Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, September 7, 2015

အတွင်းတန်ဖိုး


အတွင်းတန်ဖိုး

|| ဒေါက်တာခင်မောင်ညို ||

ကျွန်တော် အင်္ဂလန်မှာ ပညာသင်နေစဉ်မှာ ကျွန်တော့်ဆရာကပြောတယ်။

“မင်းတို့ကို စကေားလားရှစ်ပေးပြီး ပညာသင်ပေးတာ ဘာကြောင့်လဲသိလား။ မင်းတို့ထဲကနေ ကမ္ဘာကြီးကိုအကျိုးပြုတဲ့ လူတစ်ယောက်တလေ ထွက်လာဖို့ပဲ” တဲ့။

“ဆရာတို့ဆီက လူတော်တွေ အတော်ထွက်တယ်နော်”

“တကယ်တော့ ကမ္ဘာအရပ်ရပ်မှာ လူတော် တွေရှိပါတယ်။ အချို့လူတွေဟာ မွေးကတည်းက အင်မတန်တော်တယ်။ ဒါပေမဲ့ သူတို့ဟာ ပြုစုပျိုးထောင်ခြင်းမခံရဘူး။ အချို့လူတွေကျတော့ အခွင့်အရေးရတယ်။ ဒီအတွက် သူတို့ အရည်အချင်းပြနိုင်တယ်”

“ကျွန်တော်တို့နိုင်ငံကို တိုးတက်ဖို့ လူတော်တွေ ဘယ်လိုရအောင် ရှာရမလဲ”

“မင်းတို့ တွေ့လာမှာပါ” လို့ ဆရာက ပြောခဲ့ပါတယ်။

လူတော်တွေရဖို့ နှစ်အကြာကြီး စောင့်ရတယ်။

ဆရာက “၀စ္စတန်ချာချီလ်ကို မင်းသိမှာပါ။ သူဟာ အင်မတန်အပြောကောင်းတယ်။ သူ့ မိန့်ခွန်းတွေကြောင့် သူ့ရဲ့ ဒုတိယကမ္ဘာစစ်မှာ အောင်မြင်မှုကို မင်းတော့တွေ့မှာပဲ”

“သိပါတယ်ဆရာ။ သူဟာ စာပေနိုဘယ် ဆုကိုလည်း ရခဲ့ပါတယ်”

ချာချီလ်ဟာ နာဇီဂျာမနီတွေကို နိုင်အောင် တိုက်နိုင်တဲ့ ဗြိတိသျှဝန်ကြီးချုပ်ဖြစ်တယ်။ သူ့ရဲ့အရည်အသွေးကို ကမ္ဘာက အသိအမှတ်ပြု ကြပါတယ်။

“တကယ်တော့ ချာချီလ်ဟာ ပါလီမန်မှာ စကားပြောတဲ့အခါ အမြီးအမောက်မတည့်တဲ့အတွက် အမတ်တွေက ခုံပေါ်ဖိနပ်တွေနဲ့ခေါက်ပြီး အတားခံခဲ့ရတယ်။ ဒါပေမဲ့ နှစ်ပေါင်း သုံးလေးဆယ်ကြာတဲ့အခါ သူ့အရည်အချင်းပေါ် လာတယ်။ ဘုရင်မင်းမြတ်က သူ့ကိုခေါ်ပြီး ၀န်ကြီးချုပ်ခန့်ခဲ့တယ်”

ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ လူတော်တွေကို အားပေးတာထက် ပျက်စီးစေဖို့ ကြိုးစား သူတွေများတာကို တွေ့ရတယ်။

ဒါကို ဣဿာမစ္ဆရိယလို့ခေါ်တဲ့ မနာလိုဝန်တိုခြင်းတွေက များနေတယ်။

ဥပမာ ဂဠုန်ဦးစောရဲ့ မစ္ဆရိယစိတ်တွေ ကြောင့် ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံခြင်းမျိုးပါပဲ။ ဒါဟာ အင်မတန်ဆိုးရွားပါတယ်။ ကျွန်တော်တို့တစ်နိုင်ငံလုံးဟာ ကမ္ဘာမှာ အောက်တန်းနောက်တန်းကို ကျသွားပါတယ်။ အာဇာနည်ကြီးများကို လုပ်ကြံတဲ့အတွက် မျိုးဆက်ပြတ်သွားသလိုဖြစ်ခဲ့ရတယ်။

အရပ်ဘက်အုပ်ချုပ်ရေးမှာ အင်မတန်တော်တဲ့ ဦးတင်ထွဋ် အလုပ်ကြံခံရတာလည်း ဆိုးပါတယ်။

စာပေပညာနဲ့ ပတ်သက်လို့ သိပ္ပံမောင်ဝ အသတ်ခံရတာလည်း ဆုံးရှုံးမှုဖြစ်တယ်။ ဒီလိုအဖြစ်မျိုးတွေကို ရှောင်ဖို့လိုတယ်။

ယနေ့ ရေဘေးကိစ္စဖြစ်တဲ့ကာလမှာ လူအများဟာ ကူညီရိုင်းပင်းကြတယ်။ လှူဒါန်းကြတယ်။

လူတွေမှာ စိတ်ကောင်းတွေရှိကြပါတယ်။ လူတစ်ယောက်အောင်မြင်အောင် ကြိုးစားနိုင်တာကတော့ သူ့ရဲ့အတွင်းတန်ဖိုးကြောင့်ပါ။ ဒီလိုအောင်မြင်တဲ့သူတွေဟာ ကျန်တဲ့သူတွေ ရဲ့ အားထားရာဖြစ်ပါတယ်။ ဒါကိုမမေ့ဖို့ လိုတယ်။ မနာလိုရာက လူတစ်ဦးတစ်ယောက်ကို ပျက်စီးစေတယ်။ ဒါပေမဲ့ ဒီလိုပျက်စီးတာဟာ တစ်ဦးတစ်ယောက်တည်း ပျက်စီးတာမဟုတ်ဘူး။ လူ့လောကကို ဖျက်ဆီးတာမျိုး ဖြစ်သွားတာမျိုးကို သတိပြုသင့်တယ်။



ကြက်ကို ကြက်ဥကပဲရ

အတွင်းတန်ဖိုးနဲ့ပတ်သက်ပြီး ဒီနေရာမှာ ကျော်မင်းဦးအကြောင်း ပြောချင်တယ်။

ကျော်မင်းဦးဟာ ကျွန်တော်ရွာလေးတစ် ရွာမှာနေစဉ်က မိတ်ဆွေဖြစ်ခဲ့တဲ့ အိမ်နီးနားချင်း မင်းသူရရဲ့သားပါ။ ကျော်မင်းဦးတို့အိမ်မှာ ကြက်မကြီးတစ်ကောင်ရှိတယ်။

ကြက်မကြီးက ဥတွေဥပြီးဝပ်ရင် ကျော်မင်းဦးက သူ့ရဲ့ပင်ပေါင်ဘောလုံး (စားပွဲတင်တင်းနစ်ဘောလုံး)လေးကို သွားထည့်တယ်။

သူ့ရဲ့ဘောလုံးလေးက အကောင်ဘယ်တော့မှပေါက်မလာဘူး

သူအကြိမ်ကြိမ်စမ်းပေမယ့်မရဘူး။ ဒီတော့ သူလာပြောတယ်။

“အဖေ ... အဖေ၊ ကျွန်တော့်ဘောလုံးလေးဟာ ကြက်ဥနဲ့တူတာပဲ။ ကြက်မကြီးက အကောင်ပေါက်အောင် မ၀ပ်ပေးဘူး”

ဒီတော့ သူ့ဖေကပြောတယ်။

“ကြက်မတစ်ကောင်ဟာ ဥတွေကိုဝပ်တယ်။ ကြက်ဥကိုပဲဝပ်ဝပ်၊ ဘဲဥကိုပဲဝပ်ဝပ် အချိန်တန်ရင် အကောင်ပေါက်လာမှာပဲ။ ဘာကြောင့်လဲ ဆိုတော့ ကြက်ဥအတွင်းမှာ ကြက်ကလေးပေါက်နိုင်တဲ့ အနေအထားရှိလို့ပဲပေါ့။ ဒါပေမဲ့ မင်းဘောလုံးက ကြက်ကလေးပေါက်နိုင်တဲ့ ဟာမှမဟုတ်တာပဲ။ ဘယ်လိုလုပ် ကြက်ကလေးပေါက်မှာလဲ”

ဒါအမှန်ပါပဲ။ လူတိုင်းသိကြတဲ့ သဘောတရားပါပဲ။

တကယ်လို့ အဲဒီကြက်ဥနေရာမှာ ပလတ်စတစ်တစ်ခုကို ပုံသဏ္ဌာန်တူလုပ် ထည့်ထားရင် ကြက်ကလေးပေါက်မှာ မဟုတ်ဘူးပေါ့။

ဒါဟာ တန်ဖိုးနဲ့ဆိုင်တာပါပဲ။ အတွင်းမှာ ဘာမှမရှိရင် ဘာမှထွက်မလာဘူးပဲ။

အတွင်းတန်ဖိုးမရှိတဲ့သူတွေ ခေါင်းဆောင် တက်လုပ်နေသမျှ ဘာမှဖြစ်လာမှာမဟုတ်တဲ့ သဘောပါပဲ။



ပညာကိုခံယူ

ပညာသင်တဲ့အခါမှာ အတွင်းတန်ဖိုးကို ခံခွက်နဲ့နှိုင်းယှဉ်တတ်တယ်။ မိမိရဲ့ခွက်ဟာ ကြီးမားရင် ရေများများခံယူလို့ရတယ်။ ခွက်ပေါက် နေရင်တော့ ရေမရဘူးပေါ့။ (ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေရတာကိုပဲလိုချင်တယ်ဆိုပြီး ပြောတဲ့သူတွေ ခေါင်းဆောင်ဖြစ်နေတယ်ဆိုရင် ဘယ်လိုအဆင်ပြေမှာလဲ) အတွင်းတန်ဖိုး အကြောင်း ဆက်ပြောချင်တယ်။

နောက်တစ်ခုက ပညာသင်ရင် အခြေအနေတွေကို သိရမယ်။ ဒါပေမဲ့ ခွက်ကဘယ်လိုကြီးကြီး ရေမခံရင်ရေမရသလို မှောက်ထားရင် ရေမရဘူး။

ပြီးတော့ မိုးမရွာတဲ့အရပ်မှာ ရေခံရင်တော့လည်း ရေမရဘူးပေါ့။ ရတဲ့မိုးရေတွေဟာ မိုးခါးရေ (Acid Rain) ဖြစ်နေရင် သောက်သုံးလို့မရပြန်ဘူး။ တကယ်တော့ လူမှုရေးရာတွေဟာ ဥပမာပြလို့မရအောင် ရှုပ်ထွေးလှတယ်။

ဆရာတော်တစ်ပါးကတော့ “အရှုပ်တွေ မရှိစေဘဲ၊ ရှင်းအောင်နေတတ်တာဟာ မင်္ဂလာတစ်ပါးပါ” လို့ဆိုတယ်။ မှန်ပါတယ်။ လူတွေအနေနဲ့ မရှုပ်အောင်နေဖို့ ခက်ခဲတယ်။ မိတ် ဆွေတစ်ဦးကတော့ “တာဝန်မဲ့နေတတ်မှသာ မရှုပ်မှာပဲ” လို့ ငြင်းချက်ထုတ်သွားတယ်။

လူမှုရေးဟာ ရှုပ်ထွေးလှတယ်။ ပြဿနာပေါင်းစုံရှိတယ်။ အရှုပ်ထဲမှာ ရှင်းအောင်နေတတ်ဖို့ ခက်လှတယ်။ ဒါဟာ လေ့ကျင့်ထားမှုနဲ့ဆိုင်တယ်။



စိတ်ရှင်းရင် ဘ၀ရှင်းမလား

အချို့ကတော့ စိတ်ရှင်းမှ ဘ၀ရှင်းမယ်လို့ ဆိုကြတယ်။ တကယ်တော့ ဘ၀ဆိုတာမရှင်းနိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ ဗုဒ္ဓမြတ်စွာသော်မှ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့တယ်။ နောက်ဆုံး ဗုဒ္ဓအဖြစ်ရောက်ရှိတဲ့ ဘ၀မှာသော်မှ အတော်ရှုပ်ထွေးတဲ့ လူမှုရေးတွေကို ရင်ဆိုင်ရတယ်။

“သားတော်ရာဟုလာ အမွေတောင်းတယ်”

“စိဉ္စမာနက မတရားစွပ်စွဲတယ်”

“အင်္ဂုလိမာလက လက်ညှိုးဖြတ်ဖို့ လိုက်တယ်”

မြောက်မြားစွာသော ပြဿနာတွေရှိတာပဲ။

ဒါကြောင့်လည်း ဗုဒ္ဓက ဘ၀ရဲ့အဓိပ္ပာယ်ကို ဒုက္ခနဲ့ပြတာပဲ။ သစ်္စာလေးပါးမှာ “ဒုက္ခဆိုတာ ဘ၀ရဲ့ပြယုဂ်” လို့ဆိုထားတာပဲ။

- ဒုက္ခဖြစ်တည်ရာ (ဇာတိ)

- ဒုက္ခကိုလွတ်မြောက်ဖို့လမ်း (မဂ်္ဂ)

- ဒုက္ခကိုလွတ်မြောက်သောနေရာ (နိဗ္ဗာန်) တို့ကို ဖော်ပြပါတယ်။

ဘ၀ကိုရင်ဆိုင်ဖို့အတွက် အတွင်းတန်ဖိုး မြင့်မားအောင် ဖြည့်ထားဖို့လိုတယ်။ တကယ်တမ်းမှာ လူတိုင်းမှာ တန်ဖိုးရှိပါတယ်။ ဒီတန်ဖိုးကို ကျသွားအောင် ကိုယ်ပဲလုပ်တတ်သလို ဒီတန်ဖိုးကိုမြင့်စေဖို့ ကိုယ်တိုင်လုပ်ကြရပါတယ်။ အတွင်းတန်ဖိုးရှိဖို့တော့ လေ့ကျင့်ယူရပါတယ်။

ပါရမီရင့်ကျက်လာဖို့ လူတွေ အတွင်းတန် ဖိုးမြင့်မားအောင် လေ့ကျင့်ပျိုးထောင်ရတာပဲ။ လေ့ကျင့်ထားတဲ့ လူတစ်ယောက်ရဲ့တန်ဖိုးကို ဒီအတိုင်းတော့ မမြင်ရဘူးပေါ့။ ဒါပေမဲ့ အရေးကြုံတော့ မြင်ရတယ်။



တန်ဖိုးရှိတဲ့သူ

မကြာသေးမီက ကွယ်လွန်သွားတဲ့ ဒါရိုက် တာမောင်တင်ဦးကို လူအတော်များများက နှမြောတသဖြစ်ကြရတယ်။ သူ့မှာ အနုပညာ တန်ဖိုးကြီးမားလို့ပါပဲ။ တကယ်တော့ အနုပညာအတွင်းတန်ဖိုးကို လူတိုင်းမရနိုင်ဘူး။

ဒါကို Aesthetic Value လို့ ခေါ်တယ်။ အနုပညာဆိုင်ရာ တတ်သိမှုပဲ။ သူ့ကို နှစ်ပေါင်းများစွာ ဆည်းပူးရတယ်။ လေ့ကျင့်ရတယ်။ (လေ့ကျင့်တိုင်းလည်း မဖြစ်မြောက်သူတွေရှိသလို မလေ့ကျင့်ဘဲ အောင်မြင်သူတွေလည်း အများကြီးပါပဲ)

အားကစားထူးချွန်သူတွေလည်း ဒီအတိုင်းပဲ။ သူတို့ရဲ့ ထူးချွန်မှုကိုတော့ Talent လို့ခေါ်တယ်။ လူတိုင်းမရနိုင်ပါဘူး။ ပညာရပ်အတော် များများကို လေ့ကျင့်ပြီးရယူနိုင်ပေမယ့် ထိပ်တန်းကိုရောက်ဖို့ဆိုရင် ပါရမီရှိဖို့လိုပါတယ်။

တကယ်တော့ သိပ္ပံပညာရော၊ ၀ိဇ္ဇာပညာမှာပါ အတွင်းတန်ဖိုး မြင့်မားတဲ့သူတွေအတွက် အလုပ်မရှားဘူး။ ချမ်းသာဖို့လည်း လွယ်ကူပါတယ်။ ဒီလိုတန်ဖိုးမြင့်တဲ့လူတွေဟာ ငွေကြေး ချမ်းသာပြီး ပျော်ရွှင်တဲ့ဘ၀ကို ရတတ်တယ်။ အိမ်တွေပိုင်တယ်။ ကားတွေပိုင်တယ်။ ရွှေကြိုးကြီးတွေ လက်စွပ်တွေ ပြူးနေအောင်၊ ဟန်းချိန်းတွေ ပြူးနေအောင် ဆွဲနိုင်တယ်။

မီးခံတေသေတ်္တာထဲမှာ သိမ်းထားတဲ့ ရွှေငွေတွေ အများကြီးရှိတာဟာ ကောင်းပါတယ်။ ဒါပေမဲ့ သူတို့ဟာ အတွင်းတန်ဖိုးပြည့်ဝအောင် ကြိုးစားဖို့လိုတယ်။ ဒါမှလည်း လူဖြစ်ရကျိုး နပ်မယ်။ တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်လာမယ်။

နိဂုံး

အချုပ်ကတော့ လောကမှာ မလုပ်သင့် မလုပ်အပ်တာတွေ အများကြီးရှိတယ်။ ဒီလိုရှိတဲ့အနက် လူ့အသက်ကို လုပ်ကြံတာမျိုးဟာ အဆိုးဆုံးဆိုတာကို သတိပြုသင့်တယ်။ အကြမ်းဖက်လုပ်ရပ်များကို အားမပေးကြပါနဲ့။ အဆင်းရဲဆုံးနိုင်ငံမှာ အောက်တန်းအကျဆုံး လူတစ်ယောက် မဖြစ်အောင်ကြိုးစားပါ။

ဒေါက်တာခင်မောင်ညို

The Ladies News Journal ပါ ဆောင်းပါး

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။