The Ultimate Ear Training For Guitar & Bass ( ebook + mp3)
========================== =============
" အာသီသပြင်းပြတဲ့ ဂီတပညာရှင်တွေဟာ ဂီတဖန်တီးမှုရဲ့  အရေးကြီးဆုံး အခန်းကဏ္ဍဟာ ဘာပါလဲလို့ ကျနော့်ကိုအရင်တုန်းထဲကမေးေ လ့ရှိကျတယ်။ သူတို့က groove , technique, reading ,သီအိုရီတွေ စသည်ဖြင့် ကျနော်ဖြေမယ်လို့မျှော်လင့် ထားကျတယ်။ ဒါတွေအားလုံးဟာလည်း အရေးကြီးသလိုပဲ ဂီတပညာရှင်တယောက်အတွက် တကယ့်ကို မရှိမဖြစ်ရှိရမယ့်ကိုယ်ရည်ကိုယ်သွေးတရပ်ကတော့ သောတအာရုံ ကောင်းစွာခံစားတတ်၊ နားထောင်တတ်အောင် အသေချာလေ့ကျင့်ထားတဲ့ နားတစုံရှိရမယ်လို့ ယူဆပါတယ်။ ပန်းချီဆရာတယောက်ဖြစ်ခဲ့မယ် ဆိုရင်လည်း အရေးကြီးဆုံးက အရောင်အသွေးတွေ၊ ဖွဲ့ စည်းပုံတွေ၊ပုံပန်းသဏ္ဌာန်ေ တွ၊ ဟန်ချက်တွေ စတာတွေကို ကောင်းစွာရှုမြင်ခံစားတတ်တဲ့  သေချာလေ့ကျင့်ထား တဲ့ မျက်စိတစုံရှိဖို့ လိုပါလိမ့်မယ်။
ဒါတွေအားလုံးကိုကျင့်သားရနေ ပြီးအတူတကွပေါင်းစပ်ဖန်တီးလိုက်တဲ့အခါမှာလိုချင်တဲ့အနု ပညာပစ္စည်းကောင်းလေးတွေထွက်ေ ပ်ါလာမှာဖြစ်ပါတယ်။ ဂီတဖန်တီးမှုမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ "
By Gray Willis.
ဒါတွေကတော့ ဒီစာအုပ်ကို ရေးသူကတော့ အမေရိကန် တေးရေးနဲ့ ဘေ့စ်ဆရာကြီး Gary Willis ပြောသွားတဲ့ စကားတွေ ဖြစ်ပါတယ်။
ဆရာကြီး Willis ဟာ Jazz ဂီတလောကမှာလူသိများတဲ့ Tribal Tech ဆိုတဲ့ Jazz Fusion band ကို ဂစ်တာသမား Scott Henderson နဲ့ တွဲဖက်တည် ထောင်ခဲ့တဲ့သူ၊ ပြီးတော့တခြား Jazz ဂီတပညာရှင်တော်တော်များများ နဲ့လည်း အတူတကွ အနုပညာအလုပ်တွေစဉ်ဆက်မပြတ်လုပ်ကိုင်နေပြီး Bass Guitar Magazine ကြီးမှာလည်း ပင်တိုင်ရေးလေ့ရှိတဲ့ Bassist ကြီးတစ်ယောက်ပါ။ Texas ဇာတိဖြစ်တဲ့ Willis ဟာ တေးရေးစပ်သီကုံးခြင်းနဲ့ လက်တန်းဖန်တီးမှု အဓိကဘာသာရပ်နဲ့ The University of North Texas College of Music မှာဆည်းပူးခဲ့ပြီးတော့ ဂစ်တာတီးခတ်နေတာကနေ ဘေ့စ်ဂစ်တာတီးခြင်းကိုပဲ လုံးလုံးပြောင်းခဲ့ပါတယ်။ လက်ရှိမှာ စာအုပ်ဘေ့စ်ဂစ်တာနဲ့ပတ်သက် တဲ့ စာအုပ် ၄ အုပ်ရေးသားထားပြီးတော့ သူရေးတဲ့ထဲကမှ ဂစ်တာသမားတွေနဲ့ ဘေ့စ်သမားတွေအတွက် အကြားအာရုံလေ့ကျင့်ခန်းစာအု ပ်လေးကို ကျနော်တို့ SSFS က ဂစ်တာတီးတဲ့ ဘေ့စ်တီးတဲ့ ဘော်ဒါတွေ အတွက် မျှဝေပါတယ်။
ခင်သောမင်သော စကော်ပီယံများ \m/
DL : http://www.mediafire.com/ download/nfttetp0zf7fedt/ UET.rar
pw : ssfs
**p.s. The stuffs we share on this page are not owned by us. Just for review. Please buy original CDs and support
the artists if you love their creation & inspiration. Thanks! **
==========================
" အာသီသပြင်းပြတဲ့ ဂီတပညာရှင်တွေဟာ ဂီတဖန်တီးမှုရဲ့  အရေးကြီးဆုံး အခန်းကဏ္ဍဟာ ဘာပါလဲလို့ ကျနော့်ကိုအရင်တုန်းထဲကမေးေ
ဒါတွေအားလုံးကိုကျင့်သားရနေ
By Gray Willis.
ဒါတွေကတော့ ဒီစာအုပ်ကို ရေးသူကတော့ အမေရိကန် တေးရေးနဲ့ ဘေ့စ်ဆရာကြီး Gary Willis ပြောသွားတဲ့ စကားတွေ ဖြစ်ပါတယ်။
ဆရာကြီး Willis ဟာ Jazz ဂီတလောကမှာလူသိများတဲ့ Tribal Tech ဆိုတဲ့ Jazz Fusion band ကို ဂစ်တာသမား Scott Henderson နဲ့ တွဲဖက်တည် ထောင်ခဲ့တဲ့သူ၊ ပြီးတော့တခြား Jazz ဂီတပညာရှင်တော်တော်များများ
ခင်သောမင်သော စကော်ပီယံများ \m/
DL : http://www.mediafire.com/
pw : ssfs
**p.s. The stuffs we share on this page are not owned by us. Just for review. Please buy original CDs and support
the artists if you love their creation & inspiration. Thanks! **
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။