“ကလေးတွေ အမှားပြုလုပ်ပြီးတဲ့နောက်မှာ”
Jack Canfield က အမေရိကန်နာမည်ရ ကလေးစိတ်ရောဂါပညာရှင်ဖြစ်တယ်။ တစ်ခါက ကလေးတွေကို ပညာပေးရေးအကြောင်းဆွေးနွေးေ တာ့ ပုံပြင်၃ပုဒ်ကို သူပြောပြသွားခဲ့ပါတယ်။
ပုံပြင်တစ်ပုဒ်က တစ်ခါက Jackနဲ့မိတ်ဆွေတချို့ မိတ်ဆုံစားပွဲပြုလုပ်ခဲ့ကြတ ယ်။ အစာစားနေတုန်းမှာ မိတ်ဆွေတစ်ယောက်ရဲ့ ၅နှစ်သားကလေးက နွားနို့တစ်ခွက်ကို မတော်တဆမှောက်လိုက်မိပါတယ်။ ကလေးရဲ့ဖခင်က ကလေးကိုအပြစ်ပြောမယ့်ဆဲဆဲမှာ Jackက ကိုယ့်ရှေ့ကရေခွက်ကို တမင်သက်သက် အမြန်မှောက်ပစ်လိုက်ပါတယ်။ မှောက်သွားတဲ့ရေတွေကို သူသုတ်ပြီး သူ့ကိုယ်သူလှောင်ရယ်ရင်း သူ့အသက် ၄၈နှစ်ရှိပြီဖြစ်တာတောင် သတိလက်လွတ်နဲ့ ရေကိုမှောက်လိုက်မိတတ်သေးတယ်လို့ ဆိုပါတယ်။ ၅နှစ်သားကလေးရဲ့မျက်နှာပေါ်မှာ အပြုံးရိပ်ထင်သွားပါတယ်။ အပြစ်ပြောမယ်ပြင်နေတဲ့ ကလေးရဲ့ဖခင်ဟာလည်း Jack ဆိုလိုချင်တဲ့အဓိပ္ပာယ်ကို သဘောပေါက်သွားပြီး ကလေးကို အပြစ်မပြောတော့ပါဘူး။
တစ်ခါတလေမှာ လူကြီးတွေဟာ လူ့ဘဝဆိုတာ အမြဲမပြတ်သင်ယူနေတဲ့ ဖြတ်သန်းမှုတစ်ခုဆိုတာကို အလွယ်တကူ မေ့လိုက်တတ်ကြပါတယ်။ ဒီပုံပြင်တွေထဲမှာ လူကြီးတွေသိထားရမှာက ကြီးပြင်းဆဲကလေးတစ်ယောက်အတွ က် “အမှားလုပ်တယ်”ဆိုတာ မရှိပါဘူး။ ဒါဟာ သူတို့အတွက် “အတွေ့အကြုံ”ပါ။ ကြီးပြင်းခြင်းဆိုတာ “အမှားလုပ်မိရင် ထပ်ပြင်”ဆိုတဲ့ ဖြတ်သန်းမှုပါ။ “ရှုံးနိမ့်တဲ့”အတွေ့အကြုံပဲ ဖြစ်ဖြစ် “အောင်မြင်တဲ့” အတွေ့အကြုံပဲဖြစ်ဖြစ် ဘဝအတွက် တန်ဖိုးရှိပါတယ်။
*** 100% မဂ္ဂဇင်း အမှတ်(၃) ကလေးကဏ္ဍအတွက် ပေးပို့ခဲ့တဲ့စာမူတစ်ပိုင်း တစ်စလေးပါ။ မဂ္ဂဇင်းက မကြာခင်ထွက်တော့မယ်လို့ ဆိုပါတယ်။း)
Jack Canfield က အမေရိကန်နာမည်ရ ကလေးစိတ်ရောဂါပညာရှင်ဖြစ်တယ
ပုံပြင်တစ်ပုဒ်က တစ်ခါက Jackနဲ့မိတ်ဆွေတချို့ မိတ်ဆုံစားပွဲပြုလုပ်ခဲ့ကြတ
တစ်ခါတလေမှာ လူကြီးတွေဟာ လူ့ဘဝဆိုတာ အမြဲမပြတ်သင်ယူနေတဲ့ ဖြတ်သန်းမှုတစ်ခုဆိုတာကို အလွယ်တကူ မေ့လိုက်တတ်ကြပါတယ်။ ဒီပုံပြင်တွေထဲမှာ လူကြီးတွေသိထားရမှာက ကြီးပြင်းဆဲကလေးတစ်ယောက်အတွ
*** 100% မဂ္ဂဇင်း အမှတ်(၃) ကလေးကဏ္ဍအတွက် ပေးပို့ခဲ့တဲ့စာမူတစ်ပိုင်း
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။