ကိုရီးယားမိန်းကလေး အဆိုရှင်အဖွဲ့ Ladies' CODE
အဖွဲ့ဝင်အွန်ဘီ ယာဉ်မတော် တဆမှုဖြင့် သေဆုံးခြင်းသည်ကိုရီးယားဂီတလုပ်ငန်းကြီးတစ်ခု လုံးကိုတုန်လှုပ်စေခဲ့ပြီး ယင်းအဖွဲ့ ၏ ပရိသတ်များနှင့် ပရိသတ် မဟုတ်သူများပါ ပူးပေါင်းကာ အွန်ဘီ၏တစ်သက်တာဆန္ဒကို ဖြည့်ဆည်းခဲ့ကြသည်။
အွန်ဘီသေဆုံးမှုသတင်းပျံ့ နှံ့ခဲ့ပြီးနောက် Ladies' CODE
အဖွဲ့ ပရိသတ်များက ‘‘အွန်ဘီရဲ့ တစ်သက်တာဆန္ဒက လူကြိုက် အများဆုံးသီချင်းတွေစာရင်း နံပါတ်(၁)နေရာရောက်ရှိဖို့ပါ။ ကျေးဇူးပြုပြီး 'I'm Fine Thank You' သီချင်းကို နားထောင်ပေး ကြပါ။ ဒီသီချင်း နိဗ္ဗာန်ဘုံကို ရောက်သွားမယ်လို့မျှော်လင့်ပါ တယ်’’ဟူသောစာသားကို အွန် လိုင်းနှင့် SMS များဖြင့်ဖြန့်ဝေခဲ့ ကြသည်။
အခြားဂီတအဖွဲ့များက လည်း ယင်းတွင်ပူးပေါင်းပါဝင် မျှဝေခဲ့ကြ၍ အဆိုပါသီချင်းမှာ လက်ရှိအချိန်၌အကောင်းဆုံးသီ ချင်းစာရင်းတွင် နံပါတ်(၁)နေရာ ရောက်ရှိသွားခဲ့သည်။
သီချင်း၏စာသားများမှာ လည်း အဓိပ္ပာယ်ပြည့်ဝနေခဲ့သည်။
‘ဒီနေ့ ငါငိုနေတယ်။ မင်း ပျော်ပါစေလို့ဆုတောင်းတယ်။ အမြဲတမ်းပဲ ဂွတ်ဘိုင်’ဟု ဆိုထား ပြီး နောက်တစ်နေရာ၌ ‘တစ်ခါ တလေ ငါ့အကြောင်းစဉ်းစားပြီး ပြုံးလိုက်ပါတယ်’ဟု စာသားကဖော်ပြသည်။ 'I'm Fine THANKYOU'
သီချင်းမှာ အခြားဂီတဝက်ဘ် ဆိုက်အများအပြားတွင်လည်း နံပါတ်(၁)နေရာ ရောက်ရှိသွားခဲ့ သည်။
—Ref: All K POP
7daydaily

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။