Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, September 24, 2015

မြန်မာ့အဖိုးတန်သစ်တောများ တရားမဝင်ခိုးထုတ်ခြင်း အန္တရာယ်နှင့် ရင်ဆိုင်နေရသည်


ပြီးခဲ့သောရက်ပိုင်းက EIA (Environmental Investigations Agency) အဖွဲ့ကြီးသည် မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးနေမှု အခြေအနေနှင့် တရုတ်နိုင်ငံဘက်အခြမ်းသို့ တရားမဝင် ခိုးထုတ်နေသည့် အခြေအနေအကြောင်းကို အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ ယင်းအစီရင်ခံစာတွင် နှစ်ဖက်တာဝန်ရှိသူများ၏ အဂတိလိုက်စားမှုကြောင့် ပြဿနာမှာ ဆယ်စုနှစ်တစ်ခုတွင် အမြင့် ဆုံးအနေအထားသို့ ရောက်ရှိနေပုံကို The Independent တွင် ဆောင်းပါးရှင် Lu Hai Liang နှင့် Joshua Carroll က ဝေဖန်သုံးသပ်ထားရာ . . .

***********************************************************
************************************************************
မြန်မာ့အဖိုးတန်သစ်တောများ တရားမဝင်ခိုးထုတ်ခြင်း အန္တရာယ်နှင့် ရင်ဆိုင်နေရသည်
************************************************************
************************************************************

မင်းညီ ဘာသာပြန်ဆိုသည်။

စတာလင်ပေါင် သန်းပေါင်းများစွာ တန်ဖိုးရှိသော မြန်မာ့အဖိုးတန် သစ်များသည် တရုတ်နိုင်ငံ ထဲသို့ တရားမဝင် ခိုးထုတ်ခံနေရသည်။ ထို့ပြင် ဝန်ထမ်း များကလည်း အကျင့်ပျက် လာဘ်စားမှုများကို စနစ်တကျ ကျူးလွန်နေကြသည်။ ထို့ကြောင့် မြန်မာ့အဖိုးတန် သစ် များကို တရုတ်နိုင်ငံဘက်က ခိုးထုတ်ယူနေသည့် ပမာဏ မှာ ကမ္ဘာ့အကြီးဆုံး သစ်မှောင်ခိုဈေးကွက်ကြီးအထိ ရောက် ရှိနေရသည်ဟု EIA(သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်း ထောက်လှမ်းရေးအေဂျင်စီ)၏ နောက်ဆုံး ထုတ်ပြန်လိုက် သည့် အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။

အဆိုပါ တရားမဝင် သစ်မှောင်ခိုမှုကြီးကို မြန်မာ စစ်တပ်အရာရှိများနှင့် တရုတ်ဒေသတွင်း အရာရှိများက ပူးပေါင်း လုပ်ကိုင်နေကြခြင်းဖြစ်သည်ဟုလည်း အစီရင် ခံစာတွင် ထည့်သွင်းရေးသားထားသည်။

မြန်မာအစိုးရသည် သစ်တင်ပို့နေမှုကို စည်းမျဉ်းများ ထုတ်ပြန်၍ တားမြစ်ထားသော်လည်း မြန်မာနိုင်ငံမြောက် ပိုင်း လက်နက်ကိုင် ပဋိပက္ခဖြစ်နေသည့် ကချင်ပြည်နယ် မှတစ်ဆင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲသို့ အဖိုးတန် ကျွန်းသစ်နှင့် အခြားအရည်အသွေးမြင့် သစ်မာများ မှောင် ခိုတင်သွင်းခံနေရဆဲ ဖြစ်သည်။

အင်္ဂလန်အခြေစိုက် နိုင်ငံတကာအဖွဲ့အစည်း တစ် ခုဖြစ်သည့်EIA (Environmental Investigations Agency ) မှ ညွှန်ကြားရေးမှူး Julian Newman က''တရုတ် နိုင်ငံအနေနဲ့ ရေရှည်အကျိုးစီးပွားနဲ့ တရားဝင်ကုန်သွယ် မှုဖြစ်လာဖို့ သူ့ရဲ့ စက်မှုလုပ်ငန်းတွေကို ပြန်လည်စစ်ဆေး ဖို့ အမှန်တကယ် လိုအပ်နေပါပြီ''ဟု ဆိုသည်။

မစ္စတာနယူးမန်းသည် မြန်မာ့သစ်မှောင်ခိုမှုနှင့် ပတ် သက်သည့် EIA အစီရင်ခံစာကို ပူးတွဲရေးသားခဲ့သူတစ် ဦးလည်းဖြစ်သည်။ ထို့ပြင် တရုတ်နိုင်ငံ၏ သစ်ဈေးကွက် လိုအပ်ချက် ကြီးမားနေပုံအကြောင်းကို နိုင်ငံတကာသို့ မီးမောင်းထိုးပြရမည့် အချိန်ရောက်ရှိနေပြီဟု သူက ဆက် ပြောထားသည်။

အဆိုပါအစီရင်ခံစာကို နေပြည်တော်၌ ကျင်းပမည့် တရုတ်-မြန်မာ ကုန်သွယ်ရေးဆွေးနွေးပွဲ မစတင်မီ ရက် ပိုင်းအလို ပြီးခဲ့သောရက်သတ္တပတ်က ထုတ်ပြန်ခဲ့ခြင်း ဖြစ် သည်။

''တရုတ်အစိုးရနဲ့ တရုတ်ကုမ္ပဏီတွေ ပူးပေါင်းပါဝင် လာဖို့ ကျွန်တော်တို့ စည်းရုံးချင်တယ်။ သူတို့ ဆန္ဒရှိမယ် ဆိုရင် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍက ပါဝင်လို့ ရတယ်။ ယူနန်ပြည်နယ်အစိုးရကတော့ တရားမဝင် သစ် ကုန်သွယ်မှုတွေကို အခုနှစ် နှစ်ကုန်ပိုင်းအထိ လေးလ တိတိ ရပ်ဆိုင်ထားမယ်လို့ပြောတယ်''ဟု မစ္စတာ နယူးမန်း ကဆိုသည်။

မြန်မာစစ်တပ်က ကချင်ပြည်နယ်အတွင်း တိုက်ပွဲ များ ပြန်လည်စတင်ခဲ့သည့် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ တရုတ်နိုင်ငံအတွင်းသို့ တရားမဝင် သစ်ခိုး ထုတ်မှုများ တစ်ကျော့ပြန် ဦးမော့လာခဲ့ခြင်း ဖြစ်သည်။ ယင်းကာလအတွင်း တရားမဝင်သစ်ခိုးခုတ်သူ တရုတ် နိုင်ငံသား ၁၅၅ ဦးအထိ မြန်မာနိုင်ငံဘက်မှ ဖမ်းဆီးရမိ ခဲ့သည်။ အဆိုပါ တရုတ်သစ်ခိုးများထဲမှ ၁၅၃ ဦးအား ထောက်ဒဏ် တစ်သက်တစ်ကျွန်းချ မှတ်ခဲ့သည်။ သို့သော် ပေကျင်းအစိုးရ၏ ဖိအားပေးမှုကြောင့် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးကိုကြည့်ပြီး 'အထွေထွေ လွတ်ငြိမ်းချမ်းသာ ခွင့်'နှင့်အတူ မြန်မာအစိုးရက ပြန်လွှတ်ပေးခဲ့သည်။ ကျန် နှစ်ဦးမှာ ဆယ်ကျော်သက် လူငယ်များဖြစ်နေ၍ ဖမ်းဆီး ခံရသည့် ရက်ပိုင်းအတွင်းမှာပင် တရုတ်နိုင်ငံဘက်သို့ ပြန် လည် လွှဲပြောင်းပေးခဲ့သည်။

မြန်မာ့ကျွန်းသစ်သည် အလွန် အဖိုးတန်လှပါသည်။ ထို့ကြောင့် တရုတ်စက်မှုလုပ်ငန်းရှင်များအနေဖြင့် သစ် အချောထည်နှင့် ပရိဘောဂလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အတွက် မြန်မာ့သစ်လိုအပ်ချက်မှာ အမြဲကြီးမားနေသည်။

တရုတ်-မြန်မာ နယ်စပ်မျဉ်းတစ်လျှောက် ကချင် ပြည်နယ်ဘက်ခြမ်းတွင် ကုန်တင်ကား မောင်းနှင်နေသည့် အမည်မဖော်လိုသူ မြန်မာအမျိုးသားတစ်ဦးက ''သူတို့က နေ့ဘက်မှာ ဝင်ခုတ်တယ်။ ညရောက်ရင်တော့ တရုတ် ဘက်ကို သယ်ကြတယ်။ တစ်ခါတလေ တစ်ညတည်းကို ကားဆယ်စီးတိုက်အထိ ကျွန်တော်တို့ သယ်ပေးရသလို တစ်ခါတလေဆိုရင် အစီးတစ်ရာလောက်အထိ သယ်ပေး ရတာမျိုးလဲရှိတယ်''ဟု ဆိုသည်။

သစ်တောရေးရာဝန်ကြီးဌာန လက်အောက်ရှိ သဘာ ဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန် ကြားရေးမှူးချုပ် ဦးနေဝင်းကတော့ ''တရားမဝင် သစ်ခုတ် တာနဲ့ သစ်ခိုးထုတ်နေမှုတွေကို အားပေးအားမြှောက် လုပ် တာမျိုး၊ ထောက်ခံအားပေးတာမျိုးတော့ မရှိပါဘူး။ အဲဒီ လို အကျင့်ပျက်ဝန်ထမ်းတွေကို အလုပ်က ထုတ်ပစ်တာ တွေ၊ အရေးယူအပြစ်ပေးတာတွေ လုပ်နေပါတယ်''ဟု ဆို သည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ် ရှားသူများသည် မြန်မာ့သစ်တော ပြုန်းတီးနေမှုအခြေအ နေကို အထူး စိုးရိမ်ပူပန်နေကြပါသည်။ ၂ဝဝ၉ ခုနှစ်မှ စတင်ကာ နှစ်စဉ် ပျမ်းမျှသစ်တောမြေ ဟက်တာ ၁၈၅ဝဝဝ ခန့်ဆုံးရှုံးနေကြောင်းသိရသည်။ မြန်မာနိုင်ငံအတွင်း တရားမဝင် သစ်ခိုးထုတ်မှုကို အစိုးရတာဝန်ရှိသူများက စုံစမ်းအရေးယူခြင်း မရှိသည့်အတွက် ပြဿနာမှာ ပို၍ ကြီးထွားနေကြောင်း မစ္စတာနယူးမန်းက ဆိုသည်။

မကြာသေးခင်က တရုတ်အာဏာပိုင်များ၏ တရား မဝင် သစ်ကုန်သွယ်မှုကို ယာယီဆိုင်းငံ့ထားသည့် အမိန့် ကြေညာချက် ထွက်မလာမီအချိန်အထိ တရုတ်-မြန်မာ နယ်စပ်တစ်လျှောက်ရှိ တရားမဝင် သစ်မှောင်ခိုမှုသည် ပြီးခဲ့သော ဆယ်စုနှစ်၏ အမြင့်ဆုံးပမာဏသို့ ရောက်ရှိခဲ့သည်။

''အစိုးရက ကြားဝင်ဆောင်ရွက်ရမယ့်အစား ကိုယ်တိုင် သစ်တွေသယ်ထုတ်နေကြတယ်''ဟု သူက ဆက် ပြောသည်။

#YangonMediaGroup #YangonTimesJournal

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။