ချင်းရိုးရာ ယဉ်ကျေးမှု နှီး နှော ဖ လှယ် ပွဲ မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်သုံးနိုင်ငံ ချင်းကျောင်းသားများ စုစည်း၍ ဟားခါးမြို့တွင် ကျင်းပမည်
မြန်မာ၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံမှ ချင်းတိုင်းရင်းသား ကျောင်းသားများ စုစည်း၍ ချင်းရိုးရာ ယဉ်ကျေးမှု နှီးနှော ဖလှယ်ပွဲကို ချင်းပြည်နယ် မြို့တော် ဟားခါးတွင် လာမည့် နိုဝင်ဘာ ၅ရက်မှ ၇ရက်အထိ သုံးရက်တာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ချင်းရိုးရာ ယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲ ကျင်းပမည့် တင်ပြ တောင်းဆိုချက်ကို ချင်းပြည်နယ် အစိုးရ အဖွဲ့က စက်တင်ဘာ ၂၉ရက်တွင် တရားဝင် ခွင့်ပြု လိုက်ပြီ ဖြစ်ကြောင်း၊ ယင်းနှီးနှော ဖလှယ်ပွဲ ကျင်းပရခြင်း အကြောင်းရင်းမှာ နိုင်ငံ နယ်နိမိတ်ခြား ချင်းတိုင်းရင်းသား ညီအစ်ကိုများ ပြန်လည် တွေ့ဆုံ၍ ချစ်ကြည် ရင်းနှီးမှု ရယူရေးနှင့် တိမ်မြုပ် ပျောက်ကွယ် လုနီးပါးဖြစ်သည့် ချင်းတိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု ဓလေ့များ၊ ချင်းသမိုင်း၊ ယဉ်ကျေးမှု စာပေကို ပြန်လည်ဖော် ထုတ်နိုင်ရေး တို့ကို ဆွေးနွေးမည် ဖြစ်ကြောင်း၊ ချင်းတက္ကသိုလ် ကျောင်းသား ခေါင်းဆောင် ဆလိုင်းငွန်လျန်ဆန်းက ပြောသည်။
''သုံးနိုင်ငံမှာ ပျံ့နှံ့ နေထိုင်ကြတဲ့ ချင်းကျောင်းသား၊ ကျောင်းသူတွေဟာ အကြောင်း အမျိုးမျိုးကြောင့် ကွဲကွာ နေတာကို နောင်လာနောက်သားတွေ မသိကြတော့ဘူး၊ နေရာဒေသ မတူကြပေမယ့် တအူတုံဆင်း ညီအစ်ကိုဖြစ်မှုကို ပြန်လည်ဖော်ထုတ် လိုတဲ့ ရည်ချက်ချက် ပါ''ဟု ချင်းကျောင်းသားများ သမဂ္ဂအဖွဲ့ဝင် တစ်ဦးက ပြော သည်။
အဆိုပါ နှီးနှောဖလှယ်ပွဲကို ဝမ္မသူးမောင် အားကစားကွင်းတွင် ကျင်းပမည်ဖြစ်ကာ ချင်းပြည်နယ် ဝန်ကြီးချုပ်၊ မီဇိုရမ် ပြည်နယ် ဝန်ကြီးချုပ်နှင့် မဏိပူရ်ပြည်နယ် ဝန်ကြီးချုပ် တို့ကို ဖိတ်ကြားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် အိန္ဒိယ နိုင်ငံမှ အသိပညာရှင် အတတ်ပညာရှင်များ၊ အနုပညာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက် နိုင်ရန်ပြင်ဆင် လျက်ရှိပြီး ဟောပြောပွဲများ၊ ရိုးရာယဉ်ကျေးမှု အက ပဒေသာများဖြင့် စည်ကားစွာ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။