♬ ♬ ♬ ကိုငှက်နှင့်ကိုရွှေ♪ ♪ ♪
၁၉၈၉/၉၀ ကာလတွင် မန္တလေးမှ သူငယ်ချင်းတစ်ယောက်၏ အခွေ လာသွင်းသော လူငယ် တေးရေး ရွှေဂျော်ဂျော်နှင့် အိုအေစစ် စတူဒီယိုတွင် ဆုံတွေ့တွေ့ချင်း နှစ်နှစ်ကာကာ ခင်မင်သွားကြသည်။
"စကားတွေ ပြောဖြစ်ကြတယ်။ပြောရင်းနဲ့ ပိုပြီး ရင်းနှီးလာတယ်။တစ်ယောက်နဲ့တ စ်ယောက်ကလည်း စိတ်အတွင်းသားချင်း တူတယ်။ ယုံကြည်မှု ပိုတက်လာပြီး နောက်တော့ သူက ကျွန်တော့်ကို သီချင်းအပ်တယ်။သီချင်း ၃ပုဒ်အပ်တော့ ကျွန်တော်က ဝမ်းသာတာပေါ့။ သူ့လို သီချင်းတွေ သိပ်ရေးတတ်တဲ့လူက ကျွန်တော့်ဆီမှာ သီချင်းအပ်လိမ့်မယ်လို့ မမျှော်လင့်ဘူးလေ"ဟု ကိုရွှေ ပြောပြသည်။
သူကိုယ်တိုင် ကိုရွှေ့ဆီက သီချင်းတွေဝယ်ခဲ့သလို သူများ တခြားလူတွေကိုလည်း ကိုရွှေ့ဆီက သီချင်းတွေဝယ်ဖို့ ညွှန်းသည်။
ပရိုဂျူဆာနှင့် မိတ်ဆက်ပေးရာတွင် `ဒါ ကျွန်တော့် သီချင်းရေးဆရာပဲ´ဟု မာမာတင်းတင်း ပွဲထုတ် ပေးခဲ့သည်။ကိုရွှေက လန့်ပင် လန့်သွားသည်။ ထူးအိမ်သင်လို သီချင်းကောင်းတွေ ကျွမ်းကျွမ်းကျင်ကျင် ရေးတတ်သူက သူ၏ သီချင်းရေးဆရာဟု ရည်ညွှန်းတာကို ယုံရမှာပင် ကိုရွှေဂျော်ဂျော် မဝံ့မရဲ ဖြစ်ခဲ့သည်။သို့သော် သူ့သီချင်းတွေ ဝယ်ယူခဲ့တာ လူကိုခင်၍ မဟုတ်ချေ။
`ကျွန်တော်က သီချင်းမကြိုက်ရင် ယူဆိုစရာ အကြောင်းကို မရှိဘူး´ဟု ကိုရွှေ့ကို ပြောခဲ့သည်။
သီချင်းရေးခနှင့် ပတ်သက်ပြီးတော့လည်း ကိုရွှေ ရမည့် နှုန်းထားထက် နှစ်ဆရအောင် တောင်းပေးသည်။ ကိုရွှေ မန္တလေးအပြန်တွင် သီချင်း၃ပုဒ်စာ ရှင်းပေးလိုက်သည်။ကိုရွှေက ပထမဆုံးရသော သီချင်းရေးခကို အမေ့လက်ထဲ ဝမ်းသာအားရ ထည့်ခဲ့သည်။
အဆိုပါ သီချင်းရေးခများကို ထူးအိမ်သင်က ကြိုတင်စိုက်ထုတ်ပေးလိုက်ခြ င်းဖြစ်ကြောင်း နောက်တော့မှ သိရလေသည်။
နိုင်ဇော် အဆုံးအစမဲ့ မိုးသားထဲ သွားရဦးမယ် မှ
Photo by Ko Shwe
ပုံပို့ပေးပါသော ကိုရွှေအား ကျေးဇူးအထူး တင်ပါသည်။
၁၉၈၉/၉၀ ကာလတွင် မန္တလေးမှ သူငယ်ချင်းတစ်ယောက်၏ အခွေ လာသွင်းသော လူငယ် တေးရေး ရွှေဂျော်ဂျော်နှင့် အိုအေစစ် စတူဒီယိုတွင် ဆုံတွေ့တွေ့ချင်း နှစ်နှစ်ကာကာ ခင်မင်သွားကြသည်။
"စကားတွေ ပြောဖြစ်ကြတယ်။ပြောရင်းနဲ့ ပိုပြီး ရင်းနှီးလာတယ်။တစ်ယောက်နဲ့တ
သူကိုယ်တိုင် ကိုရွှေ့ဆီက သီချင်းတွေဝယ်ခဲ့သလို သူများ တခြားလူတွေကိုလည်း ကိုရွှေ့ဆီက သီချင်းတွေဝယ်ဖို့ ညွှန်းသည်။
ပရိုဂျူဆာနှင့် မိတ်ဆက်ပေးရာတွင် `ဒါ ကျွန်တော့် သီချင်းရေးဆရာပဲ´ဟု မာမာတင်းတင်း ပွဲထုတ် ပေးခဲ့သည်။ကိုရွှေက လန့်ပင် လန့်သွားသည်။ ထူးအိမ်သင်လို သီချင်းကောင်းတွေ ကျွမ်းကျွမ်းကျင်ကျင် ရေးတတ်သူက သူ၏ သီချင်းရေးဆရာဟု ရည်ညွှန်းတာကို ယုံရမှာပင် ကိုရွှေဂျော်ဂျော် မဝံ့မရဲ ဖြစ်ခဲ့သည်။သို့သော် သူ့သီချင်းတွေ ဝယ်ယူခဲ့တာ လူကိုခင်၍ မဟုတ်ချေ။
`ကျွန်တော်က သီချင်းမကြိုက်ရင် ယူဆိုစရာ အကြောင်းကို မရှိဘူး´ဟု ကိုရွှေ့ကို ပြောခဲ့သည်။
သီချင်းရေးခနှင့် ပတ်သက်ပြီးတော့လည်း ကိုရွှေ ရမည့် နှုန်းထားထက် နှစ်ဆရအောင် တောင်းပေးသည်။ ကိုရွှေ မန္တလေးအပြန်တွင် သီချင်း၃ပုဒ်စာ ရှင်းပေးလိုက်သည်။ကိုရွှေက ပထမဆုံးရသော သီချင်းရေးခကို အမေ့လက်ထဲ ဝမ်းသာအားရ ထည့်ခဲ့သည်။
အဆိုပါ သီချင်းရေးခများကို ထူးအိမ်သင်က ကြိုတင်စိုက်ထုတ်ပေးလိုက်ခြ
နိုင်ဇော် အဆုံးအစမဲ့ မိုးသားထဲ သွားရဦးမယ် မှ
Photo by Ko Shwe
ပုံပို့ပေးပါသော ကိုရွှေအား ကျေးဇူးအထူး တင်ပါသည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။