လောကကြီးနှင့် ငြိမ်းချမ်းရေး ယူပြီးပြီ ဖြစ်သည့် ဦးဝင်းထိန် (NLD) နှင့် နေ့လည်စာ အတူစားခြင်း
======
ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ် လက်ထောက်တစ်ဦးဖြစ်သော ဦးဝင်းထိန် က စစ်တပ်အတွင်း တာဝန်ထမ်းဆောင်ခဲ့သည့် အတိတ် အကြောင်းနှင့် မြန်မာ့နိုင်ငံရေး တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်ကြီးမားပုံတို့အကြော င်း ပြောကြားခဲ့သည်။
ရန်ကုန်မြို့ Sharky စားသောက်ဆိုင်သို့ ရောက်ရှိလာသည့် ဦးဝင်းထိန်မှာ တုတ်ကောက်တစ်ချောင်းကို အားပြု၍ ရပ်နေရသော်လည်း မျက်လုံးများက တုတ်ကောက်လက်ကိုင်မှ သတ္တုငှက်ရုပ်ကဲ့သို့ အရောင်တောက်လျက် ရှိသည်။
စစ်တပ်အရာရှိဟောင်း နိုင်ငံရေး အကျဉ်းသားဟောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် ၏ လူယုံတစ်ဦးဖြစ်သူ ဦးဝင်းထိန်မှာ ဟာသဥာဏ်ရွှင်ပုံရသည်။
သူက လျှို့ဝှက်ရဲများ၏ ခိုးကြောင်းခိုးဝှက် ချောင်းနားထောင်ခြင်း မဟုတ်ဘဲ ယခုကဲ့သို့ အသံဖမ်းစက်ဖြင့် အင်တာဗျူးဖြေကြားရခြင်းမှာ အသစ်အဆန်းဖြစ်နေသည်ဟု စစခြင်း ဟာသလုပ်ခဲ့သည်။
“ကျွန်တော် မစိုးရိမ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါက ပွင့်ပွင့်လင်းလင်း ပဲလေ” ဟု ပြောရင်း ဦးဝင်းထိန်က လှိုက်လှိုက်လှဲလှဲ အသံဖြင့် ရယ်နေသည်။
ဦးဝင်းထိန်သည် ပြီးခဲ့သည့် နှစ်က လွှတ်တော်တက်နေ စဉ် နှလုံးနှင့် သွေးတိုး ရောဂါကြောင့် လဲကျမှုဖြစ်ပွားခဲ့သည်။ ကျန်းမာရေး အခြေအနေကြောင့် ညအိပ်ယာဝင်ချိန်တွင် အောက်ဆီဂျင်ရှု ရပြီး အစား အသောက်ကိုလည်း ဆင်ခြင်နေရသည်။ သို့သော် ကျန်းမာရေးနှင့် ပတ်သက် သည့် စိုးရိမ်မှုများကို ဦးဝင်းထိန်က အမှုမထားဘဲ သေခြင်း တရားမှာ “ကွေးသော လက်မဆန့်မီ” ဆိုသည့် စကားအတိုင်း ဖြစ်ပေါ် လာနိုင်သည်ဟု ဆိုသည်။ သူက သေခြင်းတရားနှင့် ပတ်သက်၍ အလွန် မျှမျှတတ ခံယူထားပုံရသည်။
ဦးဝင်းထိန်က “ဘာတွေပဲကြုံလာသည်ဖြစ်စေ လက်ခံပါတယ်။ ဘ၀မှာ လုပ်ချင်တဲ့ အရာအားလုံး လုပ်ခဲ့ပြီးသလို မကောင်းမှုဒုစရိုက်တွေလည်း ဘာမှ မလုပ်ခဲ့ပါဘူး။ ကျွန်တော့် ပတ်ဝန်းကျင်ကလူတွေ၊ အထူး သဖြင့် ဒေါ်စုကို “ကျွန်တော့်အတွက် မငိုနဲ့” လို့ ပြောထားတယ်။ မက်ဒေါနား ရဲ့ “ကျွန်မအတွက် မငိုနဲ့ အာဂျင်တီးနား (Don’t Cry for Me, Argentina) သီချင်းကို သိတယ်မဟုတ်လား” ဟု တဟားဟား ရယ်ကာ ပြောပြ သည်။
ကြမ်းတမ်းသည့် စစ်အာဏာရှင်အုပ်ချုပ်မှုမှ လွှတ်တော် ရွေးကောက်ပွဲအထိ တိုင်းပြည်၏ ရှည်လျားသော ခရီးကြမ်းတွင် နေရာမျိုးစုံမှ ပါဝင်ခဲ့သူ ဦးဝင်းထိန်နှင့် နေ့လယ်စာဝိုင်းမှ ဟာသနှင့် သေခြင်းတရား အကြောင်းများ က ပုံဖော်ထားသည်။ ဦးဝင်းထိန်သည် လက်ရှိတွင် လွှတ်တော် အမတ် တစ်ဦးဖြစ်သော်လည်း လာမည့် နိုဝင်ဘာရွေးကောက်ပွဲတွင်မူ ပါဝင်တော့ မည် မဟုတ်ဟုဆိုသည်။
၁၉၄၁ တွင် ဖွားမြင်ခဲ့သည့် ဦးဝင်းထိန်မှာ မြန်မာနိုင်ငံ ၁၉၄၈ တွင် ဗြိတိန် ထံမှ လွတ်လပ်ရေး ရပြီးနောက် ကြုံတွေ့ခဲ့ရသည့် မတည်မငြိမ် ကာလများ အတွင်း မတူညီသည့် ဘ၀သုံးမျိုးကို ဖြတ်သန်းခဲ့ရသည်။
ပထမဆုံးတစ်ခုမှာ စစ်တပ်အတွင်း ၁၃ နှစ်ကြာ အမှုထမ်းခဲ့ခြင်းဖြစ်ပြီး ဗိုလ်ကြီးရာထူးအထိ အဆင့်ဆင့် မြင့်တက်ခဲ့သည်။ ဦးဝင်းထိန်၏ မိဘများ တွင် သားသမီး ၁၂ ယောက်ရှိသဖြင့် သူ့ကို တက္ကသိုလ်ထားပေးရန် မတတ်နိုင်ခဲ့ပေ။ “ဒါကြောင့် ကျွန်တော်က အခမဲ့ရတဲ့ပညာရေး ကို ရွေးချယ်ခဲ့တာပါ။ အဲဒါကတော့ စစ်တပ်ပါပဲ” ဟု ဦးဝင်းထိန်ကဆိုသည်။
သူက စာများကို လောဘတကြီး ဖတ်လေ့ရှိပြီး အင်္ဂလိပ်စာကို လေ့လာ သင်ယူခဲ့သည်။ အမှန်တရားအတွက် သာမန်လူများ ကြိုးစားရုန်းကန်ရပုံနှင့် ထိခိုက်ခံစားရပုံများအကြောင်း ရေး ဖွဲ့ထားသည့် ၀တ္ထုများ ကို နှစ်ခြိုက် သည်ဟု ဦးဝင်းထိန်ကဆိုသည်။ စစ်တပ်သို့ ၀င်ရောက်ခဲ့ခြင်းမှာ မှန်ကန် သည့် လုပ်ရပ် ဟုတ်မဟုတ် မေးမြန်းသည့် အခါ ဦးဝင်းထိန်က ခေတ္တမျှ စဉ်းစားလိုက်ပြီး ထိုစဉ်က လွတ်လပ်ရေး ရပြီးနောက် ရုန်းကန်နေရ သည့် မြန်မာနိုင်ငံတွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲ ရန် ဖြစ်သည့်နည်းဖြင့် ထိန်းသိမ်းရန် လိုအပ်နေသည်ဆိုသော စစ်တပ် ၏ ပြောကြားမှု၏ ယုံကြည်ခဲ့မိသည်ဟု ဖြေကြားခဲ့သည်။
“အဲဒီအချိန်တုန်းက ကျွန်တော်မှာ အားနည်းချက်ရှိပါတယ်။ လွတ်လပ်ရေး ရပြီးစ ကျွန်တော်တို့နိုင်ငံမှာ ဘာတွေဖြစ်နေလဲဆိုတာ သုံးသပ်နိုင်မှု အားနည်းခဲ့ ပါတယ်” ဟု ဦးဝင်းထိန်က ဆိုသည်။
၂၀၁၃ က လူ ၄၄ ဦး သေဆုံးခဲ့ရသည့် ပဋိပက္ခတွင် မွတ်ဆလင် ဘာသာဝင် များကို သတ်ဖြတ်ခြင်းအား တားဆီးရန် ကြိုးစားခဲ့ခြင်းကြောင့် သူ့အား မွတ်ဆလင်များဘက်မှ လိုက်သူဟု စွပ်စွဲကာ မိတ္ထီလာနယ်ခံ မဘသ များ ဒေါသထွက်ခဲ့ကြသည်။ သို့သော် ထိုသို့ဒေါသထွက်ခြင်းမှာ လူနည်းစု အမြင်သာဖြစ်ပြီး ယနေ့အချိန်တွင် ပြောင်းလဲသွားပြီဟု ဦးဝင်းထိန်က ဆိုသည်။
မိတ္ထီလာ ပဋိပက္ခနှင့်ပတ်သက်၍ ဦးဝင်းထိန်၏ အမြင်၊ အထူးသဖြင့် ဘင်္ဂါလီပြဿ နာနှင့်ပတ်သက်သည့် အမြင်မှာ စိတ်ဝင်စားစရာကောင်းသည်။
NLD ပါတီနှင့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့မှာ ဘင်္ဂါလီ ပြဿ နာနှင့် ပတ်သက်၍ အစိုးရအပေါ် ပြစ်တင်မှု နည်းပါးသည်ဟု နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ ဝေဖန်ခြင်းခံနေရသည်။ NLD သည် လူ့အခွင့်အရေး ကိစ္စရပ်များကို အရေးထားခြင်းမရှိ ဆိုသော ဝေဖန်မှုကို ဦးဝင်းထိန်က က ငြင်းဆိုခဲ့သည်။
ဘင်္ဂါလီပြဿ နာကိုဖြေရှင်းရန်အတွက် အစိုးရအနေဖြင့် မကြာမီနှစ်များ အတွင်း က ၀င်ရောက်လာသည့် သိန်းနှင့်ချီသော ဘင်္ဂါလီများ ကို ပြန် လည်ခေါ်ယူရန် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဆွေးနွေး သင့်သည်ဟု ဦးဝင်းထိန်ကဆိုသည်။
ဘင်္ဂါလီများ ၀င်ရောက်မှုနှင့် ပတ်သက်၍ ခိုင်မာသည့် စာရင်းအချက်အလက်များ အစိုးရတွင် ချို့တဲ့လျက်ရှိသည်ဟု ဦးဝင်းထိန်က ဆိုသည်။
ဦးဝင်းထိန်က ” အစိုးရက ပြဿနာတစ်ခုခုပေါ်လာရင် တုံ့ပြန်ဖြေရှင်းမှု ဘာမှ မလုပ်ဘဲ စောင့်နေပါတယ်။ ပြဿနာက အကြီးကြီးဖြစ်လာတဲ့ အထိ စောင့်နေ ပါတယ်” ဟု ဆိုသည်။ ”အခုတော့ သူတို့ ဘာလုပ်ရမှန်း မသိတော့ပါဘူး။ ဘာမှ လည်း မလုပ်ပါဘူး။ လုပ်သင့်တာတစ်ခုက ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ဆွေးနွေးဖို့ပါ။ ဒီလူတွေ အားလုံးက ဘင်္ဂလားဒေ့ရှ်က လာ တာကြောင့် ဆွေးနွေးဖို့လိုပါတယ်” ဟု ဦးဝင်းထိန်က ရုပ်တည်ဖြင့် ပြတ်သား စွာ ပြောဆိုခဲ့သည်။
ဦးဝင်းထိန်သည် ၁၉၇၆ တွင် စစ်တပ်မှထွက်ခဲ့ပြီးနောက် ဥရောပ ကုမ္ပဏီ များ မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ကိုင်နိုင်ရန် ကူညီညှိနှိုင်းပေးသည့် ကြားလူ (အေးဂျင့်) အဖြစ် လုပ်ကိုင်ခဲ့သည်။ ထိုစဉ်က ဆိုရှယ်လစ်စနစ် ကျင့်သုံးနေပြီး နိုင်ငံ၏ စီးပွားရေး လုပ်ငန်းအများစုမှာ နိုင်ငံခြားသားများ လုပ်ကိုင်၍ မရပေ။
ကော်မရှင်ခ များစွာရရှိသည့် သူ၏ ဖောက်သည်များတွင် သကြား ထုတ်ကုန် လုပ်ငန်းမှ ဗော့ဒ်ကာအရက် လုပ်ငန်းအထိ ပါဝင်သည်။ ပြဿနာမှာ သူ၏ လုပ်ငန်းက နိုင်ငံခြားစီးပွားရေး လုပ်ငန်းများအပေါ် စီမံခန့်ခွဲသည့် ဥပဒေများ အရ တရားမ၀င်သဖြင့် သိုသိုသိပ်သိပ် နေထိုင်ရခြင်း ဖြစ်သည်။ သူ၏ စီးပွားရေး များကို ဂရုတစိုက်ဖုံးကွယ်ထားရန် လိုအပ်ခဲ့သည်ဟုဆိုသည်။
“ကျွန်တော် အိမ်ကောင်းကောင်းနဲ့ မနေရဲဘူး။ ဆလွန်းကား မ၀ယ်ရဲ ဘူး။ စောင့်ကြည့်နေတဲ့ အာဏာပိုင်တွေ မျက်စိမစူးအောင် ခပ်စုတ်စုတ် ကားကို စီးရပါတယ်” ဟု ဦးဝင်းထိန်က ရယ်ကျဲကျဲ ဆိုသည်။ ထို့အပြင် မိဘနှင့် ယောက္ခမများအတွက် အိမ်များကို တိတ်တဆိတ် ဆောက်ပေး ခဲ့ရသည်ဆိုသည်။
ထိုဆောင်ရွက်မှုများက ငွေကြေးခ၀ါချမှု ဖြစ်နေမလားဟု မေးမြန်းသည့် အခါ ဦးဝင်းထိန်က “ဟုတ်တာပေါ့” ဟု ဖြေရင်း အားရပါးရ ရယ်ခဲ့သည်။
၁၉၈၈ တွင် နိုင်ငံအတွင်းရှိ လူအများစုကဲ့သို့ပင် ဦးဝင်းထိန်၏ ဘ၀တွင် အပြောင်းအလဲ ကြုံတွေ့ခဲ့သည်။ ထိုနှစ်တွင် အာဏာရှင်အုပ်ချုပ်ရေး ကို လူထုက ဆန့်ကျင်ခဲ့သည်။ ဆန္ဒပြပွဲများကို စစ်တပ်က အကြမ်းဖက်နှိမ်နင်း ခဲ့သဖြင့် ကျောင်းသားနှင့် ပြည်သူများစွာ သေဆုံး၊ ဒဏ်ရာရ၊ ဖမ်းဆီးခံခဲ့ရသည်။ တောခိုသွားသူများ လည်း ထောင်သောင်းချီ ရှိခဲ့သည်ဟု ဦးဝင်းထိန်က ရှင်းပြသည်။
ဖိနှိပ်မှုများကို ဆန့်ကျင်ရန် တာဝန်ရှိသည်ဟု ခံယူ၍ ဦးဝင်းထိန်က NLD သို့ ၀င်ရောက်ခဲ့သည်။ သူက “ကျွန်တော်က စစ်ရေး အတွေ့အကြုံ ရှိတော့ ဒေါ်အောင်ဆန်းစုကြည် ဘယ်သွားသွား လိုက်ပါခဲ့ပါတယ်။ နိုင်ငံ အထက်ပိုင်း၊ အောက်ပိုင်း အစုံပါပဲ” ဟုဆိုသည်။
“ကျွန်တော်က NLD မှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ကိုင်တဲ့အတွက် စစ်အစိုးရက ကျွန်တော့်ကို သစ္စာဖောက်တစ်ယောက်အဖြစ် သတ်မှတ်ပြီး မကျေနပ်ကြပါဘူး။ ကျွန်တော်က စစ်သားဟောင်းဖြစ်တဲ့အတွက် သူတို့ကို ပဲ ထောက်ခံသင့်တယ်လို့ ယူဆထားကြတာပါ” ဟု ဦးဝင်းထိန် ကပြောကြားခဲ့သည်။
အာဏာသိမ်းစစ်အစိုးရက နောက် ၂ နှစ် အကြာ ၁၉၉၀ ခုနှစ် တွင် ရွေးကောက်ပွဲပြုလုပ်ပေးခဲ့သ ည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက ပြတ်ပြတ်သားသား အနိုင်ရခဲ့သည့် ရလဒ်ကို မျက်ကွယ်ပြု ခံခဲ့ရသည်။ ဦးဝင်းထိန်မှာ ဆန္ဒပြမှုများတွင် ပါဝင်မှု ဖြင့် ၁၉၈၉ တွင် ထောင် ဒဏ်ကျခံခဲ့ရပြီး နောက်ထပ် ဆယ်စုနှစ် ၂ ခုအတွင်း အချိန်အများစုကို အကျဉ်းထောင်ထဲတွင်သာ ကျော်ဖြတ်ခဲ့ရသည်။
သူနှင့် ရဲဘော်ရဲဘက် နိုင်ငံရေး သမားများမှာ ထိန်းသိမ်းခံထားရစဉ် ရာဇ၀တ်ကောင်များကဲ့သို့ ဆက်ဆံခံခဲ့ရပြီး အစားအစာနှင့် ဆေးဝါးအတွက် တစ်လ တစ်ကြိမ်သာ တွေ့ခွင့်ရသည့် မိသားစုများကို မှီခိုခဲ့ရသည်။ သူနှင့် အတူ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသား ၉ ဦးအနက် ယခုအခါ နိုင်ငံရေး နယ်ပယ်တွင် ဆက်လက်ကျန်ရှိသူ ၂ ဦးသာ ကျန်ရှိတော့သည်ဟု ဦးဝင်းထိန်ကဆိုသည်။
“အချို့က အိမ်တွေ ဆုံးရှုံးခဲ့တယ်။ အချို့က စီးပွားရေး တွေ ဆုံးရှုံးရတယ်။ အချို့က မိသားစုတွေ ဆုံးရှုံးရတယ်။ အချို့က နိုင်ငံရေး ယုံကြည်ချက်တွေ ဆုံးရှုံးရပြီး အချို့ရဲ့ နိုင်ငံရေး ယုံကြည်ချက်တွေ ပြောင်းလဲသွားပါတယ်” ဟု ဦးဝင်းထိန်ကဆိုသည်။
“ကျွန်တော်တို့က စည်းအပြင်ဘက် (Out of the Box) က စဉ်းစားတယ်။ ဒါကြောင့် ထောင်ခဏခဏကျခဲ့တာပေါ့” ဟု ဦးဝင်းထိန်က ရယ်ရင်းပြောပြ သည်။ ထောင်ကျနေစဉ်အတွင်း ဦးဝင်းထိန်သည် တစ်ခါတစ်ရံ တွင် တိုက်ပိတ်ခံခဲ့ရသော်လည်း CIA နှင့် KGB တို့၏ စိတ်ပညာဆိုင်ရာ နည်းစနစ်များ အကြောင်း ရေး ထားသည့် စာအုပ်များ ဖတ်ရှုဖူးသဖြင့် ကံကောင်းသည်ဟု ဆိုသည်။
သူက ထောင်ထဲတွင် နေ့စဉ် တရားထိုင်ခဲ့သည်ဟု ဆိုသည်။
“မနက်တိုင်း ညနေတိုင်းပါပဲ။ ဒါပေမဲ့ တရားထိုင်ရာမှာ ဂရုစိုက်ဖို့တော့ လိုပါတယ်။ မှန်ကန်တဲ့ ဆရာမရှိဘဲ တရားထိုင်ရင် ကြာရင် ရူးသွားနိုင် ပါတယ်” ဟု ဦးဝင်းထိန်ကပြောကြားသည်။ ၂၀၁၀ တွင် အရပ်သားတစ်ပိုင်း အစိုးရ မတက်လာမီအချိန် အနည်းငယ်အလိုတွင် ဦးဝင်းထိန် ထောင်မှ ပြန် လွတ်လာခဲ့ပြီး နိုင်ငံရေး လှုပ်ရှားမှုများ ပြန်လည်ခဲ့သည်။ ဦးဝင်းထိန်နှင့် အခြားပါတီဝင်များမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဘာသာတရား တစ်ခု သဖွယ် ယုံကြည်ခြင်းမျိုး မဟုတ်ဘဲ လုပ်ကိုင်နေသည့် လုပ်ငန်းများကို အမှန်တကယ် ယုံကြည်၍ ပါဝင်နေခြင်းဖြစ်သည်ဟု ဦးဝင်းထိန်ကဆိုသည်။
ဦးဝင်းထိန်က ဗိုလ်ချုပ်ဟောင်းများဖြစ်သည့် သမ္မတဦးသိန်းစိန်၊ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကဲ့သို့ စစ်အရာရှိဟောင်းများ၊ ရန်သူဟောင်းများနှင့် ဆက်ဆံရန်လည်း ၀န်လေးခြင်းမရှိပေ။ ဦးဝင်းထိန်က “သူတို့က ၆၇ ခုနှစ် အတန်းက။ ကျွန်တော်က ၆၃ ခုနှစ်။ ကျွန်တော် သူတို့ကို ကောင်းကောင်း သိပါတယ်။ ကျွန်တော်က ငါတို့ ဒီပုတ်ထဲက ဒီပဲတွေပဲလို့ နောက်လေ့ ရှိပါတယ်။ ဒါကြောင့် သူတို့ ဘာလုပ်ခဲ့တယ်၊ ဘာလုပ်နေတယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်” ဟု ဆိုသည်။
ဦးဝင်းထိန်က ပြီးခဲ့သည့် နှစ်က သမ္မတဦးသိန်းစိန်အား အနားယူရန် အကြံပေးခဲ့သည်ဟုဆိုသည်။ ဦးဝင်းထိန်က သမ္မတအား “နိုင်ငံသမိုင်းမှာ နေရာကောင်းကောင်းရမှာပါ။ ဒါပေမဲ့ ဘယ်အချိန်မှာ အနားယူသင့်လဲဆိုတာတော့ သိဖို့လိုပါတယ်” ဟု ပြောကြားခဲ့သည်။
ရွေးကောက်ပွဲနီးကပ်ချိန်တွင် အသက် ၇၀ ရှိပြီဖြစ် သည့် ဒေါ်အောင်ဆန်းစုကြည်၏ အနာဂတ်နှင့် ပတ်သက်၍ မေးခွန်းများ ပိုမိုထွက်ပေါ်လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်မှာ သူ၏ အားကောင်း လွန်းသည့် ပုဂ္ဂိုလ်ရေး ပုံရိပ်က “ပါတီကို လွှမ်းမိုးနေပြီး ဆက်ခံသူ ထွက်ပေါ် လာရန် တားဆီးမှုသဖွယ်ဖြစ်စေသည်ဆိုေ သာ ကာလရှည် စွပ်စွဲချက်များကို ရင်ဆိုင်နေရသည်။
ပါတီက ဒေါ်အောင်ဆန်းစုကြည်အပေါ် မှီခိုနေရသည့် ပမာဏမှာ သင့်တော်မှု မရှိကြောင်း ဦးဝင်းထိန်က ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားတွင် ကြီးပြင်းခဲ့ရခြင်း က နိုင်ငံသား အခွင့်အရေး လျော့နည်းစေကြောင်း ဝေဖန်သူအချို့၏ ယူဆချက်မှာ တစ်စိတ်တစ်ပိုင်း မှန်ကန်သည်ဟု သူကဆိုသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်မှာ လူထု၏ ရွေးချယ်မှု ဖြစ်ပြီး နိုင်ငံရေး ဆောင်ရွက်ခဲ့သည့် အချိန်တစ်လျှောက်လုံး ထိုအတိုင်း ယုံကြည်ထားသည်ဟု ဆိုသည်။
ဦးဝင်းထိန်က ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နိုင်ငံအနှံ့ ခရီးထွက်ခဲ့သည့် အစောပိုင်း ခရီးစဉ်များကို ပြန်လည်စဉ်းစားကာ “သူ (ဒေါ်အောင်ဆန်းစုကြည်) က ထူးခြားပါတယ်။ နယ်ဘက်ကို ခရီးသွားတဲ့ တစ်ကြိမ်မှာ မြို့လေးမြို့နားမှာ ကားပျက်ပါတယ်။ ကားပြင်နေတုန်း ကျွန်တော်တို့က လက်ဖက်ရည်ဆိုင်မှာ ထိုင်စောင့်နေပါတယ်။ သူ ရောက်နေတယ်ဆိုတာ ကြားတော့ ကလေး၊ လူကြီး၊ ယောက်ျား၊ မိန်းမမရွေး လူအိုအဆုံး အားလုံးလာတွေ့ကြပါတယ်။ ဒီလို ဆွဲဆောင်မှု မျိုး အရှိန်အ၀ါ သြဇာမျိုးက အလွန်းရှားပါတယ်” ဟု ပြောကြားခဲ့သည်။
မည်သည့် မကောင်းမှုဒုစရိုက်မှ မလုပ်ခဲ့ဟု အစောပိုင်း က ပြောကြား ခဲ့မှုနှင့် ပတ်သက်၍ မှန်ကန်ခြင်းရှိ၊မရှိ ပြန်လည်မေးမြန်းခဲ့ရာ ဦးဝင်းထိန်က စစ်မှုထမ်းနေစဉ် သူပုန်များကို တိုက်ပွဲအတွင်း သတ်ခဲ့ဖူးသည်ဟု ဆိုသည်။ သို့သော် ထိုသို့ပြုလုပ်ခြင်းမှာ ထိုအချိန်က မှန်ကန်သည့် လုပ်ရပ်ဟု မှတ်ယူ ထားသဖြင့် အပြစ်မရှိဟု ဆိုသည်။ ထိုအကြောင်းပြချက်ကို အရှေ့အလယ်ပိုင်းမှ မြန်မာနိုင်ငံအထိ အာဏာရှင်အစိုးရများမှ စစ်သားများ အသုံးပြုလေ့ရှိသည်ကို သိရှိကြောင်း ဦးဝင်းထိန်ကဆိုသည်။
“စစ်သားတစ်ဦးအနေနဲ့ တာဝန်နဲ့ ၀တ္တရားအတိုင်း ဆောင်ရွက်တာလို့ပဲ ကျွန်တော် ထင်ပါတယ်။ ဒါ (စစ်ထဲဝင်ခြင်း) ကို မကောင်းမှု ဒုစရိုက်လို့ ယူဆရင်တော့ ကျွန်တော့်မှာ လူသတ်တဲ့အပြစ်တွေ အများကြီးရှိမှာပါ” ဟု ဦးဝင်းထိန်က ဆိုသည်။
ထို့သို့ ပြောကြားစဉ် ဦးဝင်းထိန်မှာ လောကကြီးနှင့် ငြိမ်းချမ်းရေး ယူထားသူ တစ်ဦးအသွင် ပေါ်နေသည်။ ၃ နာရီ ကြာမြင့်သည့် နေ့လယ်စာ စားပွဲ မှာ ကောင်းမွန်စွာနေထိုင်ခဲ့သည့် ဘ၀တစ်ခုအကြောင်း ရှင်းပြပွဲနှင့် တူနေသည်။ ဦးဝင်းထိန်မှာ စိုးရိမ်ပူပန်မှုမရှိဘဲ ပေါ့ပေါ့ပါးပါး ရှိသည့် အသွင် ပေါ်နေသော်လည်း ဖွဲ့နွဲ့မှုများ စိတ်မောမှုများ ရှိနေဆဲဖြစ်သည်။
နိုဝင်ဘာ ရွေးကောက်ပွဲ ပြီးသည့် အခါ နိုင်ငံရေး လှုပ်ရှားမှုများမှ အနားယူ ရန် အစီအစဉ်ရှိမရှိ မေးမြန်းသည့် အခါ ဦးဝင်းထိန်က အနားယူမည် မဟုတ်ဟု ဆိုသည်။
သို့သော် နိုင်ငံအဆင့်တွင် ပါဝင်တော့မည် မဟုတ်ဘဲ ပါတီအဆင့်တွင်သာ နက်နက်ရှိုင်းရှိုင်း ပါဝင်ဆောင်ရွက်မည်ဟု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည် နှင့် ရွေးကောက်ခံ ကိုယ်စားလှယ်များက အဓိက ဇာတ်ဆောင်များ ဇာတ်ခုံအလယ်တွင် ကပြရန် ပြင်ဆင်နေစဉ် ဦးဝင်းထိန် က ဇာတ်ပို့တစ်ဦးအဖြစ် ဘေးထွက်နေရန် ပြင်ဆင် ထားသည်ဟု ဆိုသည်။
“ကျွန်တော်က ပါတီအနာဂတ် အတွက် ဆောင်ရွက်ပါမယ်။ တိုင်းပြည် အနာဂတ်အတွက် ဆောင်ရွက်ဖို့ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလုပ်ပါ” ဟု ဦးဝင်းထိန်က ပြောကြားခဲ့သည်။
(Financial Times မှ Michael Peel ရေးသားသည့် Lunch with the FT: U Win Htein ဆောင်းပါးအား The Ladies News Journal မှ ဆီလျော်သင့်မြတ်အောင် ဘာသာပြန်ဆိုသည်။)
KHTun
The Ladies News Journal
======
ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ် လက်ထောက်တစ်ဦးဖြစ်သော ဦးဝင်းထိန် က စစ်တပ်အတွင်း တာဝန်ထမ်းဆောင်ခဲ့သည့် အတိတ် အကြောင်းနှင့် မြန်မာ့နိုင်ငံရေး တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်ကြီးမားပုံတို့အကြော
ရန်ကုန်မြို့ Sharky စားသောက်ဆိုင်သို့ ရောက်ရှိလာသည့် ဦးဝင်းထိန်မှာ တုတ်ကောက်တစ်ချောင်းကို အားပြု၍ ရပ်နေရသော်လည်း မျက်လုံးများက တုတ်ကောက်လက်ကိုင်မှ သတ္တုငှက်ရုပ်ကဲ့သို့ အရောင်တောက်လျက် ရှိသည်။
စစ်တပ်အရာရှိဟောင်း နိုင်ငံရေး အကျဉ်းသားဟောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် ၏ လူယုံတစ်ဦးဖြစ်သူ ဦးဝင်းထိန်မှာ ဟာသဥာဏ်ရွှင်ပုံရသည်။
သူက လျှို့ဝှက်ရဲများ၏ ခိုးကြောင်းခိုးဝှက် ချောင်းနားထောင်ခြင်း မဟုတ်ဘဲ ယခုကဲ့သို့ အသံဖမ်းစက်ဖြင့် အင်တာဗျူးဖြေကြားရခြင်းမှာ အသစ်အဆန်းဖြစ်နေသည်ဟု စစခြင်း ဟာသလုပ်ခဲ့သည်။
“ကျွန်တော် မစိုးရိမ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါက ပွင့်ပွင့်လင်းလင်း ပဲလေ” ဟု ပြောရင်း ဦးဝင်းထိန်က လှိုက်လှိုက်လှဲလှဲ အသံဖြင့် ရယ်နေသည်။
ဦးဝင်းထိန်သည် ပြီးခဲ့သည့် နှစ်က လွှတ်တော်တက်နေ စဉ် နှလုံးနှင့် သွေးတိုး ရောဂါကြောင့် လဲကျမှုဖြစ်ပွားခဲ့သည်။ ကျန်းမာရေး အခြေအနေကြောင့် ညအိပ်ယာဝင်ချိန်တွင် အောက်ဆီဂျင်ရှု ရပြီး အစား အသောက်ကိုလည်း ဆင်ခြင်နေရသည်။ သို့သော် ကျန်းမာရေးနှင့် ပတ်သက် သည့် စိုးရိမ်မှုများကို ဦးဝင်းထိန်က အမှုမထားဘဲ သေခြင်း တရားမှာ “ကွေးသော လက်မဆန့်မီ” ဆိုသည့် စကားအတိုင်း ဖြစ်ပေါ် လာနိုင်သည်ဟု ဆိုသည်။ သူက သေခြင်းတရားနှင့် ပတ်သက်၍ အလွန် မျှမျှတတ ခံယူထားပုံရသည်။
ဦးဝင်းထိန်က “ဘာတွေပဲကြုံလာသည်ဖြစ်စေ လက်ခံပါတယ်။ ဘ၀မှာ လုပ်ချင်တဲ့ အရာအားလုံး လုပ်ခဲ့ပြီးသလို မကောင်းမှုဒုစရိုက်တွေလည်း ဘာမှ မလုပ်ခဲ့ပါဘူး။ ကျွန်တော့် ပတ်ဝန်းကျင်ကလူတွေ၊ အထူး သဖြင့် ဒေါ်စုကို “ကျွန်တော့်အတွက် မငိုနဲ့” လို့ ပြောထားတယ်။ မက်ဒေါနား ရဲ့ “ကျွန်မအတွက် မငိုနဲ့ အာဂျင်တီးနား (Don’t Cry for Me, Argentina) သီချင်းကို သိတယ်မဟုတ်လား” ဟု တဟားဟား ရယ်ကာ ပြောပြ သည်။
ကြမ်းတမ်းသည့် စစ်အာဏာရှင်အုပ်ချုပ်မှုမှ လွှတ်တော် ရွေးကောက်ပွဲအထိ တိုင်းပြည်၏ ရှည်လျားသော ခရီးကြမ်းတွင် နေရာမျိုးစုံမှ ပါဝင်ခဲ့သူ ဦးဝင်းထိန်နှင့် နေ့လယ်စာဝိုင်းမှ ဟာသနှင့် သေခြင်းတရား အကြောင်းများ က ပုံဖော်ထားသည်။ ဦးဝင်းထိန်သည် လက်ရှိတွင် လွှတ်တော် အမတ် တစ်ဦးဖြစ်သော်လည်း လာမည့် နိုဝင်ဘာရွေးကောက်ပွဲတွင်မူ
၁၉၄၁ တွင် ဖွားမြင်ခဲ့သည့် ဦးဝင်းထိန်မှာ မြန်မာနိုင်ငံ ၁၉၄၈ တွင် ဗြိတိန် ထံမှ လွတ်လပ်ရေး ရပြီးနောက် ကြုံတွေ့ခဲ့ရသည့် မတည်မငြိမ် ကာလများ အတွင်း မတူညီသည့် ဘ၀သုံးမျိုးကို ဖြတ်သန်းခဲ့ရသည်။
ပထမဆုံးတစ်ခုမှာ စစ်တပ်အတွင်း ၁၃ နှစ်ကြာ အမှုထမ်းခဲ့ခြင်းဖြစ်ပြီး ဗိုလ်ကြီးရာထူးအထိ အဆင့်ဆင့် မြင့်တက်ခဲ့သည်။ ဦးဝင်းထိန်၏ မိဘများ တွင် သားသမီး ၁၂ ယောက်ရှိသဖြင့် သူ့ကို တက္ကသိုလ်ထားပေးရန် မတတ်နိုင်ခဲ့ပေ။ “ဒါကြောင့် ကျွန်တော်က အခမဲ့ရတဲ့ပညာရေး ကို ရွေးချယ်ခဲ့တာပါ။ အဲဒါကတော့ စစ်တပ်ပါပဲ” ဟု ဦးဝင်းထိန်ကဆိုသည်။
သူက စာများကို လောဘတကြီး ဖတ်လေ့ရှိပြီး အင်္ဂလိပ်စာကို လေ့လာ သင်ယူခဲ့သည်။ အမှန်တရားအတွက် သာမန်လူများ ကြိုးစားရုန်းကန်ရပုံနှင့် ထိခိုက်ခံစားရပုံများအကြောင
“အဲဒီအချိန်တုန်းက ကျွန်တော်မှာ အားနည်းချက်ရှိပါတယ်။ လွတ်လပ်ရေး ရပြီးစ ကျွန်တော်တို့နိုင်ငံမှာ ဘာတွေဖြစ်နေလဲဆိုတာ သုံးသပ်နိုင်မှု အားနည်းခဲ့ ပါတယ်” ဟု ဦးဝင်းထိန်က ဆိုသည်။
၂၀၁၃ က လူ ၄၄ ဦး သေဆုံးခဲ့ရသည့် ပဋိပက္ခတွင် မွတ်ဆလင် ဘာသာဝင် များကို သတ်ဖြတ်ခြင်းအား တားဆီးရန် ကြိုးစားခဲ့ခြင်းကြောင့် သူ့အား မွတ်ဆလင်များဘက်မှ လိုက်သူဟု စွပ်စွဲကာ မိတ္ထီလာနယ်ခံ မဘသ များ ဒေါသထွက်ခဲ့ကြသည်။ သို့သော် ထိုသို့ဒေါသထွက်ခြင်းမှာ လူနည်းစု အမြင်သာဖြစ်ပြီး ယနေ့အချိန်တွင် ပြောင်းလဲသွားပြီဟု ဦးဝင်းထိန်က ဆိုသည်။
မိတ္ထီလာ ပဋိပက္ခနှင့်ပတ်သက်၍ ဦးဝင်းထိန်၏ အမြင်၊ အထူးသဖြင့် ဘင်္ဂါလီပြဿ နာနှင့်ပတ်သက်သည့် အမြင်မှာ စိတ်ဝင်စားစရာကောင်းသည်။
NLD ပါတီနှင့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့မှာ ဘင်္ဂါလီ ပြဿ နာနှင့် ပတ်သက်၍ အစိုးရအပေါ် ပြစ်တင်မှု နည်းပါးသည်ဟု နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ ဝေဖန်ခြင်းခံနေရသည်။ NLD သည် လူ့အခွင့်အရေး ကိစ္စရပ်များကို အရေးထားခြင်းမရှိ ဆိုသော ဝေဖန်မှုကို ဦးဝင်းထိန်က က ငြင်းဆိုခဲ့သည်။
ဘင်္ဂါလီပြဿ နာကိုဖြေရှင်းရန်အတွက် အစိုးရအနေဖြင့် မကြာမီနှစ်များ အတွင်း က ၀င်ရောက်လာသည့် သိန်းနှင့်ချီသော ဘင်္ဂါလီများ ကို ပြန် လည်ခေါ်ယူရန် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဆွေးနွေး သင့်သည်ဟု ဦးဝင်းထိန်ကဆိုသည်။
ဘင်္ဂါလီများ ၀င်ရောက်မှုနှင့် ပတ်သက်၍ ခိုင်မာသည့် စာရင်းအချက်အလက်များ အစိုးရတွင် ချို့တဲ့လျက်ရှိသည်ဟု ဦးဝင်းထိန်က ဆိုသည်။
ဦးဝင်းထိန်က ” အစိုးရက ပြဿနာတစ်ခုခုပေါ်လာရင် တုံ့ပြန်ဖြေရှင်းမှု ဘာမှ မလုပ်ဘဲ စောင့်နေပါတယ်။ ပြဿနာက အကြီးကြီးဖြစ်လာတဲ့ အထိ စောင့်နေ ပါတယ်” ဟု ဆိုသည်။ ”အခုတော့ သူတို့ ဘာလုပ်ရမှန်း မသိတော့ပါဘူး။ ဘာမှ လည်း မလုပ်ပါဘူး။ လုပ်သင့်တာတစ်ခုက ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ဆွေးနွေးဖို့ပါ။ ဒီလူတွေ အားလုံးက ဘင်္ဂလားဒေ့ရှ်က လာ တာကြောင့် ဆွေးနွေးဖို့လိုပါတယ်” ဟု ဦးဝင်းထိန်က ရုပ်တည်ဖြင့် ပြတ်သား စွာ ပြောဆိုခဲ့သည်။
ဦးဝင်းထိန်သည် ၁၉၇၆ တွင် စစ်တပ်မှထွက်ခဲ့ပြီးနောက် ဥရောပ ကုမ္ပဏီ များ မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ကိုင်နိုင်ရန် ကူညီညှိနှိုင်းပေးသည့် ကြားလူ (အေးဂျင့်) အဖြစ် လုပ်ကိုင်ခဲ့သည်။ ထိုစဉ်က ဆိုရှယ်လစ်စနစ် ကျင့်သုံးနေပြီး နိုင်ငံ၏ စီးပွားရေး လုပ်ငန်းအများစုမှာ နိုင်ငံခြားသားများ လုပ်ကိုင်၍ မရပေ။
ကော်မရှင်ခ များစွာရရှိသည့် သူ၏ ဖောက်သည်များတွင် သကြား ထုတ်ကုန် လုပ်ငန်းမှ ဗော့ဒ်ကာအရက် လုပ်ငန်းအထိ ပါဝင်သည်။ ပြဿနာမှာ သူ၏ လုပ်ငန်းက နိုင်ငံခြားစီးပွားရေး လုပ်ငန်းများအပေါ် စီမံခန့်ခွဲသည့် ဥပဒေများ အရ တရားမ၀င်သဖြင့် သိုသိုသိပ်သိပ် နေထိုင်ရခြင်း ဖြစ်သည်။ သူ၏ စီးပွားရေး များကို ဂရုတစိုက်ဖုံးကွယ်ထားရန် လိုအပ်ခဲ့သည်ဟုဆိုသည်။
“ကျွန်တော် အိမ်ကောင်းကောင်းနဲ့ မနေရဲဘူး။ ဆလွန်းကား မ၀ယ်ရဲ ဘူး။ စောင့်ကြည့်နေတဲ့ အာဏာပိုင်တွေ မျက်စိမစူးအောင် ခပ်စုတ်စုတ် ကားကို စီးရပါတယ်” ဟု ဦးဝင်းထိန်က ရယ်ကျဲကျဲ ဆိုသည်။ ထို့အပြင် မိဘနှင့် ယောက္ခမများအတွက် အိမ်များကို တိတ်တဆိတ် ဆောက်ပေး ခဲ့ရသည်ဆိုသည်။
ထိုဆောင်ရွက်မှုများက ငွေကြေးခ၀ါချမှု ဖြစ်နေမလားဟု မေးမြန်းသည့် အခါ ဦးဝင်းထိန်က “ဟုတ်တာပေါ့” ဟု ဖြေရင်း အားရပါးရ ရယ်ခဲ့သည်။
၁၉၈၈ တွင် နိုင်ငံအတွင်းရှိ လူအများစုကဲ့သို့ပင် ဦးဝင်းထိန်၏ ဘ၀တွင် အပြောင်းအလဲ ကြုံတွေ့ခဲ့သည်။ ထိုနှစ်တွင် အာဏာရှင်အုပ်ချုပ်ရေး ကို လူထုက ဆန့်ကျင်ခဲ့သည်။ ဆန္ဒပြပွဲများကို စစ်တပ်က အကြမ်းဖက်နှိမ်နင်း ခဲ့သဖြင့် ကျောင်းသားနှင့် ပြည်သူများစွာ သေဆုံး၊ ဒဏ်ရာရ၊ ဖမ်းဆီးခံခဲ့ရသည်။ တောခိုသွားသူများ လည်း ထောင်သောင်းချီ ရှိခဲ့သည်ဟု ဦးဝင်းထိန်က ရှင်းပြသည်။
ဖိနှိပ်မှုများကို ဆန့်ကျင်ရန် တာဝန်ရှိသည်ဟု ခံယူ၍ ဦးဝင်းထိန်က NLD သို့ ၀င်ရောက်ခဲ့သည်။ သူက “ကျွန်တော်က စစ်ရေး အတွေ့အကြုံ ရှိတော့ ဒေါ်အောင်ဆန်းစုကြည် ဘယ်သွားသွား လိုက်ပါခဲ့ပါတယ်။ နိုင်ငံ အထက်ပိုင်း၊ အောက်ပိုင်း အစုံပါပဲ” ဟုဆိုသည်။
“ကျွန်တော်က NLD မှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ကိုင်တဲ့အတွက် စစ်အစိုးရက ကျွန်တော့်ကို သစ္စာဖောက်တစ်ယောက်အဖြစ် သတ်မှတ်ပြီး မကျေနပ်ကြပါဘူး။ ကျွန်တော်က စစ်သားဟောင်းဖြစ်တဲ့အတွက် သူတို့ကို ပဲ ထောက်ခံသင့်တယ်လို့ ယူဆထားကြတာပါ” ဟု ဦးဝင်းထိန် ကပြောကြားခဲ့သည်။
အာဏာသိမ်းစစ်အစိုးရက နောက် ၂ နှစ် အကြာ ၁၉၉၀ ခုနှစ် တွင် ရွေးကောက်ပွဲပြုလုပ်ပေးခဲ့သ
သူနှင့် ရဲဘော်ရဲဘက် နိုင်ငံရေး သမားများမှာ ထိန်းသိမ်းခံထားရစဉ် ရာဇ၀တ်ကောင်များကဲ့သို့ ဆက်ဆံခံခဲ့ရပြီး အစားအစာနှင့် ဆေးဝါးအတွက် တစ်လ တစ်ကြိမ်သာ တွေ့ခွင့်ရသည့် မိသားစုများကို မှီခိုခဲ့ရသည်။ သူနှင့် အတူ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသား ၉ ဦးအနက် ယခုအခါ နိုင်ငံရေး နယ်ပယ်တွင် ဆက်လက်ကျန်ရှိသူ ၂ ဦးသာ ကျန်ရှိတော့သည်ဟု ဦးဝင်းထိန်ကဆိုသည်။
“အချို့က အိမ်တွေ ဆုံးရှုံးခဲ့တယ်။ အချို့က စီးပွားရေး တွေ ဆုံးရှုံးရတယ်။ အချို့က မိသားစုတွေ ဆုံးရှုံးရတယ်။ အချို့က နိုင်ငံရေး ယုံကြည်ချက်တွေ ဆုံးရှုံးရပြီး အချို့ရဲ့ နိုင်ငံရေး ယုံကြည်ချက်တွေ ပြောင်းလဲသွားပါတယ်” ဟု ဦးဝင်းထိန်ကဆိုသည်။
“ကျွန်တော်တို့က စည်းအပြင်ဘက် (Out of the Box) က စဉ်းစားတယ်။ ဒါကြောင့် ထောင်ခဏခဏကျခဲ့တာပေါ့” ဟု ဦးဝင်းထိန်က ရယ်ရင်းပြောပြ သည်။ ထောင်ကျနေစဉ်အတွင်း ဦးဝင်းထိန်သည် တစ်ခါတစ်ရံ တွင် တိုက်ပိတ်ခံခဲ့ရသော်လည်း CIA နှင့် KGB တို့၏ စိတ်ပညာဆိုင်ရာ နည်းစနစ်များ အကြောင်း ရေး ထားသည့် စာအုပ်များ ဖတ်ရှုဖူးသဖြင့် ကံကောင်းသည်ဟု ဆိုသည်။
သူက ထောင်ထဲတွင် နေ့စဉ် တရားထိုင်ခဲ့သည်ဟု ဆိုသည်။
“မနက်တိုင်း ညနေတိုင်းပါပဲ။ ဒါပေမဲ့ တရားထိုင်ရာမှာ ဂရုစိုက်ဖို့တော့ လိုပါတယ်။ မှန်ကန်တဲ့ ဆရာမရှိဘဲ တရားထိုင်ရင် ကြာရင် ရူးသွားနိုင် ပါတယ်” ဟု ဦးဝင်းထိန်ကပြောကြားသည်။ ၂၀၁၀ တွင် အရပ်သားတစ်ပိုင်း အစိုးရ မတက်လာမီအချိန် အနည်းငယ်အလိုတွင် ဦးဝင်းထိန် ထောင်မှ ပြန် လွတ်လာခဲ့ပြီး နိုင်ငံရေး လှုပ်ရှားမှုများ ပြန်လည်ခဲ့သည်။ ဦးဝင်းထိန်နှင့် အခြားပါတီဝင်များမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဘာသာတရား တစ်ခု သဖွယ် ယုံကြည်ခြင်းမျိုး မဟုတ်ဘဲ လုပ်ကိုင်နေသည့် လုပ်ငန်းများကို အမှန်တကယ် ယုံကြည်၍ ပါဝင်နေခြင်းဖြစ်သည်ဟု ဦးဝင်းထိန်ကဆိုသည်။
ဦးဝင်းထိန်က ဗိုလ်ချုပ်ဟောင်းများဖြစ်သည
ဦးဝင်းထိန်က ပြီးခဲ့သည့် နှစ်က သမ္မတဦးသိန်းစိန်အား အနားယူရန် အကြံပေးခဲ့သည်ဟုဆိုသည်။ ဦးဝင်းထိန်က သမ္မတအား “နိုင်ငံသမိုင်းမှာ နေရာကောင်းကောင်းရမှာပါ။ ဒါပေမဲ့ ဘယ်အချိန်မှာ အနားယူသင့်လဲဆိုတာတော့ သိဖို့လိုပါတယ်” ဟု ပြောကြားခဲ့သည်။
ရွေးကောက်ပွဲနီးကပ်ချိန်တွင
ပါတီက ဒေါ်အောင်ဆန်းစုကြည်အပေါ် မှီခိုနေရသည့် ပမာဏမှာ သင့်တော်မှု မရှိကြောင်း ဦးဝင်းထိန်က ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားတွင် ကြီးပြင်းခဲ့ရခြင်း က နိုင်ငံသား အခွင့်အရေး လျော့နည်းစေကြောင်း ဝေဖန်သူအချို့၏ ယူဆချက်မှာ တစ်စိတ်တစ်ပိုင်း မှန်ကန်သည်ဟု သူကဆိုသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်မှာ လူထု၏ ရွေးချယ်မှု ဖြစ်ပြီး နိုင်ငံရေး ဆောင်ရွက်ခဲ့သည့် အချိန်တစ်လျှောက်လုံး ထိုအတိုင်း ယုံကြည်ထားသည်ဟု ဆိုသည်။
ဦးဝင်းထိန်က ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ
မည်သည့် မကောင်းမှုဒုစရိုက်မှ မလုပ်ခဲ့ဟု အစောပိုင်း က ပြောကြား ခဲ့မှုနှင့် ပတ်သက်၍ မှန်ကန်ခြင်းရှိ၊မရှိ ပြန်လည်မေးမြန်းခဲ့ရာ ဦးဝင်းထိန်က စစ်မှုထမ်းနေစဉ် သူပုန်များကို တိုက်ပွဲအတွင်း သတ်ခဲ့ဖူးသည်ဟု ဆိုသည်။ သို့သော် ထိုသို့ပြုလုပ်ခြင်းမှာ ထိုအချိန်က မှန်ကန်သည့် လုပ်ရပ်ဟု မှတ်ယူ ထားသဖြင့် အပြစ်မရှိဟု ဆိုသည်။ ထိုအကြောင်းပြချက်ကို အရှေ့အလယ်ပိုင်းမှ မြန်မာနိုင်ငံအထိ အာဏာရှင်အစိုးရများမှ စစ်သားများ အသုံးပြုလေ့ရှိသည်ကို သိရှိကြောင်း ဦးဝင်းထိန်ကဆိုသည်။
“စစ်သားတစ်ဦးအနေနဲ့ တာဝန်နဲ့ ၀တ္တရားအတိုင်း ဆောင်ရွက်တာလို့ပဲ ကျွန်တော် ထင်ပါတယ်။ ဒါ (စစ်ထဲဝင်ခြင်း) ကို မကောင်းမှု ဒုစရိုက်လို့ ယူဆရင်တော့ ကျွန်တော့်မှာ လူသတ်တဲ့အပြစ်တွေ အများကြီးရှိမှာပါ” ဟု ဦးဝင်းထိန်က ဆိုသည်။
ထို့သို့ ပြောကြားစဉ် ဦးဝင်းထိန်မှာ လောကကြီးနှင့် ငြိမ်းချမ်းရေး ယူထားသူ တစ်ဦးအသွင် ပေါ်နေသည်။ ၃ နာရီ ကြာမြင့်သည့် နေ့လယ်စာ စားပွဲ မှာ ကောင်းမွန်စွာနေထိုင်ခဲ့သည့
နိုဝင်ဘာ ရွေးကောက်ပွဲ ပြီးသည့် အခါ နိုင်ငံရေး လှုပ်ရှားမှုများမှ အနားယူ ရန် အစီအစဉ်ရှိမရှိ မေးမြန်းသည့် အခါ ဦးဝင်းထိန်က အနားယူမည် မဟုတ်ဟု ဆိုသည်။
သို့သော် နိုင်ငံအဆင့်တွင် ပါဝင်တော့မည် မဟုတ်ဘဲ ပါတီအဆင့်တွင်သာ နက်နက်ရှိုင်းရှိုင်း ပါဝင်ဆောင်ရွက်မည်ဟု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည် နှင့် ရွေးကောက်ခံ ကိုယ်စားလှယ်များက အဓိက ဇာတ်ဆောင်များ ဇာတ်ခုံအလယ်တွင် ကပြရန် ပြင်ဆင်နေစဉ် ဦးဝင်းထိန် က ဇာတ်ပို့တစ်ဦးအဖြစ် ဘေးထွက်နေရန် ပြင်ဆင် ထားသည်ဟု ဆိုသည်။
“ကျွန်တော်က ပါတီအနာဂတ် အတွက် ဆောင်ရွက်ပါမယ်။ တိုင်းပြည် အနာဂတ်အတွက် ဆောင်ရွက်ဖို့ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလုပ်ပါ” ဟု ဦးဝင်းထိန်က ပြောကြားခဲ့သည်။
(Financial Times မှ Michael Peel ရေးသားသည့် Lunch with the FT: U Win Htein ဆောင်းပါးအား The Ladies News Journal မှ ဆီလျော်သင့်မြတ်အောင် ဘာသာပြန်ဆိုသည်။)
KHTun
The Ladies News Journal
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။