မြန်မာတွေ သိက္ခာကျခဲ့ရပြီ
-------------------------- -------
ထိုင်းနိုင်ငံ မဲဆောက်မြို့အတွင်း ပြည်သူပိုင်လမ်းမပေါ် ကွမ်းတံတွေး
ထွေးလိုက်တာ ထိုင်းစည်ပင်က ဖမ်းမိလို့ ဘတ်ငွေ ၂၀၀၀ ဒဏ်ရိုက်လိုက်ပါတယ်။
ဒီသတင်းဟာ ထိုင်းသတင်းစာမျက်နှာများနဲ့  ဖေ့စ်ဘုတ်စာမျက်နှာများပေါ်မှာ စည်းကမ်းမရှိတဲ့ မြန်မာလူမျိုးဆိုပြီး တဟုန်ထိုး နာမည်ကြီးလာပါတယ်။
စည်းမဲ့ကမ်းမဲ့လူတစ်ဦးကြော င့် မိမိတို့မြန်မာလူမျိုးများ သိက္ခာကျဆင်းခဲ့ရပါပြီ။
တစ်ဆက်တည်းမှာပဲ ဆက်စပ်တဲ့သတင်းတစ်ခုကို ပြန်ပြောပြချင်ပါတယ်။ ၂၀၀၉ ခုနှစ်လောက်မှာ ဖေ့စ်ဘုတ်စတင်နာမည်ကြီးလာတဲ့ အချိန်ကပါ။ အမေရိကန်နိုင်ငံမှ အများပြည်သူအတွက် ဖွင့်လစ်ထားတဲ့ ဆိုင်ကြီးတစ်ခုမှာ " မြန်မာများ မလာရ" ဆိုပြီး ဆိုင်းဘုတ်တစ်ခု ရေးထားပါတယ်။
အဲဒီဆိုင်းဘုတ်ကိုမြင်ရတော့ မြန်မာတွေက ဒေါသထွက်ကြပြီး ဒါလူ့အခွင့်အရေးချိုးဖောက်တာပဲဆိုပြီး ဆိုင်ရှင်နဲ့ ရှင်းကြပါတယ်။ အရင်းစစ်ကြည့်လိုက်တော့ အဲဒီဆိုင်းဘတ်ကို ရေးတင်ထားသူဟာ ဆိုင်ရဲ့သန့်ရှင်းရေးဝန်ထမ်းတစ်ဦး ဖြစ်နေပါတယ်။
ဘာ့ကြောင့်ဒီလိုရေးရသလဲလို့ မေးလိုက်တော့ အိမ်သာ၊ ရေးချိုးခန်း၊ အမှိုက်ပုံတို့မှာ တံထွေးအနီရောင်တွေ မကြာခဏပေကျံနေလို့ ဘယ်သူလုပ်တာလဲ စောင့်ကြည့်တော့ မြန်မာတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ တစ်ဦးတည်းတစ်ယောက်တည်းမကပဲ မြန်မာအတော်တော်များများက ဒီလိုထွေးနေတာကို တွေ့ခဲ့ရလို့ မြန်မာလူမျိုးတွေ စည်းကမ်းမရှိလို့ မလာအောင် ရေးလိုက်တာတဲ့။ ကဲ အခုတော့ ကမ္ဘာ့အလယ်မှာ မြန်မာတွေဟာ ကိုယ့်ပေါင်ကိုယ်လှန်ထောင်း ရတဲ့အဖြစ်မျိုး ကြုံခဲ့ရပြီလေ။ ဘယ်လောက်ရှက်ဖို့ကောင်းသလဲ။
မြန်မာလူမျိုးများ ရောက်တဲ့နေရာတိုင်းမှာ ကိုယ့်စည်းကိုယ့်ကမ်းနဲ့ကို ယ် နေထိုင်နိုင်ကြဖို့ တိုက်တွန်းအပ်ပါတယ်။
(ထိုင်းနိုင်ငံရောက်မြန်မာတို့၏သတင်းများ)
--------------------------
ထိုင်းနိုင်ငံ မဲဆောက်မြို့အတွင်း ပြည်သူပိုင်လမ်းမပေါ် ကွမ်းတံတွေး
ထွေးလိုက်တာ ထိုင်းစည်ပင်က ဖမ်းမိလို့ ဘတ်ငွေ ၂၀၀၀ ဒဏ်ရိုက်လိုက်ပါတယ်။
ဒီသတင်းဟာ ထိုင်းသတင်းစာမျက်နှာများနဲ
စည်းမဲ့ကမ်းမဲ့လူတစ်ဦးကြော
တစ်ဆက်တည်းမှာပဲ ဆက်စပ်တဲ့သတင်းတစ်ခုကို ပြန်ပြောပြချင်ပါတယ်။ ၂၀၀၉ ခုနှစ်လောက်မှာ ဖေ့စ်ဘုတ်စတင်နာမည်ကြီးလာတဲ
အဲဒီဆိုင်းဘုတ်ကိုမြင်ရတော့
ဘာ့ကြောင့်ဒီလိုရေးရသလဲလို့
မြန်မာလူမျိုးများ ရောက်တဲ့နေရာတိုင်းမှာ ကိုယ့်စည်းကိုယ့်ကမ်းနဲ့ကို
(ထိုင်းနိုင်ငံရောက်မြန်မာတ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။