Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, June 29, 2014

သကောင့်သားခမျာမှာ.. ( Credit- ငရဲသား)

သကောင့်သားခမျာမှာ.. ( Credit- ငရဲသား)
===============

ဟိုနေ့က..
စက်ရုံထဲက..ထွက်လာတဲ့..
ပုံစံခွက်ဦးနှောက်ပိုင်ရှင
သယ်ရင်းတစ်ကောင်နဲ့ အငြင်းပွားခဲ့တယ်။

သူနဲ့ တပ်မတော်ဘတ်ဂျက်အကြောင်းပြောရင်းနဲ့..
အဲဒီကောင်က ကျွန်တော့ကို...
ပြည်သူတွေက အခွန်တောင်..
ဆောင်တာ မဟုတ်ဘူး လို့ ပြောတယ်။

အဲဒါကြောင့် သူတို့တွေဟာ...
ပြည်သူတွေရဲ့လုပ်စာကို...
စားနေရတာ မဟုတ်ဘူးဆိုတဲ့ ဆိုလိုရင်းပါ။

ကျွန်တော်က.....ဒီလိုပြောလိုက်တယ်..

-----------

(1)

" မင်းကို ဥပမာတစ်ခုပေးမယ် ...

ကားအစီးရေ နှစ်သိန်းကျော် ကို
CIF နဲ့ ကညန ခွန် ရောရာ
တစ်စီး သိန်း ၁၀၀ ပဲထား။

စုစုပေါင်း ကျပ်သန်းပေါင်း နှစ်သန်း ...။

ဆိုင်ကယ် တစ်စီးကို ငါးသောင်းနှုန်းနဲ့
၂၀၁၂ မှာ ကောက်ခံခဲ့တဲ့ ကညန ခွန်က ..
ဆိုင်ကယ် အစီး တစ်သန်း(အနည်းဆုံး) ဆိုရင်
စုစုပေါင်း ကျပ် သန်းပေါင်း ငါးသောင်း ...

အဆောက်အဦး တစ်လုံး တည်ဆောက်မယ် ဆိုရင်..
စည်ပင်နဲ့ အိုးအိမ် စတာတွေကို...
ရှောင်လို့ မရတဲ့ အခွန်ငွေက တစ်လုံးကို ..
အနည်းဆုံး တစ်သိန်း။

အထပ်မြင့်တိုက်ဆောက်မယ်ဆိုရင်တော့..
ဘယ်လောက်ရှိမလဲ သဘောပေါက်..

တစ်နိုင်ငံလုံးမှာ အထပ်နိမ့် ၊ အထပ်မြင့်..
အဆောက်အဦးသစ်ပေါင်း
ဘယ်လောက် ဆောက်နေလဲ.?
ငွေဘယ်လောက် ရနေသလဲ...?

ပြီးတော့ ငြင်းလို့မရတဲ့.. ဘာခွန်ညာခွန်.၊
လမ်း၊ တံတားဖြတ်ခ၊ ကားရပ်နားခ၊
အဲဒါတွေက နေ့စဉ်တွေ့နေရတဲ့ဟာတွေ..၊

နောက်တစ်ချက်က

တစ်နိုင်ငံလုံးက..
အိမ်ထောင်စုတွေနေ့စဉ်တွေ့နေရတဲ့..
အိမ်ခွန်၊ ရေခွန်၊ မီးခွန်၊ အမှိုက်ခွန်
အပါအ၀င် ဈေးတွေမှာ နေ့စဉ် လစဉ် လာကာက်နေတဲ့
ဈေးကောက် တွေ..ကရော ဘယ်လောက် ရှိသလဲ ...။

ဒါ လုံးဝ လုံးဝ ရှောင်လို့မရတဲ့ အခွန်ငွေတွေနော် ..."

--------------------------

(2)

" သွယ်ဝိုက်တာတွေပြောမယ်...

တကယ့် အကြီးကြီးတွေကို ထောက်ပြမယ်..

စည်ပင်နဲ့ အိုးအိမ် ဦးစီး ဌာနက
ပြည်သူပိုင်လယ်တွေကို
အဆမတန်ဈေးနဲ့ သိမ်းပြီး
ခရိုနီတွေ ၊ကုမ္ပဏီတွေကို ..
ဈေးကြီးနဲ့ ပြန်ရောင်းတာတွေ၊
အကွက်ရိုက် ပြန်ရောင်းတာတွေက
ဘယ်လောက်ရှိသလဲ။
အဲဒီက ကျပ် သန်းပေါင်း
ဘယ်လောက် ၀င်သလဲ.?

နောက်ဆုံးကွာ ပြည်သူ မီး အပျက်ခံပြီး
တိုင်းတပါးကိုရောင်းစားထားတဲ့ ..
Gas တစ်ခုတည်းကရတဲ့ငွေက
ဒေါ်လာဘီလီယံပေါင်း များစွာ....
တစ်နှစ် ဒေါ်လာသန်း ၃၆၀၀ ရှိတယ်၊

အဲဒီဂက်စ်ရောင်းရငွေတွေကို..
နိုင်ငံခြားက ပေးချေရင်..ဒေါ်လာနဲ့လက်ခံတယ်..
ပြင်ပဒေါ်လာပေါက်ဈေးနဲ့ ..မြန်မာငွေပြန်လဲတယ်..၊
ပြီးရင်...တစ်ဒေါ်လာ(၆) ကျပ်ခွဲနှုန်းနဲ့ဖြတ်ပြီး
တရားဝင် ဘဏ္ဍာငွေထဲကိုသွင်းတယ်..
တစ်ဒေါ်လာကိုငွေတစ်ထောင်ကျော်နှုန်းအသားတင်ကျန်ပြီ..

ကျန်တဲ့ ဟာတွေကိုမပြောသေးဘူး..
အဲဒီတစ်ခုတည်းနဲ့တင်...
မြန်မာငွေဘီလီယံရာနဲ့ချီ အိတ်ထဲထည့်နေကြတယ်..၊

သစ် ၊ ရွှေ ၊ ကျောက်မြက် ၊ကြေးနီ မပါသေးဘူး..၊

စစ်တပ်ကိုကျောထောက်နောက်ခံပြုထားတဲ့
ဦးပိုင်ရဲ့ လုပ်ငန်းပေါင်း (၁၀၀)ကျော်က .
အမြတ်တွေထည့်မပေါင်းသေးဘူးနော်..."

တစ်ချို့က ဦးပိုင်ကောင်းကြောင်းသာလော်ဘီလုပ်နေတာ
ဦးပိုင်ရဲ့ ငွေစာရင်းရှင်းတမ်းတွေချပြဖို့..
ဘယ်နွားမှ မထောက်ပြရဲဘူးလေ...။

အဲဒီတော့...

လွှတ်တော်မှာ တပ်မတော်က နိုင်ငံတော် ..
ဘတ်ဂျက်တောင်းတာက ..
ကျပ်သန်းပေါင်း ၁.၆ သန်း
ကျော်ပဲ ရှိတယ်။

ဘတ်ဂျက်နည်းတော့ နည်းတယ်လုပ်ကြတယ်..

သူတို့အိတ်ထဲ ရောက်တာဘယ်လောက်လဲ..
မင်းမတွေးဘူးလား.. "

--------------------

(3)

" အဲ ...။

တစ်ခုရှိတာက

အဲဒီ ငွေကြေးတွေ အဆင့်ဆင့်
ဇာတ်တူသား စားရင်းနဲ့ ..

မင်းတို့လက်ထဲရောက်တော့ ..
အရိုးပဲ ကျန်တာတော့
တပ်ရေးဗိုလ်ကြီး လုပ်ခဲ့တဲ့ မင်းအသိဆုံးပါ။

အထက်က ပေးတဲ့ မဖြစ်စလောက်ငွေနဲ့.
လိုင်းခန်းဆောက်လို့မလောက်တော့ ..
ဘယ်လို လုပ်ခဲ့သလဲ..
မင်းအသိဆုံး။

အဲဒါကို online ပေါ်မှာ ...
အောက်ခြေရဲဘော်တွေကို..
သနားစရာ ဖြစ်အောင်မျက်ရည်ချူပွဲ ဆင်နွဲနေတဲ့..
ရဲမိုးတို့ OE တို့ ဒိုင်တွေ
မင်းဝင်နေတာ လည်း မင်းကိုယ်မင်း သိတယ်။

သူတို့က အဲဒီလို ကိစ္စတွေကို
ဘယ်တုန်းက ရေးရဲခဲ့သလဲ ...

အဆင့်ဆင့် ဂါရ၀ ပြုနေတဲ့ လုပ်ငန်းစဉ်နဲ့..
တစ်သက်လုံး အရိုးစွဲလာတဲ့ ဇာတ်တူသားစားဖြစ်စဉ်..

အဲဒါကို စစ်တပ်ကိုချစ်ပါတယ် ဆိုတဲ့သူတွေ ..
ရေးရဲသလား..

ချစ်ရဲရင်....ရေးရဲရမယ်....
သဘောပေါက်တယ်နော်.."

------------------------

(4)

" အခုလဲ...မင်းသိတဲ့အတိုင်းပဲ..

ငါတို့က သယံဇာတတွေပြောင်သလောက်..
တိုင်းပြည်ဘာမှဖြစ်မလာတဲ့အတွက်
မင်းတို့ကိုထောက်ပြတယ်..

မင်းတို့က လေယာဉ်တွေဘယ်လောက်ဝယ်ရတယ်
သေဘော်တွေဘယ်လောက်ဆောက်ရတယ်..လို့
ဆင်ခြေပြန်တက်တယ်...။

ကဲ...ထားပါတော့..

အာဏာရှင်တစ်ဦးချင်းချမ်းသာတဲ့ငွေကို
မတွက်နဲ့ဦးနော်၊
အဲဒါတွေ မပါသေးဘူး..

အခု အစိုးရက ထိထိရောက်ရောက်
ရှင်းမပြနိုင်တဲ့ သူခိုးတွေရဲ့ နိုင်ငံခြားကိုခိုးအပ်တဲ့ငွေ..
(၁၁) ဘီလျံ နဲ့ပဲတွက်ကြည့်....

- MIG-29 အစီး (၂၀) မှ ..
ဒေါ်လာသန်း (၅၇၀) ၀.၅၇ ဘီလီယံ ..
( ၁၁) ဘီလီယံရဲ့ ဆယ်ပုံတစ်ပုံတောင်
ရှိရဲ့လားတွက်ကြည့်..

- ဖရီးဂိတ်တစ်စီး မှ ဘယ်လောက်ကုန်မလဲ..
တွက်ကြည့်...

ကျန်တာမပြောတော့ဘူးကွာ..

ကိုယ့်ဘာသာကိုယ်စဉ်းစား.."

---------------------

(5)

"နောက်ဆုံးပြောလိုက်မယ်ကွာ..

လက်နက်တွေ၊ လေယာဉ်တွေ ..
နည်းပညာပိုင်းဆိုင်ရာ ပစ္စည်းတွေ ..
ရောင်းချိန် ၀ယ်ချိန်တွေမှာ...
ကက၀ယ် ကကထောက်က
ဘတ်တာ ၀ိုက်တာ ကော်မရှင်ရတာတွေ
ထားလိုက်ဦး ..။

တစ်နိုင်ငံလုံးက ပြည်သူတွေ...
ဘယ်သူမှ ၀င်မကြည့် ..
လုံးဝ စိတ်မ၀င်စား၊
တချို့ဆို သိတောင်မသိတဲ့ ..

နေပြည်တော်က ..
တ်ာစစ်သမိုင်းပြတိုက်ကြီးရဲ့..
စုစုပေါင်း ကုန်ကျစရိတ်၊
နေ့စဉ်ကုန်ကျစရိတ် တွေ က..

တပ်ရင်းပေါင်း ဘယ်နှရင်းလောက်ကို
ထောက်ပံနိုင်သလဲ ....၊
မင်း ဘာသာ တွက့်ကြည့်လိုက်တော့ ..။

နောက်ပြီး..
အနှစ်သာရခြင်း ယှဉ်ပြောမယ်ကွာ ...။

အဲဒီ နေပြည်တော်က..
ဗိုလ်ချုပ်ကြေးရုပ်တောင်မရှိတဲ့..
စစ်သမိုင်းပြတိုက်နဲ့....

အဲဒီစစ်သမိုင်းပြတိုက်ရဲ့..
အပုံတစ်ရာပုံတစ်ပုံတောင်မကျယ်ဝန်းတဲ့အပြင်..
တစ်နှစ် တစ်ခါပဲ ဖွင့်ခဲ့ဖူးပြီး
နောက်ပိုင်းမှ...ဖွင့်လှစ်ခဲ့ရတဲ့..

ဘာမှ အကုန်အကျ မရှိခဲ့တဲ့..

တပ်မတ်ာရဲ့ဖခင်..
ဗိုလ်ချုပ်အောင်ဆန်း ပြတိုက် ကို..
လာတဲ့လူဦးရေ ချင်းပဲ....
ယှဉ်ကြည့်သယ်ရင်းရေ..

ယှဉ်ကြည့်...ယှဉ်ကြည့်... "

------------

အဲဒီလို ပြောလိုက် တော့ဗျား..

သကောင့်သား ခမျာမှာ ......

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။