"အောင်ပွဲမရရင်နေပါစေ ရန်သူနဲ့ တော့ ပေါင်းမစားပါနဲ့  "
-------------------------------------------------------------------
ကျူးဘား နိုင်ငံက ပြည်သူတွေ ကို ဖိနှိပ်နေတဲ့ သမ္မတ ဖိုဂျန်စီရို Fulgencio Batista.ကို ငါးနှစ် ငါးလ ခြောက်ရက်ကြာအောင် (26 July 1953 –မှ 1 January 1959) လူထု တော်လှန်ရေး တိုက်ပွဲနဲ့  ဖြုတ်ချပစ်နိုင်ခဲ့တဲ့ ကျူးဘား တော်လှန်ရေး ကာလအတွင်းမှာ .....

Che
Guevara ချီကွေဘာရား -Fidel Castro ကက်စတို တို့ နဲ့  အတူ တိုက်ပွဲဝင်ခဲ့
တဲ့ chemical engineer ဓါတုဗေဒ အင်ဂျင်နီယာ သူ ကျောင်းသူ Vilma Lucila
ဘယ်မာ လူစီလာ ဖြစ်ပါတယ်။
အတိုက်အခံဘ၀ကနေ တော်လှန်ရေးထဲမှာ ပါဝင်လာခဲ့သူ "ဘယ်မာ "က စိတ်ဓါတ် ခိုင်မာပြီး ဘယ်တော့မှ အညံ့မခံတဲ့ သူမစိတ်ဓါတ်က ကျူးဘားအမျိုး သမီးထု တရပ်လုံးအတွက် အတုယူရမှာပါ။
၁၉၅၉ခု တော်လှန်ရေး ပြီးတဲအခါ ဘယ်မာ လူစီလာ ဟာ အမျိုးသမီး
အခွင့် အရေး ဦးဆောင် တိုက်ပွဲဝင်သူဖြစ်လာခဲ့ပါတယ်၊ သူမဦးဆောင်ခဲ့တဲ့ အမျိုးသမီး အဖွဲ့ မှာ အဖွဲ့ ဝင်ပေါင်း သုံးသန်းကျော်ခဲ့ပြီး ဘယ်မာဟာ
၂၀၀၇ခုနှစ် အသက် (၇၇ ) မှာ သေဆုံးခဲ့ပါတယ်။
ကျူးဘား တော်လှန်ရေး လောကမှာတော့"မယ်ဘာ"ကို သံမဏိပန်း တပွင့်
လို့ တောင် ခေါ်ကြပါတယ်.၊..လေးစားလောက်တဲ့ သူမရဲ့ မူတခုကတော့ .
.
"အောင်ပွဲမရရင်နေပါစေ ရန်သူနဲ့ တော့ ပေါင်းမစားပါနဲ့  "
Credit to သုတဇုန်
K.K(ကနောင်)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။