(ဂီတ ပေခ့်ျတစ်ခုမှာ ဆရာချစ်ရဲ့ The Voice Weekly ပါ အင်တာဗျူးကို တင်ခဲ့ပါတယ်။ အဲဒီ အင်တာဗျူးပါ အချက် အလက်တွေထဲက သူ သဘောမတူ မှားယွင်းနေတာတွေကို ဆရာချစ်က ထောက်ပြခဲ့ပါတယ်။ သူ့ရဲ့ ရိုးသားမှုနဲ့ နှိမ့်ချမှုကို သူ့ရဲ့ကွန်မန့်မှာ မြင်နိုင်ပါတယ်။ Long Live Sir Chit . Respect...
ဆရာချစ် ထောက်ပြခဲ့တဲ့ အင်တာဗျူး အပြည့်အစုံကို ဒီလင့်ခ်မှာ ကျွန်တော်တို့ တင်ခဲ့ဖူးပါတယ် >> http://goo.gl/qzmuIM )
ဆရာချစ် ထောက်ပြခဲ့တဲ့ အင်တာဗျူး အပြည့်အစုံကို ဒီလင့်ခ်မှာ ကျွန်တော်တို့ တင်ခဲ့ဖူးပါတယ် >> http://goo.gl/qzmuIM )
## #Csm Ptl ကျွန်တော် ချစ်စမ်းမောင်ပါ၊ဒီ post တင်ပေးတဲ့ Rock N Roll ကိုကျေးဇူးအထူးတင်ပါတယ် လိုအပ်တာလေး ဖြည့်ပြောချင်ပါတယ်၊ကျွန်တော်က စကားမကြွယ်ပါဘူး ပြောရင်စကားအမှားပါလွန်းလို့  နောက်ပိုင်းဆို စာရေးပြီးမှ ဖြေလေ့ရှိပါတယ်၊ဒီဟာက လက်တန်းဖြေခဲ့တာဆိုတော့ သတင်းထောက်ကလည်း ကျွန်တော့ရဲ့ စကားကိုဆီလျှော်အောင်ရေးပုံရပါတယ်၊
ဒါကြောင့်၁၊ ကျွန်တော့ကိုအတော်ဆုံးလို့အသိအမှတ်ပြုတဲ့အတွက်ဆိုတဲ့စကား ကိုကျွန်တော်ဘယ်သောအခါမှမျပြာထွက်ပါဘူး ဘုရားသိပါတယ် မေးခွန်းအပေါ် လိုက်ပြီးဝမ်းသာပါတယ်လို့ပြောမိတာဖြစ်နိုင်ပါတယ် အခုကမေးခွန်းမပါပဲအဖြေonlyဆိုတော့လွဲသွားတာပါ
၂-တကယ်တော့ ကျွန်တော်တကယ်အားကျခဲ့တဲ့ Guitarist တွေအများကြီးရှိပါသေးတယ် ထပ်ဖြည့်ရရင် သင်တန်းကြေး ၅၀ကျပ်ပဲယူပေးခဲ့ တာတောင်မှန်မှန်မပေးနိုင်လို့ free သင်ပေးခဲ့တဲ့ ဆရာကိုစိုင်း၊ပြီတော့ ကျွန်တော်တို့ စတီးချိန်မှာ အရမ်းနာမည်ကြီးနေတဲ့ အင်ပါယာ-ကိုဇော်မျိုးထွဠ် နဲ့ တဖွဲ့လုံးအပြင် နာမည်မဖေါ်ပြပေမဲ့ ကျွန်တော့ထက် အတွေ့အကြုံရင့်တဲ့ Player ကြီးတွေက ကျွန်တော့ရဲ့ Ever Hero တွေပါ၊ပြီတော့ Dr,David Yone Mo၊ကျွန်တော့ခြောက်ကြိုးကဝေကို ဖီလင်အပြည့်နဲ့ ထုတ်ပေးခဲ့တဲ့ ကိုဇော်ဝင်း Metal Zone နဲ့ကိုစန်းချိုလင်းAces၊ကိုလွှမ်းမိုး-တေးသံရှင် တို့ က ကျွန်တော့ကို တွန်းအားပေးခဲ့တဲ့ ပုဂိုလ်တွေပါ
၃၊ ခုအချိန်မှာ ဂီတာပေါင်းများစွာပိုင်ဆိုင်နေပါပြီ ဆိုတဲ့စကားလုံးက တော်တော်နားခါးမိပါတယ် ကျွန်တော် မကြိုက်ဆုံးက မိမိကိုယ်ကိုအထင်ကြီးခြင်းပါ အဲဒီစကားကျွန်တော် တသတ်လုံးမပြောမဲ့စကားပါ မေးသူရေးသူ ကိုလည်းအပြစ်မတင်ချင်ပါဘူး အပြန်အလှန်ပြောတဲ့စကားကို စာစီလိုက်လို့ လွဲကုန်တာပါ
ကျွန်တော်ပြောချင်တာတော့ဒီလောက်ပါပဲ ဖတ်တဲ့သူတွေနားလည်စေချင်လို့ပါ အားလုံးကိုကျေးဇူးပါ၊၊
Unlike · Reply · 14 · 12 hours ago ###
Photo Credit : Jonathan Dzai
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။