Singapore လမ်းညွှန် added 3 new photos.
စင်္ကာပူနိုင်ငံ
စင်္ကာပူရောက်မြန်မာများသတိထားကြပါရန် ။
စင်္ကာပူကောင်းကင်မှာ မီးခိုး(Haze) တွေ များနေပြီ။
ယမန်နေ့ (၅-၉-၂၀၁၅) က မီးခိုးတွေ ဟာ စင်္ကာပူနိုင်ငံရဲ့ ကောင်းကင်ယံမှာထပ်မံဖြစ်ပေါ်လျှက်ရှိပါတယ် ။
NEA (National Environment Agency / အမျိုးသားသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အေဂျင်စီမှ ) ထုတ်ပြန်တဲ့
၃ နာရီ တစ်ကြိမ် တိုင်းတဲ့ PSI (Pollutant Standards Index / လေထုညစ်ညမ်းမှု့စံနှုန်း) အညွှန်းကိန်းဟာလည်း ၁၀၀ အထက်ရှိနေပါတယ် ။
၃ နာရီ တစ်ကြိမ် တိုင်းတဲ့ PSI (Pollutant Standards Index / လေထုညစ်ညမ်းမှု့စံနှုန်း) အညွှန်းကိန်းဟာလည်း ၁၀၀ အထက်ရှိနေပါတယ် ။
ယနေ့၅.၉.၁၅ ညအချိန် PSI တိုင်းတာချက်မှာတော့ ၁၀၉အထိ ရောက်ရှိနေပါတယ် ။
Haze မီးခိုးငွေ့တွေဟာ ညအချိန်ဆိုသိသာစွာမမြင်ရနိုင်ပါဘူး ၊ ဒါပေမယ့် အသက်ရှုနေရင်း သစ်ရွက်ခြောက်မီးရှို့သလိုအနံ့မျိုးရနေပြီဆို Haze တွေ လေထုထဲမှာများနေပါပြီ ၊ စင်ကာပူနိုင်ငံရှိ ရေဒီယို တီဗီအစီအစဉ်တွေမှလည်း Haze ကိုတိုင်းတာတဲ့ PSI အညွှန်းကိန်းကို မကြာခဏထုတ်လွှင့်ပေးနေတာတွေ့ရမှာပါ ။
Haze မီးခိုးငွေ့တွေများပြားနေချိန်မှာ ပြင်ပလေဟာနယ်မှာ အလုပ်လုပ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်လိုမျိုးက သူတွေ နှာခေါင်းစီး(Mask)နဲ့ (Safety Goggle) မျက်မှန်လိုမျိုးတွေတပ်ဆပ်ထားပြီး အကျ င်္ီလက်ရှည်ဝတ်ဆင်ထားသင့်ပါတယ် ။
ယခင်နှစ်တွေက အင်ဒိုနီးရှားနိုင်ငံဘက်မှာ တောမီးတွေလောင်ကျွမ်းတာကြောင့် Haze မီးခိုးငွေ့တွေအများအပြားဖြစ်ပေါ်ခဲ့ကာ စင်္ကာပူတစ်ကျွန်းလုံး မြူဆိုင်းသလိုဖြစ်ခဲ့ရပြီး မျက်နှာဖုံးတွေတပ်ဆင်ခဲ့ကြရပါတယ် ။
မိုးမပြို ပြိုခဲ့သည်ရှိသော်
အရေးပေါ်အခြေအနေအတွက် မျက်နှာဖုံးတွေ အသင့်ဝယ်ယူထားသင့်ပြီး အိတ်ထဲဆောင်ထားသင့်ပါတယ် ။
မျက်နှာဖုံးဝယ်ယူရာမှာလည်း Surgery Face Mask မှ 3M တံဆိပ်အရည်အသွေးကောင်းမျက်နှာဖုံးတွေထိ အမျိုးအစားစုံရှိပြီး 3Mတံဆိပ်မျက်နှာဖုံးတွေက အမျိုးအစားကောင်းမွန်တာကြောင့် ဈေးနှုန်းကြီးမြင့်ပါတယ် ။ယခင်နှစ်တွေက Haze များပြားချိန်မှာ မျက်နှာဖုံးတွေရောင်းမလောက်ဖြစ်ကာ ပစ္စည်းပြတ်သွားခဲ့တဲ့ ဖြစ်စဉ်တွေရှိတာမို့ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ် ။

သက်ဆိုင်ရာက တီဗီတွေ ရေဒီယိုတွေကနေတစ်ဆင့် ပြင်ပလေဟာနယ်ကို မလိုအပ်ပဲမထွက်ဖို့ နဲ့  အားကစားလေ့ကျင့်ခန်းများလည်း outdoor မှာ မလုပ်ကြဖို့ သတိပေးလျှက်ရှိပါတယ်။အများပြည်သူသက်ဆိုင်ရာနေရာတွေဖြစ်တဲ့ အားကစားကွင်း ရေကူးကန် တင်းနစ်စ်ကွင်း ဘောလီဘော ဘတ်စ်ကတ်ဘောကွင်းစတာတွေကိုလည်း Haze ကိုတိုင်းတာတဲ့ ယူနစ်PSI အညွှန်းကိန်းမြင့်မားနေရင် ၀င်ရောက်ခွင့်ပေးမှာမဟုတ်လို့ အားကစားလုပ်ကြမယ့်သူတွေလည်း သတိထားသင့်ပါတယ် ။
လာမည့် သီတင်းပတ် (၆-၉-၂၀၁၅ ကနေ ၁၂-၉-၂၀၁၅ အထိ) စင်္ကာပူကောင်းကင်ယံမှာ မီးခိုးတွေရှိနေနိုင်တယ်လို့ NEA ကကြေငြာထားပါတယ် ။
Credit :
Today News and
Singapore လမ်းညွှန်
Non-Profit Organization Admin Team .
Today News and
Singapore လမ်းညွှန်
Non-Profit Organization Admin Team .
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။