ဘောလုံးပုံပြင်
===========
ဗီး.....။
နှဲသံနဲ့ အမွှာတွေအလား အောက်မေ့ရလောက်အောင် ဆင်တဲ့ ဒိုင်လူကြီးရဲ့အသံးစူးစူး ခရာသံအောက်မှာ နွားသိုးကြိုးပြတ်လွှတ်သွားသလို
ဖုန်တလုံးလုံးနဲ့ ပြေးဝင်လာကြတဲ့ တဖက်အသင်းကို ကြည့်ပြီး ဂလုခနဲမြို ချလိုက်တဲ့ တံတွေးတောင် လည်စလုတ်မှာ သောင်တင်သွားသည်။
ဘောလုံးရှိတဲ့နေရာ မှာ ဖုန်ထုတွေ သိပ်သိပ်သည်းသည်း။
နည်းတဲ့ ဖုန်ထု ကြီးမှ မဟုတ်တာ။ လူတစ်ရပ်ထဲ ပိုမြင့်တဲ့ ဖုန်ထုကို ကြည့်ပြီး ဖျားချင်သွားမိသည်။
ဆွယ်တုန်းကတော့ ကမ္ဘာအဆင့်မှီ မြက်ခင်းအစစ် နဲ့ ဘောလုံးကွင်းတဲ့ဗျာ။
အခုဟာက ရွာထိပ်က လယ်ကွင်းကို အချိန်လုရှင်းပြီး ဆင်ထားတဲ့ ကွင်းကြီး ။
နွေခေါင်ခေါင် မှာ ဒီ ထီးတလင်းပြင် ကြီးထဲမှာ အသေဆော် နေကြရသည်။
ဖိုးသောင်း အံကိုကြိတ်ပြီး မျက်စုံမှိတ်ကာ ထို ဖုန်လုံးထုထဲသို့ မာန်တင်းပြီး ပြေးဝင်သွားလိုက်မိသည်။
''ခွပ်..."
"ဟင်...။"
ယက်ကန်ကန် ပြန်ထွက်လာပြီး မျက်စိပေကလပ် ပေကလပ်နဲ့ မိမိကို ဘယ်သူက တွယ်သွားမှန်းမသိရ။
ဒေါသက ထောင်းခနဲငယ်ထိပ်ကို ဆောင့်တက်လာသည်။
အားကိုရနိုးနိုး ဒိုင်လူကြီး ဖြစ်သူကို လှည့်ပတ်ရှာမိတော့ မတွေ့။
ဘေးဒိုင်၊ဘေးဒိုင်...
ကတွက်ကရွတ် ရေရွတ်ပြီး ရှာ ဖွေမိပြန်သည်။
မတွေ့။
ဘယ်ရောက် ကုန်ကြပါလိမ့်။
အတွေးကို ခေါင်းတခါခါ နဲ့ ဖယ်လိုက်ပြီး မိမိအသင်းကို လှည့်ကြည့်တော့ အနောက်တန်းမှာ ထိုင်လျက်သား သာ တွေ့ရတဲ့ မောင်ညို ။
ဒီကောင်က ဂိုးသမား။ မနေ့ကတောင် ကန်ချင်ပါလျက်နဲ့ ဘောလုံးမကန်ရလို့ဆိုပြီးစိတ်ခုနေလို့ မနည်းပြန်ချော့ရသေးသည်။ ကံဆိုးသူ ခမြာ မဲဖောက်တော့ ဂိုးဖမ်းဖို့ မဲကျသွားသည်။ စောဒက ကလဲ တက်လို့ မရ။ ဒိုင်လူကြီးက ရွာဦးကျောင်း ကပ္ပိယ ကိုး။တစ်ချက်လွှတ် အမိန့်ဆိုရင် လူမပြောနဲ့ ခွေးကတောင် ဖိန်ရတဲ့ သူတော်မျိုး။
လက်သံကလဲ တယ်ပြောင် တဲ့ သူ။ ကျောင်းထိုင်ဆရာတော်ကိုယ်တိုင်က အာဏာ အပြည့် လွှဲပေးထားခြင်းခံရတာလဲ ပါ၏။
ထားပါတော့....ကျန်တဲ့ အသင်းသားတွေကော။
တစ်ယောက်မှ မတွေ့ ရ။
တဗုန်းဗုန်း၊ တ၀ုန်းဝုန်းနဲ့ ဒီဖုန်လုံးထဲ ၀င်ဆွဲနေ ကြတယ်ထင်ပါ့။
ချောင်းဆိုးသံတွေ၊ ဆဲသံတွေ။
''ဟကောင့်....ဘယ်ကောင်လဲ ငါ့ကို ဆိတ်သွားတာ...။"
"ဘယ်ကောင်လဲကွ ငါ့ ဆံပင်ဆွဲတာ..ဟင်..မောင်ဆိတ် ။"
"တယ်..."
"ငါ...."
"ဘာလို့ ငါ့လက်ကို လိမ်နေရတာတုန်း..."
"ခွပ်...."
"ဖြန်း..."
"ခွပ်..."
"အား...ဘယ်ကောင်လဲ ငါ့ကို ထိုးတာ။"
"ဟကောင့်...အဲဒါ ငါ့နှာခေါင်းပေါက်ကွ။"
"မောင်နိုင် မဆွဲနဲ့ကွ...ငါတို့ က တသင်းတည်း။"
ဖိုး သောင်း အားတင်းပြီး ဖုန်ထုထဲကို ပြန်ဝင်မီ အပြု မှာ ....
''အွတ်....''
လည်မျို ကို တည့်တည့်လာမှန်တဲ့ ဘောလုံး။
နောက်ဖက်ကို ခြေလှမ်း လေးလှမ်းလောက် ဆုတ်သွားမိပြီး လျှာထွက် အသက်ပျောက်မတတ်၊ ချောင်း တဟွတ်ဟွတ်ဆိုးနေသည့်ကြားက ၀မ်းသာအားရ တွေ့လိုက်ရတဲ့ ဘောလုံးထံ အပြေးလေးသွားမိသည်။
ပျောက်သော သားငယ်ကို ပြန်တွေ့လိုက်ရသည့် မိခင်ရဲ့ ခံစားမှုလိုမျိုးအပြည့်အ၀ ခံစားမိလိုက်ရသည်။ (၀မ်းသာ လွန်းလို့ပြောပါတယ်။)
ဟုတ်တယ်လေ..ဟိုတလောကမှ မြို့ တက်ပြီး ၀ယ်လိုက်တဲ့ နံပါတ် ၅ ဘောလုံး။
ပြေးကန်လိုက်တိုင်း တပိန်းပိန်း နဲ့ နာစည် အူသွားမတတ် မြည် သဗျ။
ခြေမ နှင့် ကလော်ထိုး ပြီး ၊ခြေပု ထိုး ကန်ကြတာကို ကြည့်ပြီး မြတ်ချွာဘုရား တမိသည်။
ဒီဘောလုံးလေး မကွဲပါစေနဲ့။
လယ်လုပ်၊တောင်ယာ ခုတ်တဲ့ ခြေသလုံးတွေမို့ ကြွက်သားတွေ တပြို င်းပြိုင်း မာန်ဖီ နေတဲ့ကြ ကျန်းမာရေးကောင်းလှတဲ့ ခြေထောက်မည်းတွေကြားမှာ ရှိစုမဲ့စု နှင့် ၀ယ်ထားရတဲ့ ဒီဘောလုံးလေးကို သနားမိရသည်။
ဘောလုံးနားရောက်မယ် မရှိသေးဘူး ဘောလုံးကို ခြေမနဲ့ ၀င်ထိုး လိုက်တဲ့ခြေထောက် မည်းကြီး၊
''ဟင်...''
ဆာလောင်မွတ်သိပ်နေတဲ့ ကလေးငယ်ရှေ့ကို ကြက်ကောင်လုံးကြော်ချပြပြီး စားမယ်လုပ်မှ စွတ်ခနဲ ပြန်ယူပစ်ခံလိုက်ရသလိုမျိုး ဆွံ့အသွားမိပြီး နှမြော၊ဒေါသ စိတ်က ရုန်းကြွ လာသည်။
ခြေထောက်ပိုင်ရှင်ကို မော့ကြည့်လိုက်တော့ ဂိုးသမား မောင်ညို ။
ဘယ်ကနေ၊ဘယ်လို ဘယ်လို နှုန်းထားနဲ့ ပြေးလာခဲ့သလဲ မသိ။
ကျွမ်းနေပြီ ဖြစ်တဲ့ ကွမ်းသွားတွေနဲ့ သူ့ကို ကြည့် ဖြီးပြလိုက်တဲ့ မျက်နှာကို ရွံရှာ စွာ ကြည့်လိုက်မိပြီး၊ လွင့်ထွက်သွားတဲ့ ဘောလုံးကို အသဲအသန် ပြန်လိုက်ရှာမိသည်။
ကောင်းရော....။
ဘောလုံးဟာ ဖုန်ထုထဲ ပြန်ဝင်သွား သည်။
ယူကြုံးမရစွာ နှမြောတသသ ကြည့်လိုက်ပြီး ၊ မောင်ညို ကို မဲမယ်လုပ်တော့ သကောင့်သားက ဂိုးပေါက်ကို ပြန်ရောက်နေပြီ။
ဖုန်လုံးက အနည်းငယ်ကွဲ လာပေမဲ့ ဘောလုံးက နေရာကမရွေ့ ရသေး။ ဘောလုံးကို
သဲသဲမဲမဲ ကြုံးကန်နေကြသည်။ ဘောလုံးကို အမဲဖျက်သလို အပီဆွဲနေကြသည်။
ရွာရှေ့ပိုင်းက ဖိုးထောင် နှင့် အောင်လတ်တို့ လက်သီးနဲ့ အချီနွှဲနေကြသည်။
အရှက်နေရကို ကိုင်ပြီး လဲ သူက လဲ။
ကပ္ပိယ(ဒိုင်လူကြီး) က မတွေ့။ ဘာကို မျှ စိတ်ဝင်စားပုံမပေါ်။
ဖုန်လုံးကြားထဲမှာ ပေါ်တလှည့် ၊ပျောက်တလှည့် ဖြစ်နေတဲ့ ဘောလုံးကို သာ အသည်းအသန် ကြည့်နေလေရဲ့။
အားလုံးရဲ့အာရုံကလဲ ဘောလုံးပေါ်မှာ သာ ရှိပြီး ကျန်တဲ့ အရာကို ဂရုပင်မစိုက်ကြချေ။
ရုတ်တရတ်...
ခြေထောက်တွေကြားက နေ လွတ်ထွက်လာတဲ့ ဘောလုံးဟာ ဖိုးသောင်းရဲ့ ရှေ့ကို ရောက်လာသည်။
''အပီပဲ၊ဒါ ငါ့ ဘောပဲ....ဟီး ဟီး...ငါ့ဘောဟဲ့ ငါ့ဘော။''
သွားကို အစွန်းကို ဖြီးလိုက်ပြီး၊အံကိုကြိတ်၊ေ ခါင်းကိုမော့လို့ ထို ဘောလုံးကို မျက်စုံမှိတ် စိတ်ရှိလက်ရှိ အားရပါးရ ခြေမ ထိုးလိုက်သည်။
''ပိန်း...ပိန်း........(ပဲ့ တင်သံ) ''
(စကားချပ်...ဟင်းလင်းပြင်ကြီးထဲ မှာ ဘယ်လိုလုပ် ပဲ့တင်သံ ထွက်မလဲ ဆိုခဲ့ လျှင် စာရေးသူ သဘောသာ ဖြစ်သည်မို့ ခွင့်လွှတ် ဖတ်ပါလေ..grin emoticon )
''ဘုန်း....''
''အိ....''
နောက်ဆက်တွဲအသံတွေကြောင့် မျက်စုံကို ဖွင့်ကြည့် မိတော့...
''မွေးမေ မေ့...''
ဖိုးသောင်း မျက်လုံးတွေ အဆ တစ်ရာလောက် ပြူးသွားရသည်။
အားလုံးဟာ ကြက်သေ သေလို့။
''ဒီကောင်တော့ သွားပြီ...။'' (အားလုံးရဲ့ အတွေး)
မြေကြီး ပေါ်မှာ ဆန့်တငင်ငင် နဲ့ လဲ နေသူက တခြားသူမဟုတ်ပါ။
ရွာ၏ ဖိန့်ဖိန့်တုန်အောင် အကြောက်ရဆုံးသော ကပ္ပိယသာ ဖြစ်၏။
မျက်နှာမှာ အရှိုး ရာ နဲ့ ကပ္ပိယ၊ ရုတ်ချည်း အားလုံးရဲ့ မျက်နှာမှာ သံဝေဂ တရားတွေ ထင်ဟပ်လို့။
ဖိုးသောင်း...
ဖိုးသောင်း...
ကပ္ပိယကို နှာနှပ် သူက နှပ်၊ခြေမ ချိုးသူ က ချိုးနဲ့။
ဖိုးသောင်း...ကြက်သေ သေစွာ နံပါတ် ငါး ဘောလုံးကို အပြစ်ရှိစွာ ကြည့် လိုက်မိသည်။
========================== =================
ပြုံးနိုင်ကြပါစေ...
မာန်(ချိုးလူ)
===========
ဗီး.....။
နှဲသံနဲ့ အမွှာတွေအလား အောက်မေ့ရလောက်အောင် ဆင်တဲ့ ဒိုင်လူကြီးရဲ့အသံးစူးစူး ခရာသံအောက်မှာ နွားသိုးကြိုးပြတ်လွှတ်သွားသလို
ဖုန်တလုံးလုံးနဲ့ ပြေးဝင်လာကြတဲ့ တဖက်အသင်းကို ကြည့်ပြီး ဂလုခနဲမြို ချလိုက်တဲ့ တံတွေးတောင် လည်စလုတ်မှာ သောင်တင်သွားသည်။
ဘောလုံးရှိတဲ့နေရာ မှာ ဖုန်ထုတွေ သိပ်သိပ်သည်းသည်း။
နည်းတဲ့ ဖုန်ထု ကြီးမှ မဟုတ်တာ။ လူတစ်ရပ်ထဲ ပိုမြင့်တဲ့ ဖုန်ထုကို ကြည့်ပြီး ဖျားချင်သွားမိသည်။
ဆွယ်တုန်းကတော့ ကမ္ဘာအဆင့်မှီ မြက်ခင်းအစစ် နဲ့ ဘောလုံးကွင်းတဲ့ဗျာ။
အခုဟာက ရွာထိပ်က လယ်ကွင်းကို အချိန်လုရှင်းပြီး ဆင်ထားတဲ့ ကွင်းကြီး ။
နွေခေါင်ခေါင် မှာ ဒီ ထီးတလင်းပြင် ကြီးထဲမှာ အသေဆော် နေကြရသည်။
ဖိုးသောင်း အံကိုကြိတ်ပြီး မျက်စုံမှိတ်ကာ ထို ဖုန်လုံးထုထဲသို့ မာန်တင်းပြီး ပြေးဝင်သွားလိုက်မိသည်။
''ခွပ်..."
"ဟင်...။"
ယက်ကန်ကန် ပြန်ထွက်လာပြီး မျက်စိပေကလပ် ပေကလပ်နဲ့ မိမိကို ဘယ်သူက တွယ်သွားမှန်းမသိရ။
ဒေါသက ထောင်းခနဲငယ်ထိပ်ကို ဆောင့်တက်လာသည်။
အားကိုရနိုးနိုး ဒိုင်လူကြီး ဖြစ်သူကို လှည့်ပတ်ရှာမိတော့ မတွေ့။
ဘေးဒိုင်၊ဘေးဒိုင်...
ကတွက်ကရွတ် ရေရွတ်ပြီး ရှာ ဖွေမိပြန်သည်။
မတွေ့။
ဘယ်ရောက် ကုန်ကြပါလိမ့်။
အတွေးကို ခေါင်းတခါခါ နဲ့ ဖယ်လိုက်ပြီး မိမိအသင်းကို လှည့်ကြည့်တော့ အနောက်တန်းမှာ ထိုင်လျက်သား သာ တွေ့ရတဲ့ မောင်ညို ။
ဒီကောင်က ဂိုးသမား။ မနေ့ကတောင် ကန်ချင်ပါလျက်နဲ့ ဘောလုံးမကန်ရလို့ဆိုပြီးစိတ
လက်သံကလဲ တယ်ပြောင် တဲ့ သူ။ ကျောင်းထိုင်ဆရာတော်ကိုယ်တိ
ထားပါတော့....ကျန်တဲ့ အသင်းသားတွေကော။
တစ်ယောက်မှ မတွေ့ ရ။
တဗုန်းဗုန်း၊ တ၀ုန်းဝုန်းနဲ့ ဒီဖုန်လုံးထဲ ၀င်ဆွဲနေ ကြတယ်ထင်ပါ့။
ချောင်းဆိုးသံတွေ၊ ဆဲသံတွေ။
''ဟကောင့်....ဘယ်ကောင်လဲ ငါ့ကို ဆိတ်သွားတာ...။"
"ဘယ်ကောင်လဲကွ ငါ့ ဆံပင်ဆွဲတာ..ဟင်..မောင်ဆိတ်
"တယ်..."
"ငါ...."
"ဘာလို့ ငါ့လက်ကို လိမ်နေရတာတုန်း..."
"ခွပ်...."
"ဖြန်း..."
"ခွပ်..."
"အား...ဘယ်ကောင်လဲ ငါ့ကို ထိုးတာ။"
"ဟကောင့်...အဲဒါ ငါ့နှာခေါင်းပေါက်ကွ။"
"မောင်နိုင် မဆွဲနဲ့ကွ...ငါတို့ က တသင်းတည်း။"
ဖိုး သောင်း အားတင်းပြီး ဖုန်ထုထဲကို ပြန်ဝင်မီ အပြု မှာ ....
''အွတ်....''
လည်မျို ကို တည့်တည့်လာမှန်တဲ့ ဘောလုံး။
နောက်ဖက်ကို ခြေလှမ်း လေးလှမ်းလောက် ဆုတ်သွားမိပြီး လျှာထွက် အသက်ပျောက်မတတ်၊ ချောင်း တဟွတ်ဟွတ်ဆိုးနေသည့်ကြားက ၀မ်းသာအားရ တွေ့လိုက်ရတဲ့ ဘောလုံးထံ အပြေးလေးသွားမိသည်။
ပျောက်သော သားငယ်ကို ပြန်တွေ့လိုက်ရသည့် မိခင်ရဲ့ ခံစားမှုလိုမျိုးအပြည့်အ၀ ခံစားမိလိုက်ရသည်။ (၀မ်းသာ လွန်းလို့ပြောပါတယ်။)
ဟုတ်တယ်လေ..ဟိုတလောကမှ မြို့ တက်ပြီး ၀ယ်လိုက်တဲ့ နံပါတ် ၅ ဘောလုံး။
ပြေးကန်လိုက်တိုင်း တပိန်းပိန်း နဲ့ နာစည် အူသွားမတတ် မြည် သဗျ။
ခြေမ နှင့် ကလော်ထိုး ပြီး ၊ခြေပု ထိုး ကန်ကြတာကို ကြည့်ပြီး မြတ်ချွာဘုရား တမိသည်။
ဒီဘောလုံးလေး မကွဲပါစေနဲ့။
လယ်လုပ်၊တောင်ယာ ခုတ်တဲ့ ခြေသလုံးတွေမို့ ကြွက်သားတွေ တပြို င်းပြိုင်း မာန်ဖီ နေတဲ့ကြ ကျန်းမာရေးကောင်းလှတဲ့ ခြေထောက်မည်းတွေကြားမှာ ရှိစုမဲ့စု နှင့် ၀ယ်ထားရတဲ့ ဒီဘောလုံးလေးကို သနားမိရသည်။
ဘောလုံးနားရောက်မယ် မရှိသေးဘူး ဘောလုံးကို ခြေမနဲ့ ၀င်ထိုး လိုက်တဲ့ခြေထောက် မည်းကြီး၊
''ဟင်...''
ဆာလောင်မွတ်သိပ်နေတဲ့ ကလေးငယ်ရှေ့ကို ကြက်ကောင်လုံးကြော်ချပြပြီး စားမယ်လုပ်မှ စွတ်ခနဲ ပြန်ယူပစ်ခံလိုက်ရသလိုမျိုး ဆွံ့အသွားမိပြီး နှမြော၊ဒေါသ စိတ်က ရုန်းကြွ လာသည်။
ခြေထောက်ပိုင်ရှင်ကို မော့ကြည့်လိုက်တော့ ဂိုးသမား မောင်ညို ။
ဘယ်ကနေ၊ဘယ်လို ဘယ်လို နှုန်းထားနဲ့ ပြေးလာခဲ့သလဲ မသိ။
ကျွမ်းနေပြီ ဖြစ်တဲ့ ကွမ်းသွားတွေနဲ့ သူ့ကို ကြည့် ဖြီးပြလိုက်တဲ့ မျက်နှာကို ရွံရှာ စွာ ကြည့်လိုက်မိပြီး၊ လွင့်ထွက်သွားတဲ့ ဘောလုံးကို အသဲအသန် ပြန်လိုက်ရှာမိသည်။
ကောင်းရော....။
ဘောလုံးဟာ ဖုန်ထုထဲ ပြန်ဝင်သွား သည်။
ယူကြုံးမရစွာ နှမြောတသသ ကြည့်လိုက်ပြီး ၊ မောင်ညို ကို မဲမယ်လုပ်တော့ သကောင့်သားက ဂိုးပေါက်ကို ပြန်ရောက်နေပြီ။
ဖုန်လုံးက အနည်းငယ်ကွဲ လာပေမဲ့ ဘောလုံးက နေရာကမရွေ့ ရသေး။ ဘောလုံးကို
သဲသဲမဲမဲ ကြုံးကန်နေကြသည်။ ဘောလုံးကို အမဲဖျက်သလို အပီဆွဲနေကြသည်။
ရွာရှေ့ပိုင်းက ဖိုးထောင် နှင့် အောင်လတ်တို့ လက်သီးနဲ့ အချီနွှဲနေကြသည်။
အရှက်နေရကို ကိုင်ပြီး လဲ သူက လဲ။
ကပ္ပိယ(ဒိုင်လူကြီး) က မတွေ့။ ဘာကို မျှ စိတ်ဝင်စားပုံမပေါ်။
ဖုန်လုံးကြားထဲမှာ ပေါ်တလှည့် ၊ပျောက်တလှည့် ဖြစ်နေတဲ့ ဘောလုံးကို သာ အသည်းအသန် ကြည့်နေလေရဲ့။
အားလုံးရဲ့အာရုံကလဲ ဘောလုံးပေါ်မှာ သာ ရှိပြီး ကျန်တဲ့ အရာကို ဂရုပင်မစိုက်ကြချေ။
ရုတ်တရတ်...
ခြေထောက်တွေကြားက နေ လွတ်ထွက်လာတဲ့ ဘောလုံးဟာ ဖိုးသောင်းရဲ့ ရှေ့ကို ရောက်လာသည်။
''အပီပဲ၊ဒါ ငါ့ ဘောပဲ....ဟီး ဟီး...ငါ့ဘောဟဲ့ ငါ့ဘော။''
သွားကို အစွန်းကို ဖြီးလိုက်ပြီး၊အံကိုကြိတ်၊ေ
''ပိန်း...ပိန်း........(ပဲ
(စကားချပ်...ဟင်းလင်းပြင်ကြ
''ဘုန်း....''
''အိ....''
နောက်ဆက်တွဲအသံတွေကြောင့် မျက်စုံကို ဖွင့်ကြည့် မိတော့...
''မွေးမေ မေ့...''
ဖိုးသောင်း မျက်လုံးတွေ အဆ တစ်ရာလောက် ပြူးသွားရသည်။
အားလုံးဟာ ကြက်သေ သေလို့။
''ဒီကောင်တော့ သွားပြီ...။'' (အားလုံးရဲ့ အတွေး)
မြေကြီး ပေါ်မှာ ဆန့်တငင်ငင် နဲ့ လဲ နေသူက တခြားသူမဟုတ်ပါ။
ရွာ၏ ဖိန့်ဖိန့်တုန်အောင် အကြောက်ရဆုံးသော ကပ္ပိယသာ ဖြစ်၏။
မျက်နှာမှာ အရှိုး ရာ နဲ့ ကပ္ပိယ၊ ရုတ်ချည်း အားလုံးရဲ့ မျက်နှာမှာ သံဝေဂ တရားတွေ ထင်ဟပ်လို့။
ဖိုးသောင်း...
ဖိုးသောင်း...
ကပ္ပိယကို နှာနှပ် သူက နှပ်၊ခြေမ ချိုးသူ က ချိုးနဲ့။
ဖိုးသောင်း...ကြက်သေ သေစွာ နံပါတ် ငါး ဘောလုံးကို အပြစ်ရှိစွာ ကြည့် လိုက်မိသည်။
==========================
ပြုံးနိုင်ကြပါစေ...
မာန်(ချိုးလူ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။