Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, September 25, 2015

ပျားရည်သောက်ရန် သင့်တော်သူများနှင့် မသင့်တော်သူများ


ပျားရည်သောက်ရန် သင့်တော်သူများနှင့် မသင့်တော်သူများ
--------
ပျားရည်သောက်တော့မယ်ဆိုရင် နံက်စောစောအိပ်ယာထချိန်ဖြစ်တဲ့ ဝမ်းဗိုက်ထဲမှာ ဘာအစာမျှမရှိတဲ့အချိန်ဟာ ပျားရည်သောက်ရန် အသင့်တော်ဆုံးအချိန်ပဲ ဖြစ်ပါတယ်။ သို့မဟုတ် ညစာမစားခင်နှစ်နာရီခန့်အလို နဲ့ ညအိပ်ယာဝင်ခါနီးချိန်တွေမှာလည်းသောက်ပေးနိုင် ပါတယ်။ အရွယ်ရောက်ပြီးသူ လူတစ်ယောက်ဟာ ပျားရည်ကို တစ်နေ့လျှင် လက်ဘက်ရည်ဇွန်း နှစ်ဇွန်းထက်ပို၍ မသောက်သင့်ပါဘူး။ ဆေးညွှန်းပမာဏမှာ တစ်ကြိမ်သောက်တိုင်း ကြက်သီးနွေးခန့်ပူသော ရေနွေးဖြူ တစ်ဖန် ခွက်နှင့် ပျားရည်စစ်စစ်တစ်ဇွန်း (လက်ဖက်ရည်ဇွန်း အရွယ်) ဖြစ်ပါတယ်။ ၄င်းဖျော်ရည်ကို အကြာကြီး အအေးခံမထားသင့်ဘဲ ချက်ချင်းသောက်ပေးသင့်ပါတယ်

ပျားရည်သောက်ရန် သင့်တော်သူများ

(၁) နို့တိုက်မိခင်များ

မီးဖွားပြီးစ နှင့် နို့ ချိုတိုက်ချိန်များမှာ ပျားရည်စား
သင့်ပါတယ်။ အထူးသဖြင့် မီးဖွားပြီးစ သွေးသားနု ချိန်မှာ ပျားရည်ကို အရက်နှင့်ရော၍ သောက်ပါ။ အမျိုးသမီးများ ဓမ္မတာရာသီလာချိန်မှာလည်း ပျားရည်သောက်သင့်ပါတယ်။

(၂) ကင်ဆာ ရောဂါသည်များ

အရိုးကင်ဆာ နှင့် အဆာအိမ်ကင်ဆာ ဝေဒနာသည် များဟာ သဘာဝနှစ်ချို့ပျားရည်စစ်စစ်နှင့် သစ်ကြပိုးခေါက်မှုန့်တို့ ကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းကျ ပမာဏစီ ဆတူရော၍ ၄င်းဆေးညွှန်းအတိုင်း တစ်နေ့လျှင် သုံးကြိမ်နှုန်းဖြင့် အစာမစားမီ နာရီဝက် အလို သို့မဟုတ် အစာစားပြီးနောက် နာရီဝက်အကြာ
မှာ သောက်သုံးပေးရပါမယ်။ အထူးသတိပြုရန်မှာ ဆေးသောက်ပြီးတဲ့အခါ သောက်ရေအေး တစ်ဖန်ခွက် သောက်ပါ (ရေခဲရေနှင့် ရေနွေးပူတို့မဟုတ် ပါ။)

(၃) အပူကန် လည်ချောင်းနာသူများ

ပျားရည်ဟာ အပူဓာတ်ရှိတာကြောင့် ကိုယ်တွင်းအပူဓာတ်များသူတွေက ပျားရည်သောက်ရန် သင့်၊ မသင့် ဒွိဟဖြစ်နေကြပါတယ်။ တကယ်တော့ သောက်လို့ရပါတယ်။ အပူကန်လည်ချောင်း နာသူများဟာ ပျားရည်ကို ရှောက်ရည်ညှစ်၍ သောက်သုံးခြင်းဖြင့် အပူငြိမ်း၍ ရောဂါပျောက်စေပါ တယ်။

(၄) ချောင်းဆိုးနေသူများ

ချောင်းဆိုးနေသူများအတွက် ပျားရည်က ဆေးကောင်းတစ်ခွက်ပါပဲ။ ဆေးသောက်ရန်အသင့်တော်ဆုံးအချိန်ကတော့ နံက်အိပ်ယာထ ဘာမျှမစားခင်ဖြစ်ပြီး၊ ရေနွေးဖြူတစ်ဖန်ခွက်ထဲကို ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းထဲ့၍ ဖျော်သောက်ပေးရမှာပါ။ တဖန်နှာစေး၊ ချောင်းဆိုးခြင်းအတွက် ပျားရည်ကို ရှောက်ရှည်၊ သို့မဟုတ် သံပုရာရည်ဖြင့် ဆတူရော၍ သောက်ပါ။

(၅) အသက် တစ်နှစ်နှင့်အထက် ကလေးငယ်များ

(က) ကလေးငယ်များ ချွဲကျပ်၊ ရင်ကျပ်ဖြစ်ရင် ပျား ရည်ကိုသံပုရာရည်ဖြင့် ဆတူရော၍ တိုက်ပါ။
(ခ) ကလေးငယ်များ ဝမ်းပျက်၊ ဝမ်းလျောခြင်း အတွက် ပျားရည် အနည်းငယ်ကျွေးပါ။
(ဂ) ပျားရည်က စိတ်ကိုထိန်းပေးနိုင်သောအစွမ်းသတ္တိရှိ၍ အိပ်ရာထဲ အပေါ့စွန့် တတ်သော ကလေးများကို ညအိပ်ယာဝင်ခါနီးပျားရည်ကျွေးပေးခြင်းဖြင့် အပေါ့အပါးမသွားအောင် ဟန့်တားနိုင်ပါတယ်။
(ဃ) ကလေးငယ်များ သူငယ်နာအကြောဆွဲ၍ သေလုမျောပါးဖြစ်နေရင် ပျားရည်ကျွေးပေး ခြင်းဖြင့် အသက်ချမ်းသာရာ ရနိုင်ပါတယ်။
(င) တုတ်ကောင်၊သန်ကောင် ရှိသောကလေး
ငယ်များကို နာနတ်သီးကို ပျားရည်ဖြင့်နယ် ၍ ကျွေးပါ၊ သို့မဟုတ် ပျားရည်နှင့် အုန်းနို့
ရောစပ်၍ တိုက်ပါ။

ပျားရည်သောက်ရန် မသင့်တော်သူများ

(၁) အသက် တစ်နှစ်အောက် ရင်ခွင်ပိုက် ကလေးငယ် များ။ ပျားရည်ထဲမှာ Microorganisms လို့ခေါ်တဲ့ Clostridium ဗက်တီးရီးယားပိုးငယ်လေးတွေ မြောက်များစွာပါရှိနေကြပါတယ်။ အရွယ်ရောက်ပြီးသူများ၏ အစာချေလမ်းကြောင်းက ၄င်းဗက်တီးရီးယားများကို ကောင်းစွာ ချေဖျက်နိုင်သော်လဲပဲကလေးငယ်များအ
တွက်ကတော့ အစာချေလမ်းကြောင်းမှာ သွေးခဲ၍ အစာအဆိပ်သင့် ဝေဒနာကိုဖြစ်စေပါတယ်။

ဒါ ကြောင့် အသက် တစ် နှစ်အောက် ရင်ခွင်ပိုက် ကလေးငယ် များကို ပျား ရည် (လုံးဝ) မကျွေး သင့်ပါဘူး။

(၂) ကိုယ်ဝန်ဆောင် မိခင်လောင်းများ

Botulinumtoxin(ခေါ်)ပျားရည်ထဲရှိ ဗက်တီးရီးယားပိုးမှ စွန့်ထုတ်ပစ္စည်းအဆိပ်တစ်မျိုးကြောင့် ကိုယ်ဝန်သည်တွေက ပျားရည်သောက်ရန် သင့်လား၊မသင့်ဘူးလားဆိုတာကို ဝေခွဲမရဖြစ်နေကြပါတယ်။ အရွယ်ရောက်ပြီးသူ တစ်ယောက်ဟာပျားရည် သောက်ပြီးနောက်၊ ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်က ပျားရည်ထဲမှာပါရှိတဲ့Botulinumtoxin အဆိပ်ကို အလိုအလျောက် ဖယ်ရှားသုတ်သင်ပေးလေ့ရှိပါ တယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်များ ပျားရည်သောက်လို့ရပါတယ်။ ပဋိသန္ဓေသားကိုလည်း လုံးဝ ဘေးဥပဒ်မဖြစ်စေနိုင်ပါဘူး။ သို့သော်မိခင်လောင်းအများစုဟာ ကိုယ်ဝန်ဆောင်နေစဉ်မှာ သွေးထဲရှိသကြားပမာဏ မြင့်တက်လေ့ရှိကြပါတယ်။ ပျားရည်ထဲမှာလည်းFructose သကြားပမာဏမြင့်မားစွာ ပါရှိနေတာကြောင့် ကိုယ်ဝန်သည်များ အနေဖြင့် ပျားရည်မစားတာဘေးအကင်းဆုံးပဲ ဖြစ်ပါတယ်။

(၃) ဆီးချိုသွေးချို ရောဂါသည်များ

ပျားရည်ထဲမှာFructose နှင့်Glucose တို့ ဓာတ်တွေ ပြည့်ဝတူညီစွာပါရှိနေပါတယ်။ ဒါကြောင့် ဆီးချို သွေးချိုရောဂါသည်များနှင့် သွေးထဲမှာ Glucose ပြဿနာရှိနေသူများဟာ ပျားရည်စားသုံးခြင်းမှ အထူးရှောင်ရှားရပါမယ်။

(၄) ကိုယ်အလေးချိန် လျော့ချလိုသူများ

ပျားရည်နဲ့ သကြားညို(သဘာဝသကြား) တို့ကို နှိုင်းယှဉ်ကြည့်ပါက လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ပမာဏစီရှိကြသော ပျားရည်ထဲတွင် ကယ်လိုရီ ၂၂ပါရှိနေပြီး၊ သကြားထဲတွင် ကယ်လိုရီ ၁၆ ပါရှိနေပါတယ်။
ဒါကြောင့်ပျားရည်ဟာ ကယ်လိုရီ တက်စေတာကြောင့် ကိုယ်အလေးချိန် လျှော့ချလိုသူများ
အနေဖြင့် ပျားရည်မသောက်သင့်ပါဘူး။

ပျားရည် သံပုရာကို သောက်ခြင်းဖြင့် ရရှိလာမည့် ကျန်းမာရေးအကျိုးကျေးဇူးများရေနွေးဖြူ တစ် ဖန်ခွက်ထဲကို ပျားရည်နှင့် သံပုရာရည်တို့အား လက်ဖက်ရည်ဇွန်း တစ်ဇွန်းကျစီရော၍ နံနက် အိပ်ရာထ ဗိုက်ထဲမှာ ဘာအစာမျှမရှိခင်မှာ သောက်ပေး ရမှာဖြစ်ပါတယ်။

၎င်းဆေးပျားရည်ကို သောက်ပေးခြင်းဖြင့်တစ်နေ့ တာလုံး အစာကျေညက်စေခြင်း၊ အူသိမ်အူမထဲမှအချွဲ အကျိ အရိအရွဲများကျစေခြင်း၊ အူမကြီးကို သန့်စင် ကျန်းမာစေခြင်း၊ အူမကြီးကို စိုစွတ်၍လွယ်ကူစွာ ဝမ်း သက်စေခြင်း၊ ကိုယ်အလေးချိန်ကျစေခြင်း၊ စိတ်ဖိစီးမှု တွေပြေပျောက်စေခြင်း၊ ကိုယ်ခံစွမ်းအားကို တိုးတက် မြင့်မားလာခြင်း၊ ဆီးပုပ်များသက်ဆင်း၍ ဆီးလမ်းကြောင်းကို သန့်စေခြင်း၊ ခံတွင်းရနံ့ သင်းပျံ့ခြင်း၊ ခန္ဓာကိုယ် အနံ့ဆိုးထွက်ခြင်းမှ ကာကွယ်ပေးခြင်း၊ အသားအရည် ဝင်းပကြည်လင်ခြင်းစတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများကိုရရှိနိုင်မှာ ဖြစ်ပါတယ်။

ပေါက်ပေါက် / MOI Webportal Myanmar

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။