တယ်လီဖုန်းခြေရာခံခြင်းနှင့်  ပက်သက်၍သိထားသင့်သော
သတိပြုစရာများ
========================
အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းသုံးစွဲသူတွေ လျင်မြန်စွာ တိုးပွားလာပြီးမိုဘိုင်းလ်ဖုန်းနဲ့အင်တာနက်သုံးစွဲသူ
အရေအတွက်ကလည်း အများအပြားရှိလာပြီမို့ မိုဘိုင်းလ်ဖုန်းသုံးစွဲ
သူများသိထားသင့်သော တယ်လီဖုန်းခြေရာခံခြင်းနဲ့ 
ပတ်သက်ပြီး ဘယ်လိုမျိုးခြေရာခံတယ်၊ ကိုယ့်ကိုခြေရာခံနေတာကို ဘယ်လိုကာကွယ်ရမယ်ဆိုတာကို ဖော်ပြလိုက်ပါတယ်။
✳သင်ဘယ်မှာရှိနေတယ်ဆိုတာကို ဘယ်လိုခြေရာခံသလဲ ?
ဒါကတော့ရိုးရှင်းပါတယ်။ သင်အသုံးပြု
နေတဲ့ ဖုန်းနဲ့ အနီးဆုံး တယ်လီဖုန်းရေဒီယို တာဝါတိုင်သုံးခုကိုအသုံးပြု ပြီး တြိဂံပုံစံကွန်ယက်အတွင်းက တည်နေရာကို တွက်ချက်တာပါ။ တြိဂံခြေရာခံနည်းစနစ်လို့ ခေါ်ပါတယ်။ လူနေထူထပ်တဲ့
မြို့ ပြလိုနေရာမျိုးမှာ (ဥပမာ - ကျွန်တော်တို့ ရန်ကုန်ပေါ့ ) ခြေရာခံမယ်
ဆိုရင် တယ်လီဖုန်းတာဝါတိုင်တွေ အများကြီးရှိတဲ့အတွက်
၁၀ ပေ ၁၅ ပေ အတွင်းအတိအကျသိနိုင်ပေမယ့်ဖုန်းတာဝါတိုင်တွေ
နည်းပါးတဲ့ ကျေးလက်ဒေသလိုနေရာမျိုးမှာေ တာ့ပေရာဂဏန်းအထိ ကွဲလွဲနိုင်ပါတယ်။
သင်ဖုန်းလက်ခံစကားပြောတာ Messageပို့ချိန်မျိုးမှာ သင်ဘယ်နေရာမှာရှိနေတယ်ဆိုတာ ကို ကွန်ယက်မှတ်တမ်းတွေထဲမှာ သိမ်းဆည်းထားနိုင်ပါတယ်။ သတိပြုရမှာက ဒါဟာ ဖုန်းကွန်ယက်ရဲ့ လုပ်ဆောင်ချက်ပဲရှိပါသေးတယ် ။ ဆိုလိုချင်တာကတော့ ဒါဟာသေသေချာချာစောင့်ကြည့်ေ ခြရာခံတဲ့ နည်းလမ်းတွေ မဟုတ်သေးပါဘူး။
ကွန်ယက်တိုင်းက သင့်ဖုန်းကအသံလှိုင်းကို တြိဂံနည်းစနစ်သုံးပြီး ခြေရာခံနိုင်ပါတယ်။ အဲဒီအတွက် ဒီလိုအချက်အလက်ကိုသုံးပြီး (ဘယ်မှာရှိနေတယ်ဆိုတာသိပြီး ) သင့်ကို
ဒုက္ခပေးနိုင်တယ်ဆိုတာ မမေ့ဖို့ အင်မတန်အရေးကြီးပါတယ်။
သင့်လက်ကိုင်ဖုန်းက ချိတ်ဆက်မိတဲ့ ဖုန်းတာဝါတိုင်တိုင်းကို သင်
ဘယ်မှာရှိနေတယ်ဆိုတာ စဉ်ဆက်မပြတ် သတင်းပို့ပါတယ်။ ခြေရာမခံမိစေချင်ရင် ဖုန်းထဲကဓါတ်ခဲကိုထုတ်ရုံသာ မက ဖုန်းကိုပါ
အိမ်မှာထားခဲ့လိုက်ပါ။
✳ခြေရာခံခြင်းနဲ့ပတ်သက်ပြီး သတိပြုသင့်တဲ့ အချက်တစ်ချို့
သင်ပုံမှန်အသုံးပြုသည့် (Subscriber
Identity Module - SIM လို့ခေါ်တဲ့ ဖုန်းဆင်းမ်ကဒ်) အပြင် အခြားပြောင်းလဲ
အသုံးပြုနိုင်မယ့် (ဖုန်းကုမ္ပဏီမတူတဲ့) ဆင်းမ်ကဒ်တစ်ခု ဆောင်ထားပါ။ ဖြစ်နိုင်ရင်တော့ ဖုန်းတလုံးထက်မက သယ်ဆောင်အသုံးပြုပါ။
အစည်းအဝေးတွေအတွက် ခရီးသွားနေစဉ်အတွင်း ဖုန်းကတဆင့် ခြေရာမခံနိုင်အောင်၊ ဘယ်နေရာရောက်နေတယ်ဆိုတာ မသိရ
အောင် ဖုန်းထဲကဓါတ်ခဲကို ထုတ်ထားပါ။ (ဖုန်းပိုင်ရှင် ဘယ်နေရာမှာရှိတယ်ဆိုတာ GPS စနစ်လို့ခေါ်တဲ့ ဂြိုလ်တုကနေတစ်ဆင့် ခြေရာခံနိုင်သလို Triangulation လို့ခေါ်တဲ့ ဖုန်းတိုင်တွေကတဆင့် တြိဂံခြေရာခံနည်းစနစ်နဲ့လည်း ခြေရာခံနိုင်ပါတယ်)
အာဏာပိုင်တွေကသင့်ကိုခြေရာခံနေတယ်
လို့ ထင်ရင်၊ စိတ်ပူရင် သင်အသုံးပြုနေတဲ့ ဖုန်းကဒ်ကိုသာမက ဖုန်းကိုပါစွန့် ပစ်ပါ။
✳သင့်ဖုန်းက သင့်ကိုပြန်စောင့်ကြည့် နားထောင်နိုင်ပါတယ်
သင်ဖုန်းသုံးမနေတဲ့ အချိန်မှာတောင် တခြားသူတွေက လက်ကိုင်ဖုန်းတွေကို အသံဖမ်းစက်အဖြစ်အသုံးပြုပြီး သင်ဖုန်းနဲ့ဘာတွေပြောတယ်ဆို တာကို နားထောင်နိုင်ပါတယ်။ ဥပမာအားဖြင့် သင် သူငယ်ချင်း
တွေနဲ့ တွေ့ဆုံနေတယ်။ သင်တို့ဖုန်းတွေ ရှေ့ကစားပွဲပေါ်မှာရှိနေ
တယ်ဆိုရင် သင်နဲ့ သူငယ်ချင်းတွေ ဘာတွေပြောတယ်ဆိုတာ
ကို အသံဖမ်းမှတ်တမ်းတင်ဖို့အတွက် အဲဒီဖုန်းတွေကို သုံးနိုင်ပါတယ်။ ဖုန်းပိတ်ထားရုံနဲ့မလုံလောက်တဲ့အတွက် အဲဒီလိုစောင့်ကြည့်
နားထောင်အသံဖမ်း မှတ်တမ်းတင်တာကို ကာကွယ်ဖို့ တစ်ခုတည်းသောနည်းလမ်းက ဖုန်းထဲကဓါတ်ခဲကိုထုတ်ထားဖို့ပဲ
ဖြစ်ပါတယ်။
✳သင့်လက်ကိုင်ဖုန်းနဲ့ ဖုန်းကဒ်က သင်ဘယ်သူလဲဆိုတာ ဖော်ထုတ်နိုင်ပါတယ်
သင်ဘယ်သူလဲဆိုတာ ဖုန်းကနေတဆင့်ဖော်ထုတ်သိရှိ တာ ကိုကာကွယ်ချင်ရင်ဖုန်းကဒ်ြေ ပာင်းရုံနဲ့ မလုံလောက်ပါဘူး။ ဖုန်းတိုင်းမှာထူးခြားတဲ့နံ ပါတ်တွေရှိပါတယ်။ အဲဒီအတွက်
လုံခြုံစိတ်ချချင်ရင် ဖုန်းကဒ်ပြောင်းသုံးရုံတင်မ ဟုတ်ပဲဖုန်းကိုပါ ပြောင်း
သုံးရမှာဖြစ်ပါတယ်။
သင့်လက်ကိုင်ဖုန်းနဲ့ ဖုန်းကဒ်က သင်ဘယ်သူလဲဆိုတာဖော်ထုတ်နို င်
ပါတယ်။ ဖုန်းလက်ခံစကားပြောတာပဲဖြစ် ဖြစ်၊ ကိုယ်ကဖုန်းခေါ်
တာပဲဖြစ်ဖြစ်၊ မက်ဆေ့ခ်ျပို့တာပဲဖြစ်ဖြစ်၊ အင်တာနက်သုံး တာပဲဖြစ်ဖြစ် ဒါမှမဟုတ် ဘာမှသုံးမနေပဲ အင်တာနက်နဲ့ချိတ်မိနေတာ
ပဲဖြစ်ဖြစ် ဖုန်းကွန်ယက်နဲ့ ချိတ်ဆက်ထားတယ်
ဆိုရင် ဖုန်းကဒ်အပြင် ဖုန်းနဲ့ပတ်သက်တာတွေ ကိုပါ စုံစမ်းသိရှိနိုင်ပါတယ်။
✳ဖုန်းကဒ်ကနေ သင်ဘယ်သူလဲဆိုတာ ဘယ်လိုမျိုးဖော်ထုတ်နိုင်တာ လဲ
ဖုန်းဆင်းမ်ကဒ်ထဲမှာ ဖုန်းကဒ်ပိုင်ရှင်(သင်) နဲ့ပက်သက်တဲ့ အချက်အ
လက်တွေ သိမ်းဆည်းထားပါတယ်။ အဲဒီအချက်အလက်တွေက (ဖုန်းကဒ်ဝယ်ချိန်မှာ သင်ပေးထားတဲ့ အချက်
အလက်တွေဖြစ်ပြီး)သင့်ဖုန်းကုမ္ပဏီကသင်ဘယ်သူလဲဆိုတာကို
ခွဲခြားအသုံးပြုရာမှာ သုံးပါတယ်။
✳လက်ကိုင်ဖုန်းကနေ သင်ဘယ်သူလဲဆိုတာ ဘယ်လိုမျိုးဖော်
ထုတ်နိုင်တာလဲ
ဖုန်းကဒ်ကနေတဆင့် သင်ဘယ်သူလဲဆိုတာကိုဖော်ထုတ် နိုင်တဲ့အပြင်
လက်ကိုင်ဖုန်းကလဲ သင့်ကို ဒုက္ခရောက်စေ
နိုင်ပါတယ်။ လက်ကိုင်ဖုန်းတိုင်းမှာ (International Mobile Equipment
Identity-IMEI လို့ခေါ်တဲ့ နိုင်ငံတကာ လက်ကိုင်ဖုန်းခွဲခြားသိရှိေ ရးဆိုင်ရာ)
ထူးခြားတဲ့နံပါတ်တွေရှိပါတယ်။ အဲဒီ နံပါတ်ကနေတဆင့် သင့်ကိုအချိန်
မရွေး ခြေရာခံလို့ရပါတယ်။
ဒါကြောင့် ဒီဂျစ်တယ်ကမ္ဘာကြီးထဲမှာရှင် သန်နေထိုင်နေရသော သင်ဟာ
တစ်စုံတစ်ယောက်ရဲ့ နောက်ယောင်ခံစောင့်ကြည့်လေ့ လာနေခြင်းကို ခံရနိုင်
တယ်ဆိုတာကို သတိပြုပါ။
Credit to ဘလော့ခရီးသည်
K.K(ကနောင်)
သတိပြုစရာများ
========================
အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းသုံးစွဲသူတွေ
အရေအတွက်ကလည်း အများအပြားရှိလာပြီမို့ မိုဘိုင်းလ်ဖုန်းသုံးစွဲ
သူများသိထားသင့်သော တယ်လီဖုန်းခြေရာခံခြင်းနဲ့ 
ပတ်သက်ပြီး ဘယ်လိုမျိုးခြေရာခံတယ်၊ ကိုယ့်ကိုခြေရာခံနေတာကို ဘယ်လိုကာကွယ်ရမယ်ဆိုတာကို ဖော်ပြလိုက်ပါတယ်။
✳သင်ဘယ်မှာရှိနေတယ်ဆိုတာကို ဘယ်လိုခြေရာခံသလဲ ?
ဒါကတော့ရိုးရှင်းပါတယ်။ သင်အသုံးပြု
နေတဲ့ ဖုန်းနဲ့ အနီးဆုံး တယ်လီဖုန်းရေဒီယို တာဝါတိုင်သုံးခုကိုအသုံးပြု
မြို့ ပြလိုနေရာမျိုးမှာ (ဥပမာ - ကျွန်တော်တို့ ရန်ကုန်ပေါ့ ) ခြေရာခံမယ်
ဆိုရင် တယ်လီဖုန်းတာဝါတိုင်တွေ အများကြီးရှိတဲ့အတွက်
၁၀ ပေ ၁၅ ပေ အတွင်းအတိအကျသိနိုင်ပေမယ့်ဖ
နည်းပါးတဲ့ ကျေးလက်ဒေသလိုနေရာမျိုးမှာေ
သင်ဖုန်းလက်ခံစကားပြောတာ Messageပို့ချိန်မျိုးမှာ သင်ဘယ်နေရာမှာရှိနေတယ်ဆိုတာ
ကွန်ယက်တိုင်းက သင့်ဖုန်းကအသံလှိုင်းကို တြိဂံနည်းစနစ်သုံးပြီး ခြေရာခံနိုင်ပါတယ်။ အဲဒီအတွက် ဒီလိုအချက်အလက်ကိုသုံးပြီး (ဘယ်မှာရှိနေတယ်ဆိုတာသိပြီး
ဒုက္ခပေးနိုင်တယ်ဆိုတာ မမေ့ဖို့ အင်မတန်အရေးကြီးပါတယ်။
သင့်လက်ကိုင်ဖုန်းက ချိတ်ဆက်မိတဲ့ ဖုန်းတာဝါတိုင်တိုင်းကို သင်
ဘယ်မှာရှိနေတယ်ဆိုတာ စဉ်ဆက်မပြတ် သတင်းပို့ပါတယ်။ ခြေရာမခံမိစေချင်ရင် ဖုန်းထဲကဓါတ်ခဲကိုထုတ်ရုံသာ
အိမ်မှာထားခဲ့လိုက်ပါ။
✳ခြေရာခံခြင်းနဲ့ပတ်သက်ပြီး သတိပြုသင့်တဲ့ အချက်တစ်ချို့
သင်ပုံမှန်အသုံးပြုသည့် (Subscriber
Identity Module - SIM လို့ခေါ်တဲ့ ဖုန်းဆင်းမ်ကဒ်) အပြင် အခြားပြောင်းလဲ
အသုံးပြုနိုင်မယ့် (ဖုန်းကုမ္ပဏီမတူတဲ့) ဆင်းမ်ကဒ်တစ်ခု ဆောင်ထားပါ။ ဖြစ်နိုင်ရင်တော့ ဖုန်းတလုံးထက်မက သယ်ဆောင်အသုံးပြုပါ။
အစည်းအဝေးတွေအတွက် ခရီးသွားနေစဉ်အတွင်း ဖုန်းကတဆင့် ခြေရာမခံနိုင်အောင်၊ ဘယ်နေရာရောက်နေတယ်ဆိုတာ မသိရ
အောင် ဖုန်းထဲကဓါတ်ခဲကို ထုတ်ထားပါ။ (ဖုန်းပိုင်ရှင် ဘယ်နေရာမှာရှိတယ်ဆိုတာ GPS စနစ်လို့ခေါ်တဲ့ ဂြိုလ်တုကနေတစ်ဆင့် ခြေရာခံနိုင်သလို Triangulation လို့ခေါ်တဲ့ ဖုန်းတိုင်တွေကတဆင့် တြိဂံခြေရာခံနည်းစနစ်နဲ့လည်
အာဏာပိုင်တွေကသင့်ကိုခြေရာခ
လို့ ထင်ရင်၊ စိတ်ပူရင် သင်အသုံးပြုနေတဲ့ ဖုန်းကဒ်ကိုသာမက ဖုန်းကိုပါစွန့် ပစ်ပါ။
✳သင့်ဖုန်းက သင့်ကိုပြန်စောင့်ကြည့် နားထောင်နိုင်ပါတယ်
သင်ဖုန်းသုံးမနေတဲ့ အချိန်မှာတောင် တခြားသူတွေက လက်ကိုင်ဖုန်းတွေကို အသံဖမ်းစက်အဖြစ်အသုံးပြုပြီ
တွေနဲ့ တွေ့ဆုံနေတယ်။ သင်တို့ဖုန်းတွေ ရှေ့ကစားပွဲပေါ်မှာရှိနေ
တယ်ဆိုရင် သင်နဲ့ သူငယ်ချင်းတွေ ဘာတွေပြောတယ်ဆိုတာ
ကို အသံဖမ်းမှတ်တမ်းတင်ဖို့အတွက
နားထောင်အသံဖမ်း မှတ်တမ်းတင်တာကို ကာကွယ်ဖို့ တစ်ခုတည်းသောနည်းလမ်းက ဖုန်းထဲကဓါတ်ခဲကိုထုတ်ထားဖု
ဖြစ်ပါတယ်။
✳သင့်လက်ကိုင်ဖုန်းနဲ့ ဖုန်းကဒ်က သင်ဘယ်သူလဲဆိုတာ ဖော်ထုတ်နိုင်ပါတယ်
သင်ဘယ်သူလဲဆိုတာ ဖုန်းကနေတဆင့်ဖော်ထုတ်သိရှိ
လုံခြုံစိတ်ချချင်ရင် ဖုန်းကဒ်ပြောင်းသုံးရုံတင်မ
သုံးရမှာဖြစ်ပါတယ်။
သင့်လက်ကိုင်ဖုန်းနဲ့ ဖုန်းကဒ်က သင်ဘယ်သူလဲဆိုတာဖော်ထုတ်နို
ပါတယ်။ ဖုန်းလက်ခံစကားပြောတာပဲဖြစ်
တာပဲဖြစ်ဖြစ်၊ မက်ဆေ့ခ်ျပို့တာပဲဖြစ်ဖြစ်၊
ပဲဖြစ်ဖြစ် ဖုန်းကွန်ယက်နဲ့ ချိတ်ဆက်ထားတယ်
ဆိုရင် ဖုန်းကဒ်အပြင် ဖုန်းနဲ့ပတ်သက်တာတွေ ကိုပါ စုံစမ်းသိရှိနိုင်ပါတယ်။
✳ဖုန်းကဒ်ကနေ သင်ဘယ်သူလဲဆိုတာ ဘယ်လိုမျိုးဖော်ထုတ်နိုင်တာ
ဖုန်းဆင်းမ်ကဒ်ထဲမှာ ဖုန်းကဒ်ပိုင်ရှင်(သင်) နဲ့ပက်သက်တဲ့ အချက်အ
လက်တွေ သိမ်းဆည်းထားပါတယ်။ အဲဒီအချက်အလက်တွေက (ဖုန်းကဒ်ဝယ်ချိန်မှာ သင်ပေးထားတဲ့ အချက်
အလက်တွေဖြစ်ပြီး)သင့်ဖုန်းက
ခွဲခြားအသုံးပြုရာမှာ သုံးပါတယ်။
✳လက်ကိုင်ဖုန်းကနေ သင်ဘယ်သူလဲဆိုတာ ဘယ်လိုမျိုးဖော်
ထုတ်နိုင်တာလဲ
ဖုန်းကဒ်ကနေတဆင့် သင်ဘယ်သူလဲဆိုတာကိုဖော်ထုတ်
လက်ကိုင်ဖုန်းကလဲ သင့်ကို ဒုက္ခရောက်စေ
နိုင်ပါတယ်။ လက်ကိုင်ဖုန်းတိုင်းမှာ (International Mobile Equipment
Identity-IMEI လို့ခေါ်တဲ့ နိုင်ငံတကာ လက်ကိုင်ဖုန်းခွဲခြားသိရှိေ
ထူးခြားတဲ့နံပါတ်တွေရှိပါတယ
မရွေး ခြေရာခံလို့ရပါတယ်။
ဒါကြောင့် ဒီဂျစ်တယ်ကမ္ဘာကြီးထဲမှာရှင်
တစ်စုံတစ်ယောက်ရဲ့ နောက်ယောင်ခံစောင့်ကြည့်လေ့
တယ်ဆိုတာကို သတိပြုပါ။
Credit to ဘလော့ခရီးသည်
K.K(ကနောင်)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။