Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, September 9, 2014

`` ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ကျွှန်တော်ရဲ့ ကမ်ပါးပါး ( မွေးစားအဖေ ) ပါလို့ အမြဲပြောတဲ့ ရှောင်စန်း ´´ ( သို့မဟုတ် ) `` တရုတ်ရှောက်စန်း ဘဝဇာတ်ကြောင်း ´´

`` ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ကျွှန်တော်ရဲ့ ကမ်ပါးပါး ( မွေးစားအဖေ ) ပါလို့ အမြဲပြောတဲ့ ရှောင်စန်း ´´

( သို့မဟုတ် )

`` တရုတ်ရှောက်စန်း ဘဝဇာတ်ကြောင်း ´´

ရှောက်စန်း၏ ဖခင်သည် တရုတ်နိုင်ငံရွှေလီမြို့တွင်နာမည်ကြီးကျောက်ကုန်သည်ဖြစ်ပြီး ရွှေလီနှင့် မိုင် ၃၀၀၀ ကွာဝေးသော ကွမ်ကျိုးပြည်နယ်မှ ရွှေလီသို့ အခြေချလာရောက်နေထိုင်သူဖြစ်သည်၊ မန္တလေးတွင် ကျောက်ပွဲစားတစ်ဦးမှ သိန်းနှစ်ထောင်တန်ကျောက်ပြသည်ကို ရှောက်စန်း၏ဖခင်က ဒီလိုတန်ဖိုးနည်းကျောက်တွေ သူမကိုင်ဘူးဟု ပြောသည်အထိ ကျောက်လုပ်ငန်း အကြီးအကျယ်လုပ်သည့် သူဌေးကြီးဖြစ်သည်၊ ရှေးကမင်းမျိုးမင်းနွယ်မှ ဆင်းသက်လာသည်ဟုလည်းပြောသည်၊ရန်ကုန်နှင့်နေပြည်တော် ကျောက်ပြပွဲများကိုလည်း လာရောက်ပြီး ကျောက်စိမ်းများ အကြီးအကျယ်ဝယ်ယူသည့် ကုန်သည်ဖြစ်သည်၊ ပြီးခဲ့သည့်လကလည်း ရန်ကုန်သို့လာရောက်ပြီး ဆေးကုသမှုခံယူသွားခဲ့သည်။

ရွှေလီတွင် ရှောက်စန်း၏ညီရှောက်ဝူက ဆင်တံဆိပ်ဝါယာကြိုးများ ထုတ်လုပ်ပြီး မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်မှတရားမဝင်တင်ပို့ခဲ့သည်၊ နောက်ပိုင်းတွင် ရှောက်စန်းကိုယ်တိုင် မြန်မာနိုင်ငံသို ဝါယာကြိုးလာရောက်ရောင်းချသူ ဖြစ်လာသည်၊ ရှောက်စန်းသည် ရွှေလီတွင်နေစဉ်ကပင် မြန်မာစကားကို သင်ကြားထားခဲ့သည်၊ သူသည် ယူနန်အစိုးရအဖွဲ့ဝင် ရွှေလီမြို့တော်ဝင်၏သမီးနှင့် ၁၉၉၉ ခုနှစ်မတိုင်မီက လပ်ထက်ခဲ့သည်၊ ရွှေလီမြို့တော်ဝန်၏သားမက်ဖြစ်သည့် ရှောက်စန်းသည် မည်သည့်နည်းနှင့်မှ မြန်မာနိုင်ငံသားမဖြစ်နိုင်။ မြန်မာနိုင်ငံတွင် ရှောက်စန်းဝါယာကြိုးရောင်းစဉ်က ပြည်တွင်းထုတ်ဝါယာကြိုးများ မရှိသေးပေ၊ သို့သော် ရှောက်စန်း၏ ဆင်တံဆိပ်ဝါယာကြိုးများမှာ အရည်အသွေးညံ့ဖျင်းသဖြင့် ဈေးကွက်တွင်မပေါက်ခဲ့၊ နောက်ပိုင်းတွင် ပြည်တွင်း၌ Golden Lion နှင့် ဟုန်ပန်းဝါယာကြိုးစက်ရုံများပေါ်လာပြီး ဈေးကွက်တွင် ပေါက်ခဲ့သည့်အတွက် Golden Lion ကို ပြိုင်ဆိုင်ရန် Standard ဝါယာကြိုးများထုန်လုပ်ခဲ့သည်၊ ထို့အပြင်ACM ဝါယာကြိုးကို အဆင့်မီထုတ်လုပ်ရောင်းချခဲ့ရာမှ ဈေးကွက်ဝေစုရလာသည်၊ မန္တလေးတွင် ရှောက်စန်းသည် Stardard ဝါယာကြိုးကို Day Light ကုမ္မဏီကို ကိုယ်စားလှယ်ပေးပြီး ACM ဝါယာကြိုးကို ကျွှဲဆည်ကန်တွင် ဂိုဒေါင်ဌားပြီး မန်နေဂျာနှစ်ဦးနှင့် ဖြန့်နေသည်၊ ရှောက်စန်းသည် မန္တလေးတွင် ဂိုဒေါင်များမြေနေရာများကို ဝယ်လေ့မရှိပဲ ဌားရမ်းသုံးစွဲကာ မြန်မာနိုင်ငံမှရသည့်ငွေကိုတရုတ်ပြည်သို့သာ ပြန်ပို့နေသူဖြစ်သည်၊ နောက်ပိုင်းတွင်ဝါယာကြိုးလုပ်ငန်းကို သူ့ညီရှောက်စွတ်ကိုလွဲပေးပြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများသို့ ချဉ်းကပ်ကာ နိုင်ငံတော်၏ စီမံကိန်းလုပ်ငန်းကြီးများကိုသာ လုပ်ကိုင်သူဖြစ်လာသည်။

ရှောက်စန်းသည် ညီအစ်ကိုသုံးဦးတွင် အကြီးဆုံးဖြစ်ပြီး တရုတ်စာ ရှစ်တန်းထိသာ သင်ခဲ့ဖူးသည်၊ ရာသက်ပန် သက်သက်လွတ်စားသော်လည်း ကြက်ဥသည် သတ်သတ်လွတ်ဟု ယူဆပြီး ကြက်ဥစားသည်၊ အသောက်အစားမရှိဟု သိရသည်၊ ဒုတိယညီမှာ ရှောက်စွတ်ဖြစ်ပြီး အင်ဂျီနီယာဖြစ်ကာ ဝါယာကြိုးစက်ရုံများကို အုပ်ချုပ်သည်၊ လောင်းကစား ဝါသနာပါသူဖြစ်သည်၊ ညီအငယ်ဆုံး ရှောက်ဝူမှာ မြောင်းတကာရှိ သံမဏိစက်ရုံကို အုပ်ချုပ်သည်၊ သို့သော်လည်း ညီအစ်ကိုသုံးယောက်တွင် ပညာမတက်သည့် ရှောက်စန်းက စီးပွားရေးတွင် လာဘ်အမြင်ဆုံးဟု ကျန် ညီနှစ်ဦးက အသိမှတ်ပြုဆရာတင်ထားကြသည်။

ရှောက်စန်းသည် သူနှင့်သိသောတရုတ်များကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကျွှန်တော်ရဲ့ ကမ်ပါးပါး ( မွေးစားအဖေ ) ပါဟု အမြဲပြောလေ့ရှိသည်၊ ဗိုလ်ချုပ်ခင်မောင်မြင့် လျှပ်စစ်ဝန်ကြီးဘဝကပင် အဆိုပါဝန်ကြီးမှတဆင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမိသားစုနှင့် ရွှေလမ်းငွေလမ်းပေါက်ခဲ့သည်ဟု သိရသည်၊ လက်ရှိပြသနာဖြစ်နေသည့် မြန်မာ့စေတနာအများပိုင်ကုမ္မဏီက အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ်စီမံကိန်းတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမိသားစု ပါဝင်ပတ်သတ်နေသည်ဟုလည်း ရှောက်စန်းနှင့် နီးစပ်သောအသိုင်းအဝိုင်းတွင် အသံထွက်နေသည်၊ ထို့အပြင် သူနှင့်အကျွမ်းတဝင်ရှိသော ယခင်ဆောက်လုပ်ရေးဝန်ကြီး၏ ဇနီးကို အမေဟု ခေါ်လေ့ရှိသည်၊ ထိုဝန်ကြီး၏ ယောက်ဖ ဦးဝေလွင်သည် ရှောက်စန်းရထားသော ရတနာအိမ်ယာစီမံကိန်းတွင် စီမံကိန်းဒါရိုက်တာအဖြစ် လက်ရှိလုပ်ကိုင်နေသည်၊ ရှောက်စန်း၏အခါတော်ပေးမှာ ပဲခူးရွှေဟင်္သာဆရာတော်ဖြစ်ပြီး ဟံသာဝတီကားကွင်းကို မြေသန့်ပေးခြင်း၊ ဘိုကလေးကျွှဲခြံ ရေကျော်တံတားဆောက်စဉ် ဝန်ထမ်းအဆောက်အဦးများအောက်၌ ငန်းတော်ကျားမြွေများတွေ့သဖြင့် နဂါးရုပ်များ ရေမျောရန်တို့ကို အခါတော်ပေးခဲ့သည်။

ရှောက်စန်းသည် ဒေသအသီးသီးတွင် သုံးစွဲနေသည့် သူ၏ဆောက်လုပ်ရေးလုပ်ငန်းခွင်သုံး ကားများကို တစ်စီးသာ တရားဝင်တင်သွင်းပြီး ကျန်ကားအားလုံးကို တရားမဝင်တင်သွင်းကာ တရားဝင်ရထားသည့် နံပါတ်တစ်ခုကိုပွားပြီး ကျန်ကားများတွင်တပ်ကာ အသုံးပြုနေသည်၊ ထို့အပြင် လက်ရှိဆောက်လုပ်ဆဲ လှိုင်မြစ်ကူးတံတားဖြစ်သည့် ဘုရင့်နောင်တံတား အမှတ် ( ၂ ) တွင်လည်း ဘိုးပိုင်လုပ်ငန်းကို ရှောက်စန်းက ရရှိထားပြန်သည်၊ မြောင်းတကာတွင် သံချောင်းလုံးစက်ရုံဟု ဆိုင်းဘုတ်တပ်ထားသော သံမဏိစက်ရုံအပြင် ပိုတက်စီယမ်ကာဘွန်နိုက် စက်ရုံကိုပါ ပူးတွဲတည်ထောင်ထားသည်။

လျှပ်စစ်ဝန်ကြီးနှစ်ဦးဖြစ်သော ယခင်ဝန်ကြီးဦးဇော်မင်းနှင့် လက်ရှိဝန်ကြီးဦးခင်မောင်စိုး တို့နှင့်လည်း အလွန်အဆင်ပြေကာ လျှပ်စစ်ဝန်ကြီးဌာနမှ နိုင်ငံအနှံသွယ်တန်းနေသော ၂၃၀ ကေဗွီဓာတ်အားလိုင်းများ၊ ၁၃၂ ကေဗွီဓာတ်အားလိုင်းများ၊ ၆၆ကေဗွီဓာတ်အားလိုင်းများ၊ ယင်းတို့နှင့် ပတ်သတ်သည့် ဓာတ်အားခွဲရုံများနှင့် ဝန်ထမ်းအိမ်ယာများကိုလည်း တည်ဆောက်ခွင့်ရရှိထားပြန်သည်၊ လက်ရှိတွင် စက်တင်ဘာ ၃ ရက်နေ့က ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း သွားရောက်စစ်ဆေးခဲ့သော ရခိုင်ပြည်နယ် ပုဏ္ဏားကျွှန်းမြို့နယ်သို့ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မှ ရိုးမဖြတ်ကျော်ဆွဲသော ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲစက်ရုံများ တည်ဆောက်ရေးလုပ်ငန်းများကိုရှောက်စန်းလုပ်ဆောင်လျှက်ရှိသည်၊ ရှောက်စန်းသည် ရန်ကုန်မြို့အတွင် ဂုံးကျော်တံတားများ ဆောက်လုပ်ခွင့်ကို တောင်းခံခဲ့သော်လည်း ထိုလုပ်ငန်းများသည် မီဒီယာနှင့် အများပြည်သူရှေ့တွင် လုပ်ကိုင်ရသဖြင့် မလုပ်ကိုင်သင့်ကြောင်း သူနှင့်ပတ်သတ်သည့် တာဝန်ရှိသူများက ဖျောင်းဖျခဲ့ရသည်ဟုလည်း ကြားသိရသည်။

အထူးသဖြင့် အိုးအိမ်ဦးစီးဌာနမှ စီမံကိန်းများကိုလည်း ပြိုင်ဖက်မရှိ လက်သိပ်ထိုးရရှိကာ လင့်လမ်းရှိ ဘဏ်ရိပ်သာအိမ်ယာဆောက်လုပ်ရေးစီမံကိန်းကို ထိုက်စိန်ကုမ္မဏီနှင့် တွဲဖက်၍လည်းကောင်း ဒဂုံအရှေ့မြို့နယ်ရှိ အိုးအိမ်ပိုင် ရတနာအိမ်ယာစီမံကိန်းကိုလည်းလက်ရှိဆောက်လုပ်လျှက်ရှိသည်

ရန်ကုန်မြို့ရှိ တရုတ်ကုန်သည်အသိုင်းအဝိုင်းက
`` ရွှေတောင်ကုမ္မဏီက ဦးအိုက်ထွန်းနဲ့ အေရှားဝေါလ်က ဦးထွန်းမြင့်နိုင်တို့ကို လူသိများပေမယ့် ရှောက်စန်း လူမသိသူမသိရထားတဲ့ စီမံကိန်းတွေက ဟိုနှစ်ယောက်ထက်တောင် များနေပြီ ´´ ဟု ပြောကြသလို ရှောက်စန်းကို မြင်ပင်မမြင်ဖူးသော တရုတ်ကုန်သည်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များလည်း ရှိနေကြသည်၊ အားလုံး တစ်ညီတစ်ညွှတ်ထဲပြောကြသည်ကတော့ ရှောက်စန်းသည် မြန်မာပြည်ပေါက် တရုတ်မဟုတ်ပဲ ၂၀၀၀ ပြည့်နှစ်ပတ်ဝန်းကျင်တွင် ယူနန်ပြည်နယ် ရွှေလီမြို့မှ အောက်လမ်းဖြင့် နယ်စပ်မှ တရားမဝင်ခိုးဝင်ရောက်ရှိလာသော တရုတ်ဆိုသည့် အချက်ပင်ဖြစ်သည်။

ရှောက်စန်းနှင့် အခြားသူနှစ်ဦးတွဲပြီး ပြည်သူ့ဥယျာဉ်ကို တစ်လလျှင် သိန်းငါးဆယ်ထက်မပိုသော အခကြေးငွေ သူခိုးဈေးဖြင့် မြို့တော်ဝန် ဦးအောင်သိန်းလင်း လက်ထက်ကရရှိထားသည်၊ သူ၏ကုမ္မဏီများတွင် တပ်မတော်အရာရှိကြီးဟောင်းများကို ဦးစားပေးခန့်ထားသလို ဆောက်လုပ်ရေးမှ လူကြီးသားသမီးများကိုလည်း ရာထူးကြီးများပေးပြီး ခန့်ထားသည်၊ ဥပမာ တစ်ခု ဖော်ပြရမည်ဆိုလျှင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ စစ်ဆေးရေးဌာနတာဝန်ခံ ( နောက်ပိုင်းတွင်အကြံပေး ) သူရဦးစိန်သောင်း၏သမီး ချယ်ရီစိန်သောင်း ဆိုလျှင် မြန်မာစာဖြင့် ဘွဲ့ရထားသော်လည်း ရှောက်စန်းက သူ၏ကုမ္မဏီတွင် ငွေစာရင်းကိုင်အရာရှိချုပ်ရာထူး ခန့်ထားသည်၊ အဆိုပါ အမျိုးသမီးသည် ရန်ကုန်တိုင်းဒေသကြီးမှ သတ်မှတ်ပေးထားသော ဆောက်လုပ်ရေးလုပ်ခစားရိတ်များကို သူ့သဘောနှင့်သူဖြတ်ပြီး သတ်မှတ်နှုန်း၏ သုံးပုံတစ်ပုံကိုသာ ရှင်းပေးသည်ဟု ဆောက်လုပ်ရေးအသိုင်းအဝိုင်းကပြောသည်။

မြန်မာစေတနာမြို့သစ် အများပိုင်ကုမ္မဏီ၏ မန်းနေဂျင်းဒါရိုက်တာ ဦးသက်ဦးမှာ ထောက်လှမ်းရေးအရာရှိဟောင်းနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတွင် ဒုတိယညွှန်ကြားရေးမှူး တာဝန်များထမ်းဆောင်ခဲ့သူ အလုပ်သင်ဗိုလ်လောင်းသင်တန်းအမှတ်စဉ် ( ၁၃ ) မှဖြစ်သည်၊ ရှောက်စန်း၏ဝန်ထမ်းများမှမူရှောက်စန်းသည် သဘောကောင်းကြောင်း ဆက်ဆံရေးပြေပြစ်ကြောင်း၊ အသက်ငါးဆယ်အထက် ဝန်ထမ်းတိုင်းကို တစ်လလျှင်နို့မှုန့်တစ်ဗူး လစဉ်ပေးကြောင်းပြောဆိုကြသည်

ထို့အပြင် ရှောက်စန်း၏ ဟံသာဝတီကားဝင်းကို အဆင့်မြင့် Times City ကွန်ဒို တည်ဆောက်သည့်စီမံကိန်းတွင် တရုတ် ကျွမ်းကျင်လုပ်သားများကို အင်ဂျင်နီယာနေရာများတွင် ခေါ်ယူသုံးစွဲပြီး မြန်မာအင်ဂျင်နီယာများ အလုပ်သမားများကို သုံးစွဲခြင်းမရှိသလို တရုတ်နည်းပညာဟုဆိုကာ ဘိုးပိုင်ရိုက်ရာတွင်လည်း သတ်မှတ်သံချောင်းလုံး အရွယ်အစားများထက် သေးငယ်သည့် သံချောင်းများကိုလည်း သုံးနေသည်ဟု သိရသည်၊ အဆိုပါစီမံကိန်းတွင် အလုပ်လုပ်နေသော ရာထူးကြီးတရုတ်များမှာ မစ္စတာလျှို့၊ လီအိုက်မင်၊ ကျင်းရုံချန် တို့ဖြစ်ကြသည်၊ အဆိုပါစီမံကိန်းတွင်ခေါ်ယူထားသော တရုတ်လုပ်သားများမှာရငါးဆယ်ကျော်ရှိသဖြင့် တရားဝင်လာရောက်လုပ်ကိုင်နေခြင်း ဟုတ်မဟုတ် မည်သူမျှမသိကြပေ၊ ရှောက်စန်း၏ညီ ရှောက်စွတ်သည် ဟံသာဝတီကားကွင်းစီမံကိန်းတွင် ရုံးထိုင်ပြီး တိုက်ခန်းများရောင်းသည့် တာဝန်ကိုလည်း ယူထားသည်။

ရှောက်စန်းသည် အင်ယားမြိုင်လမ်းတွင် တိုက်တစ်လုံး၊ ထန်းတစ်ပင်မြို့အဝင်တွင် လယ်ဧကရာကျော်နှင့် အေးရွာတွင် လယ်ဧက ၄၀၀၀ ခန့် ဝယ်ယူပိုင်ဆိုင်ထားသည်၊ ရှောက်စန်းသည် ရွှေပြည်သာ စက်မှုဇုန် ( ၁ ) ၊ ဦးရွှေဘင်လမ်းရှိ ဝါယာကြိုးစက်ရုံတွင် နေထိုင်ပြီး သူ့ညီရှောက်စွတ်သည် တွင်းသင်းအတွင်းဝန် ဦးထွန်းညိုလမ်းရှိ ဆောက်လုပ်ရေးလုပ်ငန်းရုံးချုပ်တွင် နေထိုင်သည်၊ ညီအငယ်ဆုံး ရှောက်ဝူသည် မြောင်းတကာ သံမဏိစက်ရုံတွင်နေထိုင်သည်၊ ထူးခြားချက်မှာ သူတို့ပိုင်သည့် စက်ရုံများ၊ အိမ်များ၊ ဆောက်လုပ်ရေးပစ္စည်း သိုလှောင်ရုံများတွင် မြန်မာနိုင်ငံတော်အလံကြီးများကို လွှင့်ထူထားခြင်းဖြစ်သည်။

ရှောက်စန်းသည် တရုတ်တပ်မှ အငြိမ်းစားယူထားသူများ နှုတ်ထွက်ထားသူများကို မြန်မာနိုင်ငံရှိ သူ၏လုပ်ငန်းများတွင် ခန့်အပ်ထားသဖြင့် လိုအပ်ပါက ရှောက်စန်းသည် မြန်မာနိုင်ငံအတွင်းတွင် တရုတ်စစ်တပ်ဖွဲ့နိုင်သည့် အခြေအနေပင်ရှိသည်ဟု တရုတ်အသိုင်းအဝိုင်းကပြောကြသည်၊ ယခုအခါ ရှောက်စန်းသည် စီးပွားကူးသန်းပိုင် ပုဇွန်တောင် ကုန်သွယ်မှုဗဟိုဌာနကို လုပ်ပိုင်ခွင့်ရရှိရင် ဝန်ကြီးဦးစိုးသိမ်း၏သား၊ ဝန်ကြီး ဦးတင်နိုင်သိန်းတို့၏ သားတို့နှင့် အတူ တင်ဒါပြိုင်လျှက်ရှိသည်။

ထို့ကြောင့် နိုင်ငံသားမဟုတ်သော ရှောက်စန်းကို အဘယ်ကြောင့် နိုင်ငံတော်၏စီမံကိန်းကြီးများ ပေးအပ်နေသည်၊ မည်သည့်ငွေများဖြင့် လုပ်ငန်းဆောင်ရွက်နေသည်တို့ကို သက်ဆိုင်ရာငွေကြေးခဝါချမှု တိုက်ဖျက်ရေးတပ်ဖွဲ့နှင့် လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးကော်မတီတို့မှ စုံစမ်းရန်အချိန်ကျနေပြီဖြစ်သလို ရှောက်စန်းကို ပြည်နှင်ဒဏ်ပေးရန် နှင် ဆက်စပ်ပတ်သတ်သူ အားလုံကို ဖော်ထုတ်အရေးယူရန် လိုအပ်နေပြီဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည် ---///

( Tomorrow တွင်ပါရှိသော ဆောင်းပါးအား ကောက်နုတ်ဖော်ပြပါသည် )

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။