မိန်းမ မယူဘဲ အသေခံသူ
==================
( ၁၂၃၄ ) ခုနှစ်က ပြင်သစ်နိုင်ငံ ဟော့တ်ဗီလီယား တွင် ဂျင်းပိုကီယွန် ဆိုသူသည် သူခိုးအဖြစ်နာမည်ကြီးသူတစ်ယောက်ပါ။ အမြဲတန်း ခိုးဝှတ်တက်သော သူ့ အား ထိုခေတ်က ဥပဒေ အရသေဒဏ်ပေးခဲ့ပါသည်။ခိုးတဲ့အပြစ်အတွက်နဲ့သေဒဏ်ဆိုတော့ ကြောက်စရာပဲနော်။
အဲဒီအချိန်လောက်က ဒီဒေသတွေမှာ သူခိုးတွေနဲ့ စုန်းဟု စွပ်စွဲ ခံရသူတွေဟာ သေဒဏ်ပေးခံရတာများပါတယ်။ ဒါပေမယ့် ဂျင်း အတွက်ကံကောင်းစေမှု တစ်ခုရှိပါတယ်။ ဒါကတော့ တကယ်လို့ အပျိုစင်တစ်ယောက်ကသာ ဂျင်းကိုလိုလားနှစ်သက်ပြီး လက်ထပ်မယ်ဆိုလျှင် သေခြင်းမှလွတ်ကင်းစေ
မယ်လို့ သက်ညှာပေးခဲ့ကြပါသည်။
မယ်လို့ သက်ညှာပေးခဲ့ကြပါသည်။
ထိုအချိန်တွင် ရိုးသားပြီး သာမန်ရွက်ကြမ်းရေကြို ရုပ်ရည် ရှိသော မိဘမဲ့အမျိုးသမီးတစ်ယောက်ကသူယူပါမယ်ဟု ဆိုလာပါသည်။ဂျင်းအတွက်ကံကောင်းမှု တစ်ခု ဖြစ်ပေါ်လာပါပြီ။
ဂျင်း ကတော့ ထိုအမျိုးသမီးကို တစ်ချက်လောက် လှမ်းကြည့် ပြီးခေါင်းခါကာ ပြောလိုက်တာက''ဟင့်အင်း ...ကျုပ် ကတော့ ကြိုးစင်နဲ့ပဲလက်ထပ်ချင်တယ်။ ဒေါက်ဖြုတ်ရမယ့် သူရေ မြန်မြန်သာဒေါက်ဖြုတ်ပြီး အဆုံးစီရင်ပါတော့ဗျို့ '' တဲ့။ဒါနဲ့ပဲ ဂျင်းကို အချိန်မဆိုင်းပဲ ကြိုးပေး သတ်လိုက် ရပါတော့သည်။ ရိန်း မြို့ မှာပါ။
ဂျင်းဟာ သူအသက်ရှင်ဖို့ အတွက် ရိုးသားတဲ့ မိန်းကလေးကို ဒုက္ခမပေး ချင် လို့ များလား။ဒါမှမဟုတ် သေရမှာထက် အသက်ရှင်ပြီး သားကျွေးမှု ။ မယားကျွေးမှု တွေကို ပိုကြောက်မိလို့ များလား ။နောက်ဆုံးဗျာ ထိုမိန်ကလေး က အတော်ရုပ်ဆိုးနေလို့ များလားဟု တွေးမိပါသည်။
ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ သူသာအသက်ရှင်ချင်တယ် ဆိုရင် ရုပ်ဆိုးယုံမက ။ ကြိုးကန်းနေရင်တောင်ယူရမှာပေါ့။ ပြီးတော့ ဟိုကအပျို ။ သူက သခိုး ။
လောကကြီးကို စိတ်ကုန်နေတယ် ဆိုရအောင်ခက်သား။
လောကကြီးကို စိတ်ကုန်နေတယ် ဆိုရအောင်ခက်သား။
ထို့ ကြောင့် မည်သို့ စိတ်ကူးဖြင့် သေးခြင်းတရား ကို ရွေးချယ်သွားသည် ဆိုသည်မှာ ဂျင်းပိုကီယွန်မှတစ်ပါး မည်သူမှသိနိုင်မည် မထင်ပါ။
ဘဝဇာတ်ခုံ မှဒီ ပြကွက်ဆန်းကတော့ '' သတ်ရင်သတ်ပစ်လိုက် ။ မိန်းမတော့ မယူဘူးလို့ ''ဆိုရမှာပါပဲနော်။
နေခရမ်း
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။