင် မြန်မာနိုင်ငံကနံပါတ် ၂၃ ချိတ်ခဲ့ပြီး သူ့ထက်နံပါတ်ငယ်သော နိုင်ငံအများစုမှာ ကွန်ဂို၊ ဇင်ဘာဘွေ၊ မာလာဝီ၊ ဗဟိုအာဖရိက၊ လစ်ဗျား၊ အာဖဂန်နစ္စတန် စသည့်မြေဆီလွှာခန်းခြောက်မှု၊ ရာသီ ဥတုဖောက်ပြန်မှု၊ ရောဂါဘယထူပြောမှု၊ စစ်မက်ထူပြောမှုတို့နှင့် နဖူးတွေ့ဒူးတွေ့ရင်ဆိုင်နေရသော အာဖရိကနှင့်အာရပ်နိုင်ငံများ ဖြစ်သည်။ ဆင်းရဲမှုအပေါင်းနှင့်ကျော်စောသော အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ လာအိုတို့သည်ပင် အဆင်းရဲဆုံး စာရင်းတွင် မြန်မာအောက်ရောက်နေသည်။ မြန်မာပြည်အနေဖြင့် ၂၀၁၀ ပြည့်၌ဆင်းရဲမှု ၂၆ ရာ ခိုင်နှုန်းသို့ကျသွားသည်ဟုဆိုသဖြင့် လူဦးရေ ၅၁ သန်းကျော်နှင့် တွက်ကြည့်လျှင် လူဦးရေ ၁၃ သန်းကျော်၊ ယေဘုယျပြောရလျှင် လူ ၁၅ သန်းခန့်ဆင်းရဲတွင်းနစ်နေကြသည်။ ယင်း ၁၅ သန်းသည် မြန်မာအစိုးရ၏ ဆင်းရဲမှုမျဉ်းသတ်မှတ်ချက်အရ တစ်ရက်လူတစ် ဦးဝင်ငွေ ၁.၀၃ ဒေါ်လာ (ကျပ်တစ်ထောင်ကျော်) သာဝင်ငွေရှိ သော သူများဖြစ်သည်။ UN က တစ်ရက်ဝင်ငွေတစ်ဒေါ်လာ အောက်ဝင်ငွေရှိသူများကို အလွန်အမင်းဆင်းရဲမှု (Extreme Poverty) စာရင်းတွင်ထည့်သွင်းပြီး တစ်ဒေါ်လာမှ နှစ်ဒေါ်လာ ကြားရသူများကိုတော့ အသင့်အတင့်ဆင်းရဲသူများဟု သတ်မှတ် သည်။ တကယ်တော့ အသင့်အတင့်အဆင့် (နှစ်ဒေါ်လာအောက်) သည်ပင် အခြေခံလိုအပ်ချက်များပြည့်စုံသော်လည်း ပိုပိုလျှံလျှံမရှိ ဘဲ အသက်ရှင်ရပ်တည်ရုံမျှသာဖြစ်သည်ဟု ပညာရှင်များကသတ် မှတ်ထားသည်။ မြန်မာပြည်၌ဆင်းရဲသူအများစုမှာ ကျေးလက်ဒေသ တွင် နေထိုင်သူများဖြစ်သည်။ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏အဆိုအရ ဆင်းရဲမှုနှုန်းသည် မြို့ပြတွင်ကျေးလက် ထက်မြန်မြန်ဆန်ဆန်ကျဆင်းနေပြီး လက်ရှိအချိန်ဆင်းရဲသူစုစု ပေါင်း ၈၄ ရာ ခိုင်နှုန်းမှာ ကျေးလက်တွင်နေထိုင်သူများဖြစ်သည်။ တိုင်းဒေသကြီးပြည်နယ်အားလုံးအနက် ချင်းပြည်နယ်ကအဆိုးဆုံး ဖြစ်ပြီး ပြည်နယ်တစ်ခုလုံးခြုံကြည့်လျှင် ဆင်းရဲမှုက ၇၃ ရာခိုင် နှုန်းအထိရှိနေသည်။ ချင်းပြည်နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်တစ်ဦးဖြစ်သော ဦးပိုက်လင်းက “ကျွန်တော်တို့မှာ စားနိုင် သောက်နိုင်တယ်။ တကယ်လို့ထမင်းတို့၊ ဆီတို့၊ ဘာတို့တော့ ကောင်းကောင်းမွန်မွန်မစားရဘူးပေါ့။ ဒါပေမဲ့ သဘာဝအပင်တွေ ကနေဖြစ်သလို စားသောက်ဖန်တီးလို့ရတယ်ဆိုတဲ့ တောင်ပေါ် ဒေသတစ်ခုဖြစ်တယ်ဆိုတာ ကျွန်တော်ယုံကြည်တယ်” ဟု သူ့ဒေသ ၏လူမှုစီးပွားရေးအခြေအနေကိုပြောသည်။ ၎င်းင်းက ပြည်နယ်၌ ပညာရေးများစွာနိမ့်ကျနေကြောင်းနှင့် လမ်းပန်းဆက်သွယ်ရေး အလွန်အမင်းညံ့ဖျင်းနေကြောင်းလည်းဆိုသည်။ “ကားလမ်းကိုမရှိ တာ။ ခြေကျင်ပဲသွားရတယ်။ ကားလမ်းဆိုတာလည်း မြို့ပေါ် လောက်ပဲရှိတာကိုး”။ ချင်းပြည်နယ်၏ နောက်တွင် ရခိုင်ပြည်နယ်က ၄၄ ရာခိုင်နှုန်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့က ၃၃ ရာခိုင်နှုန်းနှင့် ဧရာဝတီတိုင်းဒေသကြီးက ၃၂ ရာခိုင်နှုန်းဖြင့် အစဉ် လိုက်ရပ်တည်နေသည်။ မြန်မာပြည်၏ဆင်းရဲမှုက အာဖရိကအခြေအနေနှင့် တော့ကွဲပြားသည်ဟုတော့ ဆိုရမည်။ မြန်မာပြည်၌ အစာရေစာ ငတ်ပြတ်လောက် အောင်တော့ မဆိုးသေး။ သို့သော်လည်းမငတ် ရုံတမည်၊ အသက်ရှင်ရုံတမည်စားသောက်နေရသူပေါင်းများစွာ ရှိနေသည်။ ဆင်းရဲသူ ၁၅ သန်းသည် ယင်းကဲ့သို့သော အခြေ အနေဖြင့် ရှင်သန်ရပ်တည်နေရကြောင်းကိုလည်း ကိန်းဂဏန်း အချို့ကသက်သေပြနေပါသည်။ UNDP ၏အဆိုအရ မြန်မာပြည် ၌ ငါးနှစ်အောက်ကလေးငါးယောက်တွင် နှစ်ယောက် (၂၀ ရာခိုင် နှုန်း) သည် အာဟာရပြည့်ဝမှုမရှိသလို ငါးနှစ်အောက်ကလေး ၄၃.၇ ရာခိုင်နှုန်းမှာ အတန်အသင့်အခြေအနေနှင့်ကိုယ်အလေး ချိန်မပြည့်မှုများကို ကြုံတွေ့နေကြရပြီး နှစ်စဉ်ကိုယ်ဝန်ဆောင် မိခင်ပေါင်း ၀.၂ ရာခိုင်နှုန်း သေဆုံးနေရသည်။ ပညာသင်ယူတတ် မြောက်မှုနှုန်းကိုကြည့်လျှင်လည်း တစ်နိုင်ငံလုံးစုစုပေါင်းကျောင်းသားဦးရေ၏ ၂၅ ရာခိုင်နှုန်းသာ အထက်တန်းပညာကို သင်ယူ ခွင့်ရနေသေးပြီး အထက်တန်းအောင်မြင်ပြီးမြောက်သူမှာတော့ ၂၀ ရာခိုင်နှုန်းသာရှိပါသည်။ ယခုထိ ကျောင်းသားတော်တော်များ များမှာ အလွန်စရိတ်သက်သာသော ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများကို အားကိုးနေကြရဆဲဖြစ်သည်။
ကယ်တင်ရှင်လား
ရှေ့တွင်ဆိုခဲ့သလို ၂၀၁၁ ခုနှစ် အစိုးရဖွဲ့ပြီးနောက်ပိုင်း သမ္မတဦးသိန်းစိန်က သူ၏အရေးတကြီးလုပ်ဆောင်မည့်စာရင်း တွင် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို ထည့်သွင်းကြေညာသည်။ ၂၀၁၁ ခုနှစ်၊ မေလ ၂၁ ရက်နှင့် ၂၂ ရက် တို့တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး၊ အမျိုးသားအဆင့်အလုပ်ရုံဆွေး နွေးပွဲကို နေပြည်တော်ြှုဃဃှု တွင်သမိုင်းဝင်ကျင်းပခဲ့သည်။ ယင်းဆွေးနွေးပွဲတွင် သမ္မတကိုယ်တိုင်ဦးဆောင်သည့် ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဗဟိုကော်မတီအပါ အ၀င် ကော်မတီအဆင့်ဆင့်နှင့် ဆောင်ရွက်နိုင်ရန်လုပ်ငန်းစဉ်ရှစ် ရပ်ကိုချမှတ်နိုင်ခဲ့သည်။ ယင်းကာလနောက်ပိုင်း အစိုးရအဖွဲ့နှင့် ဆင်းရဲမှုလျှော့ ချရေးကို အာရုံစိုက်လုပ်ဆောင်မှုကို တွေ့လာရသည်။ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကို ၂၀၀၃ ခုနှစ်လယ်ပိုင်းတွင်ဖွဲ့ စည်းပေးခဲ့သလို သမ္မတ၊ ဒုသမ္မတများကိုယ်တိုင် ကျေးလက် ဒေသဖွံ့ဖြိုးရေးအခမ်းအနားအချို့သို့ တက်ရောက်သည်။ အစိုးရက ကုလသမဂ္ဂ၏ထောင်ခုနှစ်ဖွံ့ဖြိုးရေးရည်မှန်း ချက်များအတိုင်း ၂၀၁၅ တွင်ဆင်းရဲမှုကို ထက်ဝက် (၁၆ ရာခိုင် နှုန်း) လျှော့ချဖို့ အလွန်အမင်း စိတ်အားထက်သန်နေပုံရသည်။ ကိန်း ဂဏန်းများကို အပူတပြင်းလျှော့ချလိုခြင်းကြောင့်ပင်ထင်သည်။ သူတို့၏ပစ်မှတ်က ဟန်ချက်ညီသော ဆင်းရဲမှုလျှော့ချရေးကို မလုပ် နိုင်တော့ဘဲ လူဦးရေ ၇၀ ရာခိုင်နှုန်းရှိရာ ကျေးလက်ဒေသသို့ဦး တည်လိုက်သည်။ စင်စစ် တိုင်းတာချက်များအရ ကျေးလက်၌ပိုဆင်းရဲသည် မှာ မှန်သော်လည်း မြို့ပြနေဆင်းရဲသူတိုင်း၏ အရေးကလည်း ဥပေက္ခာပြုထားလို့ရသည့် အခြေအနေတော့မဟုတ်ပေ။ ကျေး လက်ဒေသ၌ အလုပ်အကိုင်အခွင့်အလမ်းနှင့် ရေ၊ မီး၊ လမ်းရရှိ မှုလိုပြဿနာများရှိနေသလို မြို့ပြနေလူထုအတွက် အိမ်ရာကိစ္စ အပါအ၀င် လူနေမှုစရိတ်က အတော့်ကိုခေါင်းခဲစရာဖြစ်သည်။ အဓိကအားဖြင့် လူဦးရေခုနစ်သန်းကျော်ရှိသော စီးပွားရေးမြို့တော်ရန်ကုန်လို နေရာမျိုးတွင် အိမ်ရာလိုအပ်ချက်က ပိုမိုမြင့်တက်လာလျက်ရှိသည်။ မြို့၏ဆင်ခြေဖုံးမြို့နယ်များတွင် ကျူးကျော်အိမ်ရာဆောက်လုပ်မှုက မြင့်တက်နေဆဲဖြစ်သလို မြေနေရာပိုင်ဆိုင်မှုနှင့်ပတ်သက်သော ပဋိပက္ခများ၊ ဆန္ဒပြမှုများက လည်း မကြာခဏပေါ်ပေါက်နေသည်။ ထိုမျှမက တစ်နှစ်ထက် တစ်နှစ် မြန်မြန်ဆန်ဆန်မြင့်တက်နေသော ကုန်ဈေးနှုန်းကလည်း မြို့ပြနေအောက်ခြေလူထုကို အိပ်မက်ဆိုးများသဏ္ဌာန်ခြောက် လှန့်လျက်ရှိပါသည်။ ဤအခြေအနေတွင် မြို့ပြကျောမွဲတို့အတွက် အစိုးရ၏ပံ့ပိုးမှုအစဉ်အစဉ်က မှုန်ပျပျ။ ဆင်းရဲမှုလျှော့ချရေးဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲခေါင်ကတော့ “အဲဒါ (မြို့ပြ ဆင်းရဲမှုလျှော့ချရေး) အတွက်လည်း နောက်ပိုင်းထည့်စဉ်းစားမှာ ပေါ့လေ။ အခုလောလောဆယ်လုပ်ငန်းစဉ်မှာတော့ ကျေးလက် အတွက်ပဲစောင်းပေးတာများတယ်” ဟု သူတို့၏ ဆောင်ရွက်မှု အခြေအနေကိုပြောသည်။ သို့သော် များမကြာသေးခင်က အစိုးရကအနည်းဆုံးအခ ကြေးငွေသတ်မှတ်ချက် ထုတ်ပြန်နိုင်ခြင်းကတော့ ဆင်းရဲမှုလျှော့ချရေး (အထူးသဖြင့်မြို့ပြ) အတွက် အားတက်စရာတစ်ခုတော့ ဖြစ်သည်။ ယခင်က အနည်းဆုံးသတ်မှတ်ချက်မရှိဘဲ ပေးချင်သလိုပေး နေခဲ့သည့် မ၀ရေစာမှသည် ဤသတ်မှတ်ချက်က စက်ရုံအလုပ်ရုံ လုပ်သားတို့အတွက် အသက်ရှုပေါက်တစ်ပေါက်တော့ဖြစ်လာခဲ့ သည်။
မြေစမ်းခရမ်းပျိုးစီးမံကိန်းများနှင့် အခြေခံအဆောက်အအုံပံ့ပိုးမှု
လက်ရှိဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် လုပ်ဆောင်ရာတွင် အစိုးရ၏ကိုယ်ပိုင်ဘတ်ဂျက်ဖြင့် ဆောင်ရွက်နေတာရော INGO၊ NGO များနှင့် ပူးပေါင်းဆောင်ရွက်နေတာပါ စီမံကိန်း ၃၀ လောက်ရှိကြောင်းသိရသည်။ လူသိသူသိအနေဖြင့်ဆိုလျှင် တော့ အစိုးရ၏ဘဏ္ဍာငွေဖြင့် အကောင်အထည်ဖော်နေသော မြစိမ်းရောင်စီမံကိန်း၊ တရုတ်ချေးငွေဖြင့် အဓိကလည်ပတ်နေ သော သမ၀ါယမချေးငွေချေးပေးရေး၊ ကမ္ဘာ့ဘဏ် (WB) က ကူညီသောလူထုအခြေပြု အမျိုးသားစီးမံကိန်း၊ JICA ODA က ကူညီသော ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် ဒေသတွင်းဖွံ့ဖြိုးမှု စီမံကိန်း စသည်တို့ဖြစ်သည်။ စီမံကိန်းများကိုလေ့လာကြည့်လျှင် အားလုံးနီးပါက ၂၀၁၂ ခုနှစ်နောက်ပိုင်းမှစခြင်းဖြစ်ပြီး စီမံကိန်း တစ်ဝက်လောက်က ပြီးခဲ့သည့်ဘဏ္ဍာနှစ်မှ စသည်ကိုတွေ့ရပြီး စီမံကိန်းတချို့ဆိုလျှင် ကျေးရွာဆယ်ဂဏန်းလောက်ဖြင့် မြေစမ်း ခရမ်းပျိုးလုပ်ကြည့်နေသည့် အဆင့်၌သာရှိသေးသည်။ အကောင်းဘက်ကတွေးကြည့်လျှင်တော့ ဤသည်ပင် လျှင်အစိုးရသစ်၏ စွမ်းဆောင်ချက်ဟုလည်း ပြော၍ရသည်။ အထူး သဖြင့် နိုင်ငံတကာအကူအညီများ လှိမ့်ဝင်လာခြင်းသည် အစိုးရ သစ်၏ ဆင်းရဲမှုလျှော့ချရေးနှင့်ဖွံ့ဖြိုးရေးရည်မှန်းချက်များကို ယုံ ကြည်မှုရှိကြောင်း ပြသရာရောက်နေသည်။ ယခင်အစိုးရလက် ထက်က ဆင်းရဲနွမ်းပါးမှုကို လျှော့ချဖို့မဆိုနှင့် ဆင်းရဲမှုအရှိတရား ကိုပင်ဖုံးကွယ်ထားခဲ့သည်။ လူ့အခွင့်အရေးချိုး ဖောက်မှုများကြောင့် နိုင်ငံတကာ၏အရေးယူပိတ်ဆို့မှုများခံနေရချိန်တွင် နိုင်ငံတကာ အထောက်အပံ့ဆိုသည်က မဖြစ်စလောက်သာရရှိခဲ့သည်။ ထို့အတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လောက်လောက်လားလားမ၀င်နိုင်ခဲ့သည့် အတွက်လည်း အလုပ်အကိုင်ရှားပါးမှုနှင့် လုပ်ခလစာနည်းပါးမှု တည်းဟူသော ဒုက္ခကိုပြည်သူတို့ခါးစည်းခံခဲ့ရသည်။ ယင်း ကြောင့်ပင် ခန့်မှန်းခြေလုပ်သားငါးသိန်းကျော်မှာ နိုင်ငံပြင်ပသို့ ထွက်ခွာကာရေကြည်ရာမြက်နုရာရှာခဲ့ရသည်။ ဤလှိုင်းဂယက်က ယခုအချိန်ထိ ဆက်လက်ရိုက်ခတ်နေ ဆဲဖြစ်သည်။ အစိုးရသစ်လက်ထက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ၀င်လာသည့်တိုင် လုပ်သားများပြည်ပထွက်ခွာမှုနှင့် အလုပ်လက် မဲ့နှုန်းက ဆက်လက်မြင့်တက်နေဆဲဖြစ်သည်။ Trading economics.Com ၏ ဖော်ပြချက်အရ ၂၀၀၆ ခုနှစ်က အလုပ်လက်မဲ့နှုန်း ၄ ရာခိုင်နှုန်းကျော် (အလုပ်လုပ်နိုင်သူဦးရေစုစုပေါင်း၏) က ယခု ထိလည်း ဒီအတိုင်းရှိနေသည်။ ဆိုရလျှင် အလုပ်လက်မဲ့နှုန်းကျ ဆင်းမှုမရှိသလို အစိုးရနှင့်နိုင်ငံတကာအကူအညီက ကျေးရွာ အနည်းငယ်တွင် မြေစမ်းခရမ်းပျိုးဆောင်ရွက်သည့် အခြေအနေက ယခုနှစ်တွင် ထက်ဝက်နှုန်းလျှော့ချမည်ဆိုသည့်မျှော်မှန်းချက်က လက်တွေ့မကျကြောင်းကိုပြဆိုနေသည်။ အစိုးရသစ်လက်ထက် ထင်သာမြင်သာရှိသည့် တိုးတက်မှုဆိုလို့ လူတန်းစားမရွေးမိုဘိုင်း ဖုန်းကိုင်နိုင်လာတာမျိုးလောက်သာရှိသေးပြီး အောက်ခြေလူထု၏ စားဝတ်နေရေးက ထူးထူးခြားခြားပြောင်းလဲမှုမရှိသေးဟုဝေဖန်မှု များရှိနေသည်။ ပံ့ပိုးမှုများနှင့်ပတ်သက်၍လည်း မေးခွန်းထုတ်စရာဖြစ် နေသည်။ အစိုးရအာရုံစိုက်ထောက်ပံ့နေသည်က ငွေရေးကြေးရေး နှင့် ရေ၊ မီး၊ လမ်းတံတားလို အခြေခံအဆောက်အအုံ (Infrascture) ကဏ္ဍဖြစ်နေသည်။ ဤသည်က မျက်မြင်သက်သေများဖြစ်၍ ဆင်းရဲမှုလျှော့ချရေး ကိန်းဂဏန်းများအတွက်တော့ ထိရောက်ကောင်းထိရောက်မည်။ ဥပမာ-အစိုးရကတကယ်အာရုံစိုက်လုပ် ဆောင်နေသည့် မြစိမ်းရောင်စီမံကိန်းနှင့် သမ၀ါယမ၏ပံ့ပိုးမှုများ ကိုကြည့်လျှင်ငွေကြေးပံ့ပိုးမှုသက်သက်ဖြစ်သည်။ ဤစီမံကိန်းက ထိရောက်မှုရှိသင့်သလောက်တော့ရှိပါသည်။ အထူးသဖြင့် မြစိမ်း ရောင်စီမံကိန်းကငွေချေးရာ၌ တစ်ရွာလျှင်အရင်းမပျောက်ငွေ သိန်းသုံးရာကို ကျေးရွာကတင်မြှောက်သောကော်မတီကိုစီမံခန့် ခွဲစေသည်။ ကျေးရွာသူကျေးရွာသားများကိုယ်တိုင် စီမံကိန်းခွဲ သဖြင့် ငွေရင်းကိုစီးပွားရေးလုပ်ငန်းအတွက် တကယ်သုံးမသုံးချေး သူကတကယ်ပြန်ဆပ်နိုင်မဆပ်နိုင် ကွဲကွဲပြားပြားသိခွင့်ရသည်။ သို့သော်လည်း စိုက်ပျိုးရေးဘဏ်၊ သမ၀ါယမတို့ဆီက လိုချေးငွေမှာ ထိရောက်မှုအားနည်းကြောင်းဝေဖန်မှုများရှိသည်။ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးနှင်းဦးက “အမတော်ကြေးငွေတွေ နည်းအမျိုးမျိုးနဲ့တိုးတက်အောင်ဆို ပြီး လုပ်ခဲ့တဲ့အစိုးပေါင်းများစွာနဲ့ စနစ်ပေါင်းများစွာကို ကျွန်တော် တို့ဖြတ်သန်းခဲ့ပါတယ်။ ယနေ့လည်းဒီအတိုင်းပါပဲ။ အဲဒါဆိုရင် ဒီထက်ကောင်းတဲ့စနစ်ကို ဃ့ညေါန ဖို့လိုတယ်ဆိုတာကိုတင်ပြလို ပါတယ်” ဟုကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲတစ်ခု တွင်ဆွေးနွေးဖူးသည်။ အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်တော် တော်များလည်းချေးငွေပံ့ပိုးမှုသည် ထိရောက်မှုမရှိကြောင်းမကြာ ခဏထုတ်ပြောလေ့ရှိကြသည်။ စင်စစ် အခြေခံအဆောက်အအုံပံ့ပိုးမှုတို့ကလိုအပ် သည်မှာမှန်ပါသည်။ မြန်မာနိုင်ငံ၌ လျှပ်စစ်မီးအသုံးပြုမှုက လူဦး ရေ၏ ၂၅ ရာခိုင်နှုန်းသာရှိနေသေးသလို သောက်သုံးရေလိုအပ် ချက်၊ လမ်းပန်းဆက်သွယ်ရေးလိုအပ်ချက်တို့မှာလည်း များစွာရှိနေ ပါသေးသည်။ သို့သော် အစိုးရအနေဖြင့်ဤအခြေခံအဆောက် အအုံကဏ္ဍတို့ကို ကျော်လွန်၍ ဆောင်ရွက်ဖို့လိုနေပါသည်။ ကျေးလက်ဒေသကိုနည်းပညာ၊ အရည်အသွေးနှင့်အရင်းအမြစ် ကောင်းတို့ကို မပံ့ပိုးပေးသမျှကာလပတ်လုံး၊ တန်ဖိုးမြင့်ကုန်ချော ထုတ်လုပ်မှုနှင့် ဈေးကွက်အခွင့်အလမ်းကို မဖန်တီးပေးနိုင်သမျှ ကာလပတ်လုံးကုန်ထုတ်လုပ်မှုရော ၀င်ငွေရရှိမှုပါတိုးတက်လာဖို့ မည်သို့မျှမဖြစ်နိုင်။ တွေ့ဆုံမေးမြန်းမှုများအရ အဓိကစီးပွားရေး ဖြစ်သော စိုက်ပျိုးရေးလုပ်ငန်းတွင် စက်မှုလယ်ယာစနစ်သို့ အနည်း ငယ်ပြောင်းလဲသည်မှလွဲ၍ တောင်သူလယ်သမားအားလုံးနီးပါးမှာ မျိုးစေ့ကအစ မိရိုးဖလာပုံစံဖြင့်သာလုပ်ကိုင်နေသေးသည်။ ပိုဆိုး သည်မှာ ယင်းပြဿနာကို အစိုးရကထိထိရောက်ရောက်မပံ့ပိုး ပေးနိုင်သလို တောင်သူလယ်သမားများကိုယ်တိုင်လည်း အစဉ် အလာကိုတော်လှန်ပြောင်းလဲပစ်ဖို့ စိတ်အားထက်သန်မှုရှိလှသည် တော့မဟုတ်ပေ။ သူတို့အနေဖြင့် ဤသို့စိတ်အားထက်သန်မှုမရှိသည်က လည်း အပြစ်တော့မဆိုသာ။ အဘယ်ကြောင့်ဆိုသော် သူတို့ထဲက အများစု၏ပင်ကိုသဘာဝကိုက မိရိုးဖလာနှင့် ကြီးပြင်းလာကြသလို အကယ်၍အထွက်တိုးခဲ့သည်ဆိုသည့်တိုင် ဈေးကွက်အာမခံချက် က ရေရေရာရာရှိလှသည်မဟုတ်ပေ။ ဈေးကွက်လိုအပ်ချက်အရ မဟုတ်ဘဲ နံကြားထောက်ရွေးချယ်စိုက်ပျိုးသည့် အခြေအနေကြောင့် သီးနှံအချို့တောင်ပုံရာပုံ စွန့်ပစ်လိုက်ရသည့်သတင်းများက လည်း နှစ်စဉ်လိုလိုမကြားချင်မှအဆုံးဖြစ်နေသည်။ မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းဥက္ကဋ္ဌဒေါက်တာ စိုးထွန်းက “အခုကျွန်တော်တို့စဉ်းစားနေတာက Only the producer side ပေါ့။ Farmer ကို Support လုပ်မယ်။ များများထွက်ရင်တော့ တကယ်အကျိုးရှိမှာလား။ ပဲတွေများများထွက်တယ်။ ၀ယ်မယ့်ကောင်မရှိတော့ရှုံးပြီး များများစိုက်ရင်များများရှုံးတဲ့ဟာ မျိုးဖြစ်နေတယ်။ နည်းနည်းစိုက်ရင်နည်းနည်းရှုံးတဲ့ဟာမျိုးဖြစ် နေတယ်။ တကယ်တမ်းကျတော့ Market Demand ကဘယ်လို ရှိလဲဆိုတာ ပြန်လေ့လာဖို့လိုတယ်” ဟုစိုက်ပျိုးရေးကဏ္ဍ၏လိုအပ် ချက်ကိုသုံးသပ်သည်။ ၎င်းင်းက Whole Supply Change တစ်ခု လုံးကို စဉ်းစားတာကနည်းလို့ မြန်မာနိုင်ငံ မတိုးတက်တာဟုလည်း ဝေဖန်သည်။
စိန်ခေါ်မှုပေါင်းက သောင်းခြောက်ထောင်
သဘာဝသယံဇာတ၊ လူသယံဇာတ ပေါကြွယ်သလို ပထ၀ီအနေအထား မဟာဗျူဟာ ကျသော ဤနိုင်ငံ၌ ဤမျှဆင်းရဲ၊ ဤမျှ မဖွံ့ဖြိုး သည်မှာ အံ့သြစရာကောင်းသလို ဖြတ်သန်း ခဲ့ရ၊ ဖြတ်သန်း နေဆဲဖြစ်သောစိန်ခေါ်မှုများကို သိမြင်လျှင်လည်း လက်မခံနိုင်စရာတော့မရှိပေ။ မြန်မာပြည်အနေဖြင့် အာဏာရှင်စနစ်ဆိုး အောက်တွင် ကမ္ဘာကြီးနှင့်အဆက်ပြတ်ခဲ့ရ သည်။ အိမ်နီးချင်းများအပါအ၀င် ကမ္ဘာ့နိုင်ငံ အများအပြား လျင်လျင်မြန်မြန်ဖွံ့ဖြိုးတိုးတက် နေချိန်တွင် မြန်မာပြည်ကတော့ အရှေ့တောင် အာရှ၏အဆင်းရဲဆုံးနိုင်ငံအဖြစ်ပြတ်ကျန်ခဲ့ သည်။ အလျှံပယ်<ကယ်ဝသော သယံဇာတ တို့ကို အာဏာရှင်နှင့်အပေါင်းအပါလူတစ်စုက ကိုယ်ကျိုးအတွက်အပိုင်စီးခဲ့သလို ညံ့ဖျင်းသ ည့် ပညာရေးစနစ်ကြောင့် အရည်အသွေးမီ လူသား အရင်းအမြစ်တို့ကို မမွေးထုတ်နိုင်ခဲ့ပေ။ အဆိုးဆုံးကတော့ ပဋိပက္ခထောင်ချောက် (Conflict Trap) ဖြစ်သည့် နှစ်ပေါင်း ၆၀ ကျော် သက်ဆင်းခဲ့ရသည့် ယင်းထောင် ချောက်က ယခုထိမလွတ်နိုင်သေး။ လက်နက် ကိုင်တော်လှန်သည့်အဖွဲ့ပေါင်း ၂၀ နီးပါးနှင့် တောက်လျှောက်တိုက်ခိုက်လာရသည့်ကုန်ကျစရိတ်များ၊ ပဋိပက္ခ ဖြစ်ရာဒေသများတွင် စီးပွားရေးလုပ်ကိုင်ခွင့်ဆုံးရှုံးမှုနှင့် အလုပ် မလုပ်နိုင်ဘဲ ထောင်သောင်းချီထွက်ပြေးနေရသော ဒုက္ခသည် များကို ခြုံပြီးစဉ်းစားကြည့်ပါက နိုင်ငံ့ဘဏ္ဍာ၊ ပြည်သူတစ်ဦးချင်း ၀င်ငွေ မည်မျှဆုံးရှုံးမည်ဆိုသည်ကို မှန်းဆနိုင်ပါသည်။ ယခုထိ လည်း အစိုးရနှင့်လက်နက်ကိုင် အဖွဲ့တို့ဆွေးနွေးနေကြသည့်တိုင် စိန်ခေါ်မှုများကတော့ ရှိနေဆဲဖြစ်သည်။ အခြားသတိပြုစရာတစ်ချက်က ဝေဖန်မှုများနှင့်ရင်ဆိုင် နေရသည့် မြန်မာ့ စီးပွားရေး။ ဤနိုင်ငံ၏ စီးပွားရေးတိုးတက်မှု အခြေအနေကို အစိုးရသစ်တက်လာပြီးချိန်မှ ၂၀၁၄ ခုနှစ်လောက် အထိ စီးပွားရေးကျွမ်းကျင်ပညာရှင်များ နှစ်ထောင်းအားရရှိလာ ခဲ့သော်လည်း ၂၀၁၅ ခုနှစ်အတွင်း ချဉ်းနင်းလာချိန်တွင် စိုးရိမ် သံများစကြားလာရသည်။ အစိုးရ၏ဘတ်ဂျက်လိုငွေပြမှု၊ ကုန်သွယ် ရေးလိုငွေမြင့်မားလာမှု၊ ငွေကြေးဖောင်းပွမှုမြင့်မားမှုတို့ကြောင့် မြန်မာ့စီးပွားရေးအပေါ် စိုးရိမ်လာကြခြင်းဖြစ်သည်။ လွန်ခဲ့သည့် တစ်နှစ်နှစ်နှစ်ခန့်က နိုင်ငံတကာစီးပွားရေးသုံးသပ်သည့် အဖွဲ့အစည်းများက မြန်မာ့စီးပွားရေးသည် တစ်နှစ် ၇.၅/၈ ရာခိုင် နှုန်းခန်ဖြင့် ဒေသတွင်းတိုးတက်မှုအလားအလာအကောင်းဆုံး ဖြစ်သည်ဟုသုံးသပ်သော်လည်း ၂၀၁၅ ခုနှစ်ဝက်ပိုင်းလောက်တွင် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ဒေါ်လာဈေး ကောင်းခြင်းနှင့် သဘာဝဓာတ်ငွေ့ဈေးနှုန်းများကျဆင်းလာခြင်း အပါအ၀င် အချို့သောစီးပွားရေးဆိုင်ရာညွှန်ကိန်းများအရ မြန်မာ့ စီးပွားရေးသည် ကျဆင်းလာနိုင်သည့်အန္တရာယ်မျိုးနှင့်ရင်ဆိုင်နေ ရကြောင်း ထုတ်ပြောလာခဲ့သည်။ နိုင်ငံ၏ စီးပွားရေးအခြေအနေမကောင်းချိန်တွင် ဆင်းရဲ နွမ်းပါးမှုလျော့ကျလာသည်ဟု တွင်တွင်ပြောနေသည်ကလက် တွေ့တော့မကျလှ။ ကုလသမဂ္ဂကို အာမဘန္တေခံထား၍သာ ၁၆ ရာခိုင်နှုန်းလျှော့ချမည်ဟု နိုင်ငံခေါင်းဆောင်များက ယခုထိပြော ကြားနေသည်။ လက်တွေ့အခြေအနေအရ ပညာရှင်များနှင့်လေ့ လာသုံးသပ်သူများက ၂၀၁၅ ခုနှစ်တွင် ၁၆ ရာခိုင်နှုန်းထိလျှော့ချ နိုင်ဖွယ်မရှိကြောင်း ပြောဆိုလာကြသလိုတွေ့ဆုံမေးမြန်းဖြစ်ခဲ့သော အကောင်အထည်ဖော်နေသူ အစိုးရအရာရှိများကိုယ်တိုင်လည်း ၁၆ ရာခိုင်နှုန်းအတွက် ပြတ်ပြတ်သားသားကတိမပေးရဲဖြစ်နေကြ သည်။ ဤအခြေအနေတွင် ၁၆ ရာခိုင်နှုန်းလိုကိန်းဂဏန်း အချက်အလက်များကို အထူးအလေးထားအာရုံစိုက်သင့်၊ မစိုက် သင့်ကချင့်ချိန်စရာဖြစ်သွားသည်။ ဖွံ့ဖြိုးရေးသုတေသီဦးအောင်သူ ငြိမ်းက “ကျွန်တော်စိုးရိမ်တယ်ဆိုတာက နိုင်ငံတကာမှာကစား လို့ရတယ်။ ဥပမာ- National Poverty Line လို့ခေါ်တဲ့ဆင်းရဲ မှုမျဉ်းပေါ့။ ဒီဝင်ငွေရဲ့အောက်ကျတယ်။ ဒီလောက်တက်ရင် ဆင်းရဲ မှုလွတ်သွားတယ်ပေါ့။ အဲဒီတော့ အစိုးရတွေက အဲဒီမျဉ်းကို သတ်မှတ်တဲ့အချိန်မှာ လွတ်ချင်မှလွတ်ဦးမှာပေါ့” ဟု ဆင်းရဲမှု မျဉ်းသတ်မှတ်မှုကိုဥပမာပေးသည်။ ၎င်းင်းက အစိုးရအနေဖြင့် ကိန်းဂဏန်းတွေအပေါ်မှာပဲ မကြည့်သင့်ဘဲ ဆင်းရဲမှုတကယ် ပပျောက်သလားဆိုတာမျိုးကိုကြည့်သင့်သည်ဟုလည်း အကြံပြု သည်။ မြန်မာပြည်သူများအနေဖြင့် ၂၀၁၅ တွင် ဆင်းရဲမှု ၁၆ ရာခိုင်နှုန်းကို လျှော့ချမည်ဆိုသည်သာမက ၂၀၂၀ ပြည့်နှစ်တွင် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံစာရင်းမှလွတ်အောင်လုပ်မည်၊ ၂၀၃၀ ပြည့်နှစ်တွင် တစ်ဦးကျဝင်ငွေ ဒေါ်လာသုံးထောင်ဖြစ်လာမည့်ဆို သည့်မျှော်တော်ယောင်စကားများကို အစိုးရအကြီးအကဲများနှင့် ပညာရှင်အချို့ထဲမှ နားလျှံမတတ်ကြားရတတ်ပါသည်။ အခြေ အနေ၊ အတိုင်းအတာတစ်ခုကို ဖော်ပြဖို့အတွက် ကိန်းဂဏန်းများက အရေးကြီးသည်မှာမှန်ပါသည်။ သို့သော် သမ္မတ၏စီးပွားရေး အကြံပေးဥက္ကဋ္ဌဒေါက်တာမြင့်ကိုယ်တိုင် မြန်မာပြည်၏ စာရင်းအင်း စနစ်ညံ့ဖျင်းကြောင်း ပြောဆိုထားသလို သန်းခေါင်စာရင်းနှင့် မဲ စာရင်းလို အခုတစ်မျိုး၊ တော်ကြာတစ်မျိုး ကိန်းဂဏန်းများကြောင့် လည်း ပြည်သူလူထုကကိန်းကဏန်းများအပေါ်ယုံကြည်မှုနည်း ပါးနေကြသည်။ စင်စစ် မြန်မာပြည်သူတို့အဖို့ အရေးကြီးနေသည် မှာ နားထောင်ရကောင်းသော ကိန်းဂဏန်းများထက် ဆင်းရဲနွမ်းပါး မှုပြဿနာကို တကယ်လက်တွေ့ကျကျဖြေရှင်းပေးနိုင်ဖို့ဖြစ်ပါသည်။ တစ်နည်းလာမည့်နှစ်အနည်းငယ်အတွင်း “အောက်ခြေပြည်သူ လူထုတွေရဲ့ဘ၀ဘာမှမပြောင်းလဲလာဘူး” ဟူသောအသံများ ပြည်သူကြားတွင် အမှန်တကယ်လျော့ကျလာဖို့ကသာ အရေးကြီးပါ သည်။ အကယ်၍ ထက်ဝက်နှုန်းကိုလျှော့ချနိုင်ခဲ့ပြီဆိုလျှင်လည်း လုံးဝလျှော့ချနိုင်သည်အထိ နောက်တက်လာသည့် အစိုးရများ အနေဖြင့် ဆက်လုပ်ဆောင်ဖို့လိုအပ်မည်ဖြစ်သည်။ သို့ဖြစ်ရာ ‘ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကြွေးကြော်သံသည်ပင် ကောက်ရိုးမီး လို တဒင်္ဂမဟုတ်ဘဲ လုံးဝလျှော့ချနိုင်သည်အထိ ရေရှည်ဆက်လက် အရှိန်ကောင်းနေဖို့ဆန္ဒပြုမိပါသည်။
MDGS အရ ၂၀၁၅ ခုနှစ်၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ဆင်းရဲနွမ်းပါးမှုလျော့ချရမည့်ရာခိုင်နှုန်း(IHLCA Survery) တိုင်းဒေသကြီး၊ ပြည်နယ် ဆင်းရဲမှုနှုန်း (Poverty Rate))
၂၀၀၅ ခုနှစ် ၂၀၁၀ ခုနှစ် ၂၀၁၅ ခုနှစ် မျှော်မှန်းချက်
ကချင် ၄၄.၂ ၂၈.၆ ၂၂.၁
ကယား ၃၃.၆ ၁၁.၄ ၁၆.၈
ကရင် ၁၁.၈ ၁၇.၄ ၅.၉
ချင်း ၇၃.၃ ၇၃.၃ ၇၆.၃
စစ်ကိုင်း ၂၆.၆ ၁၅.၁ ၁၃.၃
တနင်္သာရီ ၃၃.၈ ၃၂.၆ ၁၆.၉
ပဲခူး ၃၁.၆ ၁၈.၃ ၁၅.၈
မကွေး ၄၂.၁ ၂၇.၀ ၂၁.၁
မန္တလေး ၃၈.၉ ၂၆.၆ ၁၉.၅
မွန် ၂၁.၅ ၁၆.၃ ၁၀.၈
ရခိုင် ၃၈.၁ ၄၃.၅ ၁၉.၁
ရန်ကုန် ၁၅.၁ ၁၆.၁ ၇.၅
ရှမ်း ၄၆.၁ ၃၃.၁ ၂၃.၁
ဧရာဝတီ ၂၉.၃ ၃၂.၂ ၁၄.၇
ပြည်ထောင်စု ၃၂.၁ ၂၅.၆ ၁၆.၁
myanmarb2bmagazine
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။