အခုချိန်ကစပြီး သွားများ ဖြူဖွေးတောက်ပြောင်စေမယ့် နည်းလမ်းတစ်ခုကို ပြောပြပေးချင်ပါတယ်။ ဒီနည်းလေးက အလွန်အမင်း ရိုးရှင်းလွယ်ကူပါတယ်။ လုပ်ရမယ့်ဟာတွေကလည်း အလေ့အကျင့်သစ်တစ်ခု ထူထောင်လိုက်ရုံသာဖြစ်ပါတယ်။ မနက်စာ မစားခင် အဲဒီအကျင့်ကို နေ့တိုင်းလုပ်ပေးဖို့သာ ဖြစ်တယ်။ အတိအကျပြောရရင် အုန်းဆီ (coconut oil) ထမင်းစားဇွန်း (၁) ဇွန်းခပ်ပြီး ပါးစပ်ထဲ ငုံထားဖို့ လိုအပ်တာပါ။ မအီမသာဖြစ်စေနိုင်ပေမယ့် အကျိုးသက်ရောက်မှုတွေကတော့ အံ့မခန်းပါပဲ။
အုန်းဆီ (coconut oil) မှာ သွားချေးကျောက် ဖယ်ရှားဖို့ နဲ့ ပါးစပ်အတွင်း ဘက်တီးရီးယားအားလုံး သေစေနိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်။ ဒီနည်းကို ပုံမှန်အသုံးပြုခြင်းဖြင့် ခံတွင်းအနံ့ဆိုး ကင်းစေပြီး သွားဖုံး မအီမသာဖြစ်ခြင်း လျော့နည်းစေပါတယ်။ အကောင်းဆုံး အကျိုးသက်ရောက်မှုဖြစ်စေဖို့ အုန်းဆီကို ပါးစပ်ထဲ ၁၅-၂၀ မိနစ်ကြာ ငုံထားပေးရပါမယ်။ အစပိုင်းမှာ မအီမသာဖြစ်ပြီး အနေရခက်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်လိုချင်တာရဖို့ သည်းညည်းခံရမှာပဲ ဖြစ်တယ်။
Ref: healthyfoodhouse
Trend Myanmar

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။