Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, June 22, 2014

အာဆီယံတန်းဝင် မြန်မာ့ပထမဆုံး ကာယဗလမယ် ရွှေတံဆိပ်ဆုရှင်နှင့် တွေ့ဆုံခြင်း


စင်ကာပူနိုင်ငံတွင် ကာယဗလမယ် ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့သူ မအေးအေးစိုး (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)
၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ပြုလုပ်ခဲ့ပြီး နောက်ပိုင်း လက်ဝှေ့၊ ဘောလုံး၊ တိုက်ကွမ်ဒို စတဲ့ အားကစားနည်းတွေ ကနေ အမျိုးသားများနဲ့ တန်းတူ ရင်ဘောင်တန်း ပြိုင်ဆိုင်ခဲ့ကြပြီး ထူးချွန်တဲ့ မြန်မာ အမျိုးသမီး အားကစားသမားများစွာ ပေါ်ထွက်လာတာ တွေ့ရပါတယ်။ ထိုနည်းတူပဲ နိုင်ငံတကာမှာ လူအများအားပေး စိတ်ဝင်စားကြတဲ့ ကာယဗလမယ် ပြိုင်ပွဲတွေ ရှိခဲ့ပေးမယ့် ယဉ်ကျေးမှုအရ၊ ရိုးရာအရ ဆိုတာတွေကို စဉ်းစားခဲ့ ကြတာကြောင့် ခန္ဓာကိုယ် အလှကို ပြသရတဲ့ မြန်မာ့ ကာယဗလမယ်တွေ နည်းခဲ့ပါတယ်။
ဒီနှစ်မှာတော့ အရှေ့တောင် အာရှ နိုင်ငံ ၈ နိုင်ငံ ပါဝင်တဲ့ စင်ကာပူနိုင်ငံရဲ့ NUS center မှာ ပြုလုပ်ခဲ့တဲ့ ၁၆၅ စင်တီမီတာအောက် အမျိုးသမီး ကိုယ်ကာယအလှ ပြိုင်ပွဲ (Women’s Athletic Physique) မှာ အသက် ၂၄ နှစ်အရွယ် မအေးအေးစိုးက မြန်မာနိုင်ငံ အတွက် ပထမဆုံး ရွှေတံဆိပ်ဆုကို ဆွတ်ခူး ရရှိခဲ့ပါတယ်။ မြန်မာပြည်က ကာယဗလမယ်တွေဟာ နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ၂၀၁၂ ခုနှစ်ကမှ စတင်ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် အာဆီယံတန်းဝင် မြန်မာ့ ပထမဆုံး ကာလဗလမယ် ရွှေတံဆိပ်ဆုရှင်ကို ဧရာဝတီ သတင်းဌာန အကြီးတန်း သတင်းထောက် မေစစ်ပိုင်က အမျိုးသမီး အားကစားသမားများရဲ့ အခန်းကဏ္ဍ၊ တန်းတူညီမျှမှု အခွင့်အရေး၊
ကာယဗလမယ်တယောက်ရဲ့ အတွေ့အကြုံကိစ္စ စတာတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။     ။ မအေးအေးစိုး အနေနဲ့ စင်ကာပူနိုင်ငံ NUS center မှာလုပ်တဲ့ အမျိုးသမီး ကာယဗလ ပြိုင်ပွဲမှာ တခြားနိုင်ငံတွေကို ကျော်ဖြတ်ပြီး ရွှေဆုရခဲ့တဲ့ အတွေ့အကြုံနဲ့ ပတ်သက်ပြီး သိပါရစေ။
ဖြေ။     ။ ဒီတခေါက် ပြိုင်ပွဲက ပြည်ပအနေနဲ့ လေးကြိမ်မြောက်ပွဲ ပါ။ ပထမ ဆိုတဲ့ ရွှေဆုကို ကျမ မျှော်လင့်မထားဘူး၊ ပြိုင်ဘက်ဖြစ်တဲ့ အိမ်ရှင် စင်ကာပူနိုင်ငံက မယ်ကလည်း အရမ်း ကောင်းတယ်။ ကိုယ့်ထက် စီနီယာကျတဲ့ ကစား သမားတွေရှိတယ်။
ဒီမှာ လေ့ကျင့်သွားတယ်ဆိုပေမယ့် ကျမ မလေ့ကျင့်သွားတဲ့ အကွက်မျိုးကို စင်ပေါ်မှာ ပြသွားတာတွေ ရှိတယ်ဆိုတော့ သူတို့ကိုကြည့်ပြီး ငါလည်း ဒီလိုမျိုးလုပ်လိုက်ရင် ဆိုတဲ့စိတ်ကို ပြန်အားမွေးပြီး စင်ပေါ်မှာ လုပ်ဖြစ်ခဲ့ တာတွေ ရှိတယ်။ ကိုယ့်နိုင်ငံအတွက် ဂုဏ်ဆောင်ခွင့်ရလို့လည်း ပီတိဖြစ်ရတယ်။ ပြိုင်ရတာက Athletic ဆိုတော့ ပြိုင်ပွဲဝင်တွေက ကြွက်သားလှပရမယ်၊ အဆီမရှိရဘူး၊ ယောက်ျားဆန်လို့မရဘူး။
မေး။     ။ ပြိုင်ပွဲတွေ ဝင်ဖြစ်တာ ကြာပြီလား။
ဖြေ။     ။ ရန်ကုန်မှာတော့ ပွဲအများစု ပြိုင်ပြီးပြီ၊ ပြည်ပမှာ ပြိုင်ရတဲ့ ပွဲတွေဆိုရင်တော့ ရွှေတံဆိပ်ဆု ရခဲ့တယ်ဆိုတာ ဒါ ကျမ အတွက်လည်း ပထမဆုံး အကြိမ်ပါ။ ကွမ်ကျိုးမှာ ပြိုင်တုန်းက တတိယ၊ ဘန်ကောက်မှာ နံပါတ် ၆ နဲ့ ဗီယက်နမ်မှာ တုန်းက နံပတ် ၅ နေရာရခဲ့ဖူးတယ်။
မေး။    ။ ကာယဗလ ပြရတဲ့ အားကစားနည်းကို ဘယ်တုန်းက စပြီး ဝါသနာပါခဲ့တာလဲ။
ဖြေ။     ။ ကျမ ဆယ်တန်းဖြေပြီးတော့ မြန်မာနိုင်ငံကာယဗလ အဖွဲ့ချုပ်မှာ စာရေးမ ဝန်ထမ်း လုပ်ခဲ့တယ်။ အဲဒီ အချိန်ကစလို့ ကာယဗလမောင် ဆရာ မောင်မောင်ကြည် တို့က တွန်းအားပေးတယ်၊ ကစားခိုင်းတာကြောင့် တဖြည်းဖြည်းနဲ့ ဝါသနာ ပါလာခဲ့တယ်။
မေး။     ။ ကာယဗလ ပြသရတဲ့ အားကစားနည်းကို မြန်မာနိုင်ငံက အမျိုးသမီးတွေ ဘယ်လောက်အထိ စိတ်ဝင်စား တယ်လို့ မြင်လဲ။
ဖြေ။     ။ ဒီလို အားကစားနည်းကို မိန်းကလေးတွေ အရမ်းကြီး စိတ်ဝင်စားတာတော့ မရှိသေးဘူး၊ ဆယ်ဂဏန်းလောက်ပဲ ရှိအုံးမယ်ဆိုတော့ တော်တော်လေး နည်းနေသေးတယ်။ တခြားနိုင်ငံမှာဆိုရင် စိတ်ဝင်စားတာ မိန်းကလေး ရာချီနေပြီ။
ဒါပေမယ့်လည်း အခုချိန်မှာ ယှဉ်ပြိုင်ခွင့် ရလာပြီဆိုတော့ အဲဒီတခုက ကျမတို့အတွက် ကျေနပ်စရာပါပဲ။
မေး။     ။ မြန်မာ မိန်းကလေးအများစုက ကာယဗလမယ် ဆိုတဲ့ အားကစားနည်းကို ဘာကြောင့် စိတ်မဝင်စားကြ တာလို့ သုံးသပ်မလဲ။
ဖြေ။     ။ ဒီမှာက လေ့ကျင့်ခန်း လုပ်တယ် ဆိုတာကလည်း နည်းသေးတယ်။ မိန်းကလေးအများစုက လေ့ကျင်ခန်း အရမ်းလုပ်လိုက်ရင် ဗလတွေ အကြီးကြီး ဖြစ်လာမလား၊ မိန်းမဆန်ပါတော့မလား ဆိုပြီး ကြောက်ကြတယ်။ တကယ်တော့
အဲဒီလိုမဟုတ်ပါဘူး။ ဘယ်လောက်ပဲ ပြင်းပြင်းထန်ထန် ကစားပါစေ မိန်းကလေးက မိန်းကလေးပုံစံမျိုးပဲ ဖြစ်မှာပါ။ ဟော်မုန်းအတွက် တားမြစ်ဆေးတွေ သုံးမှသာ ယောက်ျားနဲ့တူနေမှာ။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပြီး အစားအသောက် ကိုလည်း သေချာ ဆင်ခြင်မယ်ဆိုရင် အဲဒီလို ဖြစ်လာမှာမဟုတ်ပါဘူး။ မကြောက်ကြပါနဲ့လို့ ပြောပြချင်တယ်။
မေး။     ။ ကာယဗလ ကစားဖို့အတွက် ဘယ်လောက်အထိ ကြိုးစားရလဲ။
ဖြေ။     ။ ဒီအားကစားနည်းက ကစားနေရုံနဲ့လည်း မရဘူး၊ လေ့ကျင့်ခန်းလုပ်ချိန်မှာ ကုန်သွားတဲ့ အားတွေကို ပြန်ဖြည့်ဖို့ လုပ်ရတာတွေရှိတယ်၊ တခုမှ လစ်ဟင်းလို့မရဘူး။ အိပ်ချိန်ထချိန်ကအစ အရမ်းကို ကြိုးကြိုးစားစား လုပ်ရတယ်။ အဓိက က Dietလုပ်ဖို့ပဲ၊ ဘာမှအရသာမရှိတဲ့ အစားအသောက်တွေကို မြိန်ရေယှက်ရေ ထိုင်စားနေရတယ်။ Diet က အရမ်း အရေးကြီးတယ်၊ ဘယ်လောက်ပဲ ချွေးထွက်အောင် အားကစားလုပ်လုပ် အစားအသောက်မှာ ထိန်းချုပ်မှု ရှိဖို့က ကာယဗလ အားကစားနည်းမှာ အရမ်းအရေးကြီးတယ်။
မေး။     ။ ကာယဗလမယ် ဆိုတာရဲ့ အားသာချက်က ဘာဖြစ်မလဲ။
ဖြေ။     ။ နိုင်ငံတကာမှာဆိုရင် အားကစားလုပ်ထားတဲ့၊ ကြံ့ခိုင်တဲ့ မိန်းမတယောက်ရဲ့ ပုံစံက ပိုလှတယ်၊ အဲဒီလို မိန်းကလေးတွေက အသက်ကြီးလာတဲ့ အထိ ခန္ဓာကိုယ်အလှအပ မပျက်စီးဘူး။ ခန္ဓာကိုယ်ပေါ်မှာ အဆီ မရှိတော့ မိန်းမငယ်လေး အတိုင်းပဲဖြစ်နေမှာပါ။
မေး။     ။ ကာယဗလမယ် အားကစားနည်းက ဒီမှာ သိပ်ခေတ်မစားသေးတော့ ဘယ်လောက်အထိ ကြိုးစားရမလဲ။
ဖြေ။     ။ မြန်မာနိုင်ငံမှာ တခြားနိုင်ငံတွေမှာက အမျိုးသမီး ကာယဗလမယ်တွေ ပြိုင်နေကြတာ နှစ်ပေါင်းများစွာရှိနေပြီ။ ကျမတို့ နိုင်ငံမှာက ၂၀၁၂ ခုနှစ်မှ စပြီး ယှဉ်ပြိုင်ခွင့်ပေးတာဆိုတော့ တခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် အရမ်း နောက်ကျ နေတယ်။ သူတို့တတွေ ၂ ဆ ကြိုးစားချိန် ကျမတို့ ၅ ဆ ကြိုးစားမှရမယ်။ အရင်က ပြည်ပမှာ သွားပြိုင်ခွင့် မရခဲ့ကြပေမယ့်
အခုနောက်ပိုင်းမှာ ကစားရင် ကစားသလို သွားပြိုင်ခွင့် ရလာပြီဆိုတော့ နိုင်ငံဂုဏ်ဆောင်ဖို့ အခွင့်အရေးတွေ ရလာပါပြီ။
မေး။     ။ မိသားစုရဲ့ အားပေးမှု အတိုင်းအတာက ဘယ်လောက်အထိ ရှိလဲ။
ဖြေ။     ။ အရင်ကဆိုရင်တော့ အားမပေးဘူး၊ မြန်မာ့အမြင်အရ ရှေးလူကြီးတွေဆိုတော့ ဒီလိုကစားနည်းကို သူတို့မကြိုက်ကြဘူး၊ ကန့်ကွက်ခဲ့တယ်ပေါ့။ အခု နောက်ပိုင်းမှာတော့ ကျမအတွက် အားပေးမှုတွေ အများကြီးရှိလာပြီ။
မေး။     ။ အပြင်ဘက်က ဝေဖန်သံတွေကိုရော ဘယ်လို ကြားသလဲ။
ဖြေ။     ။ ကာယဗလမောင် လောကကတော့ အားကစားနည်း စိတ်ဝင်စားတဲ့ ယောက်ျားလေးတွေက ဒီကစားနည်းကို နားလည်ပေမယ့် မိန်းကလေး ကာယဗလမယ် ဆိုတာကျတော့ … ဟာ ကြောက်စရာကြီး၊ ဗလကြီးနဲ့ ယောက်ျားကြီးလား ဆိုတာမျိုးရှိတယ်။ ဒါကြောင့် မကြောက်ဘဲနဲ့ အားပေးကြပါလို့ ပြောချင်တယ်။
မေး။     ။ ဆီးဂိမ်းတုန်းက ပြိုင်ခဲ့တဲ့ အားကစားသမားတချို့က တားမြစ်ဆေးတွေ သုံးလို့ ဆုတံဆိပ်တွေ ပြန်သိမ်းခံရတယ်လို့ သိရတော့ ကစားသမားတွေ တားမြစ်ဆေးသုံးတာ ဘယ်လိုမြင်လဲ။
ဖြေ။     ။ နိုင်ငံတကာမှာလည်း အဲဒီလိုသုံးကြပါတယ်။ ပြိုင်ပွဲဝင် အဆင့်မှာတင်မဟုတ်ဘဲ တခြားနိုင်ငံတွေမှာ ဝါသနာအရ သုံးကြတာပါပဲ။ ဒီတခေါက်ဆီးဂိမ်းမှာ ကာယဗလမောင် ကိုမင်းဇော်ဦးက တားမြစ်ဆေး မိတယ်လို့တော့ ကြားပါတယ်။ အဲဒီဆေး ဆိုတာကလည်း ကာလ အတိုင်းအတာ တခုအထိ ခန္ဓာကိုယ်မှာ ကျန်နေတတ်တာ။ ဒီနေ့ ဒီအချိန်မှာ ဆေးစစ်ရင် မပေါ်အောင်လို့ ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ နည်းပညာမျိုးရှိတယ်။ ဒီမှာလည်း လိုပါတယ်။ ကစားသမားတွေက ခန္ဓာကိုယ်ထဲမှာ သာမန် ဟော်မုန်းပဲရှိရင် တခြားနိုင်ငံတွေနဲ့ ယှဉ်ပြိုင်ဖို့ မလွယ်ဘူး။ ကိုယ်တွေ နိုင်ငံကလည်း ရှိတဲ့ အင်အားနဲ့ ပြိုင်တာထက် တခြားနိုင်ငံတွေကို အနိုင်ရအောင် ယှဉ်ပြိုင်ဖို့ဆိုရင် သမားရိုးကျနည်းနဲ့ မသွားဘဲ နည်းပညာတွေ အများကြီး လိုသေးတယ်။
မေး။     ။ မြန်မာအမျိုးသမီးတွေမှာ အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေးတွေ ရလာပြီလို့ မြင်လား။
ဖြေ။    ။ မိန်းကလေးတွေ အများစုက ယောက်ျားလေးနဲ့ ယှဉ်လိုက်ရင် စိတ်ပျော့ကြတာတော့ များတယ်၊ ဒါပေမယ့်လည်း ဘယ်နေရာကို ကြည့်ကြည့် တကယ်ထက်မြက်တဲ့ မိန်းကလေးတွေ မြန်မာပြည်မှာ အများကြီး ရှိလာတာ တွေ့ရပါတယ်။
အမျိုးသမီးတွေကို နေရာပေးလာတာတော့ အရင်ကထက် ရှိလာတယ်။
http://burma.irrawaddy.org/interview/2014/06/23/60823.html

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။