Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, June 26, 2014

နိုးလုလု အာရှကျား မြန်မာ


The Right Time news
Vol-2/No-22
နိုးလုလု အာရှကျား မြန်မာ
ကျွန်တော်တို့တစ်တွေ ''အာရှရဲ့ကျား''တွေ အကြောင်း ပြောခဲ့ကြတာ အတော်ကြာခဲ့ပါပြီ။ အာရှ ဒေသတွင်းမှာ စီးပွားရေးဖွံ့ဖြိုးလာပြီး အဲဒီဖွံ့ဖြိုးတိုး တက်လာမှုကို စဉ်ဆက်မပြတ်တိုးတက်တည်တံ့နေ အောင် စွမ်းဆောင်နိုင်ကြတဲ့ နိုင်ငံတွေကို ''အာရှ ကျား'' ရယ်လို့ တင်စားခဲ့ကြပါတယ်။ အာရှကျားတွေ ရယ်လို့ အဦးအစ အမည်ခံနိုင်ခဲ့တဲ့ လေးနိုင်ငံကတော့ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဟောင်ကောင်နဲ့ စင်္ကာပူ တို့ ဖြစ်ကြပါတယ်။ သူတို့ကတော့ ကိုးတောင်ပြည့် ကျားတွေ ဖြစ်သွားကြတဲ့အတွက် အာရှကျားဘွဲ့ခံ ရုံတင်မက ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေ စာရင်း တောင် ဝင်သွားခဲ့ကြပါပြီ။ သူတို့နောက်မှာ တန်းစီ နေတဲ့ ကျားပေါက်တွေကတော့ အင်ဒိုနီးရှား၊ ဗီယက် နမ်၊ ထိုင်း၊ ဖိလစ်ပိုင်နဲ့ မလေးရှားတို့ဖြစ်ကြပါတယ်။

ဒါဆို မြန်မာကကော ဘယ့်နှယ်လဲဗျ
အဲဒီမေးခွန်းဟာ မြန်မာနိုင်ငံမှာ ရုံးဖွင့်ထားတဲ့ ကျွန်တော်သာမက တခြားအနာဂတ်မှာ မြန်မာနိုင်ငံ မှာ ရင်းနှီးမြှုပ်နှံချင်ကြတဲ့ ကုမ္ပဏီတွေပါ သိပ်ကိုသိ ချင်မယ့် မေးခွန်းဖြစ်ပါတယ်။ အဲဒီမေးခွန်းရဲ့ အဖြေ ကို ရဖို့အတွက် လွန်ခဲ့တဲ့သုံးနှစ်က မြန်မာနိုင်ငံရဲ့ အခြေအနေကို ပြန်ပြီးသုံးသပ်ကြည့်ရမှာ ဖြစ်ပါတယ်။ လူကြီးမင်းတို့ မေ့ကောင်းမေ့နေနိုင်ပါတယ်။ အဲဒါက တော့ မြန်မာနိုင်ငံဟာ ဆယ်စုနှစ်ပေါင်းများစွာ စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ နေခဲ့ရတဲ့ အခြေ အနေကို အဆုံးသတ်ပြီး ဒီမိုကရက်တစ် ပြုပြင်ပြောင်း လဲရေးကို စတင်ကျင့်သုံးနေပြီဆိုတာပါပဲ။ ဒီအခြေ အနေဟာ စီးပွားရေးလုပ်ငန်းတွေအတွက် သိပ်ကို သတိထားရမယ့် အခြေအနေလို့ တွေးမယ်ဆိုရင် တွေးနိုင်သလို ဒါဟာ သိပ်ကိုကြီးမားတဲ့ စိန်ခေါ်မှု တစ်ခုလို့လည်း တွေးနိုင်ပါတယ်။
မြန်မာဆိုတဲ့ ကျားတစ်ကောင်ဟာ မျက်စိစုံမှိတ် ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေရာက နိုးထဖို့ အားယူနေပါပြီ။
အဲဒီမှာ ဖြစ်နိုင်ချေရှိတဲ့ အခွင့်အလမ်းတွေ အများကြီးပါ။ ကျွန်တော်ဘာကြောင့် အဲဒီလို ပြော လိုက်တာပါလဲ။
လူဦးရေ သန်းပေါင်းခြောက်ဆယ်ရှိတဲ့ မြန်မာ နိုင်ငံဟာ ကမ္ဘာ့လူဦးရေ အထူထပ်ဆုံးနိုင်ငံများ စာရင်းမှာ နံပါတ် ၂၄ ချိတ်ပါတယ်။ အရှေ့တောင် အာရှမှာ တည်ရှိသမျှနိုင်ငံတွေထဲမှာ ဒုတိယအကြီး ဆုံးဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးနဲ့ ယှဉ်ပြောရရင်တော့ နံပါတ်လေးဆယ်မြောက် အကြီးဆုံးနိုင်ငံဖြစ်ပါတယ်။ သူ့ဆီမှာရှိတဲ့ သယံဇာတြ<ွကယ်ဝမှုနဲ့ ပေါင်းလိုက်မယ် ဆိုရင် ကမ္ဘာ့အသစ်စက်စက် ဒီမိုကရေစီနိုင်ငံဟာ ရင်းနှီးမြှုပ်နှံဖို့ အလားအလာအကောင်းဆုံးပေါ့ဗျာ။
နိုင်ငံရေးအရ နှစ်ပေါင်းများစွာ စီးပွားရေးပိတ် ဆို့ဒဏ်ခတ်မှုကို ခံခဲ့ရလို့ အထီးကျန်ခဲ့ရတဲ့ မြန်မာ ဟာ တကယ်တော့ စီးပွားရေးသာမက လူမှုဆက်ဆံ ရေး နယ်ပယ်မှာပါ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
သူ့ပတ်ဝန်းကျင်က အိမ်နီးချင်းတွေဖြစ်ကြတဲ့ အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ လာအို၊ဘင်္ဂလားဒေ့ရှ်တို့ဟာ အရှိန် အဟုန်နဲ့ ကြီးမားထွားကျိုင်းလာနေကြပေမဲ့ မြန်မာ အပေါ်မှာ သူတို့ထားတဲ့ လေးစားမှုကတော့ လျော့ ပါးမသွားခဲ့ပါဘူး။ ဒါကြောင့်မို့ အိပ်ပျော်နေရာက ကောင်းကောင်းမနိုးထနိုင်သေးပေမဲ့ မြန်မာဆိုတဲ့ အာရှကျားတစ်ကောင်ဟာ သူ့မျက်လုံးတွေကို ပွတ် သပ်လို့ ကောင်းကောင်းနိုးထဖို့ အားယူနေပြီလို့ ကျွန် တော်မြင်ပါတယ်။
ကာလရှည်ကြာစွာ တင်းတင်းကျပ်ကျပ် အုပ် ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဖြေ လျှော့မှု ခြေလှမ်းတွေကို စောင့်ကြည့်နေခဲ့ပြီးနောက် လွန်ခဲ့တဲ့ ၂ နှစ်ကစပြီး ပိတ်ဆို့မှုတွေကို ဖယ်ရှားပေး နေပါပြီ။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (ှုငြ်္) အပါအဝင် အေဂျင်စီအသီးသီးရဲ့ ကူညီမှုနဲ့ အဓိက ကျတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ဆောင်ရွက်နေ ပါပြီ။ ခေတ်မီဖွံ့ဖြိုးတဲ့ စီးပွားရေးပုံစံတစ်ခုကို တည် ဆောက် အကောင်အထည်ဖော်ရာမှာ အထောက် အကူပြုစနစ်တွေနဲ့ အခြေခံအဆောက်အအုံတွေ ပြောင်းလဲရေးက သိပ်အရေးပါပါတယ်။ ဒါတွေကို သူတို့ ပြောင်းလဲနေကြပါတယ်။ ဥပမာအားဖြင့်ပြော ရရင် မြန်မာ့ဗဟိုဘဏ်ကို သီးခြားလွတ်လပ်စွာစီမံခန့် ခွဲခွင့်ပေးတဲ့ ဥပဒေကို ပြဋ္ဌာန်းလိုက်ပါပြီ။
အိပ်မောကျနေရာကနေ နိုးထဖို့ အရှိန်ယူနေတဲ့ မြန်မာဆိုတဲ့ အာရှကျားဟာ အိပ်ချင်မူးတူး သူ့မျက် လုံးတွေကို ပွတ်သပ်နေဆဲဖြစ်ပေမယ့် ခြေလှမ်းတချို့ ကို စလှမ်းနေပါပြီ။ သူ့ရဲ့ ၂ဝ၁၃/၂ဝ၁၄ ဂျီဒီပီကို ကြည့်မယ်ဆိုရင် ၆.၅% ရှိလာတာကို တွေ့ရပါ မယ်။ ဂျီဒီပီ မြင့်လာစေတဲ့အကြောင်းရင်းကတော့ သဘာဝဓာတ်ငွေ့ရယ်၊ ဆောက်လုပ်ရေးနဲ့ ဝန်ဆောင် မှုကဏ္ဍတွေရယ် တိုးတက်လာလို့ဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် မြန်မာဟာ ဖွံ့ဖြိုးမှုအမြန်ဆုံးနိုင်ငံ တစ်နိုင်ငံအဖြစ် စာရင်းဝင်နေပြီလို့ သေသေချာချာ ပြောနိုင်ပါတယ်။
စီးပွားရေးပိတ်ဆို့မှုတွေ ဖြေလျှော့လိုက်တာနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားတဲ့ ကုမ္ပဏီ တွေအများကြီး ရှိလာပါတယ်။ သူတို့ဟာ ကျွန်တော် တို့ကို ချဉ်းကပ်ပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အကြံ ဥာဏ်တွေ တောင်းခဲ့ကြပါတယ်။ အများစုကတော့ လက်ရှိလုပ်လို့ကိုင်လို့လွယ်နေတဲ့ သဘာဝဓာတ်ငွေ့ ရယ်၊ စွမ်းအင်ကဏ္ဍရယ်၊ အခြေခံအုတ်မြစ်တွေ တည် ဆောက်ရေးကဏ္ဍတွေထဲကပါပဲ။ ဒါလည်းသိပ်တော့ အ ဆန်းတကျယ် မဟုတ်လှပါဘူး။ နောက်ပိုင်းမှာ တော့ FMCG (First Moving Consumer Goods) လို့ခေါ်တဲ့ တန်ဖိုးသင့်လူသုံးကုန်ပစ္စည်းတွေ ထုတ် လုပ်ရောင်းချကုန်သွယ်တဲ့ ကုမ္ပဏီတွေရဲ့ စိတ်ဝင်စား မှု များလာပါတယ်။ ဖက်ရှင်လုပ်ငန်း၊ အဝတ်အထည် လုပ်ငန်းစတာတွေဟာ မြန်မာနိုင်ငံကို မျက်စိကျလာ ကြပါတယ်။ သူတို့ကို အဓိကဆွဲဆောင်နိုင်တာက တော့ လုပ်အားခဈေးပေါခြင်းပါပဲ။ မြန်မာ့အိမ်နီး ချင်းနိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံရတာဟာ လုပ်အားခ ဈေးကြီးလာလို့ သူတို့ကိုင်တွယ်ရခက်ပြီး ခေါင်းခဲ နေရတဲ့ ပြသနာဖြစ်ပါတယ်။ မြန်မာမှာ ရင်းနှီးမြှုပ် နှံချင်သူတွေထဲမှာ မြန်မာ့ထွက်ကုန်တွေကို ဥရောပသမဂ္ဂနိုင်ငံတွေဆီကို အခွန်လွတ် တင်ပို့လို့ရ တဲ့ အခွင့်အရေးတွေကို မက်တဲ့ ကုမ္ပဏီတွေပါ ပါ တယ်။ မြန်မာနိုင်ငံကို သူတို့တစ်တွေ လာချင်ပါရက် နဲ့ တုန့်ဆိုင်းနေရတဲ့ အကြောင်းရင်းကတော့ ကျွမ်း ကျင်လုပ်သား ရှားပါးခြင်း၊ အခြေခံအဆောက်အအုံ လိုအပ်ချက် အားနည်းမပြည့်မီခြင်းနဲ့ သွင်းကုန်ထုတ် ကုန်လိုင်စင်ဆိုင်ရာကိစ္စတွေမှာ တင်းကြပ်နေခြင်းစ တဲ့ အချက်တွေဖြစ်ပါတယ်။
Intra-ASEAN ဆိုတဲ့ အာဆီယံနိုင်ငံအချင်းချင်း ကူးသန်းရောင်းဝယ်ရေး ခြေလှမ်းဟာလည်း တဖြည်း ဖြည်း မြန်ဆန်လာနေပါပြီ။ မကြာသေးခင်ကမှ သ ဘောတူလိုက်ကြတဲ့ ASEAN-China Free Trade Agreement ကလည်း မြန်မာ့ဖွံ့ဖြိုးရေးကို လှုံ့ဆော် ပေးမယ့် အချက်တချက်ပါပဲ။ တရုတ်ဟာ မြန်မာ နိုင်ငံထဲမှာ ရင်းနှီးမြုပ်နှံမှုတွေ တိုးလုပ်လာတာကို တွေ့ရပါတယ်။ သူတို့နှစ်ဦးရဲ့ စီးပွားရေးဆက်ဆံမှု ဟာလည်း အားကောင်းတာကို တွေ့ရပါတယ်။
စားသုံးကုန် ဈေးကွက်မှာလည်း ပြည်ပရင်းနှီး မြှုပ်နှံမှုတွေ ဝင်ရောက်လာနေပါပြီ။ ကိုကာကိုလာ ဟာ မြန်မာနဲ့ ဖက်စပ်ထုတ်လုပ်နေပြီဖြစ်ပြီး တောင် ကိုရီးယား အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Lotte Chilsung Beverage Coဟာလဲ မြန်မာဂိုးလ်ဒင်းစ တားMGSကုမ္ပဏီနဲ့ ဖက်စပ်ပြီး Pepsi အပါအဝင် တခြားအချိုရည်များကို ပုလင်းသွတ်ခြင်း၊ ဖြန့်ဖြူးခြင်း စတာတွေကို ဆောင်ရွက်လုပ်ကိုင်နေပါပြီ။ နက်စ် လေနဲ့ ယူနီလီးဗား ကုမ္ပဏီကြီးတွေကလည်း မြန်မာ ပြည်မှာ ရုံးခွဲတွေ ဖွင့်လိုက်ကြပါပြီ။ တယ်လီဖုန်း ဆက်သွယ်မှု ကဏ္ဍမှာလည်း နိုင်ငံတကာက ကုမ္ပဏီ ကြီးတွေ ဝင်လာပြီဆိုတာ တွေ့နိုင်မှာ ဖြစ်ပါတယ်။ အဲဒါဟာ အင်မတန်ကြီးမားလှပြီး အလားအလာအလွန် ကောင်းတဲ့ ဈေးကွက်ကြီးလို့ ကျွန်တော်မြင်ပါတယ်။
ဒီအချက်တွေက ကျွန်တော်တို့ကို မြန်မာ့မြေ ပေါ်မှာ ရင်းနှီးမြှုပ်နှံစေခဲ့တာပါပဲ။ ကျွန်တော်တို့ အခုလို ဦးစွာရင်းနှီးမြှုပ်နှံလိုက်တဲ့အတွက် တခြား လုပ်ငန်းတွေကို သယ်ယူပို့ဆောင်ရေးကဏ္ဍတွေမှာ ကူညီနိုင်ပါတယ်။ ကုန်ထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့ စက်ပစ္စည်းတွေ၊ ကိရိယာတွေ သယ်ယူရာမှာ ကျွန် တော်တို့ ကူညီနိုင်ပါတယ်။
အိပ်မှုံစုံမွှားနဲ့ နိုးထလာနေတဲ့ ကျားကြီးဟာ သူ့ ရဲ့ခြေလှမ်းတွေကို စလှမ်းနေပါပြီ။ ဒါပေမဲ့ သူအ လွယ်တကူ လျှောက်လှမ်းသွားနိုင်လိမ့်မယ်လို့တော့ မထင်ပါဘူး။ သူ့မှာ အခြေခံအဆောက်အအုံဆိုင်ရာ လိုအပ်ချက်တွေ၊ အခက်အခဲတွေ ရှိနေဆဲဖြစ်လို့ပါ။ ပြီးတော့ သူ့ရဲ့ ဆိပ်ကမ်းတွေနဲ့ လမ်းတွေကလည်း မြို့ကြီးတွေကလွဲလို့ သိပ်မဖွံ့ဖြိုးသေးဘူးလို့ ဆိုနိုင်ပါ တယ်။ အဲဒါဟာ ပြည်တွင်းသယ်ယူပို့ဆောင်ရေး ကဏ္ဍအတွက် စိန်ခေါ်မှုပါပဲ။
ဒါပေမဲ့ မြန်မာဟာ အဲဒီအခြေအနေကို နားလည် ပြီး ကျော်လွှားနိုင်ဖို့ အားထုတ်နေတာလည်း မျက် မြင်ပါပဲ။ ရန်ကုန် နိုင်ငံတကာ လေဆိပ်ကို တိုးချဲ့နေ တယ်။ မန္တလေးမှာ အထူးစီးပွားရေးဇုန် ဖော်ဆောင် နေတယ်။ မန္တလေးဟာ စီးပွားရေးလုပ်ငန်အားလုံး အတွက် သယ်ယူပို့ဆောင်ရေးမှာ အချက်အချာနေ ရာ ဖြစ်ပါတယ်။ ရှေ့လျှောက်လည်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဥပဒေတွေ ထွက်လာဦး မှာပါ။ အဲဒီဥပဒေတွေက ရင်းနှီးမြှုပ်နှံလိုတဲ့ နိုင်ငံ ခြားကုမ္ပဏီတွေကို ဆွဲဆောင်နိုင်ပါလိမ့်မယ်။ ၂ဝ၁၅ မှာ ဖြစ်လာမယ့် ရွေးကောက်ပွဲကတော့ တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် တကယ်အရေးပါတဲ့ သမိုင်း မှတ်တိုင်တစ်ခု ဖြစ်လာမှာပါ။
နိုင်ငံ့စီးပွားရေး တိုးတက်စေမယ့် အလားအလာ တွေကို မြှင့်တင် ဆွဲဆောင်နေပါပြီ။ ယုံကြည်မှုလည်း တိုးလာနေသလို နိုင်ငံအတွင်းကို ဝင်လာပြီး ရင်းနှီးမြှုပ် နှံဖို့လည်း တာစူနေကြပါပြီ။ တရုတ်၊ ဂျပန်၊ ကိုးရီး ယားနဲ့ ထိုင်းတို့ဟာ ခြေလှမ်းအတော်ပြင်ပြီး နေကြ ပါပြီ။ ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကလည်း မြန်မာ့ဂျီဒီပီကို ဒီနှစ်မှာ ၆.၈ ရာခိုင်နှုန်အထိ မြင့် လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါဟာအင်မတန် မှ အပြုသဘောဆောင်တဲ့ သုံးသပ်ချက်ပါ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကဆိုရင် ဒီနေ့ ကျွန်တော်တို့ တွေ့နေရတဲ့ ဖွံ့ဖြိုးမှု၊ ကြီးထွားမှုမျိုးကို မြင်ရဖို့ အိပ်မက်တောင်မ မက်နိုင်ခဲ့ပါဘူး။ နောက်ထပ်ဆယ်နှစ်အတွင်းမှာတော့ ဒီ့ထက်ကို မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်လာမယ် လို့ ကျွန်တော်သေချာပေါက် ပြောနိုင်ပါတယ်။ မြန်မာ ဟာ တကယ်ကို နိုးထလာနေတဲ့ အာရှကျားကြီးတစ် ကောင် ဖြစ်ပါတယ်။ သူ အပြည့်အဝ နိုးလာချိန်မှာ ကျွန်တော်တို့ဟာ သူ့ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် အောင်မြင်မှုတွေကို မျှဝေခံစားချင်ပါတယ်။
(Dr. Kelvin Leung \ AN Awakening Asian Tiger ဆောင်းပါးကို ပြန်ဆိုခြင်းဖြစ်ပါသည်။) Dr. Kelvin Leung သည် DHL Global Forwarding for Asia Pacific ၏ အမှုဆောင်အရာရှိချုပ်ဖြစ်ပြီး။ သူသည့် University of Cambridge,RS Masters in Gener al Enginerring ဘွဲ့ကို ရရှိခဲ့ပြီး စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ ပါရဂူဘွဲ့ကို Hong Kong Polytechinic University မှ ရရှိခဲ့ပါသည်။
ကောင်းလွန်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။