*ဒီ အဖွားကြီးကို ပြောလိုက်ပါ*
----------------------
ပြောလိုက်ပါ ဒီ အဖွားကြီးကို
အသက်ကြီးပြီ ဘုရား တရား လုပ်ပါလားလို့
လုပ်ချင်တာပေါ့ သေတဲ့ အခါ ကိုယ့်နောက် ပါမှာလေ
တိုင်းပြည်နဲ့ လူမျိုးအတွက် စိတ်မချရသေးလို့...
.
ပြောလိုက်ပါ ဒီ အဖွားကြီးကို
ခရီးတွေ အရမ်းထွက်တာပဲလို့
နားနား နေနေ နေချင်တာပေါ့လေ
တိုင်းပြည်နဲ့ လူမျိုးအတွက် လုပ်စရာတွေ ရှိနေလို့...
.
ပြောလိုက်ပါ ဒီ အဖွားကြီးကို
မိသားစုနဲ့ အတူမနေချင်ဘူးလားလို့
နေချင်တာပေါ့ အေးအတူ ပူအမျှလေ
တိုင်းပြည်နဲ့ လူမျိုးကို ပြစ်မသွားရက်လို့...
.
ပြောလိုက်ပါ ဒီ အဖွားကြီးကို
နိုင်ငံတကာက ဆုတံဆိပ်တွေ လိုချင်တာလားလို့
လိုချင်တာပေါ့ လူသားတစ်ယောက်ပဲလေ
ဒါပေမယ့် မတောင်းပဲနဲ့ ရခဲ့တာပါလို့...
.
ပြောလိုက်ပါ ဒီ အဖွားကြီးကို
အသတ်ခံရမှာ မကြောက်ဘူးလားလို့
ကြောက်တာပေါ့ လူသားတစ်ယောက်ပဲလေ
ဒါပေမယ့် ပြည်သူတွေ အတွက် ပေးဆပ်ပြီးသားလို့...
.
ပြောလိုက်ပါ ဒီ အဖွားကြီးကို
မချမ်းသာချင်ဘူးလားလို့
ချမ်းသာချင်တာပေါ့ လူသားတစ်ယောက်ပဲလေ
ဒါပေမယ့် နိုင်ငံကိုတော့ ရောင်းမစားပါဘူးလို့...
.
ပြောလိုက်ပါ ဒီ အဖွားကြီးကို
နိုင်ငံခြားမှာ သွားပြီး မနေချင်ဘူးလားလို့
နေချင်တာပေါ့ ပြီးပြည့်စုံတဲ့ ဘဝ တစ်ခုအဖြစ်လေ
ဒါပေမယ့် ဒီရေ ဒီမြေနဲ့ ယဉ်ကျေးမှုကို မြတ်နိုးလို့...
.
ပြောလိုက်ပါ ဒီ အဖွားကြီးကို
စကားတွေ ပြောနေရတာ မမောသေးဘူးလားလို့
မောတာပေါ့ အသက်အရွယ် အရလေ
ဒါပေမယ့် ပြောပြမှရမယ့် သူတွေက ရှိနေသေးလို့...
.
ပြောလိုက်ပါ ဒီ အဖွားကြီးကို
အာဏာရရင် ဘာတွေ လုပ်ပေးမှာလဲလို့
လုပ်ပေးမှာပေါ့ လိုအပ်တာတွေလေ
ဒါပေမယ့် ပြည်သူတွေ မျက်ရည် မကျစေရဘူးလို့...
.
ပြောလိုက်ပါ ဒီ အဖွားကြီးကို
ပစ်မိန့်ပေးတဲ့ နေရာရောက်ရင် ပစ်ခိုင်းမှာလားလို့
ပစ်မိန့်ပေးသင့်ရင် ပစ်ခိုင်းရမှာပဲလေ
နိုင်ငံကို ကျူးကျော် စော်ကားလာတဲ့ ရန်သူကိုပါလို့...
.
ပြောလိုက်ပါ ဒီ အဖွားကြီးကို
သမ္မတကြီး ဖြစ်ချင်တာလားလို့
သိပ်ဖြစ်ချင်တာပေါ့ ရည်ရွယ်ချက်ပဲလေ
တိုင်းပြည်ကို ပြန်လည် ကယ်တင်ချင်တာပါလို့...
.
ပြောလိုက်ပါ ဒီ အဖွားကြီးကို
သမ္မတ ဖြစ်ရင် ကျောင်းသားတွေကို ဘာလုပ်မှာလဲလို့
ကျောင်းသားတွေကို လုပ်ပေးစရာ တစ်ခုထဲပဲလေ
သူတို့ လိုချင်တဲ့ အဆင့်မီပညာရေး သင်ခွင့်ရမယ်လို့..
.
ပြောလိုက်ပါ ဒီ အဖွားကြီးကို
ပြည်သူလူထု ကျန်းမာရေး ဘာလုပ် ပေးမလဲလို့
အများကြီး လုပ်ပေးစရာ မလိုဘူးလေ
ကျန်းမာရေးအတွက် နိုင်ငံခြားကို သွားဖို့ မလိုဘူးလို့..
.
ပြောလိုက်ပါ ဒီ အဖွားကြီးကို
အချိန် ဘယ်လောက် ပေးရမလဲလို့
အများကြီး မလိုပါဘူးလေ
ငါးနှစ် သက်တမ်းလောက်ပဲ ပေးကြည့်ပါလို့...
.
ပြောလိုက်ပါ ဒီ အဖွားကြီးကို
ပြည်သူတွေက လက်မခံရင် ဘာလုပ်မလဲလို့
လုပ်စရာ တစ်ခုလေးပဲ ရှိတယ်လေ
ချက်ခြင်း ဒီနေရာက ဖယ်သွားပေးမှာပါလို့...
.
ပြောလိုက်ပါ ဒီ အဖွားကြီးကို
ပြည်သူတွေကို ဘာများ ပြောစရာ ရှိသလဲလို့
ပြောစရာက တစ်ခွန်းထဲပဲ ရှိပါတယ်လေ
ပြောင်းလဲချိန်တန်ပြီမို့ NLD ကိုသာ မဲပေးပါလို့...
.
.
ဘောသော၊ဘောကျော်
ဖန်ခါးမြေ(ရာစုသစ်)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။