Followers အားေပးသူမ်ား အထူး အထူးပဲ ေက်းဇူးတင္ပါသည္။

✩✩ ✩ ✩ ✩ ✩ ✩သီခ်င္းခ်စ္သူ ✪ မွ ✪ သီခ်င္းခ်စ္သူသို႔✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ္႔ခ်စ္ AhMoon&အမြန္း AhNaing&အႏိုင္ AhNge&အငဲ Akuk Alex&အဲလက္စ္ AnnHellar&အန္ဟဲလာ Ar-T AungHtet&ေအာင္ထက္ AungLa&ေအာင္လ AungNaing&ေအာင္ႏိုင္ AungThu&ေအာင္သူ AungYin&ေအာင္ရင္ AuraLi&အာ္ရာလီ AyeChanMay&ေအးခ်မ္းေမ AyeTinChoShwe&ေအသင္ခ်ိဳေဆြ AyeWuttYiThaung&ေအးဝတ္ရည္ေသာင္း BaDin&ဗဒင္ Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန္ BoPhyu&ဘိုျဖဴ Breaky&ဘရိတ္ကီ BunnyPhyoe&ဘန္နီၿဖိဳး ChanChan&ခ်မ္းခ်မ္း ChanChann&ခ်မ္ခ်မ္း ChawSuKhin&ေခ်ာစုခင္ ChinSong&ခ်င္းသီခ်င္း ChitKaung&ခ်စ္ေကာင္း ChitThuWai&ခ်စ္သုေဝ ChoLayLung&ခ်ိဳေလးလုန္ ChoPyone&ခ်ိဳၿပံဳး ChristmasSong&ခရစၥမတ္သီခ်င္း CityFm Dawn&ဒြန္း DiraMore&ဓီရာမိုရ္ DoeLone&ဒိုးလံုး Dway&ေဒြး EainEain&အိန္အိန္း G.Latt&ဂ်ီလတ္ GaeGae&ေဂေဂး GirlLay&ဂဲ(လ္)ေလး Graham&ဂေရဟမ္ Group&အဖြဲ႔လိုက္ GuRawng&ကူးေရာင္ GyoGyar&ႀကိဳးၾကာ HanTun&ဟန္ထြန္း HaymarNayWin&ေဟမာေနဝင္း He`Lay&ဟဲေလး HlonMoe&လႊမ္းမိုး HlwanPaing&လႊမ္းပိုင္ HtamHkay&ထ်န္ေခး HTDTunYin&ဟသာၤတထြန္းရင္ HtetAung&ထက္ေအာင္ HtetHtetMyintAung&ထက္ထက္ျမင္႔ေအာင္ HtetSaung&ထက္ေလွ်ာင္း HtooEainThin&ထူးအိမ္သင္ HtooHtooSet&ထူးထူးဆက္ HtooL.Lin&ထူးအယ္လင္း HtunHtun&ထြဏ္းထြဏ္း HtunYati&ထြန္းရတီ IreneZinMarMyint&အိုင္ရင္းဇင္မာျမင္႔ J.LingMawng&ေဂလိန္းေမာင္း J.MgMg&ေဂ်ေမာင္ေမာင္ JarSan&ဂ်ာဆန္ JetSanHtun&ဂ်က္ဆန္ထြန္း JMe&ေဂ်းမီ KabarPhone&ကမၻာဖုန္း KaiZar&ကိုင္ဇာ KapyaBoiHmu&ကဗ်ာဘြဲ႔မွဴး KaungKaung&ေကာင္းေကာင္း KhaingHtoo&ခိုင္ထူး KhinBone&ခင္ဘုဏ္း khinMgHtoo&ခင္ေမာင္ထူး KhinMgToe&ခင္ေမာင္တိုး KhinSuSuNaing&ခင္စုစုႏိုင္ KhupPi&ခုပ္ပီး KKT&ေကေကတီ KoKoGyi&ကိုကိုႀကီး KoNi&ေကာ္နီ KyingLianMoong L.KhunYe&L.ခြန္းရီ L.LwinWar&L.လြန္းဝါ L.SengZi&L.ဆိုင္းဇီ LaShioTheinAung&လားရႈိးသိန္းေအာင္ LaWi&လဝီ LayLayWar&ေလးေလး၀ါ LayPhyu&ေလးျဖဴ LDKyaw&L.ဒီေက်ာ္ LiLiMyint&လီလီျမင္႔ LinNit&လင္းနစ္ LynnLynn&လင္းလင္း Madi&မဒီ MaNaw&မေနာ Marritza&မာရဇၨ MayKhaLar&ေမခလာ MaySweet&ေမဆြိ MayThu&ေမသူ MgThitMin&ေမာင္သစ္မင္း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင္းေဖ MinAung&မင္းေအာင္ Misandi&မိဆႏၵီ MMGospelSong&ခရစ္ယာန္ဓမၼေတး MMLoveSong&ျမန္မာသီခ်င္း MoMo&မို႔မို႔ MoonAung&မြန္းေအာင္ Music&ဂီတ Myanmar-Kid-Songs MyayPeYo&ေျမပဲယို MyoGyi&မ်ိဳးႀကီး MyoMyo&မ်ိဳးမ်ိဳး NangKhinZayYar&နန္းခင္ေဇယ်ာ Naung&ေနာင္ NawLiZar&ေနာ္လီဇာ NawNaw&ေနာေနာ္ NgeNgeLay&ငဲ႔ငယ္ေလး NiNiKhinZaw&နီနီခင္ေဇာ္ NiNiWinShwe&နီနီဝင္းေရႊ NO&ႏိုး NweYinWin&ႏြဲ႔ယဥ္ဝင္ NyanLinAung&ဥာဏ္လင္းေအာင္ NyiMinKhine&ညီမင္းခိုင္ NyiZaw&ညီေဇာ္ PannEiPhyu&ပန္းအိျဖဴ PanYaungChel&ပန္းေရာင္ျခယ္ Pb.ThanNaing&သန္းႏိုင္ PhawKa&ေဖာ္ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ္ PhyoGyi&ၿဖိဳးႀကီး PhyoKyawHtake&ၿဖိဳးေက်ာ္ထိုက္ PhyuPhyuKyawThein&ျဖဴျဖဴေက်ာ္သိန္း PhyuThi&ျဖဴသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည္ RainMoe&ရိန္မိုး RebeccaWin&ေရဗကၠာ၀င္း Ringo&ရင္ဂို SaiHteeSaing&စိုင္းထီးဆိုင္ SaiLay&စိုင္းေလး SaiSaiKhanHlaing&စိုင္းစိုင္းခမ္းလႈိင္ SaiSaiMaw&စိုင္းဆိုင္ေမာ၀္ SaiSan&ဆိုင္စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင္းဂၽြန္သင္ဇမ္း SalaiSunCeu&ဆလိုင္းဆြန္က်ဲအို SalaiThuahAung&ဆလိုင္းသႊေအာင္ SalaiZamLain&ဆလိုင္းသွ်မ္းလ်န္ SandyMyintLwin&စႏၵီျမင့္လြင္ SangPi&စံပီး SaungOoHlaing&ေဆာင္းဦးလႈိင္ SawBweHmu&စာဘြဲ႔မွဴး SawKhuSe&ေစာခူဆဲ She&သွ်ီ ShinPhone&ရွင္ဖုန္း ShweHtoo&ေရႊထူး SinPauk&ဆင္ေပါက္ SiThuLwin&စည္သူလြင္ SithuWin&စည္သူဝင္း SiYan&စီယံ Snare SoeLwinLwin&စိုးလြင္လြင္ SoeNandarKyaw&စိုးနႏၵာေက်ာ္ SoePyaeThazin&စိုးျပည္႔သဇင္ SoeSandarTun&စိုးစႏၵာထြန္း SoTay&ဆိုေတး SungTinPar&ဆုန္သင္းပါရ္ SuNit&ဆူးနစ္ TekatawAyeMg&တကၠသိုလ္ေအးေမာင္ ThangPaa&ထန္းပါး TharDeeLu&သာဒီးလူ ThawZin&ေသာ္ဇင္ ThiriJ.MgMg&သီရိေဂ်ေမာင္ေမာင္ Thoon&သြန္း TinGyanSong&သႀကၤန္သီခ်င္း TintTintTun&တင္႔တင္႔ထြန္း TinZarMaw&တင္ဇာေမာ္ TunEaindraBo&ထြန္းအိျႏၵာဗို TunKham&ထြဏ္းခမ္ TunTun&ထြန္းထြန္း TuTu&တူးတူး V.NoTun&V.ႏိုထြန္း WaiLa&ေဝလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင္းစုခိုင္သိန္း WyneLay&ဝိုင္းေလး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင္ YadanaOo&ရတနာဦး YairYintAung&ရဲရင္႔ေအာင္ YanAung&ရန္ေအာင္ YarZarWinTint&ရာဇာဝင္းတင္႔ YeTwin&ရဲသြင္ YummyRookie YuZaNa&ယုဇန YY&၀ိုင္၀ိုင္း Z.DiLa&Z.ဒီးလာ ZamNu&ဇမ္ႏူး ZawOne&ေဇာ္ဝမ္း ZawPaing&ေဇာ္ပိုင္ ZawWinHtut&ေဇာ္ဝင္းထြဋ္ ZawWinShing&ေဇာ္ဝင္းရွိန္ ZayYe&ေဇရဲ ZwePyae&ဇြဲျပည္႔
သီခ်င္းနားေထာင္ရန္ အေပၚက အဆိုေတာ္ နာမည္ Click ပါေနာ္

Facebook မွာ ဖတ္ခ်င္ရင္ Like တစ္ခ်က္ေလာက္ နဲ႔ အားေပးႏိုင္ပါသည္

Wednesday, September 2, 2015

အိုုေအာင္မင္းေအာင္ ေပါင္းသင္းႏိုုင္ဖိုု႕ အတြက္


အိုုေအာင္မင္းေအာင္ ေပါင္းသင္းႏိုုင္ဖိုု႕ အတြက္
-------------------------------------

ခ်စ္သူေတြအၾကား ဆက္ဆံေရးဟာ အခ်ိန္ၾကာလာတာနဲ႔အမွ် ေျပာင္းလဲလာတတ္ပါတယ္။ ဒီလိုေျပာင္းလဲလာတတ္တာဟာ ႏွစ္ဦးသားအရင္ကလုပ္ေဆာင္ေလ့ရွိခဲ့တာေတြကို ဆက္မလုပ္ေတာ့တာေၾကာင့္ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ခ်စ္သူစံုတြဲေတြပဲျဖစ္ျဖစ္၊ဇနီးေမာင္ႏွံေတြပဲျဖစ္ျဖစ္ ေပ်ာ္ရႊင္ေက်နပ္စရာဆက္ဆံေရးတစ္ခု ေရရွည္တည္ေဆာက္ႏိုင္ေစဖို႔ လုပ္ေဆာင္သင့္တဲ့ အခ်က္ေတြကို စုစည္းေဖာ္ျပလိုက္ပါတယ္။

၁။ ႏွစ္ဦးစလံုး ေပ်ာ္ရႊင္ရတဲ့ အရာေတြလုပ္ပါ။
သင္တို႔ႏွစ္ဦးစလံုးမွာ မတူညီတဲ့စိတ္၀င္စားမႈနဲ႔ ၀ါသနာေတြရွိမွာ ေသခ်ာပါတယ္။ ဒါေပမယ့္ ႏွစ္ေယာက္စလံုး သေဘာက်တဲ့ တစ္ခုခုေတာ့ရွိမွာပါ။ ဒီလိုႏွစ္ဦးစလံုးက စိတ္၀င္စားတဲ့အရာမ်ားကို ရွာေဖြၿပီး အတူတူအခ်ိန္ျဖဳန္းသင့္ပါတယ္။ ႏွစ္ေယာက္စလံုးက သဘာ၀ကိုခ်စ္ျမတ္ႏိုးတယ္ဆိုရင္ ကမ္းေျခတစ္ခုကို အပန္းေျဖခရီးသြားတာမ်ိဳးလုပ္လို႔ရပါတယ္။

၂။ အိပ္ရာမ၀င္ခင္ အခ်ိန္ေပးပါ။
တစ္ေန႔တာအလုပ္ေတြနဲ႔ ႐ႈပ္ေနခဲ့ရင္လည္း ဇနီးေမာင္ႏွံေတြဆိုရင္ ညမအိပ္ခင္မွာ ေဘးနားမွာလွဲေလ်ာင္းၿပီး တစ္ေနကုန္ဘာေၾကာင့္ အလုပ္မ်ားေနရတယ္ဆိုတဲ့အေၾကာင္း ေျပာဆိုေပးပါ။ ေန႔တိုင္းေျပာေနဖို႔ေတာ့ မလိုပါဘူး။ ဒါေပမယ့္ အခြင့္သာတိုင္းမွာေတာ့ ေျပာဆိုသင့္ပါတယ္။ ဒီနည္းလမ္းက ႏွစ္ေယာက္စလံုးအတြက္ စိတ္သက္သာရာရေစႏိုင္သလို ဆက္ဆံေရးကိုလည္း တိုးတက္ေကာင္းမြန္ေစမွာျဖစ္ပါတယ္။

၃။ ေဒါသေတြနဲ႔ အိပ္ရာမ၀င္ပါနဲ႔။
တေနကုန္အလုပ္ေတြ႐ႈပ္ၿပီး ပင္ပင္ပန္းပန္းနဲ႔ အိမ္ျပန္လာခဲ့မယ္။ ၿပီးေတာ့အေၾကာင္းတစ္ခုခုနဲ႔ ပတ္သက္ၿပီး စကားမ်ားျငင္းခုံစရာေတြျဖစ္မယ္ဆိုရင္ ေဒါသထြက္ၿပီး အိပ္ရာ၀င္မသြားပါနဲ႔။ အိပ္လိုက္ရင္ၿပီးသြားမွာပဲ၊ မနက္က်ရင္ ဒီအေၾကာင္း အစမေဖာ္ဘူးပဲ ေရွာင္ေနလို႔ ရမယ္လို႔ မထင္ပါနဲ႔။ ဒီလို ျပန္မေျပာၾက႐ုံနဲ႔ အက်ိတ္အခဲက ေပ်ာက္ကြယ္သြားမွာမဟုတ္ပါဘူး။ အျငင္းပြားစရာေတြက ေရွာင္လႊဲလို႔မရႏိုင္ပါဘူး။ သင္တုိ႔ႏွစ္ဦးၾကားဆက္ဆံေရးကို တန္ဖိုးထားၿပီး ေသခ်ာနားလည္ေအာင္၊ သေဘာတူညီမႈရေအာင္ ေဆြးေႏြးသင့္ပါတယ္။ ၿပီးၿပီးေရာဆိုၿပီး အိပ္ရာ၀င္မသြားပါနဲ႔။

၄။ သင့္ရဲ႕တစ္ေန႔တာကို ေပြ႔ဖက္မႈေတြ အနမ္းေတြနဲ႔ စတင္ပါ၊ အဆံုးသတ္ပါ။
မနက္ခင္းမွာ အျပံဳးေတြနဲ႔ ႏိုးထလာမယ္။ ၾကင္ဖက္ကို ေပြ႔ဖက္ၿပီး အနမ္းေတြေပးမယ္။ ၿပီးေတာ့ သူမကို ေပ်ာ္ရႊင္စရာေလးေတြေျပာမယ္။ ဒီနည္းလမ္းက တစ္ေန႔တာကို စတင္ဖို႔အေကာင္းဆံုးနည္းလမ္းပါပဲ။ သင္တို႔ႏွစ္ဦးရဲ႕ ခ်စ္သက္တမ္းဘယ္ေလာက္ပဲ ၾကာေနပါေစ၊ ဒီအထိအေတြ႕ေလးေတြက အျမဲတမ္း တန္ဖိုးရွိေနမွာျဖစ္ပါတယ္။ တစ္ေန႔တာကုန္ဆံုးသြားၿပီဆိုရင္လည္း ဒီနည္းလမ္းေလးနဲ႔ပဲ အဆံုးသတ္ေပးသင့္ပါတယ္။

၅။ ယုံၾကည္မႈအျပည့္ရွိပါ။
တစ္စံုတစ္ေယာက္ရဲ႕ ယုံၾကည္မႈကိုရရွိဖို႔က အခ်ိန္ယူရတတ္ပါတယ္။ ဒါေပမယ့္ တန္ပါတယ္။ တစ္ဦးကို တစ္ဦးက မွန္တာေတြပဲလုပ္ေနတယ္၊ လိုအပ္ေနခ်ိန္မွာ အျမဲအသင့္ရွိေနမယ္၊ သစၥာရွိေနတယ္လို႔ အျပန္အလွန္ယုံၾကည္ထားရင္ စိတ္ပ်က္စရာဆိုတာ ရွိလာမွာမဟုတ္ပါဘူး။

၆။ ေတာင္းပန္စကားေတြကို လက္ခံေပးပါ။
သင္မႀကိဳက္တဲ့အရာေတြ အမ်ားႀကီးရွိႏိုင္ပါတယ္။ ဒီအရာေတြကို သင့္ရဲ႕ၾကင္ဖက္ကလုပ္မိရင္ ပိုဆိုးႏိုင္ပါတယ္။ ဒါေပမယ့္ တစ္ခုစဥ္းစားၾကည့္ပါ။ သင္ကိုယ္တိုင္လည္း ၿပီးျပည့္စုံေနတာမဟုတ္ပါဘူး။ ဒီေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္နားလည္ေပးၿပီး မွားတဲ့သူက ေတာင္းပန္ရင္လက္ခံေပးသင့္ပါတယ္။ သင့္မေျပာင္းလဲႏိုင္တဲ့ ကိစၥေတြအတြက္ ရတက္မေအးႏိုင္ျဖစ္မေနပဲ ေကာင္းတဲ့အခ်က္ေတြကိုပဲ အာ႐ုံစိုက္ပါ။

၇။ ေအာင္ျမင္မႈတိုင္းကို မွ်ေ၀ခံစားပါ။
သင္တို႔ႏွစ္ဦးအၾကားမွာ အေကာင္းအဆိုးႏွစ္ခုစလံုးကိုမွ်ေ၀ခံစားရမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ တစ္ဦးနဲ႔ တစ္ဦး အျပန္အလွန္ အားေပးကူညီပါ။ ဘယ္လိုကိစၥမ်ိဳးပဲျဖစ္ျဖစ္ ၿပီးေျမာက္ေအာင္ျမင္ဖို႔ အခ်ိန္နဲ႔ အင္အားစိုက္ထုတ္ရပါတယ္။ ဒါ့ေၾကာင့္ ဘာကိစၥမဆို ၿပီးေျမာက္ေအာင္ျမင္တိုင္းမွာ အသိအမွတ္ျပဳၿပီး မွ်ေ၀ခံစားပါ။

၈။ အေသးအမႊားေလးေတြကိုလည္း ဂ႐ုစိုက္ပါ။
ေမွ်ာ္လင့္မထားတဲ့အခ်ိန္မွာ ဖုန္းေခၚတာ၊ စာပို႔တာ၊ အိမ္မွာထမင္းဟင္းခ်က္ထားတာ၊ သူမႀကိဳက္တဲ့ ဇာတ္ကားကို အတူၾကည့္ေပးတာ စသျဖင့္ ဘာမွအေရးမႀကီးဘူးလို႔ ထင္ရတဲ့အျပဳအမူေလးေတြကလည္း ထူးျခားမႈေတြျဖစ္ေစႏိုင္ပါတယ္။ ဒီအခ်က္ေလးေတြက သင္တို႔ရဲ႕ဆက္ဆံေရးကို ခိုင္ျမဲေစႏိုင္တဲ့ အေၾကာင္းရင္းေတြလဲျဖစ္ပါတယ္

၉။ နားလည္မႈရွိပါ။
သူမဘာေျပာခ်င္ေနတာလဲဆိုတာ ေသခ်ာနားေထာင္ပါ။ စိတ္ကိုဖြင့္ထားပါ။ အျမင္တူခ်င္မွတူပါလိမ့္မယ္။ ဒါေပမယ့္ ႐ႈေထာင့္အမ်ိဳးမ်ိးျဖစ္ႏိုင္ပါတယ္။ တစ္ေယာက္ေျပာသမွ် အကုန္လိုက္သေဘာတူေနဖို႔လည္း မလိုပါဘူး။ သူမ ဘာေၾကာင့္ဒီလိုျမင္ေနတာလဲ ဆိုတာကို နားလည္ေအာင္ႀကိဳးစားပါ၊ ၿပီးရင္ သင့္ရဲ႕အျမင္ကို ရွင္းျပပါ။ စိတ္ခံစားခ်က္ေတြက ထိလြယ္ရွလြယ္ေပမယ့္ ျပင္ဆင္ဖို႔ ခက္ခဲပါတယ္။ ဒါ့ေၾကာင့္ ဂရုတစိုက္ ဆက္ဆံတတ္ဖို႔ လိုပါတယ္။

၁၀။ ဟာသအျမင္ရွိပါ။
ဟာသဓာတ္ခံရွိတာက စိတ္ကို ေပါ့ပါးသြားေစတဲ့အတြက္ အေျခအေနေတာ္ေတာ္မ်ားမ်ားကို ျဖတ္ေက်ာ္ႏိုင္ေစမွာျဖစ္ပါတယ္။ ဘယ္ေလာက္ကိုင္တြယ္ရခက္ၿပီး ဆိုး၀ါးတဲ့ျပႆနာျဖစ္ေနပါေစ၊ ဟာသအျမင္ရွိခဲ့မယ္ဆိုရင္ အေျခအေနကိုေျပာင္းလဲႏိုင္မွာျဖစ္ပါတယ္။ တစ္ေယာက္ေယာက္ ထိခိုက္နာက်င္မႈမရွိသေရြ႕ ရယ္ေမာေပ်ာ္ရႊင္ေနႏိုင္မွာျဖစ္ပါတယ္။

၁၁။ ပံုုမွန္၀င္ေငြရွိေနဖိုု႕လည္း လိုုအပ္ပါတယ္။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Thorn Htet
============================================

အိုအောင်မင်းအောင် ပေါင်းသင်းနိုင်ဖို့ အတွက်
-------------------------------------

ချစ်သူတွေအကြား ဆက်ဆံရေးဟာ အချိန်ကြာလာတာနဲ့အမျှ ပြောင်းလဲလာတတ်ပါတယ်။ ဒီလိုပြောင်းလဲလာတတ်တာဟာ နှစ်ဦးသားအရင်ကလုပ်ဆောင်လေ့ရှိခဲ့တာတွေကို ဆက်မလုပ်တော့တာကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် ချစ်သူစုံတွဲတွေပဲဖြစ်ဖြစ်၊ဇနီးမောင်နှံတွေပဲဖြစ်ဖြစ် ပျော်ရွှင်ကျေနပ်စရာဆက်ဆံရေးတစ်ခု ရေရှည်တည်ဆောက်နိုင်စေဖို့ လုပ်ဆောင်သင့်တဲ့ အချက်တွေကို စုစည်းဖော်ပြလိုက်ပါတယ်။

၁။ နှစ်ဦးစလုံး ပျော်ရွှင်ရတဲ့ အရာတွေလုပ်ပါ။
သင်တို့နှစ်ဦးစလုံးမှာ မတူညီတဲ့စိတ်ဝင်စားမှုနဲ့ ဝါသနာတွေရှိမှာ သေချာပါတယ်။ ဒါပေမယ့် နှစ်ယောက်စလုံး သဘောကျတဲ့ တစ်ခုခုတော့ရှိမှာပါ။ ဒီလိုနှစ်ဦးစလုံးက စိတ်ဝင်စားတဲ့အရာများကို ရှာဖွေပြီး အတူတူအချိန်ဖြုန်းသင့်ပါတယ်။ နှစ်ယောက်စလုံးက သဘာဝကိုချစ်မြတ်နိုးတယ်ဆိုရင် ကမ်းခြေတစ်ခုကို အပန်းဖြေခရီးသွားတာမျိုးလုပ်လို့ရပါတယ်။

၂။ အိပ်ရာမဝင်ခင် အချိန်ပေးပါ။
တစ်နေ့တာအလုပ်တွေနဲ့ ရှုပ်နေခဲ့ရင်လည်း ဇနီးမောင်နှံတွေဆိုရင် ညမအိပ်ခင်မှာ ဘေးနားမှာလှဲလျောင်းပြီး တစ်နေကုန်ဘာကြောင့် အလုပ်များနေရတယ်ဆိုတဲ့အကြောင်း ပြောဆိုပေးပါ။ နေ့တိုင်းပြောနေဖို့တော့ မလိုပါဘူး။ ဒါပေမယ့် အခွင့်သာတိုင်းမှာတော့ ပြောဆိုသင့်ပါတယ်။ ဒီနည်းလမ်းက နှစ်ယောက်စလုံးအတွက် စိတ်သက်သာရာရစေနိုင်သလို ဆက်ဆံရေးကိုလည်း တိုးတက်ကောင်းမွန်စေမှာဖြစ်ပါတယ်။

၃။ ဒေါသတွေနဲ့ အိပ်ရာမဝင်ပါနဲ့။
တနေကုန်အလုပ်တွေရှုပ်ပြီး ပင်ပင်ပန်းပန်းနဲ့ အိမ်ပြန်လာခဲ့မယ်။ ပြီးတော့အကြောင်းတစ်ခုခုနဲ့ ပတ်သက်ပြီး စကားများငြင်းခုံစရာတွေဖြစ်မယ်ဆိုရင် ဒေါသထွက်ပြီး အိပ်ရာဝင်မသွားပါနဲ့။ အိပ်လိုက်ရင်ပြီးသွားမှာပဲ၊ မနက်ကျရင် ဒီအကြောင်း အစမဖော်ဘူးပဲ ရှောင်နေလို့ ရမယ်လို့ မထင်ပါနဲ့။ ဒီလို ပြန်မပြောကြရုံနဲ့ အကျိတ်အခဲက ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။ အငြင်းပွားစရာတွေက ရှောင်လွှဲလို့မရနိုင်ပါဘူး။ သင်တို့နှစ်ဦးကြားဆက်ဆံရေးကို တန်ဖိုးထားပြီး သေချာနားလည်အောင်၊ သဘောတူညီမှုရအောင် ဆွေးနွေးသင့်ပါတယ်။ ပြီးပြီးရောဆိုပြီး အိပ်ရာဝင်မသွားပါနဲ့။

၄။ သင့်ရဲ့တစ်နေ့တာကို ပွေ့ဖက်မှုတွေ အနမ်းတွေနဲ့ စတင်ပါ၊ အဆုံးသတ်ပါ။
မနက်ခင်းမှာ အပြုံးတွေနဲ့ နိုးထလာမယ်။ ကြင်ဖက်ကို ပွေ့ဖက်ပြီး အနမ်းတွေပေးမယ်။ ပြီးတော့ သူမကို ပျော်ရွှင်စရာလေးတွေပြောမယ်။ ဒီနည်းလမ်းက တစ်နေ့တာကို စတင်ဖို့အကောင်းဆုံးနည်းလမ်းပါပဲ။ သင်တို့နှစ်ဦးရဲ့ ချစ်သက်တမ်းဘယ်လောက်ပဲ ကြာနေပါစေ၊ ဒီအထိအတွေ့လေးတွေက အမြဲတမ်း တန်ဖိုးရှိနေမှာဖြစ်ပါတယ်။ တစ်နေ့တာကုန်ဆုံးသွားပြီဆိုရင်လည်း ဒီနည်းလမ်းလေးနဲ့ပဲ အဆုံးသတ်ပေးသင့်ပါတယ်။

၅။ ယုံကြည်မှုအပြည့်ရှိပါ။
တစ်စုံတစ်ယောက်ရဲ့ ယုံကြည်မှုကိုရရှိဖို့က အချိန်ယူရတတ်ပါတယ်။ ဒါပေမယ့် တန်ပါတယ်။ တစ်ဦးကို တစ်ဦးက မှန်တာတွေပဲလုပ်နေတယ်၊ လိုအပ်နေချိန်မှာ အမြဲအသင့်ရှိနေမယ်၊ သစ္စာရှိနေတယ်လို့ အပြန်အလှန်ယုံကြည်ထားရင် စိတ်ပျက်စရာဆိုတာ ရှိလာမှာမဟုတ်ပါဘူး။

၆။ တောင်းပန်စကားတွေကို လက်ခံပေးပါ။
သင်မကြိုက်တဲ့အရာတွေ အများကြီးရှိနိုင်ပါတယ်။ ဒီအရာတွေကို သင့်ရဲ့ကြင်ဖက်ကလုပ်မိရင် ပိုဆိုးနိုင်ပါတယ်။ ဒါပေမယ့် တစ်ခုစဉ်းစားကြည့်ပါ။ သင်ကိုယ်တိုင်လည်း ပြီးပြည့်စုံနေတာမဟုတ်ပါဘူး။ ဒီတော့ တစ်ယောက်နဲ့ တစ်ယောက်နားလည်ပေးပြီး မှားတဲ့သူက တောင်းပန်ရင်လက်ခံပေးသင့်ပါတယ်။ သင့်မပြောင်းလဲနိုင်တဲ့ ကိစ္စတွေအတွက် ရတက်မအေးနိုင်ဖြစ်မနေပဲ ကောင်းတဲ့အချက်တွေကိုပဲ အာရုံစိုက်ပါ။

၇။ အောင်မြင်မှုတိုင်းကို မျှဝေခံစားပါ။
သင်တို့နှစ်ဦးအကြားမှာ အကောင်းအဆိုးနှစ်ခုစလုံးကို မျှဝေခံစားရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် အားပေးကူညီပါ။ ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ် ပြီးမြောက်အောင်မြင်ဖို့ အချိန်နဲ့ အင်အားစိုက်ထုတ်ရပါတယ်။ ဒါ့ကြောင့် ဘာကိစ္စမဆို ပြီးမြောက်အောင်မြင်တိုင်းမှာ အသိအမှတ်ပြုပြီး မျှဝေခံစားပါ။

၈။ အသေးအမွှားလေးတွေကိုလည်း ဂရုစိုက်ပါ။
မျှော်လင့်မထားတဲ့အချိန်မှာ ဖုန်းခေါ်တာ၊ စာပို့တာ၊ အိမ်မှာထမင်းဟင်းချက်ထားတာ၊ သူမကြိုက်တဲ့ ဇာတ်ကားကို အတူကြည့်ပေးတာ စသဖြင့် ဘာမှအရေးမကြီးဘူးလို့ ထင်ရတဲ့အပြုအမူလေးတွေကလည်း ထူးခြားမှုတွေဖြစ်စေနိုင်ပါတယ်။ ဒီအချက်လေးတွေက သင်တို့ရဲ့ဆက်ဆံရေးကို ခိုင်မြဲစေနိုင်တဲ့ အကြောင်းရင်းတွေလဲဖြစ်ပါတယ်

၉။ နားလည်မှုရှိပါ။
သူမဘာပြောချင်နေတာလဲဆိုတာ သေချာနားထောင်ပါ။ စိတ်ကိုဖွင့်ထားပါ။ အမြင်တူချင်မှတူပါလိမ့်မယ်။ ဒါပေမယ့် ရှုထောင့်အမျိုးမျိးဖြစ်နိုင်ပါတယ်။ တစ်ယောက်ပြောသမျှ အကုန်လိုက်သဘောတူနေဖို့လည်း မလိုပါဘူး။ သူမ ဘာကြောင့်ဒီလိုမြင်နေတာလဲ ဆိုတာကို နားလည်အောင်ကြိုးစားပါ၊ ပြီးရင် သင့်ရဲ့အမြင်ကို ရှင်းပြပါ။ စိတ်ခံစားချက်တွေက ထိလွယ်ရှလွယ်ပေမယ့် ပြင်ဆင်ဖို့ ခက်ခဲပါတယ်။ ဒါ့ကြောင့် ဂရုတစိုက် ဆက်ဆံတတ်ဖို့ လိုပါတယ်။

၁၀။ ဟာသအမြင်ရှိပါ။
ဟာသဓာတ်ခံရှိတာက စိတ်ကို ပေါ့ပါးသွားစေတဲ့အတွက် အခြေအနေတော်တော်များများကို ဖြတ်ကျော်နိုင်စေမှာဖြစ်ပါတယ်။ ဘယ်လောက်ကိုင်တွယ်ရခက်ပြီး ဆိုးဝါးတဲ့ပြဿနာဖြစ်နေပါစေ၊ ဟာသအမြင်ရှိခဲ့မယ်ဆိုရင် အခြေအနေကိုပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ တစ်ယောက်ယောက် ထိခိုက်နာကျင်မှုမရှိသရွေ့ ရယ်မောပျော်ရွှင်နေနိုင်မှာဖြစ်ပါတယ်။

၁၁။ ပုံမှန်ဝင်ငွေရှိနေဖို့လည်း လိုအပ်ပါတယ်။

မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
============================================

No comments:

Post a Comment

မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။