ပြည်သူ နဲ့ အစိုးရ ဆိုတာ ဘာလဲ !!
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★
ပြည်သူ နဲ့ အစိုးရဆိုတာ -
သားသမီး နဲ့ မိဘ လား .. ဒါမှ မဟုတ် -
မိဘ နဲ့ သားသမီးလား ... ကဲ - ဘာဖြစ်မလဲ !
ကျွန်တော်တို မြန်မာပြည်သူတွေ တိတိကျကျ သိကြဖို့ လိုအပ်လာပါပြီ ၊
ဖြစ်ပြီးခဲ့သမျှက ဘာမှမတတ်နိုင်တော့လို့ သူတို့ပြောသလိုနဲ့သာ ပြီးလိုက်ကြလို့ရပေမဲ့ -
ဒီနေ့ ဒီအချိန်မှာတော့ အစိုးရဆိုတာ ဘာလဲဆိုတဲ့ မှန်ကန်တိကျတဲ့အဖြေကို ရှင်းလင်းပြတ်သားစွာ နားလည်သဘောပေါက်ကြဖို့ လိုကိုလိုလာပါပြီ ၊
ထိုအသိက မြန်မာတနိုင်ငံလုံးကို ပြောင်းလဲသွားစေနိုင်ပါသည် ၊
ကျွန်တော်တို့အားလုံး အစိုးရတရပ်ကို ရွေးချယ်ကြရပါတော့မည် ၊
အစိုးရနဲ့တူတဲ့ အစိုးရဖြစ်ဖို့ လိုအပ်ပါသည် ၊
ဘယ်လိုအစိုးရမျိုး ဖြစ်မည်နည်း !
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★
ပြည်သူ နဲ့ အစိုးရဆိုတာ -
သားသမီး နဲ့ မိဘ လား .. ဒါမှ မဟုတ် -
မိဘ နဲ့ သားသမီးလား ... ကဲ - ဘာဖြစ်မလဲ !
ကျွန်တော်တို မြန်မာပြည်သူတွေ တိတိကျကျ သိကြဖို့ လိုအပ်လာပါပြီ ၊
ဖြစ်ပြီးခဲ့သမျှက ဘာမှမတတ်နိုင်တော့လို့ သူတို့ပြောသလိုနဲ့သာ ပြီးလိုက်ကြလို့ရပေမဲ့ -
ဒီနေ့ ဒီအချိန်မှာတော့ အစိုးရဆိုတာ ဘာလဲဆိုတဲ့ မှန်ကန်တိကျတဲ့အဖြေကို ရှင်းလင်းပြတ်သားစွာ နားလည်သဘောပေါက်ကြဖို့ လိုကိုလိုလာပါပြီ ၊
ထိုအသိက မြန်မာတနိုင်ငံလုံးကို ပြောင်းလဲသွားစေနိုင်ပါသည် ၊
ကျွန်တော်တို့အားလုံး အစိုးရတရပ်ကို ရွေးချယ်ကြရပါတော့မည် ၊
အစိုးရနဲ့တူတဲ့ အစိုးရဖြစ်ဖို့ လိုအပ်ပါသည် ၊
ဘယ်လိုအစိုးရမျိုး ဖြစ်မည်နည်း !
...........................................................
မိဘနဲ့တူတဲ့ အစိုးရ လား !
---------------------------------
တစ်ပါတီအာဏာရှင် ဦးနေ၀င်း တီထွင်ချမှတ်ခဲ့တဲ့ လမ်းစဉ်နဲ့ စကားလုံးပါ ၊
မြန်မာလူမျိုးတွေရဲ့ အယုံလွယ်တဲ့ - ရှေးရိုးစွဲတဲ့ - ကိုယ်ပိုင်ဆင်ခြင်တုံတရားနည်းတဲ့
- ကိုယ့်ထက်ကြီးတဲ့သူကို ပြန်ကိုမမေးရဲတဲ့ ...... စတဲ့ အားနည်းချက် အခြေခံတွေကို အခွင့်ကောင်းယူပြီး ဟုတ်နိုးယောင်ယောင်နဲ့ ကလိန်စေ့ငြမ်းဆင် ကိုယ့်ခေါင်းထိပ်ပေါ် အခန့်သားတက်ထိုင်လိုက်တဲ့ မဆီမဆိုင် အသာစီးဇာတ်ကွက်ပါပဲ ၊
မြန်မာမှု့ထုံးတမ်းအရ သားသမီးက မိဘကို ပြန်မပြောရ - တွန်းမချ - ဆွဲမလှဲ .. ဆိုတော့ တသက်လုံး တယောက်ထဲ အုပ်ချုပ်နိုင်တော့မဲ့ အစီအမံပေါ့ဗျာ ၊
နောက်တဖက်ကိုတွက်ကြည့်လဲ... သားသမီးနဲ့ မိဘ -
ပေးတာယူ ကျွေးတာပဲစား - ဒါ အလကားရတာ ၊
မိဘရဲ့စေတနာ မိဘကိုကျေးဇူးတွေတင်ကြ ....
အဲ့ဒါကြောင့်လဲ မဆလ တလျှောက် တံတားဆောက်မလား လမ်းလေးဖောက်ပြီးပလား ...
နိုင်ငံတော် အစိုးရရဲ့ စေတနာ ....
နိုင်ငံတော်အစိုးရရဲ့စေတနာ .. ဆိုတဲ့စကားချည်း ထပ်နေတာလေ -
စေတနာ ပြောရအောင် ဒါ သူ့အမေလင်ပိုက်ဆံနဲ့ ဆောက်တာမိုလို့လား !
အဲ့ဒါကို ကျုပ်တို့က ကျေးဇူးတင်နေရအုံးမှာလား !
. . . . .
မိဘနေရာယူသွားခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေပေါ့ဗျာ ၊
အမှန်က တကယ်တော့ အစိုးရဆိုတာကလည်း မိဘနဲ့ ဘာမှမဆိုင်သလို -
နိုင်ငံတော်ဆိုတာနဲ့ စေတနာ ဆိုတဲ့ စကားဟာလဲ လုံးဝတွဲလို့ကိုမရတဲ့ ဗမာစကားပါ ၊
အဲ့ဒါကိုပဲ ဦးသန်းရွှေက နအဖ သက်တမ်းမှာပရိုမိုးရှင်း တဆင့်တောင် ထပ်မြှင့်သေးဗျာ ၊
တပ်မတော်သာ အမိ - တပ်မတော်သာ အဖ တဲ့ -
... ခံပေါ့ ၊
အဲ .. အခု ဒီမိုကရေစီ အစိုးရကျတော့မှ နောက်တမျိုး အပျော့ထိုးလေးနဲ့ နားလှည့်ပါးရိုက်ခွင် -
မိဘပြည်သူများ ခင်ဗျား ... ဆိုတာ -
သားသမီးနဲ့တူတဲ့ အစိုးရ -
----------------------------
ဒါတော့ ထပ်ရှင်းနေစရာတောင် မလိုတော့လောက်အောင်ပါဗျာ ၊
မိဘလုပ်ခဲ့တုန်းကတောင် ဒီလောက်သောက်သုံးမကျတဲ့ကောင် -
သားသမီးပြန်လုပ်ပြီး မိဘကိုပြုစုပါမယ် .. ဆိုတာကတော့ .......
အချုပ်ကတော့ဗျာ -
အစိုးရကို မိဘတို့ သားသမီးတို့ဆိုပြီး ပြောတာ .. ဘယ်နိုင်ငံမှာမှ မကြားဖူးဘူးဗျ ၊ ရှိလဲမရှိဘူး - ရှိလို့လဲမရဘူးလေ -
ဒါ အဓိပ္ပါယ်ကိုမှ မရှိတဲ့ဥစ္စာ !
ဘလိုင်းကြီး အင်ထုတာဗျ !
ရှင်းရှင်းလေးစဉ်းစားကြည့် -
သားသမီး နဲ့ မိဘဆိုတာ မေတ္တာတရားပေါ်မှာ အခြေခံတာ ၊
ပြည်သူ့အတွက် အစိုးရ ဆိုတာက တာဝန်ဝတ္တရားကို ထမ်းဆောင်ရတာလေဗျာ - ဘာဆိုင်လို့တုန်းဗျ !
အဲ့ဒါကို ဘာ သားသမီးတွေ မိဘလုပ်နေတုန်း - ဒိုး ... လို့ - အေ ၀း ဆုံး .....
အဲ့တော့ မိဘပြည်သူများခင်ဗျာ လည်း နား ပါ....
သားကြီးရေ လည်း မလာပါနဲ့ -
ကျုပ်တို့ရွေးရမဲ့ အစိုးရကို သိပါတယ် ၊
အဲ့ဒါ ဘာနဲ့တူတဲ့ အစိုးရလဲ ဆိုတော့ -
#အလုပ်သမားနဲ့တူတဲ့ #အစိုးရ ပါပဲဗျာ !
#အလုပ်သမားနဲ့တူတဲ့ #အစိုးရ ပါ !
ကျုပ်တို့်အားလုံးထက်တော်တဲ့ ပညာတတ်တွေဖြစ်ရမယ် ၊
ကျုပ်တို့အလုပ်တွေ လုပ်ပေးနိုင်ပါတယ် ဆိုတဲ့သူတွေကို ကျုပ်တို့ကိုယ်တိုင် စိစစ်ရွေးချယ်ပြီးခိုင်းမယ် ၊
အဲ့ဒီ အတွက် ထိုက်သင့်တဲ့ လုပ်ခပေးမယ် ၊
မကြိုက်တဲ့နေ့ မကြိုက်တဲ့အချိန် အဲ့ဒီသူတွေကို ချက်ချင်း အလုပ်ကထုတ်ပစ်မယ် ၊
အဲ့ဒီ အချက်တွေကို လက်ခံနိုင်တဲ့ သူကိုရွေးမယ်ဗျာ ၊
အဲ့ဒါ ခင်ဗျားတို့လက်ခံသလား !
လု ပ် လို က်ေ တာ့ ........
#အစိုးရဆိုတာ #အလုပ်သမား
ကျုပ်တို့ပြည်သူဆိုတာ #အလုပ်ရှင်သူဌေးဗျ !!!
.
သန်း ထွန်း ဇော်
ဒါရိုက်တာ မိုက်တီး
================
သန်း ထွန်း ဇော်
ဒါရိုက်တာ မိုက်တီး
================
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။