အနုပညာ အလုပ်တွေ ပြန်လုပ်မယ် ဆိုတဲ့ ကိစ္စမှာ တစ်စုံ တစ်ဦးရဲ့တိုက် တွန်းမှုကြောင့်လား။
ဆရာမောင်တင်ဦး ဆုံးလို့ မန္တ လေးရောက်တော့ အနုပညာ မောင်နှမတွေ နဲ့ ပြန်ဆုံဖြစ်တယ်။ သူတို့ ကပြန်ရိုက် ပါ လား ပြော လာ တော့ ပြန်ရိုက်ချင်စိတ် က အစက တည်းက ရှိနေတာ နဲ့ ပြန်ရိုက်ဖို့ စဉ်းစား ဖြစ်သွားတယ်။ လော လောဆယ်တော့ ဘာမှ မစီစဉ် ရ သေးဘူး။ ကိုဟိန်းစိုး၊ ကိုမီးပွားတို့ နဲ့ တိုင်ပင်တုန်းရှိသေးတယ်။ ဒီအ လုပ်တွေ နားလိုက်တဲ့ ကိစ္စမှာလည်း အကြောင်း မတိုက်ဆိုင်လို့ ကျွန် တော်ဒီဘက် မရောက်ဖြစ်တာ။ အိမ်ထောင်ကျပြီးတော့ ပိုဆိုးသွား တာပါ။ အနုပညာကိုတော့ တစ် ခါမှ စိတ်မကုန်၊ မမေ့ပါဘူး။
အနုပညာ အလုပ်တွေကို ၁၅နှစ် လောက် နားလိုက်ပြီးမှ ပြန်လုပ်မယ် ဆိုတော့ ဘယ်လို ပုံစံနဲ့ ပြန်ဝင်လာ ဖို့စိတ်ကူးထားလဲ။
၁၅ နှစ်လောက် နားပြီး ရုတ်တရက် ပြန်ဝင်လာမယ် ဆိုတာက လည်း အနုပညာကို မမေ့နိုင်လို့ပဲ။ အခု ကိုယ့်ရှေ့မှာ ကလေးတွေ ခေတ်နှင့် အပြိုင် လုပ်နေတာတွေ့ တယ်။ ဒါပေမဲ့ အနုပညာ ဆိုတာ ကိုယ့်အနုပညာ ကို ဖော်ထုတ် ပြသချင် တာ ဖြစ်တာကြောင့် အိုတာ နုတာ မရှိပါဘူး။ အားလုံးက ကိုယ့် တာဝန် ကိုယ်ထမ်းနေကြတာပဲ။ ကိုကိုလင်းမောင် ဆိုပြီးတော့ ကိုယ့် အိုက်တင် နဲ့ကိုယ် ပြန်လာမှာပါ။
ဆုံးဖြတ်ပြီးပြီဆိုတော့ ရိုက်ဖို့ဇာတ် လမ်းတွေ့ပြီလား။
အခုက ပြန်ရိုက်မယ်ပဲ စဉ်းစားထားသေးတယ်။ ဘာမှကိုအတွင်း ကျကျ မစီစဉ်ရသေးဘူး။ ဇာတ်တွေ ဘာတွေလည်း မရွေး ချယ်ရသေး ဘူး။ ဒီကိစ္စကို ကိုဟိန်းစိုး၊ ကိုမီးပွား တို့ကပဲ စီစဉ်ပေးမယ်။ ကျွန်တော်လည်း အခု ရေဘေးနဲ့ ပတ်သက် ပြီးတော့ ပြည်သူတွေ ဒုက္ခ ရောက်နေတဲ့ အချိန်မှာ ကိုယ့်ကိစ္စ ကိုအလျင်စလို မလုပ်ချင်သေးဘူး။
စိတ်ကြိုက် ဇာတ်ကားဟောင်းတွေ ပြန်ရိုက်ဖို့ ရှိတယ်ဆိုတဲ့စိတ်ကူးကို လည်းသိချင်ပါတယ်။
ကားဟောင်းတွေထဲမှာ ကျွန် တော် စိတ်ကြိုက်ရွေးပြီး ဗားရှင်း အသစ်နှင့် ပြန်ရိုက်ချင်တဲ့ ကားရှိ တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီကားတွေ က ဇာတ်အိမ်ကခိုင်မာ ပြီးသား ဒါကိုမှ ပြန်လည် ဆန်းသစ် ပြီးတော့ လုပ်ချင်တဲ့ စိတ်ရှိတယ်။ စိတ်လည်း ဝင်စားတယ်။ အခုက ဇာတ်တွေ ထပ်တဲ့ပြဿနာလည်း ခဏခဏ ကြားမိပါတယ်။
အနုပညာ အလုပ်ကို စိတ်နှစ်ပြီးပြန် လုပ်မယ်ဆိုတော့ စီးပွားရေး လုပ် ငန်းကိုရော ရပ်ပစ်လိုက်မှာလား။
အနုပညာ အလုပ်ကို စိတ်နှစ် ပြီးပြန်လုပ်ပေမယ့် ကျွန်တော် စီးပွားရေး ကိုလည်း ဆက်လုပ်မှာပါ။ စီးပွားရေးက ကျွန်တော်တို့ မိသားစု အတွက်ဖြစ်တယ်။ အနုပညာအ လုပ်က ကျွန်တော့် ပရိသတ်တွေအ တွက် ပြန်လုပ်တာပါ။
ထူးထူး
http://popularmyanmar.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။