Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, September 5, 2015

မီးလျှံကိုမကြောက်တဲ့ သံခဲ အရည်ပျော်ပြီလား

္ဋမီးလျှံကိုမကြောက်တဲ့ သံခဲ အရည်ပျော်ပြီလား
==========================
၂၀၁၄ ခုနှစ်၊ ဇူလိုင်လ၊ ၂ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် “ကျန်းမာရေးနှင့် လှူဒါန်းမှု”ဟူသောခေါင်းစဉ်ဖြင့် မေတ္တာရှင်(ရွှေပြည်သာ)ဆရာတော်၏ ကျန်းမာရေးကြောင့် လူဝတ်လဲသည့် အကြောင်း ကြော်ငြာပါလာပါသည်။
ဆရာတော်ကိုယ်တိုင် နိုင်ငံခြားမှ လှမ်းထည့်လိုက်ခြင်းဖြစ်သည်။ ဖုန်းဆက်ထားသောကြောင့် နှစ်ရက်၊သုံးရက် ကြိုသိထားသည်။ ဆရာတော်၏ ဒကာ၊ ဒကာမများနှင့် စာဖတ်ပရိသတ်များအတွက် ဇူလိုင်လသည် နောက်ထပ် ဝမ်းနည်းဖွယ်ရာ နေ့တစ်နေ့ တိုးခဲ့ရလေပြီ။

အထုအရိုက်ခံ မီးလျှံကို မကြောက်တဲ့သံခဲ ပုံစံပြောင်း သွန်းလောင်းဖို့ အရည်ပျော်သွားပြီလို့ ဆိုရပါတော့မည်။ အနယ်နယ် အရပ်ရပ်က ဖုန်းတွေ တတီတီဝင်လာကြတော့၏။ ထမင်းစားချိန်ပင် မရတော့။ နှုတ်တစ်ရာ စာတစ်လုံးဆိုသည့်စကားအရ ဆရာတော် လူထွက်ရခြင်း၏ ရည်ရွယ်ချက် အကြောင်းအရင်းနှင့် အဖြစ်အပျက်တို့ကို စာအုပ်ကလေး တစ်အုပ်လောက်တော့ ထုတ်မှဖြစ်တော့မည်ဟု စိတ်ကူးမိပါသည်။ ဒါမှသာ ဆရာတော်၏ စိတ်ဓါတ်နှင့် လုပ်ရပ်တွေကို ပြည့်စုံစွာ ဖော်ပြနိုင်မှာ ဖြစ်သည်။
ဓမ္မပါလ ဆရာတော် အရှင်ပါကဋာလင်္ကာရ (နိုင်ငံတော် ကိုးဘွဲ့ရ)၊ ကြက်မောက်ဆရာတော်၊ ကျွန်တော်ညီမေတ္တာ၊ ဆရာထန်းတပင် စန်းလွင်၊ ကဗျာဆရာ ကိုလင်းသုတ၊ ဆရာ မြတ်မင်းမောင်၊ ဆရာ ဆလိုင်းရွှေလင်းတို့က ပရိသတ် သိလိုသမျှ ကြိုးစား၍ တင်ပြလိုက်ရလေတော့၏။
-ရက်စက်ယုတ်မာဖို့အတွက် စိတ်က စတင် ဖြစ်ပေါ်လာပါသည်။
-အများကောင်းကျိုးလုပ်ဖို့အတွက် စိတ်ကပင် စတင် ဖြစ်ပေါ်လာသည်။
-အရှက်လုံရုံ ဝတ်တဲ့ အဝတ်အစားက စိတ်ကို ဘာမှ ပြောင်းလဲအောင် မလုပ်နိုင်ပါ။
-“မေတ္တာရှင်”၏ ပရဟိတစိတ်ကိုလည်း ဘယ်သောအခါမှ ပြောင်းလဲလိမ့်မည် မဟုတ်ပါ။ ( စာမျက်နှာ- ၄/၅ )
ညီမေတ္တာ။
___________________________________


ဘဝနှင့် ရင်းခဲ့ရသည့် စွန့်စားမှု
**********************
မေတ္တာရှင်(ရွှေပြည်သာ) ရဟန်းဘဝ စွန့်လွှတ်ခြင်းနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုမှုများ၊ မေတ္တာရှင် ထူထောင်ခဲ့သော ပရဟိတလုပ်ငန်းများအား ဆက်လက်လုပ်ဆောင်နေသည့် ဒကာ-ဒကာမတို့အား ဆရာတော် လူဝတ်လဲခြင်းအပေါ် အထင်အမြင် မလွဲစေရန်၊ မပြစ်မှားမိစေရန် မေတ္တာရေစင် ပရဟိတအဖွဲ့ကို ၁၃၇၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၉) ရက်နေ့တွင် ဟောကြားသည့် ဆရာတော် ဦပါကဋာလင်္ကာရ၏ တရားတော်မှ ကောက်နုတ်တင်ပြလိုက်ရပါသည်။
မေတ္တာရှင် ဆရာတော် လူဝတ်လဲသွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဦးပဉ္ဇင်းရဲ့ အမြင်ကို နည်းနည်းဟောကြားပါ့မယ်။
လောကမှာ ထွက်ပေါက်နှစ်ခု ရှိပါတယ်။ တစ်ဖက်က ကာမဂုဏ်ခံစားတာ၊ ဦးပဉ္ဇင်းတို့ အဲဒီကာမဂုဏ်ကနေပြီးတော့ ထွက်ပေါက်ကိုရှာတာ။ ဒီဘက်က သင်ကြားရေးထွက်ပေါက်၊ တစ်ဘက်က ကျင့်သုံးရေးထွက်ပေါက်ကို ပရိယတ်လို့ခေါ်တယ်။
ကျင့်သုံးရေးကို ပဋိပတ်၊ ဂန္ထဓူရ၊ ဝိပဿနာဓူရ၊ ဝိဇ္ဇာစရဏဆိုတဲ့ ထွက်ပေါက်။ အဲဒီ ထွက်ပေါက်နှစ်ခုမှာ မေတ္တာ(ရွှေပြည်သာ)ရဲ့ တရားအသိနဲ့ စာပေစွမ်းအားအသိ၊ တကယ့်ကျင့်သုံးရေး ထွက်ပေါက်အဆင့်ထိ နီးကပ်နေပါပြီ။ ပြီးခဲ့တဲ့နှစ်တွေမှာလည်း ဆရာတော်ဟာ လူသူမရောက်နိုင်တဲ့၊ တော်တော့်ကိုရောက်ဖို့ ခက်ခဲတဲ့၊ ကားပေါ်ကဆင်းပြီး တစ်နာရီလောက် လမ်းလျှောက်ရတဲ့ တောင်တွင်းကြီးတောနယ်ထဲမှာ သုံးလလောက်နေပြီး တရားအားထုတ်သွားတယ်။ အဲဒီက ပြန်လာတော့ ဦးပဉ္ဇင်းကိုတောင် ပြောသေးတယ်။ ဦပါကဋတဲ့ ဒီတစ်ခါသွားရင် ငါ ဒီထက်နက်တဲ့တောထဲကို သွားမယ်။ လူ့ဘဝ ရတုန်းလေးကို ငြိမ်းချမ်းရေး ရအောင် ရှာဖွေရမယ်။ တကယ်တော့ ဆရာတော် ကျင့်စဉ်ထွက်ပေါက်ကို လိုက်ဖို့ပဲ။ ဒါပေမဲ့ ခုလောလောဆယ် ဦးပဉ္ဇင်းတို့ မြန်မာနိုင်ငံရဲ့ အခြေအနေ၊ အမျိုးဘာသာအခြေအနေအရ ဘာကွက်လပ်လေး ဘာတစ်ခုရှိလဲဆိုတော့ စာပေထွက်ပေါက်ဆိုတဲ့ သင်ကြားရေးထွက်ပေါက်၊ အဲဒီ စာပေထွက်ပေါက်နဲ့ ပတ်သက်ပြီးတော့ ဦးပဉ္ဇင်းတို့က တချို့ ပေါက်မြောက်သွားတာရှိတယ်။ ဦးပဉ္ဖင်းတို့ တစ်ချိန်တုန်းက မြန်မာနိုင်ငံမှာရှိတဲ့ မင်းကွန်းတိပိဋက ဆရာတော်ကြီး၊ ပိဋိကမှာ ပေါက်သွားတာ။ အစပိုင်းတော့ ဆရာတော်ကြီးလည်း အသင့်အတင့်ပဲ။ နောက်ပိုင်းမှ စားလည်းပိဋက၊ သွားလည်းပိဋက၊ ရေချိုးလည်းပိဋက၊ အဆုံးစွန် ဘုရားရှိခိုးတာတောင်မှ ဦးပဉ္ဖင်းတို့လို သြကာသနဲ့ မရှိခိုးဘူး။
ပိဋကမှော်
***********
ဘုရားရှိခိုးတာတောင် ပိဋကနဲ့ ရှိခိုးတယ်။ အဲဒါကြောင့် နောက်ပိုင်းတော့ ဆရာတော်ရဲ့ စိတ်အစဉ် ခန္ဓာကိုယ်နဲ့အတူ ပိဋိကနဲ့ တစ်ထပ်တည်းလို့ ပြောလို့ရတယ်။ ပိဋက မှော်ပေါက်သလို ဖြစ်သွားတယ်။ ဆရာတော်က မရသေးတဲ့ ပိဋကစာတွေကို တအားရသွားတယ်။ ရပြီးတဲ့စာတွေကလည်း တအားရှင်းလင်းသွားတယ်။ သူ့ရဲ့ဆရာ ဆရာတော်ဦးပညာသာရကို လျှောက်ထားတယ်။ တပည့်တော် စာတွေဘယ်လို ဖြစ်သွားလဲ မသိဘူး။ စာတွေ တအားပေါက်သွားတယ်။ အဲဒါ ဆရာတော်ကြီး(မင်းကွန်းဆရာတော်ကြီး)က ပြန်မိန့်တယ်။ အဲဒါ ပိဋက မှော်ပေါက်တယ်လို့ ဆိုတယ်။ ဒါပေမဲ့ လူတွေကို သွားမပြောနဲ့။ လူတွေက ကြောင်းသွားတယ်လို့ ထင်လိမ့်မယ်။ အဲဒါနဲ့ပဲ ဆရာတော်ကြီးက လူလောကကို ချပြတယ်။ ဆရာတော်ကြီးရဲ့ ပိဋက ပေါက်သွားတဲ့ စာပေတွေကို သက်သေပြဖို့ ဆာဦးသွင်က ပိဋကစာမေးပွဲ ကျင်းပခဲ့တာ။
တိပိဋကစာမေးပွဲကြီး ကျင်းပတော့ ပထမအသုတ် အာဂုံ၊ ရေးဖြေ အကုန်လုံးအောင်တယ်။ ပိဋကသုံးပုံစလုံးကို အာဂုံရော၊ ရေးဖြေရော နှစ်မျိုးစလုံး ဂုဏ်ထူးရတဲ့ ဆရာတော်၊ ပိဋက(၁)ပုံလောက်ကို တစ်နှစ်ထဲနဲ့ အကုန်ဂုဏ်ထူးရပြီးတော့၊ ယိုဒယားနိုင်ငံကို သွားပြီး မြန်မာနိုင်ငံမှာ ပိဋကသုံးပုံပေါက်တဲ့ ဆရာတော်ရှိတယ်။ တချို့နိုင်ငံတွေက မယုံကြည်ကြဘူး။ အဲဒါနဲ့ပဲ ဒုတိယပိဋကဖြစ်တဲ့ အဘိဓမ္မာပိဋကကို ထပ်ပြီးတော့ သက်သေထူခဲ့တယ်။ အဘိဓမ္မာကိုတော့ နှစ်ပိုင်း ပိုင်းလိုက်တယ်။ ပထမပိုင်းနဲ့ ဒုတိယပိုင်း၊ နှစ်ပိုင်း ပိုင်းပြီးပြန်လိုက်တော့ နှစ်နှစ်တည်းနဲ့ ပြီးအောင်း အကုန်ပြန်ဆိုသွားတယ်။ အဲဒီလိုပြီးသွားတဲ့ အချိန်ကျမှ နိုင်ငံခြားသားတွေကပါ လက်ခံလာတယ်။ မြန်မာနိုင်ငံမှာ ပိဋကပေါက်တဲ့ ကိုယ်တော်တွေရှိတဲ့အတွက်ကြောင့် သင်္ဂါယနာတင်ပွဲကြီး ကျင်းပတယ်။ ဒီသင်္ဂါယနာတင်ပွဲကြီး ကျင်းပတဲ့အချိန်မှာ ဆရာတော်ကြီး နောက်ဆုံးသုတ္တန်ပိဋက ဖြေဆိုပွဲ ကျင်းပတယ်။
အဲဒီ သုတ္တန်ပိဋကကို သင်္ဂါယနာတင်ပွဲကိစ္စနှင့် အလုပ်ပေါင်းများစွာ ရူပ်နေတဲ့ကြားက အသာလေးပဲ ဖြေဆိုပေးလိုက်တယ်။ အဲဒါ ရိုးရိုးဆရာတော်တွေ ဆိုရင် ဆယ်နှစ်၊ ဆယ်ရှစ်နှစ် အဲဒီလောက် အကြာကြီးလုပ်ရတယ်။ ဆရာတော်ကြီးဟာ အလုပ်ရှုပ်တဲ့ကြားထဲကပါ။ အဲဒါ တကယ်တော့ ပိဋက ပေါက်ရောက်တဲ့ သူဖြစ်တယ်။
အဲဒီလိုပဲ ဦးပဉ္ဇင်းလည်း ဆရာတော် (အရှင်ဇဝန) နိုင်ငံခြားထွက်မသွားခင် ကော့သောင်းနှင့် မြိတ်မြို့တွေမှာ ဆရာတော်နှင့်အတူ တရားစခမ်းဖွင့်တယ်။ အဲဒီလိုဖွင့်တဲ့အချိန် လာတတ်ကြတာက ခေတ်လူငယ် ပညာတတ်တွေ၊ ဆယ်တန်းအောင်၊ တချို့ တက္ကသိုလ်ဘွဲ့ရတွေ လာတတ်ကြတယ်။ ဆရာတော်ကို မေးခွန်းပေါင်းများစွာ မေးကြတယ်။ ဆရာတော် နဖူးကြောတစ်ချက်မတွန့်ဘူး။ အကုန်လုံး ဒေါက်ဒေါက်နဲ့ ဖြေနိုင်တယ်။ ဦးပဉ္ဇင်းတို့သာဆိုရင် ဘယ်လိုမှ ဖြေနိုင်မှာ မဟုတ်ဘူး။ အဲဒီအချိန် ဦးပဉ္ဇင်းက နောက်ကနေပြီးတော့ ဆရာတော်ရဲ့ နှလုံးသားဟာ စာမှော်ပေါက်နေတယ်လို့ ထင်မိတယ်။ ဦးပဉ္ဇင်းတို့ ကြက်သီးတောင်ထမိတယ်။ ဆရာတော် စာမှော်ပေါက်နေပြီလို့ ထင်မိတာ။
အဲဒီတော့ ဆရာတော်ရဲ့ ကျင့်စဉ်ပိုင်းမှာလည်း ပေါက်ခါနီးနေပြီ၊ စာပေပိုင်းမှာလည်း ပေါက်ခါနီးပြီလို့ဆိုရမယ်။ တကယ်တော့ သူ့ရဲ့ ပါရမီအရဆိုရင် ကျင့်စဉ်ပိုင်းအထိ အချိန်တန်နေပြီ။ ဒီကာမဂုဏ် စည်းစိမ်အားလုံးကို စွန့်လွှတ်သင့်တဲ့ကြားထဲမှာ ထူးခြားတဲ့ ထွက်ပေါက်လေးတစ်ခု မြန်မာနိုင်ငံ ပရဟိတသမားများနဲ့ မြန်မာနိုင်ငံအတွက် ဆရာတော် စွမ်းစွမ်းတမံ ကြားဖြတ်ပြီးလုပ်သွားခြင်း ဖြစ်တယ်။ အဲဒါကတော့ ယခုလက်ရှိ မြန်မာနိုင်ငံမှာ လုပ်နေတဲ့ သူဌေးတွေဆီက အလှူခံပြီးတော့ ဆင်းရဲသားတွေဆီကို ပြန်ပေးနေရတယ်။ ကြားခံဆက်သွယ်ရေးလုပ်ငန်း ပရဟိတ၊ တနည်းပြောရရင် သူဌေးတွေဆီကနေ ယူပြီး ဆင်းရဲသားတွေကို ပြန်ပေးတယ်။ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်နေတာလောက်ကို ဆရာတော်က မြန်မာနိုင်ငံ အမျိုးဘာသာသာသနာအတွက် အားမရဘူး။ အဲဒါကြောင့် တကယ်လို့ ကမ္ဘာက ငွေပေါင်းများစွာကို ယူပြီးတော့ မြန်မာနိုင်ငံသူ နိုင်ငံသား ဆင်းရဲသူ ဆင်းရဲသားတွေအတွက် အဆင့်မြင့် ပရဟိတကြီး လုပ်ချင်တာကြောင့် သူ့ရဲ့ထွက်ပေါက်ကြီးကို မကြိုးစားခဲ့ဘူး။
အဲဒါဆိုတော့ မြန်မာနိုင်ငံကို ထိထိမိမိ လုပ်ပေးနိုင်တာကတော့ သူ့ရဲ့စာပေစွမ်းအားနဲ့ စာပေထွက်ပေါက်ကနေ လုပ်ပေးနိုင်တယ်။ ဒီစာပေထွက်ပေါက်ကို လုပ်ဖို့ဆိုရင်လည်း ကမ္ဘာ့စာပေပညာရှင်ဖြစ်ဖို့ အရင်ကြိုးစားရမယ်။ ကမ္ဘာ့စာပေပညာရှင်ကြီးဖြစ်လာရင် ဘာအကျိုးတွေရမလဲဆိုတော့ နိုင်ငံခြားမှာ မြန်မာလိုမဟုတ်ဘူး။ စာအုပ်တစ်အုပ် ပေါက်သွားပြီဆိုရင် ဒေါ်လာသန်းချီပြီး ရမယ်။ အဲဒီ ပေါက်သွားတဲ့စာအုပ်ကို ရုပ်ရှင်ရိုက်မယ်ဆိုရင်လည်း ဒေါ်လာသန်းချီပြီး ရမယ်။ အဲဒီလို ဒေါ်လာသန်းချီပြီးတော့ ရလာတဲ့အခါ မြန်မာနိုင်ငံက ဆင်းရဲသားတွေ ကောင်းစားဖို့အတွက် ဆရာတော်က ပေးချင်တယ်။ အဲဒီလို ထိထိမိမိ အားပါးတရ ပေးချင်တယ်။
အဲဒါကတော့ နံပါတ်(၁) အကျိုးတရား။
နောက်နံပါတ်(၂)အကျိုးက၊ ဆရာတော်ဟာ အဲဒီလို ကမ္ဘာ့လူသားတွေ လက်ခံတဲ့ စာပေပညာရှင်ကြီးတစ်ယောက် ဖြစ်သွားပြီးဆိုရင် ဦးပဉ္ဇင်းတို့ မြန်မာစာပေဟာ ဟုန်းကနဲတက်သွားမယ်။ အဲဒါ ဘယ်မှာရှိဖူးလို့လဲဆိုရင် ဦးပဉ္ဇင်းတို့ နိုင်ငံအနီးအနားက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိတယ်။ ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံဟာဆိုရင် ကမ္ဘာ့အဆင့်(၁၅၀) ဝန်းကျင်လောက်မှာ ရှိပါလိမ့်မယ်။ နိုင်ငံနဲ့ လူမျိုးအရ သူတို့ရဲ့စာပေဆိုရင် ကမ္ဘာ့ကုလသမဂ္ဂမှာ (၁၀) ဂဏန်းဝန်းကျင်လောက်ပဲ ရှိတယ်။ ဘာဖြစ်လို့ ဒီလိုအထိ သာမန်နိုင်ငံက ဟိုးအောက်နားမှာရှိနေလျက်သားနဲ့ စာပေကျတော့ ဘာကြောင့် ထိပ်ဆုံးနား ရောက်နေတာလဲ။ ဦးပဉ္ဇင်းတို့ ကြားဖူးကြပါလိမ့်မယ်။ ရဘင်ဒြာနယ်တဂိုးဆိုတာ…..
သူတို့ရဲ့ ပါစပ်ထဲရောက်အောင်
**************************
တကယ်လို့ ဆရာတော် ခုလို နိုင်ငံခြားသွားဖြစ်ရင် ကမ္ဘာ့စာပေပညာရှင်ကြီးဖြစ်အောင် ထိုးဖောက်နိုင်မယ်ဆိုရင် မြန်မာစာပေက ဟုန်းခနဲ တက်သွားမယ်။ အဲဒီလို တက်သွားတာနဲ့ ဆရာတော်ဟာ မြန်မာနိုင်ငံကနေ ကမ္ဘာကိုထွက်ပြီးတော့ အကျိုးပြုတဲ့အထဲမှာ တတိယမြောက် ပုဂ္ဂိုလ်ဖြစ်သွားမယ်။ နံပါတ်(၁)ကိုတော့ ဦးပဉ္ဇင်းအကြမ်းဖျဉ်း သတ်မှတ်ထားတယ်။ ဦးသန့်က ကမ္ဘာ့ကုလသမဂ္ဂမှာ အတွင်းရေးမှူးချုပ်အနေနဲ့ ကမ္ဘာကို ကျေးဇူးပြုခဲတယ်။ နံပါတ်(၂) အခု တစ်ကမ္ဘာလုံးမှာ နာမည်ကြီးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်။ ကမ္ဘာ့လူသန်းပေါင်းများစွာ အတုယူဖို့။
နံပါတ်(၃)က မြန်မာစာပေကို အထက်တန်းထိရောက်အောင် ပို့ပေးနိုင်တဲ့ပုဂ္ဂိုလ် ဦးစိုးမြင့်ပဲ ဖြစ်စေချင်တယ်။ ဒါက ဒုတိယ အကျိုးပဲရှိသေးတယ်။
တတိယအကျိုးက အဲဒါထက်ပိုပြီး ကြီးသေးတယ်။ ဒါက ဘာလဲဆိုတော့ ဦးပဉ္ဇင်းတို့ ဘုရားဟောတဲ့ တရားရဲ့ အနှစ်သာရတွေက မီးဖိုချောင်ထဲမှာချက်ပြီးသား အဆင်သင့်ဖြစ်နေတဲ့ ပုစွန်ထုပ် စတဲ့ အကောင်းစားဟင်းကြီးတွေနဲ့ တူပါတယ်။ ဦးပဉ္ဇင်းတို့ ဘုရားရှင်ရဲ့ စာပေတွေဟာ နက်နဲလွန်းတော့ မီးဖိုချောင်ထဲမှတဆင့် ခုံပေါ်ရောက်ပြန်တော့ ကမ္ဘာ့လူသားတွေ သိပ်မစားရဲကြသေးဘူး။ အဲဒါတွေကို ဆရာတော်ကနေပြီးတော့ မီးဖိုချောင်ထဲက ခူးပြီးတော့ ခုံပေါ်တင်မယ်၊ ခုံပေါ်တင်ရုံမကဘဲနဲ့ သူတို့ရဲ့ ပါးစပ်ထဲရောက်အောင် စားချင်စိတ်ပေါက်အောင် လုပ်မယ်။ အဲဒါဆိုတော့ ကမ္ဘာ့ စာပေပညာရှင်ကြီး ဖြစ်သွားပြီဆိုရင် သူ့ရဲ့စာပေတွေ ကမ္ဘာ့လူသားတွေဖတ်မယ်ဆိုရင် ဗုဒ္ဓစာပေ အနှစ်သာရတွေကို ကမ္ဘာ့လူသားတွေ သုံးဆောင်ရမယ်။
အဲဒီ အကျိုး(၃)ခုလုံးကိုမြင်တဲ့အတွက်ကြောင့် ဆရာတော်ဟာ စွန့်စားဖို့အတွက် စဉ်းစားတယ်။ ဆရာတော်ရဲ့ အလိုဆန္ဒဆိုရင် ကျင့်သုံးရေးထွက်ပေါက်အထိ လိုက်ဖို့ နီးစပ်တယ်။ အများအတွက် အနစ်နာခံပြီး ဆရာတော်က သင်ကြားရေးထွက်ပေါက်ဆိုတဲ့ စာပေထွက်ပေါက်ကို ကြိုးစားတယ်။ ဒီထွက်ပေါက်ကြီးကို ကြိုးစားတဲ့အခါမှာ၊ ဒါဆိုရင်လဲ ဘုန်းကြီးဘဝနဲ့ နေပါလား၊ ရေးရင် အသင့်အတင့်တော့ ရမယ်။ ဒါပေမယ့် နှစ်တွေ အကြာကြီးစောင့်ရမယ်။ ဆရာတော် အခုအသက် ၅၀ ရှိသွားပြီ။ နှစ်တွေ အကြာကြီးစောင့်ရမယ်။ သူရေးလိုက်တဲ့စာတွေက ကမ္ဘာကို ဘယ်လောက်ပေါက်မယ်ဆိုတာ ချက်ချင်းပဲအကောင်အထည်ဖော်ချင်တယ်။ မြန်မာဘုန်းကြီးတစ်ပါး၊ ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါး ရေးတဲ့စာဆိုရင် တချို့ဘာသာဝင်တွေက ကိုင်ကို မကြည့်ဘူး။ အဲဒါကြောင့် ဆရာတော်ပေးနိုင်သလောက် ဗုဒ္ဓဘာသာဝင်တွေလောက်ကိုပဲ များသေားအားဖြင့် ပေးနိုင်တဲ့ ဘုန်းကြီးတစ်ပါးပဲဖြစ်မယ်။
တစ်ကမ္ဘာလုံးက လူသားတွေကို ကျွေးချင်တယ်ဆိုရင် ကမ္ဘာ့လူသားအဖြစ် ခံယူရပါ့မယ်။ ဒါ့ကြောင့် ဆရာတော်ဟာ သူ့ရဲ့ဘဝကို ရင်းပြီးတော့ လူ့ဘဝကို မျှော်မှန်းခြင်းဖြစ်ပါတယ်။ အဲဒီလို မျှော်မှန်းပြီးတော့ ကြိုးစားမယ်။ ကြိုးစားတဲ့အချိန်မှာ တစ်ခါ အခက်အခဲလေးတစ်ခု ကြုံမယ်။ အဲဒါကတော့ ဒီဟာကြီးကိုဖြစ်ဖို့ဆိုရင် ကမ္ဘာ့စာပေကိုလည်း သင်ရမယ်။ ကမ္ဘာသုံးဖြစ်တဲ့ အင်္ဂလိပ်စာစတဲ့ ပညာရပ်တွေကို သင်ရမယ်။ ပြီးရင် ဖတ်ရမယ်။ ဒါတွေကို ပေါက်မြောက်အောင် လုပ်ဖို့ဆိုရင် ပျမ်းမျှ ၁၀နှစ်၊ ၁၂နှစ် လောက်တော့ ကြာမယ်။ အခု ကမ္ဘာမှာ နံမည်ကြီးနေတဲ့ စာအုပ်ကြီးတစ်အုပ် ရှိတယ်။ ထိပ်တန်းဆု ရထားတဲ့ “ဇစ်မြစ်” ဆိုတဲ့စာအုပ်။ နီဂရိုးတွေ ကျွန်ဖြစ်ရတဲ့အကြောင်းကို ရေးသားထာတဲ့ စာအုပ်ပါ။ ဒီစာအုပ်ကြီးကို ဆရာတော် ဖတ်ကြည့်လိုက်တော့ အထဲက စာသားတော်တော်ကောင်းပါတယ်။ ခေါင်းစီးအားနည်းနေတယ်။ ဆရာတော်ဟာ တွေးတဲ့အခါမှာ အထဲက စာသားတင် မကဘူး၊ ခေါင်းစီးကအစ တွေးတတ်သူ။ တစ်ခါတည်း စားသုံးချင်စိတ်ပေါက်အောင် လုပ်ချင်တယ်။ တစ်ခုတော့ ရှိတယ်။ တစ်ခါတုန်းက “မ.ဘ.သ” သာကီသွေးဂျာနယ်က ဆရာတော့်ကို စာမူလေးတစ်ခုတောင်းတယ်။ ချက်ချင်း ကောက်ရေးပေးလိုက်တယ်။ “သူတော်ကောင်းတို့ရဲ့ ကလဲ့စား” တဲ့။ အံ့သြဖို့ ကောင်းလိုက်တာ။ ကလဲ့စားချေတယ်ဆိုတာ လူယုတ်မာတွေရဲ့ အလုပ်၊ လူဆိုး လူမိုက်တွေရဲ့ အလုပ်။ ဘယ်လိုဖြစ်လို့ သူတော်ကောင်းက ကလဲ့စားချေရတာလဲ။
သူတော်ကောင်း၏ ကလဲ့စား
*************************
စာထဲမှာလာတယ်။ အမျိုးသမီးတစ်ယောက် သူ့ရဲ့ဆွေမျိုးရင်းချာဖြစ်တဲ့ အမျိုးသားတစ်ယောက်က ဘာသာခြားနဲ့ရလို့ ဘာသာခြားဘက် ပါသွားတယ်။ ဒါကို အမျိုးသမီးက ငါ့ဘက်က တစ်ယောက်ပါသွားတာ သူ့ဘက်က တစ်ယောက်ရအောင် ပြန်ယူမယ်။ သူက ဘာသာခြားကို အနစ်နာခံပြီး ပြန်ယူလိုက်တယ်။ အဲဒီ ဘာသာခြားကို ဗုဒ္ဓဘာသာဝင်ဖြစ်အောင် မြူဆွယ်တယ်။ ဒါက ယုတ်မာသော ကလဲ့စား မဟုတ်ဘူး။ သူတော်ကောင်းတွေရဲ့ ကလဲ့စားခြေမှု၊ သူတော်ကောင်း၏ ကလဲ့စား။ အဲဒါဆိုတော့ ခေါင်းစီးကော၊ အတွင်းစာသားကော အသားထိတယ်။ ဆရာတော်ဟာ အခု ကမ္ဘာမှာရှိတဲ့ အတွေးအချို့ တော်တော်ကောင်းတယ်။ ဒါကို ဂရုစိုက်ပြီး ဘယ်ဟာအားနည်းနေလဲ၊ ခေါင်းစီးကော အတွင်းစာသားကော အကုန်ကောင်းအောင် ထိထိမိမိ ရေးချင်တယ်။
အဲဒီလို ကြိုးစားပြီးတော့ ဆရာတော်ဟာ အခု လူ့ဘဝအဖြစ် ခံယူလိုက်တော့မှ ကမ္ဘာ့လူသားတွေအားလုံးဟာ အသိနက်ပြီး အသိဉာဏ်ရှိတယ်။ အဲဒါကြောင့် ဦးပဉ္ဇင်း စဉ်းစားတယ်။ လူထွက်လို့ ၁၀နှစ်၊ ၁၂နှစ် ဝန်းကျင်၊ ခုနက ဦးပဉ္ဇင်း ပြောခဲ့တဲ့ စာအုပ်ကြီးက ၁၂နှစ်ကြာမြင့်အောင် ရေးခဲ့ရတယ်။ ဒီကာလအတွင်းမှာ စာပေသုတေသနလုပ်ငန်းကြီး လုပ်တဲ့အချိန်မှာ ကမ္ဘာမှာဆိုရင်တော့ သုတေသန ထောက်ပံ့ရေးအဖွဲ့ဆိုပြီးတော့ ဖွဲ့စည်းထားတယ်။ မြန်မာနိုင်ငံမှာက မရှိဘူး။ အဲဒီတော့ ဒါကြီးအတွက် စပွန်ဆာဖန်(Fund)ငွေ၊ ဘုန်းကံကြီးပါတယ်ဆိုတဲ့လူတွေမှာ သူ့မှာ(Fund)ငွေ မရှိဘူလား။ ဒီ(Fund)ငွေတွေက သာသနာနဲ့ ဆက်စပ်နေတယ်။ ဒီသာသနာနဲ့ ဆက်စပ်နေတဲ့ ငွေတွေကို သူ ဟိုဘက်အခြမ်းမှာ မသုံးဘဲနဲ့၊ ဒါတွေအားလုံး သာသနာအတွက် ထားချင်တယ်။ ဒါကြောင့် စပွန်ဆာ လိုတယ်။
စပွန်ဆာလိုတော့ ဘယ်လိုလုပ်ရင် ကောင်းမလဲ ဆိုပြီးဖြစ်နေတဲ့အချိန်မှာ သူ့ကို အကူအညီပေးမယ့် ထောက်ပံ့ပေးမယ့်၊ ဆရာတော်ကိုယ်တိုင် ပြောတဲ့ သူ့နီးပါး စာပေဝါသနာရှင် ပေါ်လာတယ်။ ထောက်ပံ့ပေးမယ့်သူ တွေ့သွားတယ်။ ဆရာတော် အဲဒီလမ်းကို ရွေးလိုက်တယ်။ ဆရာတော် ကြိုးစားသွားတာလေးတွေဟာ သူ့ရဲ့ပါရမီအရဆိုရင် ကျင့်စဉ်ထွက်ပေါက် လိုက်တော့မယ့်အချိန် ရောက်နေပါပြီ။ ဒီကြားထဲမှာတော့ ဦပဉ္ဇင်းတို့ သာသနာအတွက် အနစ်နာခံပြီးတော့ စာပေထွက်ပေါက်လိုင်းထဲသို့ ဝင်ဖို့ခံယူလိုက်တယ်။ ဆရာတော် ပြောတယ်။ သူအောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ၊ ၁၀နှစ်၊ ၁၂နှစ် ဝန်းကျင်ဆိုရင် ပြန်လာပြီးတော့ မြန်မာပြည်မှာ အခြေချမယ်။ ကျင့်စဉ် ထွက်ပေါက်လိုင်းကို ပြန်ပြီးတော့ လိုက်ဖို့ ဆုံးဖြတ်ထားတယ်။ အဲဒါကြောင့် ဆရာတော့်အနေနဲ့ အခုလို သာမန်လူတွေ မလုပ်နိုင်တဲ့ စာပေထွက်ပေါက်လိုင်းကို လိုက်သွားတော်တာ။ ဆရာတော်ရဲ့ ထွက်ပေါက်ကျင့်စဉ် အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်။
“အရှင်ဘုရား အဲဒီလိုဆို ဆရာတော်ကို အခု အများသုံးသပ်နေကြတာက ဒီလိုရည်ရွယ်ချက်နဲ့ လူထွက်ပြီးတဲ့အခါမှာ အိမ်ထောင်ပြုလိုက်တဲ့ ရည်ရွယ်ချက်နဲ့ ဆက်စပ်မှုလေးကို ဦးပဉ္ဇင်းရဲ့ သဘောထားကို ဘယ်လိုမြင်လဲ တစ်ချက်လောက် ပြောပြပါလား”
အဲဒါက ခုနက စပွန်ဆာကိစ္စနဲ့ ဆက်နွယ်ပါတယ်။ စပွန်ဆာမှာ ဒီ ၁၂နှစ်လောက် လုပ်ရမယ့်ကိစ္စမှာ (Fund) ငွေ တော်တော်ကုန်မယ်။ (Fund)ငွေတွေကို သာသနာက ရရှိတဲ့ငွေနဲ့လည်း မသုံးချင်ဘူး။ ဥပမာ- သူလေဖြတ်သွားမယ်ဆိုရင် သူ့ကို ဘယ်သူက ထောင့်ပံ့မလဲ။ ဒီလို အခက်အခဲ ကြုံနေတဲ့အချိန်မှာ ဒီအမျိုးသမီးက နိုင်ငံခြားကနေ သူ့အဖေရဲ့ အရိုးပြာကို မြန်မာနိုင်ငံမှာ သဂြိုလ်ဖို့ ပြန်ရောက်လာခဲ့တယ်။ ပြီးတော့ ကုသိုလ်တစ်နေရာရာမှာ ပြုဖို့ ရှာတယ်။
ဒီအချိန်မှာပဲ တစ်နေ့ ရွှေတိဂုံဘုရားဈေးတန်းမှာ “အရှုံးမရှိသော ဒဿန” ဆိုတဲ့စာအုပ်လေးကို သွားတွေ့တယ်။ ဒီအမျိုးသမီးလည်း စာပေကိုတော်တော်မြတ်နိုးတယ်။ “တပည့်တော်ရဲ့ စာပေအခြေခံနဲ့ စာပေယဉ်ကျေးမှုကို ချိန်ကြည့်မယ်ဆိုရင် တော်ရုံတန်ရုံ စာအုပ်ဆို တပည့်တော်ရဲ့ နှလုံးသားထဲကို ရောက်မှာ မဟုတ်ဘူး” လို့ ပြောသွားခဲ့တယ်လို့ ဆိုတယ်။ ဆရာတော်ရဲ့ “အရှုံးမရှိသော ဒဿန” စာအုပ်ကို ဖတ်လိုက်ရတဲ့ အချိန်မှာ မြန်မာနိုင်ငံမှာ နှလုံးသားရောက်အောင် ရေးနိုင်တဲ့ စာရေးဆရာတွေ ရှိနေပါလားလို့ တွေးခဲ့မိတယ်တဲ့။ ဒီအချိန်မှာပဲ ဆရာတော်ကို တွေ့ချင်စိတ် ဖြစ်သွားခဲ့တယ်။ တစ်ခါထပ်ပြီးတော့ ဒီစာရေးဆရာဟာ အစစ်လား၊ အတုလားဆိုတာ သိချင်သွားတယ်။ တကယ့်ပညာရှင်တွေဆိုတာက တော်ရုံတန်ရုံ လက်မခံကြဘူး။ စာရေးဆရာ အတုဆိုရင် ဘယ်လိုလူစားလဲ။ ရေးနေတာ တစ်မျိုး တကယ်လုပ်နေတာက တစ်မျိုး။
ကိုယ်ရေးတဲ့အတိုင်း တကယ်လုပ်မှ စာရေးဆရာအစစ်လို့ခေါ်တယ်။ ဆရာတော်ဟာ စာရေးဆရာအတုလား၊ အစစ်လား၊ သူ စမ်းသပ်ချင်တယ်။ တချို့စာအုပ်တွေထဲမှာပါတယ်။ မရမ်းချောင်းလို အနာကြီးရောဂါသည်တွေ ရှိနေတဲ့နေရာမှာ အနာကြီးရောဂါသည်တွေ ကိုယ်တိုင်ချက်ပြီးကပ်တဲ့ ထမင်းတွေကို ဘုဉ်းပေးတယ်ဆိုတာ ဖတ်ထားရတယ်မဟုတ်လား။ ဒါဟာ စာရေးဆရာ တစ်ယောက်အနေနဲ့ အစစ်လား၊ ညာရေးတာလားဆိုတာ သိချင်လာတယ်။ ဒီဆရာတော် အနာကြီးရောဂါသည်တွေဆီ ဘယ်တော့သွားမလဲ စုံစမ်းကြည့်တဲ့အချိန်မှာ လွတ်လပ်ရေးနေ့တိုင်းမှာ ဆရာတော်ကိုယ်တိုင် အနာကြီးရောဂါသည်တွေအတွက် အထိမ်းအမှတ်ပွဲကြီး ပြုလုပ်ပေးတယ်။ ပရဟိတ အတွက်ပါ။
စာပေနဲ့ ပက်သက်လာရင်
**********************
အဲဒီလွတ်လပ်ရေးနေ့မှာ သူကိုယ်တိုင်လာပြီးတော့ ဆရာတော့်ကို အတုလား၊ အစစ်လား ဆန်းစစ်တယ်။ ဒီတော့ ဆရာတော့်စာအုပ်ထဲမှာ ရေးတဲ့အတိုင်း အနာကြီးရောဂါသည်တွေ ကပ်တဲ့ ဆွမ်းကို ဘုဉ်းပေးနေတာကို တွေ့လိုက်ရတယ်။ သဘောကျတယ်။ သူကိုယ်တိုင်လည်း ဝင်စားတယ်။ အဲဒီနေ့ကစပြီး သူဟာ ဆရာတော့်ကို တအားကြည်ညိုသွားတယ်။ ဆရာတော့်ကို လာဖူးတဲ့အချိန်မှာ သူဟာ နိုင်ငံခြားမှာ ပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ဆရာတော်က သူရည်ရွယ်ထားတဲ့ ရည်ရွယ်ချက်တွေကို ပြောပြတယ်။ ပြောပြတဲ့ အချိန်မှာ သူကလည်း စာအုပ်တွေကို မြတ်နိုးပြီးတော့ စာပေနဲ့ပတ်သက်လာရင် ကူညီဖို့ အားပေးခဲ့တယ်။ ဆရာတော်ဟာ သူနဲ့ လက်တွဲဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီ ၁၂နှစ်လုံးလုံး ကြိုးစားရမယ့်အချိန်မှာ အခက်အခဲပေါင်းများစွာနဲ့ ကြုံတွေ့ရမယ်။ ဒီအမျိုးသမီးကလည်း ဆရာတော့်ကို ပိုင်ဆိုင်မှုရော၊ နောက်ဆုံး လူ့ဘဝမှာ ၁၀နှစ်၊ ၁၂နှစ် ကာလပတ်လုံး ဖြတ်သန်းတဲ့ အချိန်ပါ အကူအညီလိုအပ်ရင် နည်းပေါင်းစုံနဲ့ ကူညီပေးမယ်။
ပြီးရင်လည်း လူ့ဘဝမှာ မပျော်ခဲ့ရင် အချိန်မရွေး ရဟန်းဘဝကို ပြန်သွားနိုင်ပါတယ်လို့ အမြဲတမ်းခွင့်ပြုပါတယ်။ ဒီအမျိုးသမီးကို ရွေးချယ်ခြင်းကတော့ ၁။ ၁၀နှစ်၊ ၁၂နှစ် ကြိုးစားနေတဲ့ကာလမှာ ငွေကြေးထောက်ပံ့မယ်။ နောက်တစ်ခုက ၂။ စာပေလုပ်နေတဲ့ အချိန်မှာ ဘေးနားက စာပေစွမ်းအားနဲ့ အမြဲတမ်း ထောက်ပံ့ပေးနိုင်လောက်တယ်လို့ ယုံကြည်တယ်။ ဒီနှစ်ချက်ကြောင့် ရွေးချယ်ခဲ့တယ်။
ဆရာတော် ဦးပါကဋ အခုလို ရှင်းပြလိုက်တဲအခါမှာ ပရဟိတ လူငယ်များမှ -
“တပည့်တော်တို့ တလွဲတွေးထင်နေကြတာတွေ သံသယတွေလည်း ရှင်းသွားပါတာပေါ့ဘုရား၊ တပည့်တော်တို့ ဝမ်းမြောက်ပါတယ်ဘုရား”
ဒီလုပ်ငန်းကြီးဟာ တကယ့်ကို အဆင့်မြင်တဲ့ လုပ်ငန်းဖြစ်တယ်။ တော်ရုံတန်ရုံ လိုက်လို့မမီနိုင်ပါဘူး။ ဒီလုပ်ငန်းကြီးလုပ်ဖို့ အနည်းဆုံး အင်္ဂါ လေးချက်နဲ့ ညီရမယ်။
ဒီဘက်က ဘုရားဟောပိဋက တွေကိုပေါက်သလောက် နီးပါး ကျွမ်းကျင်ရမယ်။ လောကလူသားတွေ လက်ခံလောက်တဲ့ လောကစာပေ၊ လောက ရသ ပုံဖော်နိုင်လောက်အောင် လောကရသ ပေါက်သလောက်နီးပါး ဖြစ်ရမယ်။ အဲဒီ နှစ်ခုကို ပေါင်းစပ်ပြီးတော့ လူသားတွေရဲ့ စိတ်ထဲရောက်အောင် ထည့်နိုင်တဲ့စွမ်းအား၊ နှလုံးသားထဲထိရောက်အောင် ရေးနိုင်တဲ့ စာရေးဆရာတစ်ယောက်၊ အခက်ခဲဆုံးအချက်က ဒီကိစ္စကို ၁၂နှစ်လုံးလုံး စွန့်စားရမယ့် စွန့်စားခန်းကြီး ဖြစ်ပါတယ်။ ဆရာတော်ဟာ တကယ့်စွန့်စားခန်းကြီးကို လုပ်မှာပါ။
ပရိသတ်များအားလုံးက “ မှန်ပါ့ဘုရား၊ အခုလိုရှင်းပြတာ ဝမ်းမြောက်ပါတယ်ဘုရား။ ဆရာတော့်ရဲ့ စွန့်စားခန်းကြီး ကျန်းကျန်းမာမာနဲ့ အောင်မြင်ပါစေလို့ တပည့်တော်တို့ ဆုတောင်းနေပါ့မယ် ဘုရား”
( စာမျက်နှာ - ၄၅ မှ ၅၉ )
နိုင်ငံတော် ဘွဲ့တံဆိပ်တော်(၉) ဘွဲ့ရ
ဓမ္မပါလဆရာတော်
အရှင်ပါကဋာလင်္ကာရ
____________________________
တာဝန်ကျေသူ သုံးဦး
*******************
ဆရာတော်အနေနဲ့ အသက်(၅၀)အထိ ရောက်တဲ့အချိန်မှာ အနာဂါတ်သာသနာအတွက် ရိပ်သာများ၊ ကျောင်းများ၊ အထက်တန်း လောကီစာသင်ကျောင်းများ၊ မူလတန်းကျောင်းများနဲ့ နှလုံးသားမှာ စာပေနှင့်ရော တရားဓမ္မနှင့်ပါ ဘုရားအဆူဆူ တည်ခဲ့ပါပြီ။
ထို့ပြင် ငွေကြေးအခက်အခဲဖြစ်သူ ရဟန်းရှင်လူများကို လှူဒါန်းခဲ့သည်မှာ အဆောက်အဦးမပါ ငွေသားသီးသန့် သိန်းနှစ်သောင်းကျော် စွန့်လွှတ် လှူဒါန်းခဲ့ပါသည်။
ထိုကြောင့် ဆရာတော်သည် လောကအလိုအရ တာဝန်ကျေသူတစ်ဦးအဖြစ် သတ်မှတ်၍ ရပြီးဖြစ်၏။
ထို့အတူ ဆရာတော့်ကို မွေးဖွားပေးခဲ့သော အဖေနှင့် အမေသည်လည်း တာဝန်ကျေကြသည်ဟု မှတ်ယူပါသည်။
ယခုအခါ အသက်(၅၀)ရှိပြီဖြစ်သော ဦးစိုးမြင့်သည် သူရေးချင်သော ဂန္ထဝင် ရသ စာပေများကို သူ့ဝါသနာအရ လွတ်လပ်စွာရေးသား နိုင်ပြီးဖြစ်သည်။
ထို့ကြောင့် စာရေးသူတို့သည် ဦးစိုးမြင့် ကဲ့သို့ တာဝန်ကျေသူ တစ်ယောက်ဖြစ်ကြဖို့ ကြိုးစားရမည် ဖြစ်ပါတော့သည်။ ( စာမျက်နှာ - ၁၅၁ )
စာရေးသူများ။
ညီမေတ္တာ စုစည်းတင်ပြသည့်
အရည်ပျော်သံခဲ စာအုပ်(စာမျက်နှာ ၁၅၁)ခန့် စာအုပ်မှ
ကောက်နှုတ်တင်ပြအပ်ပါသည်။
Admin; Shin Kyat Mouk

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။