ပထမအဲလ်ဘမ်မှာ လူသိပ်မသိခဲ့ပေမယ့် ဒုတိယအဲလ်ဘမ် "မိတ်ကပ်မကြိုက်သော သီချင်းများ " မှာတော့ ဝေလဆိုတဲ့ တေးရေး/ တေးဆိုကို ကျွန်တော်တို့ သတိပြုမိပြီး အသိအမှတ်ပြုခဲ့ကြရပါတယ်။ စီဒီတစ်ချပ်လုံးကို ဖင်တစ်ပြန်ခေါင်းတပြန် နားထောင်တဲ့အထိကို ကျွန်တော်တော့ ကြိုက်ပါတယ်။ Album နောက်ဆုံး အပိတ်သီချင်း ၊ HIV ပညာပေး သီချင်းလည်း ဖြစ်တဲ့ "Virus" ဆိုရင် အောင်ဖြိုးတို့ ညလင်းထယ်တို့ ၀င်ဟဲထားတဲ့အပြင် BigBag အဖွဲ့ တီးပေးထားတော့ သီချင်းတစ်ပုဒ်လုံးက ကြွတက်နေတာပဲ။ သူ့ရဲ့ အကြောင်း အမေးအဖြေ လေးတွေကို ခင်ဗျားတို့လည်း ကြိုက်မယ် ယုံကြည်လို့ ခုအင်တာဗျုး တိုတိုလေး တစ်ခု တွေ့တာနဲ့ ချက်ချင်း တင်ပေးလိုက်ပါတယ်။
-------------------------- -------------------------- -----------------
+ မိတ်ကပ်မကြိုက်သော သီချင်းများ အခွေနဲ့ပတ်သက်ပြီး ပရိသက်တွေရဲ့ အားပေးမှုက ကျေနပ်စရာကောင်းတယ်လို့ ပြောလို့ရလား...
- လောလောဆယ် ကျွန်တော်ကြားရသလောက်ကတော့ အခွေလည်း ရောင်းရတယ်။ ပြီးတော့ အခွေထဲမှာပါတဲ့ "ခင်လေးစိမ်းတယ်" နဲ့ "ပြတ်တုန်းလပ်တုန်း၂၃" သီချင်းနှစ်ပုဒ်ကိုလည်း ပရိသက်က တော်တော်လေး ကြိုက်ကြတယ်လို့ ပြောသံကြားတယ်။ အခုလို ပရိသတ်တွေ အားပေးတော့ ၀မ်းသာပါတယ်။ ကိုယ့်ဘာသာကိုယ် စိတ်ကြိုက် သေသေချာချာလေး လုပ်ထားတဲ့ အခွေက ကိုယ်ကြိုးစားထားသလောက် အရာထင်တဲ့အတွက်လည်း ပျော်ပါတယ်။
+ အခွေထဲမှာပါတဲ့ သီချင်းပုံစံလေးတွေကို ဘယ်လိုမျိုး စိတ်ကူးနဲ့ တစ်မျိုးဆန်းပြီး ဖန်တီးထားတာလဲ။
- သီချင်းတွေက ကျွန်တော်ကြိုက်တဲ့ Music ပုံစံတွေကိုပဲ လုပ်ထားတာပါ။ ပြီးတော့ ကျွန်တော်က သီချင်းရေးတဲ့ အခါကျရင် သူများရေးတဲ့ ပုံစံတွေနဲ့ မတူဘဲ ကွဲထွက်တဲ့ ပုံစံရေးနေကျ အကျင့်ရှိတယ်။ သီချင်း နားထောင်တဲ့ အခါကျရင်လည်း လူသိပ်မကြိုက်တဲ့ သီချင်းမျိုးကို ရှာပြီး နားထောင်တာဆိုတော့ ဒီလိုမျိုး သီချင်းစာသားလေးတွေ ထွက်လာတာပါ။
+ပရိသက်တွေ အနေနဲ့ ကိုယ့်ရဲ့ Music ပုံစံကို ဘယ်လောက်ထိ လက်ခံမယ်လို့ မျှော်လင့်ထားလဲ..။
- အရသာ အသစ်ကြိုက်တဲ့ ပရိသက်တွေ အနေနဲ့တော့ လက်ခံအားပေးမယ်လို့ ထင်ပါတယ်။ သမားရိုးကျ အတိုင်းကြီး လည်ပတ်နေတဲ့ အထဲမှာ Music ပုံစံ အသစ်အဆန်းကို ကြားချင်ကြတဲ့ ပရိသတ်တွေကတော့ ကြိုက်ကြမယ် ထင်မိတယ်။ အဲဒီအတွက်လည်း အများကြီး မျှော်လင့်ထားပါတယ်။
+ ကိုယ့်ရဲ့ Music ပုံစံကိုရော ဘယ်လိုမျိုး ခေါင်းစဉ်တပ်ထားလဲ။
- ကျွန်တော်ကတော့ ဘယ်လို Music ပုံစံမျိုးဆိုပြီး ခေါင်းစဉ်မတပ်ထားပါဘူး။ Rock ပုံစံတွေထဲကနေပဲ ကွဲထွက်လာတာပါ။ အဓိကကတော့ ခေါင်းစဉ်တပ်တာထက် ကိုယ်လုပ်ချင်တဲ့ Music ကု ကိုယ်လုပ်လိုက်တဲ့ သဘောပါ။
+ ကိုယ်ပုံဖော်ထားတဲ့ Music ပုံစံမျိုးကို မျိုးဆက်သစ် လူငယ်အဆိုတော်တွေက လိုက်ပြီး ထုဆစ်ကြမယ်ဆိုရင်ရော....
- ကိုယ့်အတွက်ပိုပြီး ကောင်းရင်လည်း ကောင်းသွားနိုင်တာပေါ့။ ဘာကြောင့်လဲ ဆိုတော့ အခုတက်လာတဲ့ လူငယ်တွေ အကုန်လုံးက အရမ်းတော်ကြတာလေ။ အဲဒီတော့ ကိုယ့်ထက်လည်း ကောင်းရင်ကောင်းသွားနိုင်ပါ တယ်။
+ MTV ရိုက်ကူးဖို့ စီစဉ်နေပြီလား...
- MTV ရိုက်ဖို့အတွက် စပြီးတော့ ကြိုးစားတုန်းပါ။ ဒါရိုက်တာတွေနဲ့လည်း ပြောထားတာတွေ ရှိပါတယ်။ သီချင်းသုံးပုဒ်ကို စပြီးတော့ ရိုက်မယ်။ ပထမတစ်ကိုယ်တော် ခွေတုန်းက MTV မထွက်ဖြစ်လိုက်တဲ့ အတွက်ဒီအခွေကိုတော့ အမြန်ဆုံး ထွက်နိုင်အောင် ရိုက်သွားမှာပါ။
+ ဒါဆို MTV ကို ဘယ်တော့လောက်စရိုက်သွားမှာလဲ..
- MTV ကို စက်တင်ဘာလောက်မှာ စရိုက်သွားမယ်။ ရိုက်မယ့် MTV ပုံစံတွေကတော့ ကျွန်တော့် သီချင်းအများစုက Story များတဲ့အတွက် Story ပုံစံတွေပဲ များမယ်။ ပြီးတော့ " ခင်လေးစိမ်းတယ် " သီချင်းကိုလည်း အသိအစ်မတစ်ယောက်ကို အကူအညီ တောင်းထားတယ်။ သူကလည်း ရိုက်ပေးမယ်ပြောတယ်။ ကျွန်တော် စဉ်းစားထားတာက အဲဒီသီချင်းကို မြန်မာဆန်ဆန်လေး ဖြစ်အောင် ဗိုလ်အောင်ဒင် ခေတ်ကပုံစံမျိုး ဘိုကေတွေ ဆံရစ်ဝိုင်းတွေနဲ့ ရိုက်မယ်လို့ စိတ်ကူးထားတယ်။
+ ပရိသက်ကြီးကိုရော..
ပရိသက်ကြီး ပြောချင်တာက သီချင်းတွေကိုချစ်ကြပါ ။။ ကျွန်တော် ကိုယ်တိုင်လည်း တတ်သလောက်၊ မှတ်သလောက်လေးနဲ့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားပြီး လုပ်နေပါတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ သီချင်းတွေကို ပရိသက်ကြီးက နားထောင်ပေးတဲ့အတွက်လည်း အများကြီး ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။
#မေးမြန်းသူ - ၀င်းထွန်းနိုင် { 8Days အတွဲ (6) အမှတ် (17) August 2014 }
--------------------------
+ မိတ်ကပ်မကြိုက်သော သီချင်းများ အခွေနဲ့ပတ်သက်ပြီး ပရိသက်တွေရဲ့ အားပေးမှုက ကျေနပ်စရာကောင်းတယ်လို့ ပြောလို့ရလား...
- လောလောဆယ် ကျွန်တော်ကြားရသလောက်ကတော့ အခွေလည်း ရောင်းရတယ်။ ပြီးတော့ အခွေထဲမှာပါတဲ့ "ခင်လေးစိမ်းတယ်" နဲ့ "ပြတ်တုန်းလပ်တုန်း၂၃" သီချင်းနှစ်ပုဒ်ကိုလည်း ပရိသက်က တော်တော်လေး ကြိုက်ကြတယ်လို့ ပြောသံကြားတယ်။ အခုလို ပရိသတ်တွေ အားပေးတော့ ၀မ်းသာပါတယ်။ ကိုယ့်ဘာသာကိုယ် စိတ်ကြိုက် သေသေချာချာလေး လုပ်ထားတဲ့ အခွေက ကိုယ်ကြိုးစားထားသလောက် အရာထင်တဲ့အတွက်လည်း ပျော်ပါတယ်။
+ အခွေထဲမှာပါတဲ့ သီချင်းပုံစံလေးတွေကို ဘယ်လိုမျိုး စိတ်ကူးနဲ့ တစ်မျိုးဆန်းပြီး ဖန်တီးထားတာလဲ။
- သီချင်းတွေက ကျွန်တော်ကြိုက်တဲ့ Music ပုံစံတွေကိုပဲ လုပ်ထားတာပါ။ ပြီးတော့ ကျွန်တော်က သီချင်းရေးတဲ့ အခါကျရင် သူများရေးတဲ့ ပုံစံတွေနဲ့ မတူဘဲ ကွဲထွက်တဲ့ ပုံစံရေးနေကျ အကျင့်ရှိတယ်။ သီချင်း နားထောင်တဲ့ အခါကျရင်လည်း လူသိပ်မကြိုက်တဲ့ သီချင်းမျိုးကို ရှာပြီး နားထောင်တာဆိုတော့ ဒီလိုမျိုး သီချင်းစာသားလေးတွေ ထွက်လာတာပါ။
+ပရိသက်တွေ အနေနဲ့ ကိုယ့်ရဲ့ Music ပုံစံကို ဘယ်လောက်ထိ လက်ခံမယ်လို့ မျှော်လင့်ထားလဲ..။
- အရသာ အသစ်ကြိုက်တဲ့ ပရိသက်တွေ အနေနဲ့တော့ လက်ခံအားပေးမယ်လို့ ထင်ပါတယ်။ သမားရိုးကျ အတိုင်းကြီး လည်ပတ်နေတဲ့ အထဲမှာ Music ပုံစံ အသစ်အဆန်းကို ကြားချင်ကြတဲ့ ပရိသတ်တွေကတော့ ကြိုက်ကြမယ် ထင်မိတယ်။ အဲဒီအတွက်လည်း အများကြီး မျှော်လင့်ထားပါတယ်။
+ ကိုယ့်ရဲ့ Music ပုံစံကိုရော ဘယ်လိုမျိုး ခေါင်းစဉ်တပ်ထားလဲ။
- ကျွန်တော်ကတော့ ဘယ်လို Music ပုံစံမျိုးဆိုပြီး ခေါင်းစဉ်မတပ်ထားပါဘူး။ Rock ပုံစံတွေထဲကနေပဲ ကွဲထွက်လာတာပါ။ အဓိကကတော့ ခေါင်းစဉ်တပ်တာထက် ကိုယ်လုပ်ချင်တဲ့ Music ကု ကိုယ်လုပ်လိုက်တဲ့ သဘောပါ။
+ ကိုယ်ပုံဖော်ထားတဲ့ Music ပုံစံမျိုးကို မျိုးဆက်သစ် လူငယ်အဆိုတော်တွေက လိုက်ပြီး ထုဆစ်ကြမယ်ဆိုရင်ရော....
- ကိုယ့်အတွက်ပိုပြီး ကောင်းရင်လည်း ကောင်းသွားနိုင်တာပေါ့။ ဘာကြောင့်လဲ ဆိုတော့ အခုတက်လာတဲ့ လူငယ်တွေ အကုန်လုံးက အရမ်းတော်ကြတာလေ။ အဲဒီတော့ ကိုယ့်ထက်လည်း ကောင်းရင်ကောင်းသွားနိုင်ပါ
+ MTV ရိုက်ကူးဖို့ စီစဉ်နေပြီလား...
- MTV ရိုက်ဖို့အတွက် စပြီးတော့ ကြိုးစားတုန်းပါ။ ဒါရိုက်တာတွေနဲ့လည်း ပြောထားတာတွေ ရှိပါတယ်။ သီချင်းသုံးပုဒ်ကို စပြီးတော့ ရိုက်မယ်။ ပထမတစ်ကိုယ်တော် ခွေတုန်းက MTV မထွက်ဖြစ်လိုက်တဲ့ အတွက်ဒီအခွေကိုတော့ အမြန်ဆုံး ထွက်နိုင်အောင် ရိုက်သွားမှာပါ။
+ ဒါဆို MTV ကို ဘယ်တော့လောက်စရိုက်သွားမှာလ
- MTV ကို စက်တင်ဘာလောက်မှာ စရိုက်သွားမယ်။ ရိုက်မယ့် MTV ပုံစံတွေကတော့ ကျွန်တော့် သီချင်းအများစုက Story များတဲ့အတွက် Story ပုံစံတွေပဲ များမယ်။ ပြီးတော့ " ခင်လေးစိမ်းတယ် " သီချင်းကိုလည်း အသိအစ်မတစ်ယောက်ကို အကူအညီ တောင်းထားတယ်။ သူကလည်း ရိုက်ပေးမယ်ပြောတယ်။ ကျွန်တော် စဉ်းစားထားတာက အဲဒီသီချင်းကို မြန်မာဆန်ဆန်လေး ဖြစ်အောင် ဗိုလ်အောင်ဒင် ခေတ်ကပုံစံမျိုး ဘိုကေတွေ ဆံရစ်ဝိုင်းတွေနဲ့ ရိုက်မယ်လို့ စိတ်ကူးထားတယ်။
+ ပရိသက်ကြီးကိုရော..
ပရိသက်ကြီး ပြောချင်တာက သီချင်းတွေကိုချစ်ကြပါ ။။ ကျွန်တော် ကိုယ်တိုင်လည်း တတ်သလောက်၊ မှတ်သလောက်လေးနဲ့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားပြီး လုပ်နေပါတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ သီချင်းတွေကို ပရိသက်ကြီးက နားထောင်ပေးတဲ့အတွက်လည်း အများကြီး ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။
#မေးမြန်းသူ - ၀င်းထွန်းနိုင် { 8Days အတွဲ (6) အမှတ် (17) August 2014 }
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။