Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, September 26, 2015

တရားမျှတမှု



 

☑ တရားမျှတမှု ☑

🌳🌳🌳
တရားမျှတမှုဆိုတာ လူတိုင်းရထိုက်တဲ့ အရာဖြစ်တယ်။ ငါ တောင်းဆိုတာ တရားမျှတမှုပါပဲ။

🌳🌳🌳
လူများစုဟာ အတုအရောင်ဂုဏ်သိက္ခာနဲ့ နေကြတယ်။ ပစ္စည်းဥစ္စာချမ်းသာတာကို ဂုဏ်သိက္ခာလို့ ပြောကြတယ်။ ရာထူးကြီးတာကို ဂုဏ်သိက္ခာလို့ ပြောကြတယ်။ အဲဒါတွေဟာ အတုအရောင် ဂုဏ်သိက္ခာ တွေပါ။ လွတ်လပ်မှု ရိုးသားမှု တရားမျှတမှုမရှိပဲ စစ်မှန်တဲ့ဂုဏ်သိက္ခာဆိုတာ မရှိပါဘူး။

🌳🌳🌳
မတရားတာ မမျှတတာတွေကို လုပ်တဲ့သူတွေများနေရင် တရားမျှတမှုမရှိတဲ့ အသိုင်းအဝိုင်း ဖြစ်နေမယ်။ တရားမျှတမှုမရှိတဲ့ အသိုင်းအဝိုင်းဟာ လွတ်လပ်မှုရှိတဲ့ အသိုင်းအဝိုင်းဖြစ်တယ်လို့ ဘယ်လို ပြောနိုင်မလဲ။ မတရားတာလုပ်တဲ့သူရှိရင် ခံရတဲ့သူရှိတယ်။ ခံရတဲ့သူဟာ လုပ်တဲ့သူကို လေးစားမှာမဟုတ်ဘူး။ တဦးကိုတဦးမလေးစားနိုင်တဲ့ အသိုင်းအဝိုင်းဟာ ဂုဏ်သိက္ခာရှိတဲ့ အသိုင်းအဝိုင်း မဖြစ်နိုင်တော့ဘူး၊၊ တရားမျှတမှုမရှိ ၊ ဂုဏ်သိက္ခာလည်းမရှိတဲ့ အသိုင်းအဝိုင်းမှာ နေရတဲ့သူဟာ စိတ်အေးချမ်းမှု ဘယ်လိုလုပ်ရနိုင်တော့မလဲ။ လူတချို့ မတရားတာကို လွတ်လွတ်လပ်လပ်လုပ်ခွင့်ရှိတဲ့ အသိုင်းအဝိုင်းဟာ လွတ်လပ်တဲ့အသိုင်းအဝိုင်း မဖြစ်နိုင်ဘူး။ မလွတ်လပ်တဲ့အသိုင်းအဝိုင်းဟာ ဂုဏ်သိက္ခာရှိတဲ့အသိုင်းအဝိုင်း မဖြစ်နိုင်ဘူး။ တရားမျှတမှု၊ လွတ်လပ်မှုနဲ့ လူ့ဂုဏ်သိက္ခာ ဒီသုံးပါးဟာ ဆက်စပ်နေပါတယ်။ တန်ဖိုးထားစရာကောင်းတဲ့ ဒီ (human values) သုံးပါး မရှိရင် အဆင့်မြင့်တဲ့လူ့အသိုင်းအဝိုင်း မဖြစ်သေးဘူး။

🌳🌳🌳
မတရားတာ မမျှတတာကို လက်မခံသင့်ဘူး။ မတရားတာ မမျှတတာကို လက်ခံရင် အားပေးရာရောက်ပါတယ်။ မတရားတာကို မြင်ရကြားရရင် “ မတရားဘူး ”လို့ ကိုယ့်ကိုယ်ကို အရင် ပြတ်ပြတ်သားသား ပြောပါ။ နောက် ကိုယ့်မိတ်ဆွေတယောက်ယောက်ကို ပြောပါ။ မတရားတာကို တွေ့ရကြားရပါလျှက် ဘာမှမပြောပဲနေရင် ကိုယ့်ကိုယ်ကို ကိုယ် လေးစားမှု လျှော့သွားမယ်။ ကိုယ့်ကိုယ်ကို ကိုယ် အလိုတူအလိုပါလို့ ခံစားရမယ်။ ဒါကြောင့် မတရားတာကို မြင်ရကြားရတဲ့အခါ မသိဟန် ဆောင်မနေပါနဲ့။

🌳🌳🌳
တရားမျှတတယ်ဆိုတာ လူတိုင်းရဲ့ဝတ္တရား ဖြစ်ပါတယ်။ မတရားတာကို လုပ်နေတဲ့သူဟာ လူ့ကျင့်ဝတ်၊ လူ့ဝတ္တရား ပျက်ကွက်နေတဲ့သူ ဖြစ်တယ်။ သူဟာ ဂုဏ်သိက္ခာမရှိတဲ့သူ ဖြစ်နေတယ်။

🌳🌳🌳
လွတ်လပ်ပြီးတရားမျှတတဲ့ လူ့အသိုင်းအဝိုင်းမှာနေချင်ရင်၊ စိတ်ချမ်းသာချင်ရင်၊ ဂုဏ်သိက္ခာရှိရှိ နေချင်ရင် လွတ်လပ်မှုနဲ့တရားမျှတမှုကို ကာကွယ်ရမယ်။

🌳🌳🌳
ဘာသာရေး အယူအဆပဲဖြစ်ဖြစ်၊ နိုင်ငံရေး အယူအဆပဲဖြစ်ဖြစ်၊ အယူအဆတခုကိုမှီပြီး အာဏာ သို့မဟုတ် ပစ္စည်း ငွေ ရနေတဲ့သူဟာ အဲဒီအယူအဆကို လက်မလွှတ်နိုင်ဘူး။ ဒီအယူအဆကိုမှီပြီး ကိုယ်ကျိုးရှိအောင်လုပ်နိုင်ရင် ဒီအယူအဆကို လက်မလွှတ်နိုင်ဘူး။ တကယ်တော့ ကိုယ်ကျိုးကို အဓိကထားတာပါ။ အမှန်တရားကို အဓိကထားတာမဟုတ်လို့ပဲ။ အမှန်တရားကိုသာ အဓိကထားရင် ကိုယ့်အယူအဆနဲ့ မတူတာကိုကြားရရင် သူမှန်သလားကိုယ်မှန်သလားဆိုတာကို ဘက်မလိုက်ပဲ အချိန်ယူပြီး စုံစမ်းရမယ်။ တဖက်သတ်ဆုံးဖြတ်ချက် မချဘူး။ အမှန်တရားနဲ့တရားမျှတမှုကို တကယ်လိုလားတဲ့သူဟာ တဖက်သတ်သဘောထားကို လက်မခံဘူး။ လက်ကိုင်မထားဘူး။ သဘောထားမတူတာ အမြင်မတူတာကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပြီး အမျှတဆုံးအဖြေ အကောင်းဆုံးအဖြေကို မရမချင်း ရှာနေမယ်။

🌳🌳🌳
ကိုယ့်ကိုယ်ကိုကိုယ် တကယ်လေးစားတဲ့သူ တန်ဖိုးထားတဲ့သူ ယုံကြည်တဲ့သူဟာ အလကား မလိုချင်ဘူး။ တန်ရာတန်ကြေးပေးပြီးမှ လိုချင်တယ်။ ခိုင်းပြီး တန်အောင်မပေးတဲ့သူနဲ့ တန်အောင်မလုပ်ပဲ များများလိုချင်တဲ့သူတွေဟာ လူ့အသိုင်းအဝိုင်းကို ဖျက်ဆီးတဲ့သူတွေပဲ။ နည်းနည်းပေးပြီး များများလိုချင်တဲ့စိတ်ဟာ တရားမျှတမှုကို တန်ဖိုးမထားတဲ့စိတ် ဖြစ်တယ်။ တရားမျှတမှုကို တန်ဖိုးမထားတဲ့သူဟာ လွတ်လပ်တဲ့သူ မဖြစ်နိုင်ဘူး။ အဲဒီတော့ တန်အောင်မလုပ်ပဲနဲ့ များများလိုချင်တဲ့သူဟာ အောင်မြင်တဲ့သူ လွတ်လပ်တဲ့သူ မဖြစ်နိုင်ဘူး။ တန်အောင်မလုပ်ပဲ များများလိုချင်တာ ကိုယ့်ကိုယ်ကိုကိုယ် မယုံကြည်တဲ့လူရဲ့သဘောထား ဖြစ်တယ်။ ကိုယ့်ကိုယ်ကိုကိုယ် မယုံကြည်တဲ့သူဟာ အောင်မြင်ကြီးပွားတဲ့သူ မဖြစ်နိုင်ဘူး။

🌳🌳🌳
အကြောင်းအကျိုးသဘာဝကျအောင် စဉ်းစားတတ် လုပ်တတ်တဲ့သူမှာ အနစ်နာခံရတဲ့သူ၊ အနိုင်ယူတာခံရတဲ့သူ မရှိဘူး။ ငါ့အကျိုးရှိရင် သူ့အကျိုးထိခိုက်တယ်ဆိုတာလည်း မရှိဘူး။ အကြောင်းအကျိုးသဘာဝကျအောင် စဉ်းစားတတ်၊ လုပ်တတ်တဲ့သူဟာ ထိုက်တန်အောင်မလုပ်ရပဲ ရတာကို မလိုချင်ဘူး။

🌳🌳🌳
ငါလိုချင်တာရဖို့ တန်ရာတန်ကြေးကိုပေးမယ်ဆိုတဲ့ စိတ်ကို ပီပီပြင်ပြင် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပါ။ အဲဒီလိုဆုံးဖြတ်လိုက်တာနဲ့ စိတ်မှာ သတ္တိတမျိုး ဖြစ်လာမယ်။ စွမ်းအားတမျိုး ဖြစ်လာမယ်။ “တန်ရာတန်ကြေးမပေးပဲ ဘယ်သောအခါမှာမှ ရအောင်မလုပ်ပါဘူး။ ဂုဏ်သိက္ခာရှိရှိ ရတာကလွဲလို့ တခြားနည်းနဲ့ရတာကို ဘယ်တော့မှ မလိုချင်ပါဘူး။ ကိုယ့်ဂုဏ်သိက္ခာကို ဘယ်တော့မှ ရောင်းမစားပါဘူး” လို့ ဆုံးဖြတ်လိုက်ပါ။ အဲဒီလိုဆုံးဖြတ်လိုက်ရင် အဲဒီစိတ်ဓာတ်က ကိုယ်လိုချင်တာရအောင် ကောင်းတဲ့လုပ်နည်းကို ပေးပါလိမ့်မယ်။ ကိုယ်လိုချင်တာရအောင် ကိုယ့်ကို လုပ်ပေးနိုင်တာ ကိုယ့်စိတ်ဓာတ်နဲ့ကိုယ့်အရည်အချင်း ပါပဲ။ ဒီစိတ်ဓာတ်ဟာ လွတ်လပ်တဲ့သူရဲ့ စိတ်ဓာတ်ပဲ။

🌳🌳🌳
စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ ပညာရေး၊ နိင်ငံရေး၊ အိမ်ထောင်ရေး၊ နောက် တခြားအရေးတွေပါ ထည့်လိုက်အုံး၊ ဒါတွေကို တစ်ကဏ္ဍစီထားပြီးတော့လုပ်လို့ မဖြစ်နိုင်ဘူး။ ဒါတွေအားလုံးဟာ တခုတည်းသော ခိုင်မာတဲ့၊ လေးနက်တဲ့၊ ရင့်ကျက်တဲ့ ရိုးသားမှု၊ မျှတမှုဆိုတဲ့ သဘောထားပေါ်မှာ အခြေခံရမယ်။ အေက်ခြေ foundation အုတ်မြစ်ဟာ တခုတည်းပဲ။ ရိုးသားမှု မျှတမှု foundation ပဲ။ ဘဝတစ်ခုလုံးရဲ့foundation ဟာ spiritual foundation ပဲ ဖြစ်ရမယ်။ “ငါတန်ဖိုးထားတာ မရေရာရင် ငါဟာ မရေရာတဲ့သူ ဖြစ်နေပြီ။ ငါ့ဘဝဟာလည်း မရေရာဘူး။ ငါ့ဆက်ဆံရေးတွေဟာလည်း မရေရာဘူး၊ ငါ့ဘာသာရေးဟာလည်း မရေရာဘူး။” ဒါကို လေးလေးနက်နက် သဘောပေါက်ဖို့ လိုတယ်။ ဒါ အရေးကြီးတယ်။ ငါ ဘာကိုတန်ဖိုးထားနေသလဲ ဆိုတာ သေသေချာချာ ကြည့်ပါ။ “ဟောဒီသဘောထားကိုတော့ ငါ ဘယ်တော့မှ အပျက်မခံဘူး။ သေချင်ရင် သေသွားပါစေတော့” ဆိုတဲ့ ခံယူချက် ရှိရမယ်။

🌳🌳🌳
လူ့သဘာဝမှာ ဟိရိသြတ္တပ္ပဆိုတဲ့ ရှက်တတ်ကြောက်တတ်တဲ့ စိတ်ဟာ ရှိပါတယ်။ မွေးရာပါစိတ် ဖြစ်ပါတယ်။ တရားကိုသဘောပေါက်တဲ့သူမှာ အဲဒီစိတ်က သိပ်အားကြီးတယ်။ ဘယ်တော့မှ မကောင်းတာ မမှန်တာ မရိုးသားတာကို မလုပ်ဘူး။ မသိလို့လုပ်မိရင် အမြန်ဆုံး ဝန်ခံတယ်။ အဲဒီအချက်ကိုကြည့်ရင် စိတ်ဓာတ်အဆင့်အတန်း မြင့်တဲ့သူ အသိဥာဏ်အဆင့်အတန်း မြင့်တဲ့သူတွေဟာ အရှက်အကြောက် ပိုပြီးကြီးတယ်လို့ ဆိုနိုင်တယ်။ အသိဥာဏ်အဆင့်အတန်း နိမ့်သေးတဲ့သူဟာ အရှက်အကြောက်နည်းတယ်လို့ ဆိုနိုင်တယ်။🙇🏼 🙇🏼☝

💡ဆရာတော်ဦးဇောတိက💡
🍀 ( မဟာမြိုင်တောရ ) 🍀
▫️ ▫️ ၏ ▫️ ▫️
💧“ တွေးမိတိုင်း ပျော်တယ် ” 💧
စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။