Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, June 26, 2014

ရင်ကိုထိမှန်သော စီမံကိန်း အပိုင်းအစများ


The Right Time news
Vol-2/No-22
ရင်ကိုထိမှန်သော စီမံကိန်း အပိုင်းအစများ
ပြီးခဲ့တဲ့လက ရန်ကုန်မြို့၊ဆရာစံလမ်းမှာရှိတဲ့ စားသောက်ဆိုင်တစ်ခုမှာ ကျွန်တော်ညစာစားခဲ့ပါ တယ်။ ဒီဆိုင်လေးကို ကျွန်တော်တို့သူငယ်ချင်းများက ဝိုင်းဝန်းစဉ်းစားအကြံဥာဏ်များစုစည်းပြီး စတင်ထူ ထောင်ခဲ့ကြပါတယ်။ အဲဒီအချိန်တုန်းက စီးပွားရေး တက္ကသိုလ်၊ စီးပွားရေးစီမံခန့်ခွဲမှု ပညာဘာသာရပ်နဲ့ ကျောင်းပြီးခါစဆိုတော့ တတ်သိထားတာလေးတွေကို ပေါင်းစပ်ခဲ့သလို တတ်နိုင်တာလေးတွေလည်း ထည့် ဝင်ပူးပေါင်းခဲ့ကြပါတယ်။ အခုတော့ ဒီဆိုင်ကလေးက အောင်မြင်တဲ့ လမ်းကြောင်းပေါ်ရောက်ရှိ ရပ်တည် နေနိုင်တာကို တွေ့ရပါတယ်။ လုပ်ငန်းတစ်ခု အောင် မြင်ရခြင်းရဲ့ အကြောင်းအချက်ပေါင်းများစွာရှိပေမဲ့ အဓိကအရေးကြီးတဲ့အရာကတော့ ''အစကောင်း ခြင်း''ပါပဲ။
ကျွန်တော်တို့ ဒီဆိုင်ကလေးကို အစမပြု မီစီးပွားရေးဆောင်ရွက်မှုအစီအမံ(Business Plan) ကို စနစ်တကျရေးဆွဲခဲ့ကြပါတယ်။ဈေးကွက်အခြေ အနေလေ့လာမှုတွေ၊ ရောင်းချမည့် ကုန်ပစ္စည်းမျှော် မှန်းချက်တွေ၊ နေရာနဲ့ဈေးနှုန်းစိစစ်မှုတွေ၊ ငွေကြေး ရင်းနှီးမြှုပ်နှံမှုနဲ့ ဝင်ငွေပြန်လည်ရရှိမှုတွေ၊ ဝန်ထမ်း ခန့်ထားမှုနဲ့ စီမံကွပ်ကဲမှုတွေ၊ ခန့်မှန်းအရောင်းတွေ၊ မရှုံးမမြတ် အရင်းရရှိတဲ့ အရောင်းကိန်းဂဏန်းတွေ စသည်ဖြင့် လေ့လာစိစစ်တွက်ချက်ခဲ့ကြလို့ ဖြစ်ပါ တယ်။ ကွမ်းယာဆိုင်ဖွင့်ကြတာချင်းတူခဲ့ရင်တောင် လက်တန်းဖွင့်လှစ်တဲ့ဆိုင်နဲ့ ကြိုတင်လေ့လာအစီ အမံချ ဆောင်ရွက်တဲ့ဆိုင်တွေရဲ့ ရလဒ်ကတော့ ကွာ ခြားနေမှာ သေချာပါတယ်။ ဒါကစီးပွားရေးလုပ်ငန်း ဆောင်ရွက်မှု အခြေခံသဘောတရားမျှသာ ဖြစ်ပါ တယ်။
ကျွန်တော်တို့နိုင်ငံမှာ အစိုးရဌာနများက တာဝန် ယူဆောင်ရွက်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေများစွာရှိ ခဲ့ပါတယ်။ စက်ရုံအလုပ်ရုံတွေ တည်ဆောက်ပြီးကုန် ပစ္စည်းထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းတွေ၊ သယ်ယူပို့ ဆောင်ရေးလုပ်ငန်းတွေ၊ သမဝါယမငွေစုငွေချေး လုပ်ငန်းတွေ၊ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတွေ စသည်ဖြင့် အမျိုးအစားပေါင်းများစွာရှိပါတယ်။ ဒါပေမယ့် ပြည်သူတွေအတွက် ထိရောက်တဲ့ ထုတ် လုပ်မှု၊ ဝန်ဆောင်မှု ပေးနိုင်သော၊ ထိုက်တန်တဲ့အကျိုး အမြတ်ရှိသော၊ နိုင်ငံတကာစံချိန်စံညွှန်းမှီ ဖွံ့ဖြိုးတိုး တက်သော လုပ်ငန်းအဖွဲ့အစည်းဌာနများကတော့ လွန်စွာနည်းပါးလျက်ရှိနေတာကိုတွေ့ရပါတယ်။ အဓိကလိုအပ်ချက်ကတော့ စီမံကိန်းမစတင်မီဆောင် ရွက်ရမည့်ဖြစ်နိုင်ခြေလေ့လာမှု (င်္Feasibility Study) တွေ၊လက်တွေ့ကွင်းဆင်းလေ့လာမှု(Survey) တွေ၊ သုတေသနပြုမှု (Research) တွေ၊ မဟာဗျူဟာမြောက် စီမံကိန်း ( Master Plan) တွေနဲ့ စီးပွားရေးဆောင်ရွက် မှု အစီအမံ(Business Plan) တွေစသည်ဖြင့်ရေးဆွဲ ဆောင်ရွက်မှု အားနည်းခဲ့ကြတာကို လေ့လာတွေ့ရှိရ ပါတယ်။ ဒါအပြင် စက်ရုံတစ်ရုံတည်ဆောက်တော့မယ်ဆိုရင်လည်း ကုန်ကြမ်းရရှိမည့်နေရာ၊ ကုန်ချော ဖြန့်ဖြူးရမည့်နေရာများနဲ့ နီးနိုင်သမျှနီးတဲ့နေရာများ ကို ဦးစားပေးစဉ်စားဖို့ လိုအပ်ပါတယ်။ ဒါမှသာထောက် ပံ့ပို့ဆောင်ရေး ကုန်ကျစရိတ် (Logistics Cost) တွေ ဖြစ်တဲ့၊ သယ်ယူပို့ဆောင်ရေးစရိတ်၊ သိုလှောင်ရုံစရိတ် နဲ့ စီမံခန့်ခွဲမှုစရိတ်တွေကို လျော့ချနိုင်မှာဖြစ်ပါတယ်။
ဒါ့ပေမဲ့ ကျွန်တော်တို့ နားမလည်နိုင်တဲ့ စက်ရုံအလုပ် ရုံများစွာ တည်ဆောက်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ဥပမာအားဖြင့် ကျောက်ဆည်မြို့မှာ တည်ဆောက်ခဲ့ တဲ့ စက်ရုံအမျိုးအစားပေါင်းစုံ (၁၇) ရုံခန့်ဟာ ဘယ် အချက်အပေါ်မှာ အခြေခံခဲ့တယ်တော့ မသိပါဘူး။ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ခဲ့တယ်ဆိုရင်လည်း ထုတ် လုပ်မှုကုန်ကျစရိတ် နည်းနိုင်သမျှနည်းနိုင်တဲ့ နေရာ များကိုသာ ရွေးချယ်ဖို့ လိုအပ်တယ်လို့မြင်မိပါတယ်။ ဒါကြောင့်လည်း ထုတ်လုပ်တဲ့ကုန်ပစ္စည်းများက အ ရည်အသွေးလိုအပ်ချက်ရှိသလို တရုတ်ပစ္စည်းများနဲ့ ဈေးနှုန်းယှဉ်ပြိုင်နိုင်မှုမရှိတော့ ပြည်သူတွေအတွက် ထိရောက်တဲ့ အကျိုးရလဒ်တွေ မရရှိခဲ့ပါဘူး။ အလား တူ ပခုက္ကူမှာ တည်ဆောက်ခဲ့တဲ့ ချည်မျှင်နဲ့ အထည် စက်ရုံကြီးဆိုရင် ကုန်ကြမ်းအခက်အခဲကြောင့် စွမ်း အားပြည့်မလည်ပတ်နိုင်ခဲ့ကြောင်း သိခဲ့ရဖူးပါတယ်။ ဒါ့အပြင် ပလိပ်စက္ကူစက်ရုံဆိုရင်လည်းကုန်ကြမ်း တွေကို ရန်ကုန်ကသယ်ပြီး ကုန်ချောကိုလည်း ရန်ကုန် ကို ပြန်ပို့ခဲ့ရတာတွေ တွေ့ကြုံခဲ့ဖူးပါတယ်။ အကျိုး ဆက်ကတော့ ပြည်သူတွေအတွက် ထိုက်သင့်တဲ့ဈေး နှုန်း၊ထိုက်တန်တဲ့အရည်အသွေးရှိတဲ့ ကုန်ပစ္စည်းတွေ သုံးစွဲခွင့်မရခဲ့သလိုအရှုံးပေါ်ခဲ့တဲ့ စက်ရုံတွေများစွာ ရှိနေခဲ့ကြောင်း သိခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ စက်ရုံအချို့ကို ပုဂ္ဂလိကလုပ်ငန်းရှင်ကြီးများထံ အဆင်ပြေရာဈေးနှုန်းသတ်မှတ်ပြီး ရောင်းချလိုက်ကြ တာပါ။ တကယ်တော့လည်း ဒီလိုစက်ရုံတွေမှာသုံးစွဲ ခဲ့တဲ့ ပြည်သူ့ဘဏ္ဍာငွေနဲ့ ပြန်ရခဲ့တဲ့ ငွေကြေးတန်ဖိုး များကို စိစစ်နှိုင်းယှဉ်လိုက် ရင်တော့ များစွာကွာခြား လျော့နည်းနေတာကို ရင်နာစွာနဲ့ တွေ့ကြရမှာ ဖြစ် ပါတယ်။ျ
ကျွန်တော်လွန်ခဲ့တဲ့ (၃) နှစ်ကျော်ကာလ ကျိုင်း တုံမြို့ကို ရောက်စဉ်က ကျိုင်းတုံ-နန့်စန်ရထားလမ်း စီမံကိန်းရဲ့ ခရီးအစ (၅) မိုင်ခန့်ကို ဖွင့်လှစ်ပြီးရထား ပြေးဆွဲနေတာ တွေ့ခဲ့ရပါတယ်။ တစ်နှစ်မပြည့်မီမှာ ဘဲ အဲဒီရထားတွေမပြေးဆွဲနိုင်တော့သလိုလူစီးတွဲ တွေ၊ ရထားလမ်းတွေ၊ ဘူတာရုံတွေကလည်း မိုးထဲ လေထဲမှာ ဒီအတိုင်းထားပြီး အလဟဿဖြစ်နေခဲ့တာ ပါ။ ခရီးသည် စီးနင်းမှုနည်းပါးတဲ့အပြင် စက်သုံးဆီ ဖိုးတောင်မရရှိတော့ ဆက်လက်ပြေးဆွဲရင်လည်း နေ့ စဉ်အရှုံးပေါ်နေမယ့်အခြေအနေမျိုး ဖြစ်နေကြောင်း သိရပါတယ်။ အလားတူတောင်ကြီး-နန့်စန်ရထား လမ်းကလည်း ခရီးအစ-အဆုံး ရထားပြေးဆွဲနိုင်တဲ့အခြေအနေမရှိလို့ ခရီးစဉ်ရပ်ဆိုင်းထားရကြောင်း တွေ့ရပြန်ပါတယ်။ ဒါ့အပြင် (၁ဝ) နှစ်ကျော်ခန့် ဖောက်လုပ်ခဲ့တဲ့ ပုံတောင်ပုံညာဥမင်ကြီးကလည်း အဲဒီလမ်းပိုင်းမှာ ရထားမပြေးဆွဲနိုင်တော့လို့ အ ဟောသိကံဖြစ်လို့နေပြန်ပါတယ်။ တစ်ချိန်တုန်းက တော့ သတင်းစာများမှာ အကျယ်တဝင့်ဖော်ပြခဲ့တဲ့ မြန်မာတစ်နိုင်ငံလုံးကိုဖြန့်ကျက်မည့် အမျိုးသားရထား လမ်း ကွန်ယက်စီမံကိန်းကြီး (National Railway Network) ကလည်း အခုတော့မှေးမှိန်လို့နေပါပြီ။ အမှန်ကတော့စီမံကိန်း မစတင်မီ ဆောင်ရွက်ရမည့် ဖြစ်နိုင်ချေလေ့လာမှု (Feasibilitiy Stydy) တွေ၊ ပြန်လည်ရရှိနိုင်မည့် စီးပွားရေးတိုးတက်မှုနှုန်းEconomic Internal Rate of Return (EIRR)တွေ၊ ပြန်လည် ရရှိနိုင်မည့် ငွေကြေးတိုးတက်မှုနှုန်း Financial Internal Rate of Return(FIRR) တွေ စတဲ့ ကြိုတင်လေ့လာ စိစစ်မှုအားနည်းခဲ့လို့သာ ဒီလိုရ လဒ်တွေဖြစ်ပေါ်ခဲ့တာလို့ သုံးသပ်မိပါတယ်။ ဒေသ ဖွံ့ဖြိုးရေးအတွက် အရှုံးခံဆောင်ရွက်ပေးခဲ့တယ်ဆိုရင် တောင်မှ ပြည်သူများအတွက် အမှန်တကယ်အား ကိုးအားထားပြုရမယ့် သယ်ယူပို့ဆောင်ရေးပုံစံ (Transport Mode) တစ်ခုအဖြစ် ဖန်တီးပေးနိုင် ဖို့လို အပ်ပါတယ်။ အခုတော့လည်း ရထားလမ်းဖောက်ရင် အားလုံးပြီးမြောက်တယ် ထင်မှတ်ခဲ့တော့ဖောက် ချင်တဲ့နေရာဖောက်၊ ရောက်ချင်တဲ့နေရာရောက်၊ ခရီးကမပေါက်တစ်ပေါက်၊ ခရီးသည်ကဖျောက် တောက်တောက်၊ ဘူတာရုံမှာ တစ္ဆေခြောက်၊ ပြည်သူ့ ဘဏ္ဍာတွေကပျောက်၊ ဝန်ထမ်းတွေလည်း ဒုက္ခ ရောက်၊ လုပ်ပိုင်ခွင့်ရှိ လူကြီမင်းများနဲ့ ကန်ထရိုက်တွေ သာနိဗ္ဗာန်ဘုံ ပေါက်သွားကြတဲ့အဖြစ်မျိုး ဆိုရင်တော့ လည်း နှမြောစရာကောင်းလှပါတယ်။ အရင်းရနိုင်တဲ့ မရှုံးမမြတ်၊ ဆုံချက်အမှတ် (Break-Event Point) ကို နှစ်ပေါင်းရာချီပြီး ရထားပြေးဆွဲမှသာ ရောက်ရှိ မည့် အခြေအနေဖြစ်နေတာကိုလည်း တွက်ချက်ကြည့်ကြ ရင် သိနိုင်ပါတယ်။ သုံးစွဲခဲ့တဲ့ ဘဏ္ဍာငွေကလည်း မြန်မာကျပ်ငွေ ဘီလီယံရာထောင်ချီသလို နိုင်ငံခြားငွေ ကလည်း ဒေါ်လာသန်းချီကုန်ကျခဲ့ပေမယ့်ရတဲ့ ဝင် ငွေကတော့ မပြောပလောက်တာကို တွေ့ကြရမှာပါ။ လမ်းဖောက်လုပ်စဉ်အချိန်တုန်းကတော့ အထက် အကြီးအကဲရဲ့ လမ်းညွှန်ချက်တစ်ခုတည်းအပေါ်မှာ အခြေခံပြီး အလျင်အမြန်ဆောင်ရွက်ခဲ့ရတော့ လိုအပ် ချက်ပေါင်းများစွာ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒေသဖွံ့ ဖြိုးရေးနဲ့ စစ်ရေးလိုအပ်ချက်များအရဖောက်လုပ်တဲ့ အကြောင်းတရားတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ပြည်သူ့ဘဏ္ဍာငွေ အမြောက်အမြား ရင်းနှီးမြှုပ်နှံပြီးဖြစ်လို့ ထိုက်တန်တဲ့ အကျိုးရလဒ်ကို တော့ ပြည်သူတွေ ခံစားသင့်တယ်လို့ ယုံကြည်မိပါ တယ်။ အခုအချိန်မှာတော့ ''ဆုပ်လည်းစူး စားလည်း ရူး'' နိုင်တဲ့ ဒီလိုစီမံကိန်းမျိုးတွေကို ဘယ်လိုအဆုံး သတ်မယ်ဆိုတာကို ကျွန်တော်မခန့်မှန်းတတ်ပါဘူး။ ငွေရောင်ပိတ်ကားပေါ်မှာ စောင့်ကြည့်နေကြရဦးမည့်စီမံကိန်းများလို့သာ ဆိုချင်ပါတယ်။

ဒါကလည်း ကျွန်တော်တွေ့မြင်ခဲ့တဲ့ စီမံကိန်း တချို့ကိုသာ နမှုနာပြုတာဖြစ်လို့ အလားတူစီမံကိန်း မျိုးတွေ ကျွန်တော်တို့နိုင်ငံမှာ ဘယ်လောက်များများ ရှိနေမလဲဆိုတဲ့ စိုးရိမ်မှုတွေ ဖြစ်ပေါ်မိတာအမှန်ပါ။ လူတချို့အတွက်သာ အကျိုးရှိစေတဲ့၊ ဆူလွယ်နပ် လွယ်စီမံကိန်းတွေကို မဆောင်ရွက်မိစေကြဖို့ လိုအပ်ပါ တယ်။ ပြည်သူတွေအတွက် ထိထိရောက်ရောက် အ ကျိုးရှိစေမယ့် စီမံကိန်းများကိုသာ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများနဲ့ စိစစ်ဆောင်ရွက်သင့်ပါတယ်။ပြည် သူ့ဘဏ္ဍာကို စနစ်တကျအကျိုးရှိရှိအသုံးပြုနိုင်မှသာ အြေ<ွကးကင်းစင်တဲ့ ပြည်သူ့ဘဝကို ကျွန်တော်တို့ရောက် ရှိမည်လို့ခံယူမိပါတယ်။ အပေါက်ကလေးသေးသေးမှ တစိမ့်စိမ့်စီးဝင်ရင်း သင်္ဘောတစ်စီးလုံးနစ်မြုပ်သွားတတ်သည်ဆိုတဲ့ အမေရိကန်သိပ္ပံပညာရှင် ဘင်ဂျမင် ဖရန်ကလင် (Benjamin Franklin) ရဲ့အဆိုအမိန့်လို ကျွန်တော်တို့ပြည်သူတွေ တဖြည်းဖြည်းရေတိမ်နစ် ကြရမည့်အဖြစ်မျိုး မကြုံရလေအောင် ဝိုင်းဝန်းစောင့် ထိန်းကြဖို့ လိုအပ်ပါတယ်။ ငယ်စဉ်ကသင်ကြားခဲ့ဖူး တဲ့ဖတ်စာအုပ်ထဲမှာ ပညာမတတ်တဲ့ ကုဋေရှစ်ဆယ် သူဌေးသားဟာ ဆင်းဆင်းရဲရဲသူတောင်းစားဘဝနဲ့ အဆုံးသတ်သွားခဲ့ရတဲ့ သာဓကရှိခဲ့ပါတယ်။ ကျွန်တော် တို့နိုင်ငံမှာလည်း ပညာရပ်ဆိုင်ရာလေ့လာစိစစ်မှုတွေ နဲ့ ပြည်သူ့အကျိုး အမှန်ပြုနိုင်တဲ့ စီမံကိန်းများကိုသာ စီစစ်ဆောင်ရွက်သင့်ကြောင်း အကြံပြုလိုပါတယ်။ မ ဟုတ်ရင်တော့လည်း ခွက်(၂)လုံး၊ (၃)လုံးဆွဲပြီးကမ္ဘာ ကို လှည့်ပတ်တောင်းကြရမ်းကြရင်တောင်မှ အြေ<ွကး ကျေစရာလမ်းမမြင်မိကြောင်း ယုံကြည်မိပါတယ်။
သိန်းစံ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။