လေယာဉ်တည်ဆောက်ထုတ်လုပ်ရေးကဏ္ဍမှာ ၀န်အလေးချိန်ပေါ့ပါးအောင်လျှော့ချနိုင်ခြင်းဟာ အလွန်အရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ ပေါ့ပါးတဲ့လေယာဉ်တစ်စီးဟာ လောင်စာဆီသုံးစွဲမှု ပိုမို နည်းပါးမှာဖြစ်ပြီး လောင်စာဆီ ဆိုတာ လေကြောင်းလိုင်းကုမ္ပဏီတွေ သုံးစွဲနေရတဲ့ အကြီးမားဆုံး ကုန်ကျစရိတ် တစ်ခုဖြစ်ပါတယ်။
နာမည်ကျော်ဘိုးအင်းကုမ္ပဏီရဲ့ 787 Dreamliner လေယာဉ်ဟာ သာမန်သုံးစွဲနေကြ အလူမီနီယမ်သတ္တုအစား အလေးချိန်အလွန်ပေါ့ပါးတဲ့ ကာဗွန်ဖိုင်ဘာ ပေါင်းစပ်သတ္တုတစ်မျိုးကို အသုံးပြုထားပြီး အကောင်းဆုံး လောင်စာဆီချွေတာနိုင်မှုကို ပေးစွမ်းနိုင်တဲ့ လုပ်ငန်းသုံးဂျက်လေယာဉ် တစ်စီးဖြစ်ခဲ့ပါတယ်။ အနာဂတ်မှာ Boeing ဟာ ယခု Microlattice သတ္တုကို 787 လေယာဉ်တွေမှာ ထည့်သွင်းထားဖို့ ရှိပါတယ်။
ဒီ microlattice ခေါ် အနုစိတ်ကွန်ချာကွက်သတ္တုဟာ ကွေးဆန့် မှုကို ခံနိုင်ရည်ရှိသလို အလွန်မာကျောတဲ့ သတ္တုတစ်မျိုးလည်းဖြစ်တယ်လို့ Boeing က ဆိုပါတယ်။ ဒီ သတ္တုအမျိုးအစားကိုသာ ကျယ်ကျယ်ပြန့် ပြန့် သုံးစွဲကြ မယ်ဆိုရင် လေကြောင်းလိုင်းတွေအနေနဲ့ ငွေအမြောက်အများကို ချွေတာနိုင်မှာဖြစ်တယ်လို့ Boeing ကုမ္ပဏီက ဖွင့်ဟခဲ့ပါတယ်။
Microlattice သတ္တုဟာ ၉၉.၉၉ ရာခိုင်နှုန်း လေ ကဲ့သို့ ပေါ့ပါးပြီး လေယာဉ်ဘေးဘက်ကိုယ်ထည်၊ လေယာဉ်ကြမ်းခင်းအကန့် တွေလိုမျိုး လေယာဉ်အစိတ်အပိုင်းတွေမှာ အဓိကတပ်ဆင်သုံးစွဲသွားနိုင်မှာ ဖြစ်ပါတယ်။ ဒီသတ္တုကို General Motors (GM) နဲ့ Boeing တို့ ကုမ္ပဏီနှစ်ခုပူးတွဲတည်ထောင်ထားတဲ့ HRL Laboratories ၊ Cal Tech နဲ့ UC Irvine ကုမ္ပဏီတို့ ပူးတွဲဖန်တီးခဲ့တာဖြစ်ပြီး ကာဗွန်ဖိုင်ဘာမျှင်ရဲ့ အလေးချိန် ဆယ်ပုံတစ်ပုံသာရှိကာ တကယ်တမ်းပြောရမယ်ဆိုရင် လေထက်တောင် ပေါ့ပါးတယ်လို့ ဆိုပါတယ်။
ဒီသတ္တုကို နောက်ငါးနှစ်အတွင်း Boeing က ထုတ်ဖို့ ရည်မှန်းထားတဲ့ အာကာသဒုံးပျံတွေမှာ စတင်အသုံးပြု သွားဖွယ်ရှိပြီး အဆိုပါဒုံးပျံတွေအပြီး နောက်ထပ်ငါးနှစ်အကြာမှာမှ လုပ်ငန်းသုံးဂျက်လေယာဉ်တွေထံမှာ အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ကားတွေမှာအသုံးပြုနိုင်ဖို့ အတွက်တော့ ဒီသတ္တု ထုတ်လုပ်မှုစရိတ်ကို နည်းနည်းထပ်လျှော့ချနိုင်အောင် လုပ်ဖို့ လိုမှာဖြစ်ပါတယ်။
Ref: CNN
Trend Myanmar

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။