နာမည်ကြီးသီချင်းတွေနောက်ကွယ်က အကြောင်းရင်းများ
--------------
တချို့သီချင်းတွေက ရုတ်တရက်နားထောင်လိုက်ရင် အချစ်သီချင်းလိုလို ဘာလိုလိုပဲ။ နားလည်သလိုလိုပဲ။ ပြသနာက တခါတရံမှာ သီချင်းရေးသူရဲ့မူလသဘောနဲ့ ကိုယ်နားလည်ထားတာနဲ့ တက်တက်စင်အောင်လွဲတတ်တာတွေ မကြာခဏကြုံဖူးကြမှာပါ။ ကဲ...ကြည့်လိုက်ရအောင် ဘယ်သီချင်းတွေကို တက်တက်စင်အောင် မှားယွင်းစွာ နားလည်ခဲ့ကြသလဲလို့။
ခင်တဲ့
ကိုဝီ
----------------
Hey Jude (The Beatles)
-----
ဒီသီချင်းဟာ အင်မတန် နားလည်မှုအလွဲခံရတဲ့သီချင်းဖြစ်ပါတယ်။ အတော်များများက တီးဝိုင်းက ဘေ့စ်ဂစ်တာသမားလဲဖြစ် အဆိုတော်လဲဖြစ်တဲ့ ပေါလ်က သူ့တီးဝိုင်းက ဘဲကြီးတွေအတွက်ရေးထားတယ်လို့ထင်တဲ့သူတွေရှိတယ်။ အဲဒီလိုပဲ Jude လို့အမည်ရတဲ့သူတယောက်အတွက်ရေးထားတာလို့ထင်ရက်စရာလဲရှိသေးတယ်။
တကယ်တော့ တခုမှမဟုတ်ပါဘူး။ ဂျွန်လင်နွံရဲ့သားဖြစ်တဲ့ Julian အတွက်ရေးစပ်ခဲ့ခြင်းဖြစ်ပါတယ်။ ဂျူလီယံဆိုတာက ဂျွန်လင်နွံရဲ့ပထမအိမ်ထောင်နဲ့ (ရိုကိုအိုနိုမဟုတ်ပါ) ရထားတဲ့သားဖြစ်ပါတယ်။ သူက ဂျွန်လင်နွံရဲ့ချစ်ခြင်းကို အစောပိုင်းနှစ်တွေမှာ မရရှိခဲ့သူဖြစ်ရုံမက မိဘတွေအိမ်ထောင်ကွဲချိန်မှာ စိတ်ခံစားမှုအရ မြေစာပင်ဖြစ်ခဲ့သူပါ။ ဂျူလီယံစိတ်ဆင်းရဲနေချိန်မှာ အားပေးထားတဲ့သီချင်းဖြစ်ပါတယ်။ သီချင်းရဲ့နာမည်က Hey Jules လို့ အရင်ဆုံးအမည်ပေးခဲ့တယ်။ ဆိုရတာ ပိုချောသွားအောင်လို့ဆိုပြီး Hey Jude လို့ပြောင်းလဲခဲ့တယ်။
အောင်မြင်မှုလို့ပြောမလား ရှုံးနိမ့်မှုလို့ပြောမလားတော့မသိဘူး ကာယကံရှင်ကိုယ်တိုင်က သူ့ကို အားပေးထားတဲ့သီချင်းမှန်း လုံးဝမသိပါဘူး။ အမယ်...သီချင်းရေးပြီး အနှစ် (၂၀) ကျော်ကြာမှ သူ့ကို အားပေးတဲ့သီချင်းမှာ ဂျူလီယံက သိပါသတဲ့။ (ကောင်းကရော)။
သီချင်းကို သေချာနားထောင်ကြည့်လိုက်ရင် (သူ့ဘာသာစကား နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ) စိတ်ဓါတ်တက်ကြွဖွယ်ရာကောင်းသလို လူအများကြီးဝိုင်းပြီးသီဆို (အားပေး) လို့မိုက်တဲ့ သံစဉ်မျိုးဖြစ်တာကို ခင်များတို့သဘောတူနိုင်မှာပါ။
ယူကျူ့ကလေး အားပေးချင်သပဆိုရင် ဒီမှာ...http://www.youtube.com/watch?v=CVJMhnPzhts
ခင်တဲ့
ကိုဝီ
မှတ်ချက်။ ။ ဆက်ရန် အများကြီးရှိပါသေးသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။