လွဲလွဲလေးဟာ ကောင်းသလား
|| ဒေါက်တာခင်မောင်ညို ||
“လွဲလွဲလေးလည်း ကောင်းပါတယ်ဆရာ”
ပြောတဲ့သူက ကျွန်တော့်တပည့်ပါပဲ။ ဒါကြောင့် သူ့ကို ပြောရပါတယ်။
“လွဲလွဲလေးဆိုတာ တကယ်တော့ ဘယ်ကောင်းပါ့မလဲကွာ”
“ဟုတ်ကဲ့ဆရာ။ ကျွန်တော်က ဟာသကို ပြောတာပါ ဆရာ။ ကျွန်တော်တို့ နိုင်ငံကလည်း နည်းနည်းလေး လွဲနေတယ်မဟုတ်လား ဆရာ”
“အေးကွ။ ဒါပေမဲ့ ဒါဟာ ရယ်စရာမဟုတ်ဘူး။ ငိုစရာ ဖြစ်လာနိုင်တယ်”
“ဘယ်လိုလဲ ဆရာ”
“တလောက ဦးနေ၀င်းပြောတယ်ဆိုတဲ့ စကားကို ဖတ်ရတယ်။ သူသာ အရင်ကတည်းက တရားဓမ္မတွေကို ခုလိုသဘောပေါက်ခဲ့ရင် အာဏာမသိမ်းပါဘူးတဲ့”
“လူမိုက်နောက်မှအကြံရပေါ့ ဆရာ”
“မှန်ပါတယ်ကွာ။ ဒါပေမဲ့ သူလွဲသွားတယ်။ ပြုပြင်ဖို့ အရမ်းခက်သွားတဲ့ အချိန် ရောက်သွားခဲ့တယ်။ ဒီကိစ္စကို သေသေချာချာ ဆန်းစစ်ကြည့်ဖို့တော့ လိုတယ် ။ တကယ်တော့ တပ်မတော်က အာဏာသိမ်းတယ်ဆိုတာ တိုင်းပြည်ကို ကောင်းစားစေချင်တဲ့ စေတနာနဲ့ မဟုတ်လား”
“ဖြစ်နိုင်ပါတယ် ဆရာ”
“ဒါပေမဲ့ အာဏာသိမ်းတာဟာ သူကိုယ်တိုင်ကောင်းစားဖို့လို့ပဲ လူတွေက သတ်မှတ်ကြတယ် ။ သူကိုယ်တိုင်လည်း တစ်ယောက်တည်း ကောင်းစားရေးကို အစွမ်းကုန်လုပ်သွားတဲ့ အာဏာရှင် ဖြစ်ခဲ့တယ်”
“နည်းနည်းလေး လွဲသွားတာပေါ့ ဆရာ”
“ဟုတ်ပါတယ်။ အကြွင်းမဲ့အာဏာကို ဗိုလ်နေ၀င်းက ရသွားတာကိုး ။ အကြွင်းမဲ့အာဏာဟာ အလုံးစုံကို ပျက်စီးစေတယ်”
“ကျွန်တော်တို့ဟာလည်း ဒီလို အာဏာရှင်တွေကိုကြောက်တာ အကျင့်ပါနေတယ် ဆရာ ။ လူကြီးတွေကို ခံမပြောရဲဘူး ဆရာ”
ကြောက်တာ ရင်ထဲအသည်းထဲ စွဲနေကြတယ် ။ တကယ်တော့ မြန်မာပြည်တွင်သာ မဟုတ် နိုင်ငံတကာမှာလည်း ကြောက်ရွံ့မှုတွေကို မွေးထားကြတယ် ။
“အင်း … ဗိုလ်ချုပ်အောင်ဆန်းရဲ့ လူ့ကျင့်ဝတ်နဲ့ ပတ်သက်ပြီး ပြောခဲ့တဲ့ အထဲမှာလည်း အမှန်ကို မကြောက်ဘဲ ရဲရဲဝံ့ဝံ့ ပြောကြားဖို့ပါတယ်”
“ဘယ်လို ပြောသွားလဲ ဆရာ”
“ဗိုလ်ချုပ်အောင်ဆန်းက လူတွေမှာ အရေးကြီးဆုံး အရာနှစ်ခုပဲရှိတယ် ။ အဲဒါကတော့ ကိုယ်ကျင့်တရားရယ် ၊ အမှန်တရားကို မြတ်နိုးမှုရယ် ဒါပဲဖြစ်တယ် ။ ဘယ်နေရာမဆို အမှန်ကို အမှန်အတိုင်း ပြောရဲရမယ် ။ ပြောရဲတဲ့ သတ္တိလည်း ရှိရမယ်တဲ့ ။ ဗိုလ်ချုပ်အောင်ဆန်း စကားအတိုင်း ကျင့်ကြံဖို့လိုတယ်”
“ဗိုလ်ချုပ်ရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ကြောက်ရွံ့ခြင်းမှ ကင်းဝေးရေးဆိုတဲ့ စာအုပ်ထုတ်ခဲ့တယ် မဟုတ်လား”
“မှန်ပါတယ် ။ ဒီစာအုပ်ဟာ သူ့ကို လူတွေ ပိုသိလာစေတယ် ။ ဒီစာအုပ်ဟာ သူ နိုဘယ်လ်ဆုရဖို့ အထောက်အကူ ပြုခဲ့တာပဲ”
“အင်း၊ ကြောက်ရွံ့ခြင်းက ကင်းဝေးရမယ် ။ ရွံ့ကြောက်ခြင်းလည်း မရှိရဘူး ။ ရွံကြောက်ကြီးလည်း မဖြစ်စေနဲ့ပေါ့”
“တို့တစ်တွေက အလေ့အကျင့် နည်းနေတယ် ။ ဆိုလိုတာက မြန်မာပြည်မှာ ဒီမိုကရေစီ စတင်ကျင့်သုံးတဲ့ ကာလလေး နည်းနည်းလေးသာ ရှိခဲ့တယ်”
“အင်း ... လူကြီးတွေပြောတာ ကျွန်တော် ကြားဖူးပါတယ်ဆရာ ။ Democracy Practicing ဆိုတဲ့ စကားပါ ။ ကျွန်တော်တို့က ဒီလို ဘယ်တော့မှ မလုပ်ခဲ့ရဘူးလား ဆရာ”
“ဖဆပလတစ်ခေတ် ၁၄ နှစ်တော့ ရှိခဲ့တယ် ။ အဲဒီချိန်မှာလည်း သဘောမပေါက်ဘူး”
“ဘာကို သဘောမပေါက်ကြတာလဲ ဆရာ”
“ဒီမိုကရေစီကို သဘောမပေါက်တာပါ ။ ဒီမိုကရေစီဆိုတာ အင်မတန် ခက်ခဲတဲ့သဘောကို ဆောင်တယ် ။ ဥပမာပြောရရင် ခင်ဗျား ဆိုင်ရောင်းတယ် ။ အင်္ကျီရောင်စုံရှိတယ် ။ ပုံစံအမျိုးမျိုး ရှိတယ်ဆိုပါစို့ ။ ဒါကို ဈေးဝယ်တဲ့သူတွေက ရွေးကြတယ် ။ သူတို့သဘောနဲ့ သူတို့ ရွေးတာပေါ့”
“လှတယ်ထင်တာ ရွေးတာပေါ့နော်”
“ကိုယ်နဲ့ သင့်တော်မှာကို ရွေးတာပဲ ။ ဥပမာ ယောက်ျားလေးဆိုရင် ပန်းရောင် ဘယ်ရွေးပါ့မလဲ ။ ဒါပေမဲ့ မိန်းကလေးတွေ ဒါမှမဟုတ် မိန်းမစိတ်ရှိသူတွေက ပန်းနုရောင်တွေလိုမျိုး ရွေးတာ ။ ဒါပေမဲ့ ပန်းရောင်ဆိုတာတောင် အဲဒီထဲမှာ ကွဲတာတွေ အများကြီးရှိတယ် ။ ဒီနေ့ လမ်းပေါ် ကြည့်လိုက်ပေါ့ ။ လူတွေ အရောင်အသွေးမျိုးစုံ ၀တ်စားထားတာကို မြင်ရမယ်”
“ဟုတ်ကဲ့ဆရာ ရောင်စုံကို ရွေးချယ်နိုင်တာ ဒီမိုကရေစီပေါ့ ဟုတ်လားဆရာ”
“သဘောကို ပြောတာပါ။ တစ်ချိန်က တရုတ်ကွန်မြူနစ်ပါတီက လူတွေအားလုံး တစ်ရောင်တည်း ၀တ်ဖို့ အမိန့်ထုတ်ခဲ့တယ်”
“ဘာအရောင်လဲ ဆရာ”
“အပြာရင့်ရင့်ပါပဲ ။ ဆရာ အင်္ဂလန်ပညာသင်သွားတဲ့ ၁၉၇၃ ခုနှစ်မှာ တရုတ်က ပညာသင်တွေ ရောက်လာတယ် ။ အားလုံး ဆယ်ယောက်လောက် ရှိတယ် ။ သူတို့ကို သီးသန့် အင်္ဂလိပ်စာ သင်ပေးတယ် ။ အားလုံး အပြာရောင်အင်္ကျီ ဘောင်းဘီ ၀တ်စုံဝတ်ထားတယ် ။ ဦးထုပ်လည်း အပြာရောင်ပါပဲ”
“ဘာကြောင့်လဲ ဆရာ”
“ရောင်စုံဆိုတော့ သူလှတယ် ကိုယ်လှတယ် ၊ ဂုဏ်တုဂုဏ်ပြိုင်တွေ ဖြစ်တယ် ။ တစ်ရောင်တည်းဆိုတော့ ပိုပြီးကောင်းတာကိုလည်း လိုချင်စိတ်တွေ မရှိတော့ဘူး ဆိုတာမျိုးပေါ့ ။ ဆိုးတာက သူတို့ရဲ့စိတ်တွေဟာ ထိုင်းမှိုင်းသွားနိုင်တယ်”
“တကယ် ထိုင်းမှိုင်းသွားလား ဆရာ”
“တို့နိုင်ငံမှာ တစ်ချိန်က လုပ်လည်း ဒီလခ ၊ မလုပ်လည်း ဒီလခဆိုတော့ အားထုတ် လုပ်ကိုင်သူတွေ နည်းသွားတယ် ။ အားထုတ်လုပ်ကိုင်သူတွေကိုလည်း ဘေးကနေ ဟာသလုပ်တယ် ။ ဒါနဲ့ပဲ စိတ်ဓာတ်တွေ ပျက်ပြားသွားတော့တာပါပဲ”
“ဒါဆိုရင်ဆရာ လူတွေဟာ သူတို့တန်ဖိုးကို ပိုက်ဆံနဲ့ တိုင်းသလို ဖြစ်နေတာပေါ့”
“အမှန်ပါပဲ။ ဆရာတစ်ယောက်က ပြောဖူးတယ် ။ မြန်မာပြည်မှာပေါ့လေ ။ ၁၉၆၂ ခုနှစ် နောက်ပိုင်း ကြီးပြင်းလာသူတွေ အားလုံးဟာ ပိုက်ဆံရတဲ့ အလုပ်ကိုပဲ လုပ်ချင်ကြတယ်တဲ့”
“ဒါကတော့ နိုင်ငံတကာမှာလည်း ဒီလိုပဲလေ ။ ပိုက်ဆံပိုရချင်တာ သဘာဝကျတယ် ဆရာ”
“ဟုတ်ပါတယ် ။ ဆရာ သဘောပေါက်ပါတယ် ။ ဒါပေမဲ့ ဒီမှာ အလုပ်ဆိုတာ အစိုးရ၀န်ထမ်း အလုပ်တွေပဲ ရှိတယ် ။ ဒီတော့ ပိုက်ဆံရတဲ့ ဌာနတွေကို လူငယ်တွေက ရွေးချယ်တယ်”
“အောက်ဆိုက်ရတဲ့ ဌာနလို့ ပြောတာလား ဆရာ”
“အေးကွ ၊ ကပ်စတန်တို့လို ၊ အမြတ်ခွန်တို့လိုတွေကို ၀င်တယ် ။ ရေနံတို့ ၊ ဆည်မြောင်းတို့ ၊ ဆောက်လုပ်ရေးတို့မှာလည်း အဆင်ပြေကြတယ် ။ အဲဒီတုန်းက ဆရာက ဓာတုဗေဒဌာနမှာ အလုပ်လုပ်တယ် ။ ဆရာ့ကို ပါမောက္ခက ပြောပြတယ် ။ ဒီခေတ် ကလေးတွေလည်း ပျက်ကုန်ပါပြီကွာ ။ ငါတို့ဌာနက ကလေးတွေ ရေနံနဲ့ ပတ်သက်တဲ့ အလုပ်ဝင်ချင်တယ်ဆိုလို့ ငါသွင်းပေးတာ သူတို့ထွက်ကုန်ကြတယ်”
“ဘာဖြစ်လို့လဲ ဆရာ”
“သူတို့က ရေနံချက်စက်ရုံတို့ ရေနံရှာဖွေရေးတို့မှာ မလုပ်ချင်ကြဘူး ။ ရောင်းဝယ်ရေးဘက်မှာပဲ လုပ်ချင်ကြတယ်တဲ့”
“အဲဒီခေတ်က ဆရာတို့ ကျောင်းဆရာတွေ မျက်နှာငယ်တာပေါ့နော်”
“ပထမတော့ မျက်နှာငယ်ပါတယ် ။ နောက်ပိုင်းမှာ ဆရာတွေဟာလည်း ပိုက်ဆံရှာလို့ရတဲ့ နည်းတွေ တွေ့လာတယ်”
“ကျူရှင်လား ဆရာ”
“ဟုတ်တယ် ။ တကယ်တော့ ကျူရှင်ဆိုတာ ပညာသင်ပေးတာပါ ။ ရှေးကတည်းက ရှိပါတယ် ။ ကာတွန်းတစ်ခုမှာ ကျူရှင်အစ ဘယ်ကလဲဆိုပြီး သရော်ထားတာကို ဖတ်ရတယ် ။ တကယ်တော့ ကျူရှင်အစဟာ ခရစ်တော်မပေါ်မီ အချိန်ကတည်းက စတယ် ။ ဆော့ခရတ္တိတို့ ၊ ပလေတို့ဟာ ကျောင်းသားတွေကို ပညာသင်ခဲ့တာပဲ ။ ကြုံတုန်း ပြောရဦးမယ် ။ ကျူရှင်သင်လို့ ပြစ်ဒဏ်အကြီးဆုံး အပေးခံရတာ ဆောခရတ္တိပဲ ။ သူဟာ ကျောင်းသားတွေကို အတွေးသစ်တွေ သင်ပေးလို့ အဆိပ်သောက်ပြီး သေစေဖို့ ပြစ်ဒဏ်ပေးခံရတယ်”
“ဒါဆို အလုပ်ဖြုတ်ခံရတာ တော်သေးတာပေါ့နော် ဆရာ”
“အေးကွ ၊ ဆရာတွေဟာလည်း ၀င်ငွေ အင်မတန်နည်းတော့ မစားလောက်ဘူး ။ ဒီအတွက် အပြင်မှာထွက်ပြီး စာသင်တယ် ။ ဒါကို အစိုးရက ထောင်ချတယ် ၊ ပြစ်ဒဏ်တွေ ပေးတယ် ။ ဒီအခါမှာ ကျောင်းက ဆရာ၊ ဆရာမတွေဟာ အခွင့်အလမ်းတွေရသွားတယ် ။ သူတို့ဟာ သူတို့ကျောင်းသားတွေကို အိမ်ခေါ်ပြီး ကျူရှင်ပေးတော့တာပဲ”
“ကျွန်တော်လည်း စဉ်းစားဖူးတယ် ဆရာ ။ ကျောင်းတွေဆိုတာ ကျယ်ဝန်းတယ် ။ လေကောင်းလေသန့် ရတယ် ။ ဆရာ၊ ဆရာမတွေဟာ ဒီကလေးတွေကို ကျောင်းမှာ ကောင်းကောင်း မသင်ပေးဘဲ ဘာကြောင့် အိမ်ခေါ်သင်လဲဆိုတာ”
“ရှေးပိုင်းက စာမလိုက်နိုင်တဲ့ ကလေးတွေကို အထူးအရေးစိုက်ပြီး ခေါ်သင်ပေးရတဲ့ ကျူရှင်တွေ ရှိတယ် ။ အင်မတန်ကောင်းတဲ့ ရည်ရွယ်ချက်ပါ ။ ဒါပေမဲ့ နောက်ပိုင်းမှာ ဒါဟာ ပိုက်ဆံရတဲ့ နည်းလမ်းပဲဆိုတာကို သဘောပေါက်တယ် ။ နောက်ပိုင်းမှာတော့ ဆရာ၊ ဆရာမတွေဟာ ကျောင်းသားတွေကို ပြန်ပေးဆွဲထားသလိုတောင် ဖြစ်နေတယ်”
“ဘယ်လိုလဲ ဆရာ”
“ကျူရှင်မတတ်ရင် စာမေးပွဲမအောင်ဘူး ။ အဆင့်နည်းတာတွေ ဖြစ်လာတယ် ။ ကျူရှင်မယူတဲ့ ကျောင်းသားဟာ အတန်းထဲမှာ အနှိမ်ခံရတယ် ။ ဒီတော့ တစ်ဖက်ကကြည့်ရင် ပိုက်ဆံမပေးရင် မဖြစ်တော့တဲ့ အနေအထားကို ဖန်တီးလိုက်သလို ဖြစ်လာတော့တာပါပဲ”
“ဒါ အကျိုးဆက်တွေပေါ့နော် ဆရာ”
“ဟုတ်တယ် ။ ဌာနတိုင်းက ၀န်ထမ်းတွေဟာ ၀င်ငွေရဖို့ သူ့နည်းသူ့ဟန်နဲ့ ကြိုးစားလာကြတယ် ။ မိုလေ၀သလိုဌာနတောင် ၀င်ငွေရှာသေးတယ်လို့ ကြားတယ်”
“ဘယ်လိုလဲ ဆရာ”
“မှောင်ခိုစက်လှေတွေနဲ့ ပေါင်းပြီး မုန်တိုင်း ရှိတယ်ဆိုတာမျိုး ကြေညာတယ်။ ဒီအခါ ဘယ်သင်္ဘောမှ အပြင်မထွက်ရဲတော့ဘူး ။ ဒီအခါ မှောင်ခိုစက်လှေတွေအတွက် အခွင့်ကောင်းပဲပေါ့”
“ဒါဆိုရင်ဆရာ နာဂစ်မှာ မိုးလေ၀သ ကြေညာတာကို ဂရုမစိုက်တာ ဒီသဘောတွေ ပါတာပေါ့နော်”
“ပါနိုင်ပါတယ် ။ တစ်စုံတစ်ခု အမှားတွေကိုလုပ်ရင် နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးတွေ အများကြီးပါပဲ”
“ကျွန်တော်တို့ တိုင်းပြည် ဒါနဲ့ခံနေရတာပေါ့နော် ဆရာ”
“ဒါပေါ့ကွ ။ ဘုရင်စနစ်ကနေ ကိုလိုနီလက်ထဲကို ပြောင်းသွားတယ် ။ ဗိုလ်ချုပ်အောင်ဆန်းတို့က လွတ်လပ်ရေးရအောင် လုပ်တယ် ။ ဗိုလ်ချုပ် ကျဆုံးသွားတော့ တို့ခေါင်းဆောင်တွေဟာ တိုင်းပြည်ကြီးပွားတိုးတက်ေ အာင် မလုပ်နိုင်ကြဘူး”
“ခက်တာကိုး ဆရာ”
“အင်မတန် ခက်ပါတယ် ။ ခေါင်းဆောင်ဆိုတာ စေတနာရှိပြီး အနစ်နာခံရုံနဲ့ မပြီးဘူး။ ပညာဉာဏ်လည်း လိုသေးတယ်”
“ဘယ်လိုလုပ်ရမလဲ ဆရာ”
“ခုအချိန်ကနေ လူငယ်တွေကို စမွေးပေါ့ ။ ယနေ့လူငယ်တွေဟာ ပရဟိတစိတ်ဓာတ် ရှိတာကို ရေဘေးကိစ္စကို ကြည့်ရုံနဲ့ သိတာပဲလေ ။ လူငယ်တွေကို တန်ဖိုးထားပြီး စိတ်ရှည်သည်းခံကာ မြေတောင်မြှောက်ပေးဖို့လိုတ ယ် ။ အဓိကကတော့ လွဲနေတာ မကောင်းပါဘူး ။ လွဲနေတာလေးကို တည့်ပေးဖို့လိုတယ်”
ဆောင်းပါးရှင် - ဒေါက်တာခင်မောင်ညို
The Ladies News Journal
|| ဒေါက်တာခင်မောင်ညို ||
“လွဲလွဲလေးလည်း ကောင်းပါတယ်ဆရာ”
ပြောတဲ့သူက ကျွန်တော့်တပည့်ပါပဲ။ ဒါကြောင့် သူ့ကို ပြောရပါတယ်။
“လွဲလွဲလေးဆိုတာ တကယ်တော့ ဘယ်ကောင်းပါ့မလဲကွာ”
“ဟုတ်ကဲ့ဆရာ။ ကျွန်တော်က ဟာသကို ပြောတာပါ ဆရာ။ ကျွန်တော်တို့ နိုင်ငံကလည်း နည်းနည်းလေး လွဲနေတယ်မဟုတ်လား ဆရာ”
“အေးကွ။ ဒါပေမဲ့ ဒါဟာ ရယ်စရာမဟုတ်ဘူး။ ငိုစရာ ဖြစ်လာနိုင်တယ်”
“ဘယ်လိုလဲ ဆရာ”
“တလောက ဦးနေ၀င်းပြောတယ်ဆိုတဲ့ စကားကို ဖတ်ရတယ်။ သူသာ အရင်ကတည်းက တရားဓမ္မတွေကို ခုလိုသဘောပေါက်ခဲ့ရင် အာဏာမသိမ်းပါဘူးတဲ့”
“လူမိုက်နောက်မှအကြံရပေါ့ ဆရာ”
“မှန်ပါတယ်ကွာ။ ဒါပေမဲ့ သူလွဲသွားတယ်။ ပြုပြင်ဖို့ အရမ်းခက်သွားတဲ့ အချိန် ရောက်သွားခဲ့တယ်။ ဒီကိစ္စကို သေသေချာချာ ဆန်းစစ်ကြည့်ဖို့တော့ လိုတယ် ။ တကယ်တော့ တပ်မတော်က အာဏာသိမ်းတယ်ဆိုတာ တိုင်းပြည်ကို ကောင်းစားစေချင်တဲ့ စေတနာနဲ့ မဟုတ်လား”
“ဖြစ်နိုင်ပါတယ် ဆရာ”
“ဒါပေမဲ့ အာဏာသိမ်းတာဟာ သူကိုယ်တိုင်ကောင်းစားဖို့လ
“နည်းနည်းလေး လွဲသွားတာပေါ့ ဆရာ”
“ဟုတ်ပါတယ်။ အကြွင်းမဲ့အာဏာကို ဗိုလ်နေ၀င်းက ရသွားတာကိုး ။ အကြွင်းမဲ့အာဏာဟာ အလုံးစုံကို ပျက်စီးစေတယ်”
“ကျွန်တော်တို့ဟာလည်း ဒီလို အာဏာရှင်တွေကိုကြောက်တာ အကျင့်ပါနေတယ် ဆရာ ။ လူကြီးတွေကို ခံမပြောရဲဘူး ဆရာ”
ကြောက်တာ ရင်ထဲအသည်းထဲ စွဲနေကြတယ် ။ တကယ်တော့ မြန်မာပြည်တွင်သာ မဟုတ် နိုင်ငံတကာမှာလည်း ကြောက်ရွံ့မှုတွေကို မွေးထားကြတယ် ။
“အင်း … ဗိုလ်ချုပ်အောင်ဆန်းရဲ့ လူ့ကျင့်ဝတ်နဲ့ ပတ်သက်ပြီး ပြောခဲ့တဲ့ အထဲမှာလည်း အမှန်ကို မကြောက်ဘဲ ရဲရဲဝံ့ဝံ့ ပြောကြားဖို့ပါတယ်”
“ဘယ်လို ပြောသွားလဲ ဆရာ”
“ဗိုလ်ချုပ်အောင်ဆန်းက လူတွေမှာ အရေးကြီးဆုံး အရာနှစ်ခုပဲရှိတယ် ။ အဲဒါကတော့ ကိုယ်ကျင့်တရားရယ် ၊ အမှန်တရားကို မြတ်နိုးမှုရယ် ဒါပဲဖြစ်တယ် ။ ဘယ်နေရာမဆို အမှန်ကို အမှန်အတိုင်း ပြောရဲရမယ် ။ ပြောရဲတဲ့ သတ္တိလည်း ရှိရမယ်တဲ့ ။ ဗိုလ်ချုပ်အောင်ဆန်း စကားအတိုင်း ကျင့်ကြံဖို့လိုတယ်”
“ဗိုလ်ချုပ်ရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ကြောက်ရွံ့ခြင်းမှ ကင်းဝေးရေးဆိုတဲ့ စာအုပ်ထုတ်ခဲ့တယ် မဟုတ်လား”
“မှန်ပါတယ် ။ ဒီစာအုပ်ဟာ သူ့ကို လူတွေ ပိုသိလာစေတယ် ။ ဒီစာအုပ်ဟာ သူ နိုဘယ်လ်ဆုရဖို့ အထောက်အကူ ပြုခဲ့တာပဲ”
“အင်း၊ ကြောက်ရွံ့ခြင်းက ကင်းဝေးရမယ် ။ ရွံ့ကြောက်ခြင်းလည်း မရှိရဘူး ။ ရွံကြောက်ကြီးလည်း မဖြစ်စေနဲ့ပေါ့”
“တို့တစ်တွေက အလေ့အကျင့် နည်းနေတယ် ။ ဆိုလိုတာက မြန်မာပြည်မှာ ဒီမိုကရေစီ စတင်ကျင့်သုံးတဲ့ ကာလလေး နည်းနည်းလေးသာ ရှိခဲ့တယ်”
“အင်း ... လူကြီးတွေပြောတာ ကျွန်တော် ကြားဖူးပါတယ်ဆရာ ။ Democracy Practicing ဆိုတဲ့ စကားပါ ။ ကျွန်တော်တို့က ဒီလို ဘယ်တော့မှ မလုပ်ခဲ့ရဘူးလား ဆရာ”
“ဖဆပလတစ်ခေတ် ၁၄ နှစ်တော့ ရှိခဲ့တယ် ။ အဲဒီချိန်မှာလည်း သဘောမပေါက်ဘူး”
“ဘာကို သဘောမပေါက်ကြတာလဲ ဆရာ”
“ဒီမိုကရေစီကို သဘောမပေါက်တာပါ ။ ဒီမိုကရေစီဆိုတာ အင်မတန် ခက်ခဲတဲ့သဘောကို ဆောင်တယ် ။ ဥပမာပြောရရင် ခင်ဗျား ဆိုင်ရောင်းတယ် ။ အင်္ကျီရောင်စုံရှိတယ် ။ ပုံစံအမျိုးမျိုး ရှိတယ်ဆိုပါစို့ ။ ဒါကို ဈေးဝယ်တဲ့သူတွေက ရွေးကြတယ် ။ သူတို့သဘောနဲ့ သူတို့ ရွေးတာပေါ့”
“လှတယ်ထင်တာ ရွေးတာပေါ့နော်”
“ကိုယ်နဲ့ သင့်တော်မှာကို ရွေးတာပဲ ။ ဥပမာ ယောက်ျားလေးဆိုရင် ပန်းရောင် ဘယ်ရွေးပါ့မလဲ ။ ဒါပေမဲ့ မိန်းကလေးတွေ ဒါမှမဟုတ် မိန်းမစိတ်ရှိသူတွေက ပန်းနုရောင်တွေလိုမျိုး ရွေးတာ ။ ဒါပေမဲ့ ပန်းရောင်ဆိုတာတောင် အဲဒီထဲမှာ ကွဲတာတွေ အများကြီးရှိတယ် ။ ဒီနေ့ လမ်းပေါ် ကြည့်လိုက်ပေါ့ ။ လူတွေ အရောင်အသွေးမျိုးစုံ ၀တ်စားထားတာကို မြင်ရမယ်”
“ဟုတ်ကဲ့ဆရာ ရောင်စုံကို ရွေးချယ်နိုင်တာ ဒီမိုကရေစီပေါ့ ဟုတ်လားဆရာ”
“သဘောကို ပြောတာပါ။ တစ်ချိန်က တရုတ်ကွန်မြူနစ်ပါတီက လူတွေအားလုံး တစ်ရောင်တည်း ၀တ်ဖို့ အမိန့်ထုတ်ခဲ့တယ်”
“ဘာအရောင်လဲ ဆရာ”
“အပြာရင့်ရင့်ပါပဲ ။ ဆရာ အင်္ဂလန်ပညာသင်သွားတဲ့ ၁၉၇၃ ခုနှစ်မှာ တရုတ်က ပညာသင်တွေ ရောက်လာတယ် ။ အားလုံး ဆယ်ယောက်လောက် ရှိတယ် ။ သူတို့ကို သီးသန့် အင်္ဂလိပ်စာ သင်ပေးတယ် ။ အားလုံး အပြာရောင်အင်္ကျီ ဘောင်းဘီ ၀တ်စုံဝတ်ထားတယ် ။ ဦးထုပ်လည်း အပြာရောင်ပါပဲ”
“ဘာကြောင့်လဲ ဆရာ”
“ရောင်စုံဆိုတော့ သူလှတယ် ကိုယ်လှတယ် ၊ ဂုဏ်တုဂုဏ်ပြိုင်တွေ ဖြစ်တယ် ။ တစ်ရောင်တည်းဆိုတော့ ပိုပြီးကောင်းတာကိုလည်း လိုချင်စိတ်တွေ မရှိတော့ဘူး ဆိုတာမျိုးပေါ့ ။ ဆိုးတာက သူတို့ရဲ့စိတ်တွေဟာ ထိုင်းမှိုင်းသွားနိုင်တယ်”
“တကယ် ထိုင်းမှိုင်းသွားလား ဆရာ”
“တို့နိုင်ငံမှာ တစ်ချိန်က လုပ်လည်း ဒီလခ ၊ မလုပ်လည်း ဒီလခဆိုတော့ အားထုတ် လုပ်ကိုင်သူတွေ နည်းသွားတယ် ။ အားထုတ်လုပ်ကိုင်သူတွေကိုလည
“ဒါဆိုရင်ဆရာ လူတွေဟာ သူတို့တန်ဖိုးကို ပိုက်ဆံနဲ့ တိုင်းသလို ဖြစ်နေတာပေါ့”
“အမှန်ပါပဲ။ ဆရာတစ်ယောက်က ပြောဖူးတယ် ။ မြန်မာပြည်မှာပေါ့လေ ။ ၁၉၆၂ ခုနှစ် နောက်ပိုင်း ကြီးပြင်းလာသူတွေ အားလုံးဟာ ပိုက်ဆံရတဲ့ အလုပ်ကိုပဲ လုပ်ချင်ကြတယ်တဲ့”
“ဒါကတော့ နိုင်ငံတကာမှာလည်း ဒီလိုပဲလေ ။ ပိုက်ဆံပိုရချင်တာ သဘာဝကျတယ် ဆရာ”
“ဟုတ်ပါတယ် ။ ဆရာ သဘောပေါက်ပါတယ် ။ ဒါပေမဲ့ ဒီမှာ အလုပ်ဆိုတာ အစိုးရ၀န်ထမ်း အလုပ်တွေပဲ ရှိတယ် ။ ဒီတော့ ပိုက်ဆံရတဲ့ ဌာနတွေကို လူငယ်တွေက ရွေးချယ်တယ်”
“အောက်ဆိုက်ရတဲ့ ဌာနလို့ ပြောတာလား ဆရာ”
“အေးကွ ၊ ကပ်စတန်တို့လို ၊ အမြတ်ခွန်တို့လိုတွေကို ၀င်တယ် ။ ရေနံတို့ ၊ ဆည်မြောင်းတို့ ၊ ဆောက်လုပ်ရေးတို့မှာလည်း အဆင်ပြေကြတယ် ။ အဲဒီတုန်းက ဆရာက ဓာတုဗေဒဌာနမှာ အလုပ်လုပ်တယ် ။ ဆရာ့ကို ပါမောက္ခက ပြောပြတယ် ။ ဒီခေတ် ကလေးတွေလည်း ပျက်ကုန်ပါပြီကွာ ။ ငါတို့ဌာနက ကလေးတွေ ရေနံနဲ့ ပတ်သက်တဲ့ အလုပ်ဝင်ချင်တယ်ဆိုလို့ ငါသွင်းပေးတာ သူတို့ထွက်ကုန်ကြတယ်”
“ဘာဖြစ်လို့လဲ ဆရာ”
“သူတို့က ရေနံချက်စက်ရုံတို့ ရေနံရှာဖွေရေးတို့မှာ မလုပ်ချင်ကြဘူး ။ ရောင်းဝယ်ရေးဘက်မှာပဲ လုပ်ချင်ကြတယ်တဲ့”
“အဲဒီခေတ်က ဆရာတို့ ကျောင်းဆရာတွေ မျက်နှာငယ်တာပေါ့နော်”
“ပထမတော့ မျက်နှာငယ်ပါတယ် ။ နောက်ပိုင်းမှာ ဆရာတွေဟာလည်း ပိုက်ဆံရှာလို့ရတဲ့ နည်းတွေ တွေ့လာတယ်”
“ကျူရှင်လား ဆရာ”
“ဟုတ်တယ် ။ တကယ်တော့ ကျူရှင်ဆိုတာ ပညာသင်ပေးတာပါ ။ ရှေးကတည်းက ရှိပါတယ် ။ ကာတွန်းတစ်ခုမှာ ကျူရှင်အစ ဘယ်ကလဲဆိုပြီး သရော်ထားတာကို ဖတ်ရတယ် ။ တကယ်တော့ ကျူရှင်အစဟာ ခရစ်တော်မပေါ်မီ အချိန်ကတည်းက စတယ် ။ ဆော့ခရတ္တိတို့ ၊ ပလေတို့ဟာ ကျောင်းသားတွေကို ပညာသင်ခဲ့တာပဲ ။ ကြုံတုန်း ပြောရဦးမယ် ။ ကျူရှင်သင်လို့ ပြစ်ဒဏ်အကြီးဆုံး အပေးခံရတာ ဆောခရတ္တိပဲ ။ သူဟာ ကျောင်းသားတွေကို အတွေးသစ်တွေ သင်ပေးလို့ အဆိပ်သောက်ပြီး သေစေဖို့ ပြစ်ဒဏ်ပေးခံရတယ်”
“ဒါဆို အလုပ်ဖြုတ်ခံရတာ တော်သေးတာပေါ့နော် ဆရာ”
“အေးကွ ၊ ဆရာတွေဟာလည်း ၀င်ငွေ အင်မတန်နည်းတော့ မစားလောက်ဘူး ။ ဒီအတွက် အပြင်မှာထွက်ပြီး စာသင်တယ် ။ ဒါကို အစိုးရက ထောင်ချတယ် ၊ ပြစ်ဒဏ်တွေ ပေးတယ် ။ ဒီအခါမှာ ကျောင်းက ဆရာ၊ ဆရာမတွေဟာ အခွင့်အလမ်းတွေရသွားတယ် ။ သူတို့ဟာ သူတို့ကျောင်းသားတွေကို အိမ်ခေါ်ပြီး ကျူရှင်ပေးတော့တာပဲ”
“ကျွန်တော်လည်း စဉ်းစားဖူးတယ် ဆရာ ။ ကျောင်းတွေဆိုတာ ကျယ်ဝန်းတယ် ။ လေကောင်းလေသန့် ရတယ် ။ ဆရာ၊ ဆရာမတွေဟာ ဒီကလေးတွေကို ကျောင်းမှာ ကောင်းကောင်း မသင်ပေးဘဲ ဘာကြောင့် အိမ်ခေါ်သင်လဲဆိုတာ”
“ရှေးပိုင်းက စာမလိုက်နိုင်တဲ့ ကလေးတွေကို အထူးအရေးစိုက်ပြီး ခေါ်သင်ပေးရတဲ့ ကျူရှင်တွေ ရှိတယ် ။ အင်မတန်ကောင်းတဲ့ ရည်ရွယ်ချက်ပါ ။ ဒါပေမဲ့ နောက်ပိုင်းမှာ ဒါဟာ ပိုက်ဆံရတဲ့ နည်းလမ်းပဲဆိုတာကို သဘောပေါက်တယ် ။ နောက်ပိုင်းမှာတော့ ဆရာ၊ ဆရာမတွေဟာ ကျောင်းသားတွေကို ပြန်ပေးဆွဲထားသလိုတောင် ဖြစ်နေတယ်”
“ဘယ်လိုလဲ ဆရာ”
“ကျူရှင်မတတ်ရင် စာမေးပွဲမအောင်ဘူး ။ အဆင့်နည်းတာတွေ ဖြစ်လာတယ် ။ ကျူရှင်မယူတဲ့ ကျောင်းသားဟာ အတန်းထဲမှာ အနှိမ်ခံရတယ် ။ ဒီတော့ တစ်ဖက်ကကြည့်ရင် ပိုက်ဆံမပေးရင် မဖြစ်တော့တဲ့ အနေအထားကို ဖန်တီးလိုက်သလို ဖြစ်လာတော့တာပါပဲ”
“ဒါ အကျိုးဆက်တွေပေါ့နော် ဆရာ”
“ဟုတ်တယ် ။ ဌာနတိုင်းက ၀န်ထမ်းတွေဟာ ၀င်ငွေရဖို့ သူ့နည်းသူ့ဟန်နဲ့ ကြိုးစားလာကြတယ် ။ မိုလေ၀သလိုဌာနတောင် ၀င်ငွေရှာသေးတယ်လို့ ကြားတယ်”
“ဘယ်လိုလဲ ဆရာ”
“မှောင်ခိုစက်လှေတွေနဲ့ ပေါင်းပြီး မုန်တိုင်း ရှိတယ်ဆိုတာမျိုး ကြေညာတယ်။ ဒီအခါ ဘယ်သင်္ဘောမှ အပြင်မထွက်ရဲတော့ဘူး ။ ဒီအခါ မှောင်ခိုစက်လှေတွေအတွက် အခွင့်ကောင်းပဲပေါ့”
“ဒါဆိုရင်ဆရာ နာဂစ်မှာ မိုးလေ၀သ ကြေညာတာကို ဂရုမစိုက်တာ ဒီသဘောတွေ ပါတာပေါ့နော်”
“ပါနိုင်ပါတယ် ။ တစ်စုံတစ်ခု အမှားတွေကိုလုပ်ရင် နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးတွေ အများကြီးပါပဲ”
“ကျွန်တော်တို့ တိုင်းပြည် ဒါနဲ့ခံနေရတာပေါ့နော် ဆရာ”
“ဒါပေါ့ကွ ။ ဘုရင်စနစ်ကနေ ကိုလိုနီလက်ထဲကို ပြောင်းသွားတယ် ။ ဗိုလ်ချုပ်အောင်ဆန်းတို့က လွတ်လပ်ရေးရအောင် လုပ်တယ် ။ ဗိုလ်ချုပ် ကျဆုံးသွားတော့ တို့ခေါင်းဆောင်တွေဟာ တိုင်းပြည်ကြီးပွားတိုးတက်ေ
“ခက်တာကိုး ဆရာ”
“အင်မတန် ခက်ပါတယ် ။ ခေါင်းဆောင်ဆိုတာ စေတနာရှိပြီး အနစ်နာခံရုံနဲ့ မပြီးဘူး။ ပညာဉာဏ်လည်း လိုသေးတယ်”
“ဘယ်လိုလုပ်ရမလဲ ဆရာ”
“ခုအချိန်ကနေ လူငယ်တွေကို စမွေးပေါ့ ။ ယနေ့လူငယ်တွေဟာ ပရဟိတစိတ်ဓာတ် ရှိတာကို ရေဘေးကိစ္စကို ကြည့်ရုံနဲ့ သိတာပဲလေ ။ လူငယ်တွေကို တန်ဖိုးထားပြီး စိတ်ရှည်သည်းခံကာ မြေတောင်မြှောက်ပေးဖို့လိုတ
ဆောင်းပါးရှင် - ဒေါက်တာခင်မောင်ညို
The Ladies News Journal

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။