လောကဓံကို တည်ငြိမ်စွာနဲ့ ရင်ဆိုင်၍ ရောင့်ရဲတင်းတိမ်သူ
-------------------------- -------------------------- -----------------------
(၁) ဗိုလ်ချူ ပ်၏ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်သည် စည်းကမ်းတကျ ၊ မကုန်သင့်တာမကုန်အောင် သေချာစီမံခန့်ခွဲပြီး ကြုံလာသမျှ ဘဝရဲ့လောကဓံတို့ကိုလည်း တည်တည်ငြိမ်ငြိမ်ပဲ စိတ်ထားကာ ဖြတ်သန်းပြီး အလိုလောဘနည်းကာ ရောင့်ရဲတင်းတိမ်သူတစ်ဦးလည်း ဖြစ်ပါတယ်။
ဗိုလ်ချူ ပ်ရှိစဉ်ကလည်း ပေးအပ်သမျှ လစာငွေကို လောက်ငှစေရန် အတတ်နိုင်ဆုံး စီမံခန့် ခွဲကာ စာရင်းဇယားနဲ့ တိကျသေချာစွာဖြင့် ခြစ်ခြုတ်ပြီး သုံးစွဲသူ ဖြစ်ပါတယ်။ ဤသည်ကို ဒေါ်အောင်ဆန်းစုကြည် တတိယအကြိမ် အကျယ်ချူ ပ်မှ လွတ်မြောက်လာပြီးနောက် အိမ်ရှိပစ္စည်းများကို ရှင်းလင်းပြီး မလိုသည်များကို မီးရှို့ရန် စုပုံထားစဉ်တွင် စည်းစနစ်ကြီးပြီး ကျနသော ဒေါ်ခင်ကြည်၏ နေ့စဉ်ဈေးဝယ်စာရင်း၊ အာဇာနည်နေ့ မှာ ဈေးဝယ်စာရင်း၊ ကုန်ကျငွေက ဘယ်လောက်၊ နေ့စဉ်လာတဲ့ ချိန်းဆိုထားသော ဧည့်သည်စာရင်း စသည်ဖြင့် မှတ်တမ်းများကို တွေ့ရှိရကြောင်း စာရေးသူ မိုဃ်းလင်း(ဖိုးလေး) ရေးသော စာတစ်ပုဒ်တွင် ဖတ်ရှုပြီး မှတ်သားခဲ့ရပါတယ်။
ဒေါ်ခင်ကြည်ထံ သောကြာနေ့တိုင်းလာဖို့ ပြောလို့ သွားရသူ ယုလက်ျာက မေမေကြီး ဒေါ်ခင်ကြည် ပြောကြားမှုမှာ ထမင်းစားကြရင် ကိုယ်စားနိုင်သလောက်၊ ကုန်နိုင်သလောက်ပဲ စားမယ့်ပန်းကန်ထဲ ထည့်ရတယ်၊ ထည့်ထားပြီးရင် ကုန်အောင်စားရမယ်၊ စားလို့ကုန်တာ အကြောင်းမဟုတ်၊ အလဟဿ ဖြုန်းတီးသလို မဖြစ်ရဘူး။ စားပြီးသားအကျန်ဆို သွန်ပစ်ရမှာ၊ နောက်လူလည်း မစားရ၊ ထမင်းအုပ် ဟင်းပန်းကန်ထဲ ကျန်နေရင် တခြားသူ စားလို့ရသေးတယ် ဆိုပြီး သွန်သင်ဆုံးမခဲ့ပါတယ်။
စနစ်တကျ စီမံခန့်ခွဲနိုင်ပြီး အပိုအလိုမရှိအောင် တိုင်းထွာပြီး အိမ်နောက်ဖေးမီးဖိုဆောင်ကို စီးတဲ့ရေ ဆည်တဲ့ကန်သင်းဆိုသလို စနစ်ကျတဲ့ ဒေါ်ခင်ကြည် ပြောပြတဲ့ အကြောင်းအရာတစ်ခုကတော့ ဒီလိုပါ။
တစ်နေ့မှာ ဗိုလ်ချူ ပ်က ကြိုတင်မပြောထားဘဲနဲ့ သူငယ်ချင်းမိတ်ဆွေတွေ ခေါ်လာပြီး ထမင်းအတူ ဝိုင်းစားဖို့ ပြောတယ်၊ အတိုင်းအထွာနဲ့ ချက်ထားတော့ အပိုမရှိ၊ မျက်နှာမပျက်ရအောင် ရှိတာတွေ အကုန်ချ ကျွေးလိုက်ရပါတော့တယ်။ အဲ့ဒီတော့ F.S.B ဖြစ်သွားရတယ်တဲ့။ ဒါနဲ့ ယုလက်ျာက နားမလည်လို့ F.S.B ဆိုတာ ဘာလဲ မေမေကြီးလို့ မေးတော့
မေမေကြီးက ပြုံးပြီး `Family Stay Back - F.S.B - မိသားစု နောက်ဆုတ်နေတာပေါ့´ တဲ့လေ။
အဲဒီအကြောင်းကို ဖတ်ရတဲ့ အချိန်မှာ အဲဒီနေ့က မြင်ကွင်းကို မျက်စိထဲမှာ မြင်ယောင်ကြည့်မိပြီး စိတ်ထဲမှာ နင့်နင့်နဲနဲဖြစ်ပြီး အတွေးတွေ တသီတတန်းကြီးနဲ့ ..
လေးစားစွာဖြင့်
AKM (1.9.2015)
ကိုးကား ။ မိုဃ်းလင်း - သမီးအောင်ဆန်း
ဒေါက်တာခင်လက်ျာ - ကျွန်မသိသော ရဲဘော်သုံးကျိပ်ဝင် ဦးလေးများ
ဓာတ်ပုံ - ဒေါက်တာခင်လက်ျာ
--------------------------
(၁) ဗိုလ်ချူ ပ်၏ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်သည် စည်းကမ်းတကျ ၊ မကုန်သင့်တာမကုန်အောင် သေချာစီမံခန့်ခွဲပြီး ကြုံလာသမျှ ဘဝရဲ့လောကဓံတို့ကိုလည်း တည်တည်ငြိမ်ငြိမ်ပဲ စိတ်ထားကာ ဖြတ်သန်းပြီး အလိုလောဘနည်းကာ ရောင့်ရဲတင်းတိမ်သူတစ်ဦးလည
ဗိုလ်ချူ ပ်ရှိစဉ်ကလည်း ပေးအပ်သမျှ လစာငွေကို လောက်ငှစေရန် အတတ်နိုင်ဆုံး စီမံခန့် ခွဲကာ စာရင်းဇယားနဲ့ တိကျသေချာစွာဖြင့် ခြစ်ခြုတ်ပြီး သုံးစွဲသူ ဖြစ်ပါတယ်။ ဤသည်ကို ဒေါ်အောင်ဆန်းစုကြည် တတိယအကြိမ် အကျယ်ချူ ပ်မှ လွတ်မြောက်လာပြီးနောက် အိမ်ရှိပစ္စည်းများကို ရှင်းလင်းပြီး မလိုသည်များကို မီးရှို့ရန် စုပုံထားစဉ်တွင် စည်းစနစ်ကြီးပြီး ကျနသော ဒေါ်ခင်ကြည်၏ နေ့စဉ်ဈေးဝယ်စာရင်း၊ အာဇာနည်နေ့ မှာ ဈေးဝယ်စာရင်း၊ ကုန်ကျငွေက ဘယ်လောက်၊ နေ့စဉ်လာတဲ့ ချိန်းဆိုထားသော ဧည့်သည်စာရင်း စသည်ဖြင့် မှတ်တမ်းများကို တွေ့ရှိရကြောင်း စာရေးသူ မိုဃ်းလင်း(ဖိုးလေး) ရေးသော စာတစ်ပုဒ်တွင် ဖတ်ရှုပြီး မှတ်သားခဲ့ရပါတယ်။
ဒေါ်ခင်ကြည်ထံ သောကြာနေ့တိုင်းလာဖို့ ပြောလို့ သွားရသူ ယုလက်ျာက မေမေကြီး ဒေါ်ခင်ကြည် ပြောကြားမှုမှာ ထမင်းစားကြရင် ကိုယ်စားနိုင်သလောက်၊ ကုန်နိုင်သလောက်ပဲ စားမယ့်ပန်းကန်ထဲ ထည့်ရတယ်၊ ထည့်ထားပြီးရင် ကုန်အောင်စားရမယ်၊ စားလို့ကုန်တာ အကြောင်းမဟုတ်၊ အလဟဿ ဖြုန်းတီးသလို မဖြစ်ရဘူး။ စားပြီးသားအကျန်ဆို သွန်ပစ်ရမှာ၊ နောက်လူလည်း မစားရ၊ ထမင်းအုပ် ဟင်းပန်းကန်ထဲ ကျန်နေရင် တခြားသူ စားလို့ရသေးတယ် ဆိုပြီး သွန်သင်ဆုံးမခဲ့ပါတယ်။
စနစ်တကျ စီမံခန့်ခွဲနိုင်ပြီး အပိုအလိုမရှိအောင် တိုင်းထွာပြီး အိမ်နောက်ဖေးမီးဖိုဆောင်ကို
တစ်နေ့မှာ ဗိုလ်ချူ ပ်က ကြိုတင်မပြောထားဘဲနဲ့ သူငယ်ချင်းမိတ်ဆွေတွေ ခေါ်လာပြီး ထမင်းအတူ ဝိုင်းစားဖို့ ပြောတယ်၊ အတိုင်းအထွာနဲ့ ချက်ထားတော့ အပိုမရှိ၊ မျက်နှာမပျက်ရအောင် ရှိတာတွေ အကုန်ချ ကျွေးလိုက်ရပါတော့တယ်။ အဲ့ဒီတော့ F.S.B ဖြစ်သွားရတယ်တဲ့။ ဒါနဲ့ ယုလက်ျာက နားမလည်လို့ F.S.B ဆိုတာ ဘာလဲ မေမေကြီးလို့ မေးတော့
မေမေကြီးက ပြုံးပြီး `Family Stay Back - F.S.B - မိသားစု နောက်ဆုတ်နေတာပေါ့´ တဲ့လေ။
အဲဒီအကြောင်းကို ဖတ်ရတဲ့ အချိန်မှာ အဲဒီနေ့က မြင်ကွင်းကို မျက်စိထဲမှာ မြင်ယောင်ကြည့်မိပြီး စိတ်ထဲမှာ နင့်နင့်နဲနဲဖြစ်ပြီး အတွေးတွေ တသီတတန်းကြီးနဲ့ ..
လေးစားစွာဖြင့်
AKM (1.9.2015)
ကိုးကား ။ မိုဃ်းလင်း - သမီးအောင်ဆန်း
ဒေါက်တာခင်လက်ျာ - ကျွန်မသိသော ရဲဘော်သုံးကျိပ်ဝင် ဦးလေးများ
ဓာတ်ပုံ - ဒေါက်တာခင်လက်ျာ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။