Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, June 21, 2014

ရင်သွေးရတနာစောင့်ရှောက်ပါ

ရင်သွေးရတနာစောင့်ရှောက်ပါ
----------------------------------------------------------------
https://www.facebook.com/hnaingyintnway
------------------------------------------------------------------
ကျွန်တော်တို့တွေဟာ မိဘတွေ ဒါမှမဟုတ် တစ်ချိန်မှာ မိဘဖြစ်လာမယ့်သူတွေဖြစ်ပါတယ်.... ဒီကနေ့ခေတ်မိဘတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကလည်း အများအပြားရှိပါတယ်... စိမ်ခေါ်မှုတွေများနေတဲ့ ခေတ်ကာလမှာ စားဝတ်နေရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စအဝဝကို နေ့စဉ်နဲ့အမျှ ရင်ဆိုင်ဖြေရှင်းနေရပါတယ်.... အဲ့ဒီကြားထဲမှာ မိမိရင်သွေးတွေကို အချိန်တန်အရွယ်ရောက်တဲ့အထိ ဘေးအန္တရာယ်ကင်းကင်းနဲ့ စိတ်ပိုင်း ရုပ်ပိုင်းတိုးတက်မှုရှိအောင် ထိန်းသိမ်းသွားဖို့ဆိုတာ လွယ်ကူတဲ့ အလုပ်မဟုတ်ပါဘူး...

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာနဲ့ အဝှမ်းမှာ ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန်မှုဖြစ်ပွားနှုန်းဟာ တစ်နေ့ထက်တစ်နေ့ ပိုပြီးမြင့်လားလာပါတယ်... ဒီလိုအဖြစ်မျိုးတွေက ရှောင်ကျဉ်နိုင်ဖို့အတွက် သင့်ရင်သွေးငယ်တွေကို ငယ်စဉ်ကတည်းက သင်ကြားစောင့်ရှောက်နိုင်မယ့် နည်းလမ်းတစ်ချို့ကို ဒီနေရာကနေ အကြံပြုတင်ဆက်လိုက်ပါတယ်.....
၁) သင့်သမီးငယ်လေးတွေကို ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် သူတို့ရဲ့ ဦးလေးတွေအပါအဝင် တခြားသူတွေရဲ့ ပေါင်ပေါ်မှာ မထိုင်ဖို့ ဆုံးမထားပါ....
၂) သင့်ကလေး အသက် ၂ နှစ်အရွယ်ရောက်တာနဲ့ သူတို့ရဲ့ ရှေ့မှာ အဝတ်အစားလဲခြင်းကနေ ရှောင်ပါ... သင်ကိုယ်တိုင်ဆင်ခြင်ဖို့လိုသလို သင့်ကလေးတွေကိုလည်း အဝတ်လဲတဲ့အချိန် ရှောင်တတ်အောင် သင်ပေးထားဖို့လိုပါတယ်...
၃) သင့်ကလေးကို တခြားအရွယ်ရောက်ပြီးတဲ့ ဘယ်သူကမှ ဇနီး/ခင်ပွန်း/ မိန်းမ/ယောက်ျား ဆိုတဲ့အသုံးအနှုန်းတွေနဲ့ ရည်ညွှန်းပြောဆိုတာမျိုးကို ခွင့်မပြုပါနဲ့...
၎) သင့်ကလေးက သူတို့သူငယ်ချင်းတွေနဲ့ ကစားဖို့သွားတဲ့အခါတိုင်း သူတို့ဘယ်နေရာမှာ ဘယ်လိုကစားတယ်ဆိုတာ သိနိုင်ဖို့ နည်းလမ်းရှာထားပါ... အခုခေတ်မှာ ကလေးအချင်းချင်းကလည်း လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေကို ပြုလုပ်တတ်ကြပါတယ်...
၅) သင့်ကလေးတွေက မနှစ်သက်တဲ့ အရွယ်ရောက်ပြီးသူတစ်ယောက်ယောက် ဆီကို အတင်းအကြပ် အလည်သွားစေတာမျိုး မလုပ်သင့်သလို အရွယ်ရောက်ပြီးသူတစ်ယောက်ယောက်အပေါ် သင့်ကလေးက အရမ်းတွယ်တာနေတယ်ဆိုရင်လည်း စောင့်ကြည့်တာမျိုးလုပ်သင့်ပါတယ်...
၆) သင့်ကလေးငယ်တစ်ယောက်ယောက်က ရုတ်တရက် အထီးတည်းနေနေပြီဆိုရင် သင့်အနေနဲ့ ကလေးကို စိတ်ရှည်ရှည်နဲ့ မေးခွန်းများများမေးဖို့လိုလာပါပြီ....
၇) သင့်ရင်သွေးတွေကို အသက်အရွယ်အပိုင်းအခြားအလိုက် မှန်ကန်တဲ့ လိင်အသိပညာပေးတာမျိုးကို ဂရုတစိုက်လုပ်သင့်ပါတယ်... သင်က မသင့်တော်ဘူးထင်လို့ မသင်ပေးခဲ့မိဘူးဆိုရင် ကလေးရဲ့လူမှုပတ်ဝန်းကျင်ကနေ အမှားတွေကို သင်ပေးသွားပါလိမ့်မယ်...
၈) ကာတွန်းစာအုပ်တွေလိုမျိုး အသစ်အဆန်းတစ်ခုခုကို ကလေးတွေအနေနဲ့ သူတို့ဘာသာရှာပြီး မစမ်းသပ်ခင်မှာ သင်ကိုယ်တိုင်ရွေးချယ်ဝယ်ယူပေးတာအကောင်းဆုံးပါပဲ...
၉) သင့်အိမ်တွင်းမှာတပ်ဆင်ထားတဲ့ ကွန်ရက်တွေ၊ ကလေးတွေ မကြာခဏသွားလည်လေ့ရှိတဲ့ သင့်ဆွေမျိုး/မိတ်ဆွေတွေအိမ်မှာ တပ်ဆင်ထားတဲ့ကွန်ရက်တွေကနေတစ်ဆင့် ကလေးတွေရဲ့ အင်တာနက်အသုံးပြုမှုကို ထိန်းချုပ်ကန့်သတ်မှုတွေ သေချာလုပ်သင့်ပါတယ်.... ဖုန်းနဲ့ အင်တာနက်မသုံးဖို့လည်း စီမံထားသင့်ပါတယ်...
၁၀) သင့်ကလေး အသက် ၃ နှစ်သား ရောက်တဲ့အချိန်မှာ သူတို့ရဲ့ လိင်အင်္ဂါတွေကို မှန်မှန်ကန်ကန် ဆေးကြောသန့်စင်တတ်အောင် သင်ပေးရပါမယ်... အဲ့ဒီနေရာတွေကို သင်အပါအဝင် ဘယ်သူကမှ မထိတွေ့ မကိုင်တွယ်စေဖို့လည်း မှာကြားထားရပါမယ်... (ပြဿနာတွေရဲ့ အရင်းခံက အိမ်တွင်းကစတတ်တယ်ဆိုတာကို သတိပြုစေချင်ပါတယ်...)
၁၁) သင့်ရင်သွေးတွေရဲ့ ဆင်ခြင်တုံ့တရားအပေါ် ခြိမ်းခြောက်နိုင်တဲ့ အရာဝတ္ထုပစ္စည်းတွေ... အပေါင်းအသင်းတွေ (သီချင်း၊ ရုပ်ရှင်၊ မိတ်ဆွေသူငယ်ချင်းနဲ့ မိသားစုဝင်များအပါအဝင်) ကို စာရင်းပြုစုပြီး စောင့်ကြည့်ထိန်းချုပ်ထားဖို့လိုပါမယ်...
၁၂) သင့်ကလေးက တစ်ယောက်ယောက်အကြောင်း တိုင်တန်းပြောဆိုလာခဲ့ရင် စိတ်မဝင်စားဘဲ နှုတ်ဆိတ်နေတာမျိုး မလုပ်ပါနဲ့... ပြဿနာကိုလေ့လာပြီး သူတို့ကို သင်အကာအကွယ်ပေးနိုင်ကြောင်း သက်သေပြရပါမယ်...
----------------------------------------------------------------
Ref: Zindagi Gulzar Hai

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။